သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ရဲ႕အေရးေပၚ ေၾကညာခ်က္ႏွင့္ စစ္ေကာင္စီ လံုျခံဳေရး ျပင္ဆင္မႈ 


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ တန္းတူအခြင့္အေရးကို အျပည့္အဝ အာမခံတဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို ထူေထာင္ဖုိ႔ မ႐ွိမျဖစ္လိုအပ္တဲ့ ေတာ္လွန္ေရးလို႔ NUG က ေျပာၾကားၿပီး ျပည္သူ႔ ခုခံတြန္းလွန္စစ္ စတင္ၿပီလို႔ ေၾကညာလိုက္ၿပီးေနာက္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္၊ ကနီ နယ္ေတြထဲမွာ စစ္တပ္က လံုၿခံဳေရး တိုးျမွင့္ေဆာင္႐ြက္ေနပါတယ္။

မေကြး ေလတပ္အေျခစိုက္ စခန္းကေနလည္း ေလယာဥ္ေတြ ပ်ံ၀ဲတာေတြ ရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေဒသခံ ကာကြယ္ေရး အဖြဲ႕ေတြနဲ႔ PDF ေတြဘက္ကလည္း အရင္ကထက္ ျပင္ဆင္မႈေတြ လုပ္ေနၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္အုပ္ခ်ဳပ္ေရးကို တႏိုင္ငံလုံး အတိုင္းအတာနဲ႔ လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကပါလို႔ NUG ရဲ႕ ယာယီသမၼတက တိုက္တြန္းၿပီး ခုခံတြန္းလွန္စစ္ပြဲ စတင္တယ္လို႔ ေျပာခဲ့ၿပီးေနာက္ မံုရြာအေျခစိုက္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္႐ွိရာ တဝိုက္ ေလယာဥ္ေတြ ပ်ံ၀ဲတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ယာႀကီး-ကေလး- ခ်င္းတြင္း တံတားမွာလည္း အရင္ကထက္ လံုၿခံဳေရး တင္းၾကပ္ထားပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ယင္းမာပင္ ေဒသခံကာကြယ္ေရးအဖြဲ႕ တာ၀န္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“စစ္ေကာင္စီက ဒီေန႔ဆို နမခ မွာ ေလယာဥ္ေတြ၀ဲတယ္။ ၿပီးရင္ကြ်န္ေတာ္တို႔ ယာႀကီး-ကေလး လမ္းပိုင္းျဖစ္တဲ့ မံုရြာနဲ႔ဆက္သြယ္ထားတဲ့ ခ်င္းတြင္းတံတားေပါ့ဗ်ာ။ ခ်င္းတြင္းတံတားမွာဆို ဘန္ကာေတြ တည္ေဆာက္တယ္။ ဟိုဘက္ထိပ္ ဒီဘက္ထိပ္မွာ ဘန္ကာေတြ အထူးတလည္ တည္ေဆာက္ၿပီးေတာ့ သူတို႔ ေစာင့္ၾကပ္ ကြပ္ကဲေနတာ ေတြ႕ရပါတယ္။"

ယင္းမာပင္၊ ကနီနယ္ဟာ စစ္တပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရး အဖြဲ႕ေတြၾကား အျပန္အလွန္ တိုက္ပြဲျဖစ္ပြားေလ့႐ွိတဲ့ ေနရာေတြျဖစ္ပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတုိင္း ေျမာင္ၿမိဳ႕နယ္ဘက္မွာလည္း စစ္တပ္ေတြ ပိုၿပီးလႈပ္႐ွားေနတာနဲ႔ပါတ္သက္လို႔ PDF အဖဲြ႔ဝင္တေယာက္က ခုလိုေျပာပါတယ္။

“သူတို႔ရဲ႕ ျပင္ဆင္မႈက ကားေတြကို ဟိုသြားဒီသြား လိုက္ေနတယ္။ ရိကၡာေတြပို႔လိုက္ ကားေခၚၿပီး ျပန္လာလိုက္နဲ႔အဲ့ဒါမ်ိဳးေတြရွိတယ္။ ကြ်န္ေတာ္တို႔ရဲ႕ ျပင္ဆင္မႈက ကြ်န္ေတာ္တို႔လည္း ဒီတိုင္းရပ္မေနဘူးေလ ဟိုးအရင္ကတည္းက စစ္ေကာင္စီျပဳတ္က်ဖို႔ရာအတြက္ ျပင္ဆင္ခဲ့တာေလ။ တေန႔ထက္တေန႔ ျပင္ဆင္မႈက ပိုပိုၿပီးရွိလာတယ္။ ကြ်န္ေတာ္တို႔ ျပင္ဆင္ၿပီးတာေတြရွိတယ္ ျပင္ဆင္စဲေတြရွိတယ္။ ေရွ႕ဆက္ ျပင္ဆင္ ေနတာေတြလည္း ရွိပါတယ္။”

ဒါက စစ္ကိုင္းတိုင္းရဲ႕ အေျခအေနပါ။ ေလတပ္အေျခစိုက္ စခန္းရွိတဲ့ မေကြးၿမိဳ႕မွာဆိုရင္လည္း ၿမိဳ႕၀င္ၿမိဳ႕ထြက္ေတြမွာ လံုၿခံဳေရး တင္းၾကပ္ထားသလို စစ္တပ္ေတြ ၿမိဳ႕တြင္း လွည့္ပါတ္ကင္းလွည့္ေနၿပီး ေဝဟင္ ေလယာဥ္ပ်ံသန္းမႈေတြလည္း ရွိတယ္လို႔ ေဒသခံေတြက အခုလို ေျပာပါတယ္။

“ၿမိဳ႕၀င္ၿမိဳ႕ထြက္ဂိတ္ေတြမွာ မေကြးၿမိဳ႕ရဲ႕အထြက္မွာ ေတာင္တြင္းဘက္ကို ထြက္တဲ့ ထြက္ေပါက္တခုရွိတယ္။ ေနာက္ေတာ့ နတ္ေမာက္ ေရနံေခ်ာင္း ၿမိဳ႕သစ္ ေနျပည္ေတာ္ဘက္ကို ထြက္တဲ့ ထြက္ေပါက္တခုရွိတယ္။ အဲ့ထြက္ေပါက္ေတြမွာက စစ္တပ္နဲ႔ ရဲနဲ႔ပဲလံုၿခံဳေရးကိုတင္းၾကပ္ထားတယ္။ ေလာေလာဆယ္ ဒီေန႔ အေျခအေနက မေကြးၿမိဳ႕တြင္းမွာ Double Cab စစ္ကား ၃ စီးရယ္၊ ရဲကား ၂ စီးရယ္၊ စစ္ကား ၁ စီးရယ္က အခုခ်ိန္ထိ လွည့္လည္ေနတုန္းပဲ။ ေန႔လည္ ၁၁ နာရီကေန အခုခ်ိန္ထိ ကြ်န္ေတာ္တို႔ ဒီကေန႔ ေန႔လည္ေလာက္မွာ ေလယာဥ္သံေတြၾကားရတယ္။ ဒီေလယာဥ္ေတြက ဘယ္ကိုဦးတည္လည္း မသိရဘူး။ ေလယာဥ္သံေတြၾကားရတယ္။”

မေကြးေလတပ္စခန္းဟာ ဧၿပီ ၂၉ ရက္က ၁၀၅ မမ ေရွာ့တိုက္ဒံုးေတြနဲ႔ တိုက္ခိုက္ခံရဖူးပါတယ္။ ေလတပ္စခန္း အေဆာက္အဦး ထိခိုက္ပ်က္စီမႈ မ႐ွိေပမဲ့ ေလယာဥ္ေျပးလမ္း ပ်က္စီးခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ NUG အစိုးရရဲ႕ ေၾကညာခ်က္ကို စစ္ေကာင္စီက သႀကၤန္အေျမွာက္ပစ္တာနဲ႔တင္စားၿပီး အေရးမႀကီးသလို ပယ္ခ်ခဲ့ပါတယ္။

NUG ကေတာ့ ျပည္သူ႔အုံႂကြမႈကို ေက်းလက္၊ ၿမိဳ႕ျပႏွင့္ ႏိုင္ငံတဝွမ္းလုံး တၿပိဳင္တည္းလုပ္ေဆာင္ၾကရမယ္လို႔ ေျပာဆုိထားပါတယ္။ PDF အဖဲြ႔ေတြ အေနနဲ႔ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ကို သတိထားကာကြယ္ေစာင့္ေရွာက္ဖို႔ အထက္က ၫြန္ၾကားခ်က္ေတြကို တိတိက်က် လိုက္နာၾကဖုိ႔၊ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က ထုတ္ျပန္ထားတဲ့ စစ္ဖက္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို တသေဝမသိမ္းလိုက္နာၾကဖုိ႔ တိုက္တြန္းထားပါတယ္။

ျပည္သူ႔လုံၿခဳံေရးတပ္ေတြအေနနဲ႔ မိမိတို႔ ေဒသ၊ ရပ္႐ြာ၊ ၿမိဳ႕ျပေတြမွာ႐ွိတဲ့ ျပည္သူေတြရဲ႕ အသက္ အိုးအိမ္ကို လုံၿခဳံစိတ္ခ်ေအာင္ စီမံခ်က္ခ် ကာကြယ္ေစာင့္ေရွာက္ၾကဖို႔လည္း ေျပာၾကားထားပါတယ္။ တႏိုင္ငံလံုး ပူးေပါင္း ခုခံဖုိ႔ NUG ရဲ႕ တုိက္တြန္းခ်က္ကို ယင္းမာပင္ PDF အဖဲြ႔ဝင္ေတြက ခုလိုတံု႔ျပန္ပါတယ္။

" ျဖစ္ႏိုင္ရင္ေတာ့ ျပည္သူအားလံုး ၊လက္နက္ကိုင္အားလံုး၊ PDF အားလံုး အဆင့္ျမွင့္တင္ၿပီးေတာ့မွ D-Day ေခၚရင္ ပိုၿပီး အဆင္ေျပမယ္ထင္တယ္။ ဘာလို႔ဆို D-Day လို႔ေခၚလိုက္ၿပီ၊ ေခၚလိုက္တဲ့အေနအထားမွာ PDF ေတြက လက္နက္ ျပည့္စံုတာရွိသလို မျပည့္စံုတာေတြလည္း အမ်ားႀကီးပဲ။ ေခၚတိုင္းလည္း ဒီေန႔ D-Day ေခၚၿပီဆိုၿပီးေတာ့ ကြ်န္ေတာ္တို႔က စတိုက္ခိုက္တာမဟုတ္ဘူး။

ကြ်န္ေတာ္တို႔ တိုက္ခိုက္ခဲ့တာ ဟုိနဂိုကတည္းက တိုက္ခိုက္ခဲ့ၾကတာ။ ကြ်န္ေတာ္တို႔ အေနနဲ႔က NUG သည္ D-Day လို႔ ေခၚလိုက္ၿပီဆုိကတည္းက မေခၚခင္ကတည္းက ျပည့္စံုေအာင္ လက္နက္ခဲယမ္း အျပည့္အစံု တပ္ဆင္ ေပးသင့္တာေပါ့။ ဒါေပမယ့္သူတို႔ေခၚခဲ့တယ္။ ေခၚခဲ့ေတာ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ဦးေဆာင္ၿပီး တိုက္ၿပီဆိုရင္ ကြ်န္ေတာ္တို႔အေနနဲ႔က လိုက္ပါေဆာင္ရြက္ဖို႔ အသင့္ပါပဲလို႔ ေျပာခ်င္ပါတယ္။”

စစ္ေကာင္စီဘက္ကေတာ့ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္အတြက္ လံုၿခံဳေရးတပ္ေတြက အာမခံတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ၾကားကာလ အမ်ိဳးသား ညီညြတ္ေရး အစိုးရရဲ႕ ေၾကညာခ်က္ဟာ ကုလသမဂၢ အေထြေထြ ညီလာခံ နီးလာတာေၾကာင့္ လုပ္ျပတာျဖစ္တယ္လို႔စစ္ေကာင္စီ ျပန္ၾကားေရး ဒု၀န္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုန္႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

NUG ရဲ့အရေးပေါ် ကြေညာချက်နှင့် စစ်ကောင်စီ လုံခြုံရေး ပြင်ဆင်မှု

မြန်မာနိုင်ငံမှာ တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ တော်လှန်ရေးလို့ NUG က ပြောကြားပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်ပြီလို့ ကြေညာလိုက်ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ နယ်တွေထဲမှာ စစ်တပ်က လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။

မကွေး လေတပ်အခြေစိုက် စခန်းကနေလည်း လေယာဉ်တွေ ပျံဝဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေနဲ့ PDF တွေဘက်ကလည်း အရင်ကထက် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါလို့ NUG ရဲ့ ယာယီသမ္မတက တိုက်တွန်းပြီး ခုခံတွန်းလှန်စစ်ပွဲ စတင်တယ်လို့ ပြောခဲ့ပြီးနောက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ တဝိုက် လေယာဉ်တွေ ပျံဝဲတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယာကြီး-ကလေး- ချင်းတွင်း တံတားမှာလည်း အရင်ကထက် လုံခြုံရေး တင်းကြပ်ထားပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ယင်းမာပင် ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“စစ်ကောင်စီက ဒီနေ့ဆို နမခ မှာ လေယာဉ်တွေဝဲတယ်။ ပြီးရင်ကျွန်တော်တို့ ယာကြီး-ကလေး လမ်းပိုင်းဖြစ်တဲ့ မုံရွာနဲ့ဆက်သွယ်ထားတဲ့ ချင်းတွင်းတံတားပေါ့ဗျာ။ ချင်းတွင်းတံတားမှာဆို ဘန်ကာတွေ တည်ဆောက်တယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ဘန်ကာတွေ အထူးတလည် တည်ဆောက်ပြီးတော့ သူတို့ စောင့်ကြပ် ကွပ်ကဲနေတာ တွေ့ရပါတယ်။"

ယင်းမာပင်၊ ကနီနယ်ဟာ စစ်တပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ဘက်မှာလည်း စစ်တပ်တွေ ပိုပြီးလှုပ်ရှားနေတာနဲ့ပါတ်သက်လို့ PDF အဖွဲ့ဝင်တယောက်က ခုလိုပြောပါတယ်။

“သူတို့ရဲ့ ပြင်ဆင်မှုက ကားတွေကို ဟိုသွားဒီသွား လိုက်နေတယ်။ ရိက္ခာတွေပို့လိုက် ကားခေါ်ပြီး ပြန်လာလိုက်နဲ့အဲ့ဒါမျိုးတွေရှိတယ်။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုက ကျွန်တော်တို့လည်း ဒီတိုင်းရပ်မနေဘူးလေ ဟိုးအရင်ကတည်းက စစ်ကောင်စီပြုတ်ကျဖို့ရာအတွက် ပြင်ဆင်ခဲ့တာလေ။ တနေ့ထက်တနေ့ ပြင်ဆင်မှုက ပိုပိုပြီးရှိလာတယ်။ ကျွန်တော်တို့ ပြင်ဆင်ပြီးတာတွေရှိတယ် ပြင်ဆင်စဲတွေရှိတယ်။ ရှေ့ဆက် ပြင်ဆင် နေတာတွေလည်း ရှိပါတယ်။”

ဒါက စစ်ကိုင်းတိုင်းရဲ့ အခြေအနေပါ။ လေတပ်အခြေစိုက် စခန်းရှိတဲ့ မကွေးမြို့မှာဆိုရင်လည်း မြို့ဝင်မြို့ထွက်တွေမှာ လုံခြုံရေး တင်းကြပ်ထားသလို စစ်တပ်တွေ မြို့တွင်း လှည့်ပါတ်ကင်းလှည့်နေပြီး ဝေဟင် လေယာဉ်ပျံသန်းမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက အခုလို ပြောပါတယ်။

“မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ မကွေးမြို့ရဲ့အထွက်မှာ တောင်တွင်းဘက်ကို ထွက်တဲ့ ထွက်ပေါက်တခုရှိတယ်။ နောက်တော့ နတ်မောက် ရေနံချောင်း မြို့သစ် နေပြည်တော်ဘက်ကို ထွက်တဲ့ ထွက်ပေါက်တခုရှိတယ်။ အဲ့ထွက်ပေါက်တွေမှာက စစ်တပ်နဲ့ ရဲနဲ့ပဲလုံခြုံရေးကိုတင်းကြပ်ထားတယ်။ လောလောဆယ် ဒီနေ့ အခြေအနေက မကွေးမြို့တွင်းမှာ Double Cab စစ်ကား ၃ စီးရယ်၊ ရဲကား ၂ စီးရယ်၊ စစ်ကား ၁ စီးရယ်က အခုချိန်ထိ လှည့်လည်နေတုန်းပဲ။ နေ့လည် ၁၁ နာရီကနေ အခုချိန်ထိ ကျွန်တော်တို့ ဒီကနေ့ နေ့လည်လောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဒီလေယာဉ်တွေက ဘယ်ကိုဦးတည်လည်း မသိရဘူး။ လေယာဉ်သံတွေကြားရတယ်။”

မကွေးလေတပ်စခန်းဟာ ဧပြီ ၂၉ ရက်က ၁၀၅ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရဖူးပါတယ်။ လေတပ်စခန်း အဆောက်အဦး ထိခိုက်ပျက်စီမှု မရှိပေမဲ့ လေယာဉ်ပြေးလမ်း ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ NUG အစိုးရရဲ့ ကြေညာချက်ကို စစ်ကောင်စီက သင်္ကြန်အမြှောက်ပစ်တာနဲ့တင်စားပြီး အရေးမကြီးသလို ပယ်ချခဲ့ပါတယ်။

NUG ကတော့ ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတဝှမ်းလုံး တပြိုင်တည်းလုပ်ဆောင်ကြရမယ်လို့ ပြောဆိုထားပါတယ်။ PDF အဖွဲ့တွေ အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ဖို့ အထက်က ညွန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တသဝေမသိမ်းလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ပြည်သူ့လုံခြုံရေးတပ်တွေအနေနဲ့ မိမိတို့ ဒေသ၊ ရပ်ရွာ၊ မြို့ပြတွေမှာရှိတဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြဖို့လည်း ပြောကြားထားပါတယ်။ တနိုင်ငံလုံး ပူးပေါင်း ခုခံဖို့ NUG ရဲ့ တိုက်တွန်းချက်ကို ယင်းမာပင် PDF အဖွဲ့ဝင်တွေက ခုလိုတုံ့ပြန်ပါတယ်။

" ဖြစ်နိုင်ရင်တော့ ပြည်သူအားလုံး ၊လက်နက်ကိုင်အားလုံး၊ PDF အားလုံး အဆင့်မြှင့်တင်ပြီးတော့မှ D-Day ခေါ်ရင် ပိုပြီး အဆင်ပြေမယ်ထင်တယ်။ ဘာလို့ဆို D-Day လို့ခေါ်လိုက်ပြီ၊ ခေါ်လိုက်တဲ့အနေအထားမှာ PDF တွေက လက်နက် ပြည့်စုံတာရှိသလို မပြည့်စုံတာတွေလည်း အများကြီးပဲ။ ခေါ်တိုင်းလည်း ဒီနေ့ D-Day ခေါ်ပြီဆိုပြီးတော့ ကျွန်တော်တို့က စတိုက်ခိုက်တာမဟုတ်ဘူး။

ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ ဟိုနဂိုကတည်းက တိုက်ခိုက်ခဲ့ကြတာ။ ကျွန်တော်တို့ အနေနဲ့က NUG သည် D-Day လို့ ခေါ်လိုက်ပြီဆိုကတည်းက မခေါ်ခင်ကတည်းက ပြည့်စုံအောင် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင် ပေးသင့်တာပေါ့။ ဒါပေမယ့်သူတို့ခေါ်ခဲ့တယ်။ ခေါ်ခဲ့တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဦးဆောင်ပြီး တိုက်ပြီဆိုရင် ကျွန်တော်တို့အနေနဲ့က လိုက်ပါဆောင်ရွက်ဖို့ အသင့်ပါပဲလို့ ပြောချင်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံရေးတပ်တွေက အာမခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ကြေညာချက်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးလာတာကြောင့် လုပ်ပြတာဖြစ်တယ်လို့စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG