သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး လုံျခံဳေရးေကာင္စီ ေဆာင္ရြက္ခ်က္ သံ အမတ္ႀကီးေဝဖန္


ျမန္မာ့အေရး လုံျခံဳေရးေကာင္စီ ေဆာင္ရြက္ခ်က္ သံအမတ္ႀကီးေ၀ဖန္

ျမန္မာ့အေရး လံုျခံဳေရးေကာင္စီရဲ႕ ကိုင္တြယ္မႈဟာ အခုခ်ိန္ထိ ထိေရာက္မႈမရွိတဲ့အတြက္ အားမရျဖစ္မိေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေျပာၾကားလိုက္ပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း က မအင္ၾကင္းႏိုင္ က ေမးျမန္းထားပါတယ္။

ဦးေက်ာ္မိုးထြန္း ။. ။ ျမန္မာ့အေရး တံခါးပိတ္အစည္းအေ၀းနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ အၾကမ္းဖ်င္းသိရသေလာက္ ကိုဗစ္ကိစၥကို ေဆြးေႏြးတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ ေနာက္ လူသားခ်င္းစာနာမႈဆိုင္ရာကိစၥမွာဆိုရင္ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ လက္ေထာက္အတြင္းေရးမွဴးခ်ဳပ္ကိုယ္တိုင္ တင္ျပခဲ့တယ္ဆိုတာ သိရပါတယ္။ လံုျခံဳေရးေကာင္စီအဖဲြ႕၀င္ႏိုင္ငံေတြနဲ႔ အစီရင္ခံတင္ျပသူေတြပဲ တက္ခြင့္ရတာဆိုေတာ့ အထဲမွာဘာေတြေဆြးေႏြးလဲဆိုတာကိုေတာ့ က်ေနာ္ အေသးစိတ္မသိပါဘူး။ ဒါေပမဲ့ အစည္းအေ၀းက ဘာရလာဒ္ထြက္လည္းဆိုတဲ့ ေမးခြန္းကေတာ့ ရွိေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ အစည္းအေ၀းမတိုင္ခင္ က်ေနာ္သိထားတာက ျမန္မာႏိုင္ငံကိစၥနဲ႔ ပတ္သက္ရင္ အၿမဲတမ္း ဦးေဆာင္ဦးရြက္ လုပ္ေပးေနတဲ့ UK ကေနၿပီးေတာ့ အစည္းအေ၀းအၿပီးမွာ သတင္းေၾကညာခ်က္ ထုတ္ျပန္ဖို႔ အတြက္ ႀကိဳးစားခဲ့တယ္ဆိုတာကို အၾကမ္းဖ်င္းသိရပါတယ္။ ဒါေပမဲ့လည္း တခ်ဳိ႕ ကန္႔ကြက္တဲ့ သူေတြရွိတဲ့အတြက္ေၾကာင့္ သတင္းေၾကညာခ်က္ကို မထုတ္ႏိုင္ခဲ့ပါဘူး။ လုံၿခဳံေရးေကာင္စီအစည္းေဝးရွိလာၿပီဆိုရင္ က်ေနာ္တို႔ေတြက အၿမဲတန္း ျမန္မာႏိုင္ငံကိုယ္စားနဲ႔ ေမွ်ာ္လင့္ခ်က္ထားၾကတယ္။ တခုခုမ်ားထြက္လာမလား ျမန္မာႏိုင္ငံအတြက္ တခုခုမ်ားလုပ္ေပးႏိုင္မလားေပါ့ေနာ္။ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီးေဆြးေႏြးတာကိုေတာ့ ႀကိဳဆိုပါတယ္။ ဒါေပမယ့္လည္း လုံၿခဳံေရးေကာင္စီက ထိေရာက္တဲ့ေဆာင္ရြက္မႈကို က်ေနာ္တို႔ အၿမဲတန္းေမွ်ာ္လင့္တယ္။ အခုထိေတာ့ Decisive Action ဆိုတာမေတြ႔ရေသးဘူး။ က်ေနာ္တို႔ျပည္သူေတြအၿမဲတန္းေျပာေနတာက ဒီ Statement ေတြပဲ ထုတ္ေနတာက Enough ျဖစ္ေနပါၿပီ။ တကယ္လိုခ်င္တာက Action ပါ။ ဒါကလည္း ရင္ထဲကလာတဲ့ စကားလုံးေတြပါ။ ဒါနဲ႔ပတ္သက္လို႔ လုံၿခဳံေ႔ရးေကာင္စီက လုပ္မေပးႏိုင္တဲ့အေပၚမွာေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။

အင္ၾကင္းႏိုင္ ။.။အဲဒီမွာ ၿဗိတိန္ ဒုသံအမတ္ႀကီးေျပာသြားတဲ့ထဲမွာ အထူးသျဖင့္ ကိုဗစ္တတိယလိႈင္းဒဏ္ကို အလူးအလဲခံေနၾကရေတာ့ လိုအပ္ေနသူေတြအတြက္ အလုံအေလာက္ရရွိဖို႔ရယ္။ ဒီလူသားခ်င္းစာနာမႈကိစၥေတြမွာ လက္ရွိျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ ကိစၥေတြကို ျမန္မာႏိုင္ငံမွာ အခ်ိန္အတိုင္းအတာဘယ္ေလာက္အထိ ရပ္လုိက္ၿပီးေတာ့ ဒီကူညီမႈေတြကို ခြင့္ျပဳဖို႔ဆိုၿပီး ျမန္မာစစ္ေကာင္စီကို ေျပာသြားတဲ့အပိုင္းေပါ့။ အခုလိုကူညီမႈအပိုင္းမွာ အခု NUG အစိုးရကလည္း ကိုဗစ္ကာကြယ္ေရးကိစၥေတြ၊ လူသားခ်င္းစာနာမႈကိစၥေတြမွာလည္း ႏိုင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာရွိတဲ့အခါၾကေတာ့ အခုျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ ကိုဗစ္ကာကြယ္ေဆးကိစၥတို႔ကို NUG ဖက္ကေရာ ျမန္မာစစ္ေကာင္စီဖက္ကေရာ ၿဗိတိန္သံအမတ္က ေျပာသြားသလိုမ်ဳိး ပူးေပါင္းေဆာင္ရြက္ၾကမယ္အေနအထားရွိမလား ၊ ႏိုင္ငံတကာဖက္ကေရာ ႏိုင္ငံေတြအလုိက္ ပူးေပါင္းေဆာင္ရြက္မယ့္အေနအထားဘယ္လိုမ်ဳိးရွိမလဲရွင့္။

ဦးေက်ာ္မိုးထြန္း ။. ။ ကိုဗစ္ကိစၥနဲ႔ ပတ္သက္ၿပီး UK သံအမတ္ကိုယ္တိုင္က ေထာက္ျပသြားတာလည္းရွိပါတယ္။ အခု ကုိဗစ္အေျခအေနဆိုးဝါးသြားတာက စစ္ေကာင္စီရဲ႕ စီမံခန္႔ခြဲမႈေၾကာင့္ဆိုတာကလည္း အမ်ားႀကီးေပၚလြင္ပါတယ္။ ေနာက္ၿပီးေတာ့ မလိုအပ္တဲ့ ကန္႔သတ္ခ်က္ေတြေၾကာင့္ အသက္ေတြဆုံးရႈံးရတာရွိပါတယ္။ ဥပမာ ေအာင္စီဂ်င္ကိစၥနဲ႔ ပတ္သက္လို႔ ေအာက္စီဂ်င္ဝယ္လို႔မရေအာင္ ကန္႔သတ္ခ်က္ေတြလုပ္တာတို႔ တကယ္စိတ္မေကာင္းစရာပါ။ တခ်ဳိ႕ျပည္သူေတြ မလိုလားအပ္ပဲနဲ႔ အသက္ေပးလိုက္ရတာရွိပါတယ္။ က်ေနာ္တို႔ရဲ႕ ေဆြမ်ဳိးသားခ်င္းေတြထဲက ပါသြားၾကတာေတြလည္းရွိပါတယ္။ ဒါေတြကေတာ့ စစ္ေကာင္စီရဲ႕ စီမံမႈညံတာနဲ႔ ကန္႔သတ္ခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။ ကိုဗစ္ကာကြယ္ေဆးရရွိေရး ျပန္ၾကည့္လုိက္ရင္ ဆရာေဇာ္ေဝစိုး ေျပာေနတာရွိပါတယ္။ ကိုဗစ္ဟာက လိုအပ္တဲ့သူတိုင္းရဖို႔လိုတယ္ဆိုတဲ့ စကားက လက္ေတြ႔က်ပါတယ္။ လူတစုပဲ ရရွိၿပီး ခြဲျခားမႈမရွိရပါဘူး။ ျမန္မာႏိုင္ငံက လုိအပ္တဲ့ ျပည္သူေတြရဖို႔လိုပါတယ္။ ဒါကလည္း က်ေနာ္နားလည္သေလာက္ NUG အေနနဲ႔ လည္း သက္ဆိုင္ရာအဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ေဆာင္ရြက္ေနပါတယ္။ က်ေနာ္တို႔အၿမဲတန္းေျပာေနတဲ့ လူအသက္ကယ္ဖို႔က အဓိကပါဆိုတာရွိပါတယ္။ အဲဒါက အမ်ားႀကီးအေရးႀကီးပါတယ္။ ဒါေၾကာင့္မိုလို အခုလို လူအသက္ကယ္ဖို႔ NUG ကေဆာင္ရြက္ေနတယ္ဆိုတာ က်ေနာ္တို႔ အျပည့္အဝနားလည္တယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဒီဖက္ကNUG ေျပာတဲ့စကားကို ေသေသခ်ာခ်ာ နားေထာင္ေစခ်င္တယ္။ က်ေနာ္တို႔ ေမတၱာရပ္ခံထားတာကို အေလးနက္စဥ္းစားၿပီ လိုက္ပါေဆာင္ရြက္ေပးေစခ်င္တယ္။ တခ်ဳိ႔ႏိုင္ငံတကာအဖြဲ႔အစည္းေတြ ညိွႏိႈင္းေဆာင္ရြက္ေနတယ္ဆိုတာသိရပါတယ္။

အင္ၾကင္းႏိုင္ ။. ။ နယူးေယာက္ၿမိဳ႕က ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................

မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ ကိုင်တွယ်မှုဟာ အခုချိန်ထိ ထိရောက်မှုမရှိတဲ့အတွက် အားမရဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ဗွီအိုအေ မြန်မာပိုင်း က မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။
ဦးကျော်မိုးထွန်း ။. ။ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးနဲ့ ပတ်သက်လို့ ကျနော်တို့ အကြမ်းဖျင်းသိရသလောက် ကိုဗစ်ကိစ္စကို ဆွေးနွေးတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက် လူသားချင်းစာနာမှုဆိုင်ရာကိစ္စမှာဆိုရင် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်ကိုယ်တိုင် တင်ပြခဲ့တယ်ဆိုတာ သိရပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ အစီရင်ခံတင်ပြသူတွေပဲ တက်ခွင့်ရတာဆိုတော့ အထဲမှာဘာတွေဆွေးနွေးလဲဆိုတာကိုတော့ ကျနော် အသေးစိတ်မသိပါဘူး။ ဒါပေမဲ့ အစည်းအဝေးက ဘာရလာဒ်ထွက်လည်းဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ အစည်းအဝေးမတိုင်ခင် ကျနော်သိထားတာက မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ရင် အမြဲတမ်း ဦးဆောင်ဦးရွက် လုပ်ပေးနေတဲ့ UK ကနေပြီးတော့ အစည်းအဝေးအပြီးမှာ သတင်းကြေညာချက် ထုတ်ပြန်ဖို့ အတွက် ကြိုးစားခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရပါတယ်။ ဒါပေမဲ့လည်း တချို့ ကန့်ကွက်တဲ့ သူတွေရှိတဲ့အတွက်ကြောင့် သတင်းကြေညာချက်ကို မထုတ်နိုင်ခဲ့ပါဘူး။ လုံခြုံရေးကောင်စီအစည်းဝေးရှိလာပြီဆိုရင် ကျနော်တို့တွေက အမြဲတန်း မြန်မာနိုင်ငံကိုယ်စားနဲ့ မျှော်လင့်ချက်ထားကြတယ်။ တခုခုများထွက်လာမလား မြန်မာနိုင်ငံအတွက် တခုခုများလုပ်ပေးနိုင်မလားပေါ့နော်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆွေးနွေးတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကောင်စီက ထိရောက်တဲ့ဆောင်ရွက်မှုကို ကျနော်တို့ အမြဲတန်းမျှော်လင့်တယ်။ အခုထိတော့ Decisive Action ဆိုတာမတွေ့ရသေးဘူး။ ကျနော်တို့ပြည်သူတွေအမြဲတန်းပြောနေတာက ဒီ Statement တွေပဲ ထုတ်နေတာက Enough ဖြစ်နေပါပြီ။ တကယ်လိုချင်တာက Action ပါ။ ဒါကလည်း ရင်ထဲကလာတဲ့ စကားလုံးတွေပါ။ ဒါနဲ့ပတ်သက်လို့ လုံခြုံေ့ရးကောင်စီက လုပ်မပေးနိုင်တဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိပါတယ်။

အင်ကြင်းနိုင် ။. ။ အဲဒီမှာ ဗြိတိန် ဒုသံအမတ်ကြီးပြောသွားတဲ့ထဲမှာ အထူးသဖြင့် ကိုဗစ်တတိယလှိုင်း ဒဏ်ကို အလူးအလဲခံနေကြရတော့ လိုအပ်နေသူတွေအတွက် အလုံအလောက်ရရှိဖို့ရယ်။ ဒီလူသားချင်းစာနာမှုကိစ္စတွေမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံမှာ အချိန်အတိုင်းအတာဘယ်လောက်အထိ ရပ်လိုက်ပြီးတော့ ဒီကူညီမှုတွေကို ခွင့်ပြုဖို့ဆိုပြီး မြန်မာစစ်ကောင်စီကို ပြောသွားတဲ့အပိုင်းပေါ့။ အခုလိုကူညီမှုအပိုင်းမှာ အခု NUG အစိုးရကလည်း ကိုဗစ်ကာကွယ်ရေးကိစ္စတွေ၊ လူသားချင်းစာနာမှုကိစ္စတွေမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတဲ့အခါကြတော့ အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိုဗစ်ကာကွယ်ဆေးကိစ္စတို့ကို NUG ဖက်ကရော မြန်မာစစ်ကောင်စီဖက်ကရော ဗြိတိန်သံအမတ်က ပြောသွားသလိုမျိုး ပူးပေါင်းဆောင်ရွက်ကြမယ်အနေအထားရှိမလား ၊ နိုင်ငံတကာဖက်ကရော နိုင်ငံတွေအလိုက် ပူးပေါင်းဆောင်ရွက်မယ့်အနေအထားဘယ်လိုမျိုးရှိမလဲရှင့်။

ဦးကျော်မိုးထွန်း ။. ။ ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီး UK သံအမတ်ကိုယ်တိုင်က ထောက်ပြသွားတာလည်းရှိပါတယ်။ အခု ကိုဗစ်အခြေအနေဆိုးဝါးသွားတာက စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့်ဆိုတာကလည်း အများကြီးပေါ်လွင်ပါတယ်။ နောက်ပြီးတော့ မလိုအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် အသက်တွေဆုံးရှုံးရတာရှိပါတယ်။ ဥပမာ အောင်စီဂျင်ကိစ္စနဲ့ ပတ်သက်လို့ အောက်စီဂျင်ဝယ်လို့မရအောင် ကန့်သတ်ချက်တွေလုပ်တာတို့ တကယ်စိတ်မကောင်းစရာပါ။ တချို့ပြည်သူတွေ မလိုလားအပ်ပဲနဲ့ အသက်ပေးလိုက်ရတာရှိပါတယ်။ ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေထဲက ပါသွားကြတာတွေလည်းရှိပါတယ်။ ဒါတွေကတော့ စစ်ကောင်စီရဲ့ စီမံမှုညံတာနဲ့ ကန့်သတ်ချက်တွေကြောင့်ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးရရှိရေး ပြန်ကြည့်လိုက်ရင် ဆရာဇော်ဝေစိုး ပြောနေတာရှိပါတယ်။ ကိုဗစ်ဟာက လိုအပ်တဲ့သူတိုင်းရဖို့လိုတယ်ဆိုတဲ့ စကားက လက်တွေ့ကျပါတယ်။ လူတစုပဲ ရရှိပြီး ခွဲခြားမှုမရှိရပါဘူး။ မြန်မာနိုင်ငံက လိုအပ်တဲ့ ပြည်သူတွေရဖို့လိုပါတယ်။ ဒါကလည်း ကျနော်နားလည်သလောက် NUG အနေနဲ့ လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆောင်ရွက်နေပါတယ်။ ကျနော်တို့အမြဲတန်းပြောနေတဲ့ လူအသက်ကယ်ဖို့က အဓိကပါဆိုတာရှိပါတယ်။ အဲဒါက အများကြီးအရေးကြီးပါတယ်။ ဒါကြောင့်မိုလို အခုလို လူအသက်ကယ်ဖို့ NUG ကဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့ အပြည့်အဝနားလည်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီဖက်ကNUG ပြောတဲ့စကားကို သေသေချာချာ နားထောင်စေချင်တယ်။ ကျနော်တို့ မေတ္တာရပ်ခံထားတာကို အလေးနက်စဉ်းစားပြီ လိုက်ပါဆောင်ရွက်ပေးစေချင်တယ်။ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာသိရပါတယ်။

အင်ကြင်းနိုင် ။. ။ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG