သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း လူ႔အခြင့္အေရးစံၫႊန္းအတိုင္းလုပ္ၾကဖို႔ ကုမၸဏီေတြကို ၿဗိတိအစိုးရသတိေပး


မင္းတပ္ေဒသ စစ္ေရွာင္မ်ား (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ေဆာင္ၾကမယ့္ ၿဗိတိန္ႏိုင္ငံက ကုမၸဏီေတြအေနနဲ႔ လူ႔အခြင့္အေရး စံခ်ိန္ စံၫြန္းေတြနဲ႔အညီ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းထားတဲ့ သတိေပးခ်က္တခုကို ၿဗိတိသွ်ႏိုင္ငံျခားေရး၀န္ႀကီးဌာေအာက္မွာရွိတဲ့ ႏိုင္ငံတကာကုန္သြယ္ေရးဌာနက ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးနဲ႔ စီးပြားေရးအေျခအေနေတြ သိသာစြာ ဆုတ္ယုတ္ က်ဆင္းလာတာကို မီးေမာင္းထိုး ေဖာ္ျပထားပါတယ္။

ၿဗိတိန္ရဲ႕ ေၾကညာခ်က္မွာ - လက္ရွိ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး၊ ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္ အေရးယူထားမႈ၊ စီးပြားေရးနဲ႔ လူ႔အခြင့္အေရး၊ အက်င့္ပ်က္ျခစားမႈ၊ အၾကမ္းဖက္မႈနဲ႔ လုံျခံဳေရး၊ ဉာဏမူပိုင္ခြင့္၊ ရာဇ၀တ္မႈစတဲ့ အေၾကာင္းအရာ မ်ဳိးစုံကို က႑အလိုက္ အေသးစိတ္ ေရးသားေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း လက္ရွိမွာ စီးပြားလုပ္ကိုင္ေနၾကတဲ့ ၿဗိတိသွ်ကုမၸဏီေတြနဲ႔ လုပ္ငန္းရွင္ေတြအေနနဲ႔ လူ႔အခြင့္အေရး စံခ်ိန္ စံၫြန္းေတြနဲ႔အညီ တာ၀န္သိမႈရွိစြာနဲ႔ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈပတ္၀န္းက်င္ အေျခအေနေတြအေပၚ မူတည္ၿပီး ဆက္လက္ လုပ္ကိုင္ခြင့္ရွိမွာျဖစ္ေပမယ့္ သူတို႔အေနနဲ႔ ၿဗိတိသွ်အစိုးရက ခ်မွတ္ထားတဲ့ ဒဏ္ခတ္ အေရးယူမႈေတြကို အျပည့္အ၀ လိုက္နာၾကဖို႔ လိုအပ္ေၾကာင္း ႏိုင္ငံတကာကုန္သြယ္ေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း ႏိုင္ငံတကာအသိုင္းဝိုင္းနဲ႔အတူ ၿဗိတိန္ကလည္း ျမန္မာစစ္တပ္အေပၚ စီးပြားေရးအရ ဒဏ္ခတ္ အေရးယူမႈေတြ ျပဳလုပ္ခဲ့တဲ့အခ်က္ကိုလည္း ၿဗိတိသွ်ႏိုင္ငံတကာကုန္သြယ္ေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္ ကမၻာ့ဘဏ္ရဲ႕ စီးပြားေရးစစ္တမ္းေတြအရ ျမန္မာႏိုင္ငံဟာ ကမၻာမွာ အဆင့္ ၇၁ ရွိခဲ့ေပမယ့္ အေရွ႕ေတာင္အာရွတိုက္အတြင္း အဆင္းရဲဆုံးႏိုင္ငံတခုအျဖစ္ တည္ရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္မျဖစ္ခင္ကာလ ၂၀၁၈ ခုႏွစ္မွာ စီးပြားေရး ဖြံ႔ၿဖိဳးမႈ ၆.၈% ရွိခဲ့ရာက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ စီးပြားေရးဖြံ႔ၿဖိဳးမႈ ၁၀% က်မယ္လို႔ ကမၻာ့ဘဏ္က ခန္႔မွန္းထားတဲ့အခ်က္ကိုလည္း ကိုးကား ေဖာ္ျပထားၿပီး သီးျခားလြတ္လပ္တဲ့ စီးပြားေရးပညာရွင္ေတြကေတာ့ ၂၀% အထိ က်ဆင္းသြားႏိုင္ေၾကာင္း သုံးသပ္ထားၾကတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေရးက႑မွာေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း NLD အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္ အပါအ၀င္ ေခါင္းေဆာင္ေတြကို ဖမ္းဆီး ေထာင္ခ်လိုက္တာ၊ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ NUG ကို ဖြဲ႔စည္းလိုက္တာ၊ အဲဒီေနာက္ ဧၿပီလ ၂၄ ရက္ေန႔မွာ အာဆီယံ ၁၀ ႏိုင္ငံက ထိပ္သီးစည္းေ၀းပြဲက်င္းပၿပီး ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ ၅ ခ်က္ ခ်မွတ္ႏိုင္ခဲ့တာေတြကို ေရးသားထားပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာပြည်တွင်း လူ့အခွင့်အရေးစံညွှန်းအတိုင်းလုပ်ကြဖို့ ကုမ္ပဏီတွေကို ဗြိတိအစိုးရသတိပေး

(Unicode)

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်ကြမယ့် ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတဲ့ သတိပေးချက်တခုကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာအောက်မှာရှိတဲ့ နိုင်ငံတကာကုန်သွယ်ရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ သိသာစွာ ဆုတ်ယုတ် ကျဆင်းလာတာကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

ဗြိတိန်ရဲ့ ကြေညာချက်မှာ - လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားမှု၊ စီးပွားရေးနဲ့ လူ့အခွင့်အရေး၊ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှုနဲ့ လုံခြုံရေး၊ ဉာဏမူပိုင်ခွင့်၊ ရာဇဝတ်မှုစတဲ့ အကြောင်းအရာ မျိုးစုံကို ကဏ္ဍအလိုက် အသေးစိတ် ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိမှာ စီးပွားလုပ်ကိုင်နေကြတဲ့ ဗြိတိသျှကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့အညီ တာဝန်သိမှုရှိစွာနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင် အခြေအနေတွေအပေါ် မူတည်ပြီး ဆက်လက် လုပ်ကိုင်ခွင့်ရှိမှာဖြစ်ပေမယ့် သူတို့အနေနဲ့ ဗြိတိသျှအစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို အပြည့်အ၀ လိုက်နာကြဖို့ လိုအပ်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာအသိုင်းဝိုင်းနဲ့အတူ ဗြိတိန်ကလည်း မြန်မာစစ်တပ်အပေါ် စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့အချက်ကိုလည်း ဗြိတိသျှနိုင်ငံတကာကုန်သွယ်ရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးစစ်တမ်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင့် ၇၁ ရှိခဲ့ပေမယ့် အရှေ့တောင်အာရှတိုက်အတွင်း အဆင်းရဲဆုံးနိုင်ငံတခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်မဖြစ်ခင်ကာလ ၂၀၁၈ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု ၆.၈% ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၁၀% ကျမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတဲ့အချက်ကိုလည်း ကိုးကား ဖော်ပြထားပြီး သီးခြားလွတ်လပ်တဲ့ စီးပွားရေးပညာရှင်တွေကတော့ ၂၀% အထိ ကျဆင်းသွားနိုင်ကြောင်း သုံးသပ်ထားကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း NLD အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချလိုက်တာ၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းလိုက်တာ၊ အဲဒီနောက် ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံ ၁၀ နိုင်ငံက ထိပ်သီးစည်းဝေးပွဲကျင်းပပြီး မြန်မာ့အရေး ဆုံးဖြတ်ချက် ၅ ချက် ချမှတ်နိုင်ခဲ့တာတွေကို ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG