သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂအစည်းအဝေးတွေမှာ မြန်မာ့အရေး အစီရင်ခံစာတွေ ဆွေးနွေးဖို့ရှိ


ကုလသမဂ္ဂ ညီလာခံတရပ်ကျင်းပစဉ် (ဓာတ်ပုံ - Reuters)
ကုလသမဂ္ဂ ညီလာခံတရပ်ကျင်းပစဉ် (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

မြန်မာ့အရေး ကုလသမဂ္ဂ အစည်းအဝေးကြီးတွေ ရှေ့သီတင်းပတ်အတွင်း ကျင်းပဖို့ ရှိနေချိန်မှာပဲ SAC-M မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက R2P လမ်းစဉ်နဲ့ လက်တွေ့အရေးယူဆောင်ရွက်ဖို့ ထပ်ပြီးအကြံပြုလိုက်ပါတယ်။

ရှေ့အပတ် တနင်္လာ၊ စက်တင်ဘာ ၁၃ ရက်နေ့ကျရင် ၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ IIMM ခေါ် ကုလရဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကို ဆွေးနွေးဖို့ရှိတယ်လို့ ကုလအထင်ကရပုဂ္ဂိုလ်တွေပါတဲ့ အခုအကြံပေးကောင်စီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီလည်းပါတဲ့ ဒီ SAC-M အဖွဲ့ကဆက်ပြီး အခု ကုလလူ့အခွင့်အရေးကောင်စီစည်းဝေးမှာ IIMM ကစုဆောင်းထားချက်တွေအပြင် လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးနဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှေ့အပတ် အင်္ဂါ၊ စက်တင်ဘာ ၁၄ မှာစမယ့် ၇၆ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာလည်း စစ်ကောင်စီ အိမ်စောင့်အစိုးရနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအကြား ကုလကိုယ်စားပြုမှုဆိုင်ရာ အပြိုင်တင်သွင်းထားတာအတွက် ဆွေးနွေးပွဲအတွင်းမှာ လူအခွင့်အရေးအထူးကိုယ်စားလှယ်က အစီရင်ခံစာတင်သွင်းဖို့ရှိတယ်လို့ SAC-M အဖွဲ့က ဆိုပါတယ်။

NUG အစိုးရက ခုခံစစ်ကြေညာလိုက်ချိန်မှာ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂဘက်က လက်တွေ့အရေးယူမှုနှောင့်နှေးခဲ့တာကို မနေ့ကပဲ ဝေဖန်ခဲ့တဲ့ ဒီ SAC-M အဖွဲ့က ကုလလုံခြုံရေးကောင်စီအနေနဲ့ R2P ခေါ် ခုခံကာကွယ်ပေးရေးတာဝန်ရှိမှု မူဘောင်အောက်ကနေ စစ်ကောင်စီအပေါ် လက်နက်ပိတ်ဆို့ပြီး စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်စီးပွားရေးအပေါ် ဒဏ်ခတ်ကာ ဖြတ် ၃ ဖြတ်လုပ်ဖို့ ထပ်ပြီး အကြံပြုလိုက်ပါတယ်။

ကုလရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ FFMM ထိပ်ပိုင်းအရာရှိဟောင်းတွေဖြစ်တဲ့ Chris Sidoti နဲ့ Marzuki Darusman တို့လည်းပါတဲ့ SAC-M အဖွဲ့ကပဲ ဖြတ် ၃ ဖြတ်ဆိုလိုရင်းက လက်နက်၊ ငွေနဲ့ အပြစ်မပေးဘဲ လွှတ်ထားတာတွေကို ဖြတ်တောက်ဖို့ပါလို့ဆိုပါတယ်။

..............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG