သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးေဒသေက်း႐ြာေတြ စစ္ေကာင္စီတပ္ေတြ စီးနင္းလို႔ ေဒသခံေတြတိမ္းေရွာင္


Kalay Township, Myanmar

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ေတာင္ပိုင္း႐ြာေတြကို ၿပီးခဲ့တဲ့ သီတင္းပါတ္ကုန္ပိုင္းက စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္းခဲ့တဲ့အတြက္ ႐ြာေပါင္း ၁၃ ႐ြာေလာက္က ႐ြာသူ ႐ြာသား ေထာင္နဲ႔ခ်ီ အိုးအိမ္စြန႔္ထြက္ေျပးေနၾကရပါတယ္။ စစ္တပ္ေတြ ဝင္ေရာက္တဲ့ ႐ြာတခ်ိဳ႕မွာ ႐ြာသားေတြ အသတ္ခံရတယ္လို႔ အေလာင္းေတြကို ကိုယ္တိုင္မ်က္ျမင္ေတြ႕သူေတြက ေျပာပါတယ္။ ႐ြာသားေတြ ေတာထဲထြက္ေျပးေနၾကရေပမဲ့ လုံၿခဳံမႈ မရွိတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မဆုမြန္ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ ေတာင္ပိုင္းက ေက်း႐ြာတခ်ဳိ႕ကို မၾကာခင္ရက္ပိုင္းက စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့တဲ့အတြက္ ေဒသခံ႐ြာသူ ႐ြာသားေတြ ေတာေတာင္ထဲ ထြက္ေျပးေနၾကရပါတယ္။ ေရရွင္ရြာ၊ လယ္ျခားရြာ၊ ကုကၠိဳလ္ရြာ၊ ရွားေတာရြာ ေတြ႐ွိရာကို စစ္တပ္က အဆက္မျပတ္ ပစ္ခတ္ ဝင္ေရာက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေရရွင္ရြာမွာဘက္မွာဆိုရင္ ရြာအနီးနား စစ္တပ္က တပ္စြဲၿပီး လက္နက္ႀကီးနဲ႔ ပစ္ခတ္သလို ေနအိမ္တခ်ဳိ႕ မီး႐ိႈ႕ဖ်က္စီးခံရတယ္လို႔ ေဘးလြတ္ရာကို ထြက္ေျပးေနရတဲ့ ေရွရွင္ရြာသားတစ္ဦးက အခုလို ေျပာပါတယ္။

“စစ္ေကာင္စီတပ္ေတြကေနၿပီးေတာ့ ရြာထဲကို ဝင္လာတဲ့အခါ ရြာသူ ရြာသားေတြ အားလံုးအျပင္ကို ထြက္ေျပးၾကရပါတယ္၊ ထြက္ေျပးရတဲ့ေန႔က တပ္စြဲလို႔ လက္နက္ႀကီးေတြနဲ႔ ထုတယ္ စက္ေသနတ္ေတြ အျပတ္ ရမ္းပစ္တယ္ အဲ့ဒါနဲ႔ ထြက္ေျပးၾကရတယ္၊ ရြာထဲမွာလည္း မီးေတြ အ႐ႈိ႕ခံရတယ္ဗ် အိမ္ေတြကို မီး႐ႈိ႕တယ္ဗ် တခ်ဳိ႕အိမ္ေတြကို ဖြင့္ေဖာက္ၿပီးေတာ့မွ သူတို႔လိုခ်င္တဲ့ ပစၥည္းေတြကိုလည္း ယူပါတယ္ဗ်၊ လက္နက္ႀကီးက်လို႔လည္း မီးေလာင္တယ္ ေနာက္ၿပီးေတာ့မွ သူတို႔ ဖ်က္စီးလို႔လည္း တမင္မီး႐ႈိ႕တာေပါ့ဗ် အိမ္ေတြကို(မီး႐ႈိ႕ခံရတဲ့အိမ္)ေလးအိမ္ တစ္လံုးက ဖ်က္စီးတယ္ ေလးအိမ္ကေတာ့ မီး႐ႈိ႕တယ္၊ လက္နက္ႀကီးကေတာ့ အခ်ိန္မေရြး တစ္ညလံုး အဲ့ဒီေန႔က တစ္ညလံုးပစ္တယ္ဗ်၊ ရြာလံုးကၽြတ္ေျပးၾကတယ္ဗ်။”

႐ြာေတြအေပၚ စစ္တပ္က ပစ္ခတ္ ဝင္ေရာက္တဲ့အတြက္ ေဒသခံကာကြယ္ေရး PDF အဖဲြ႔ေတြက ၾကားျဖတ္တိုက္ခိုက္မႈေတြ ႐ွိခဲ့တယ္လို႔ PDF အဖဲြ႔ဘက္က ေျပာပါတယ္။ စက္တင္ဘာ ၃ ရက္ေန႔က အင္းကၽြန္းေက်းရြာကို စစ္ေကာင္စီတပ္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ ဝင္ေရာက္ စီးနင္းတာေၾကာင့္ ကေလး PDF က ၾကားျဖတ္တိုက္ခိုက္ပါတယ္။ စက္တင္ဘာ ၄ ရက္ေန႔မွာလည္း လယ္ျခားရြာဘက္ စစ္တပ္က သြားေနခ်ိန္ PDF အဖဲြ႔ေတြ ၾကားျဖတ္တိုက္ခဲ့တယ္လို႔ဆိုပါတယ္။ အင္းကၽြန္း႐ြာဘက္မွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲေၾကာင့္ PDF အဖြဲ႔ဘက္က ၃ ဦးထိခိုက္ဒဏ္ရာရရွိသလို စစ္ေကာင္စီဘက္ ၈ ဦးအထိ ေသဆံုးတယ္လို႔ ေဒသခံ PDF က ထုတ္ျပန္ထားပါတယ္။ ဒီထုတ္ျပန္ခ်က္ထဲက ထိခိုက္ေသဆံုးမႈစာရင္းကိုေတာ့ ဗီအိုေအက သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။
ခုလို PDF ေတြလႈပ္႐ွားမႈ႐ွိတာေၾကာင့္ အဲ့ဒီေဒသတစ္ဝိုက္မွာ အမ်ဳိးသားေတြဆိုရင္ PDF တပ္ဖြဲ႔ဝင္လို႔ သတ္မွတ္ၿပီး စစ္ေကာင္စီက ဖမ္းဆီး သတ္ျဖတ္တဲ့အထိ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
စစ္တပ္ေတြ ဝင္ေရာက္ခဲ့တဲ့ ေရ႐ွင္႐ြာထဲမွာ လက္ျပန္ႀကိဳးတုတ္ထားတဲ့ လည္ပင္လွီး ဒဏ္ရာနဲ႔ ေရရွင္ေက်းရြာက ႐ြာသား ၃ ဦး အပါအဝင္ ေဒသခံ ၇ ဦး သတ္ျဖတ္ခံရတယ္လို႔ အေလာင္းကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့တဲ့ ေရ႐ွင္႐ြာသားက ေျပာပါတယ္။

“ထိခိုက္ဒဏ္ရာက ရွိတယ္ဗ် ေသၾကတယ္ဗ်၊ ရြာက ေဒသခံလည္း ပါတယ္ ေသတာ သံုးေယာက္၊ က်န္တဲ့ ဟာကေတာ့ ဘယ္ေဒသက လာခဲ့တဲ့ဟာလဲ ခရီးသြားေတြ ထင္ပါတယ္။ အဲ့ဒါလည္း ေသတယ္ဗ်၊ ေသတာကေတာ့ ၇ ေယာက္၊ အေလာင္းကေတာ့ ၇ ေလာင္း၊ အေလာင္းေတာင္မွ မေကာက္ရဲၾကဘူး ရြာထဲမွာ ပုတ္ေဆာ္နံေနႀကီးေတြ အေလာင္းေတာင္မေကာက္ရဲၾကဘူး (စစ္ေကာင္စီ)သူတို႔ လာတယ္လို႔ ၾကားတာနဲ႔
မေကာက္ႏိုင္ၾကေသးဘူး အခုခ်ိန္ထိေပါ့၊ ဘယ္သူဘယ္ဝါဆိုတာလည္း အတိအက်မသိႏိုင္ဘူးဗ် အဲ့ဒါေတြက်ေတာ့ က်ေနာ္တို႔က ကုိယ့္ရြာသားပဲ သိပါတယ္၊ ဟုတ္တယ္ဗ် ေရရွင္ရြာမွာပဲဗ် က်န္တဲ့ ေလးေလာင္းကေတာ့က်ေနာ္ေစာေစာေျပာသလိုေပါ့ မသိဘူးဗ် က်ေနာ္တို႔က အဲ့…
ကိုယ္ကိုယ္တိုင္းျမင္တယ္ဗ် အဲ့ဒါေတြကေတာ့ ၾကားရတာမဟုတ္ဘူး ျမင္ရတာ အေလာင္းက ဘယ္သူ ဘယ္ရြာကလို႔သာ က်ေနာ္တို႔ မသိတာ ဒဏ္ရာေတြကေတာ့ ဓါးနဲ႔ ႐ိုက္ထားတာေရာ ဓါးနဲ႔ လည္ပင္လွီးတာေရာေပါ့ဗ် ႀကိဳးနဲ႔ သုတ္ထားတာေတြ တစ္ေယာက္ကေတာ့ ေသနတ္မွန္တာဗ်။”

အခုလိုသတ္ျဖတ္ခံရသူေတြဟာ လက္နက္ကိုင္ PDF အဖဲြ႔ဝင္ေတြမဟုတ္ဘဲ ေဒသခံ႐ြာသားေတြျဖစ္တယ္လို႔ ေဒသခံေတြဘက္ကေတာ့ အခုိင္အမာေျပာပါတယ္။
စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ ေတာင္ဘက္မွာ စီးဆင္းေနတဲ့ ျမစ္သာျမစ္ရဲ႕ အေရွ႕ဖက္ကမ္းနဲ႔ အေနာက္ဖက္ကမ္းေတြမွာ စစ္ေကာင္စီတပ္ စတည္းခ်ၿပီး အနီးအနား႐ြာေတြကို တ႐ြာဝင္ တ႐ြာထြက္ ပစ္ခတ္ ဝင္ေရာက္ေနတယ္လို႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တင္သားရြာခံတေယာက္က ေျပာပါတယ္။ ျမစ္သာျမစ္အေနာက္ဘက္မွာ ႐ွိတဲ့ တင္သား႐ြာဘက္ကို ၾသဂုတ္ ၂၇ ရက္ေန႔က တႀကိမ္စစ္တပ္က ဝင္ေရာက္စဥ္ ႐ြာသားေတြ ထြက္ေျပးခဲ့ၾကရၿပီး တပ္ေတြ ထြက္သြားခ်ိန္ ႐ြာသားေတြ ျပန္လာခဲ့ၾကပါတယ္။ ဒါေပမဲ့ စက္တင္ဘာ ၂ ရက္မွာ တပ္ေတြ ျပန္ဝင္ေရာက္လာတဲ့အတြက္ ႐ြာသားေတြ ေနာက္တႀကိမ္ ထြက္ေျပးေနၾကရတာျဖစ္ပါတယ္။

“အခု မနက္စာတုန္းက သူ လက္နက္ႀကီးေတြနဲ႔ နယ္ေျမရွင္းလင္းဆိုၿပီးမွ ေနရာအႏွံ႔အျပားကုိ လိုက္ၿပီးမွ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္လို႔ အဲ့ဒီ ႏြားေခ်ာင္းအဝမွ သာမာန္ျပည္သူထဲက တစ္ေယာက္ လက္နက္ႀကီးထိမွန္ၿပီးမွာ ေသသြားၿပီး၊ အခုသူတို႔ ေနာက္ထက္ရွင္းလင္းေရးမွာ ဘယ္ေလာက္ေသမယ္လို႔ေတာ့မသိေသးလို႔ သူတို႔ ေရွ႕ဆက္ၿပီးေတာ့မွ ဒါ သူတို႔ ရွင္းလင္းေနတုန္းပဲ။ ဟုတ္တယ္ ေတာေတာင္ထဲထိ လိုက္ပစ္တာ သူတို႔က မရဘူး မရဘူး ဒီတစ္ခ်ည္က သူတို႔က ေတာ္ေတာ္ၾကမ္းတမ္းတယ္ တအားၾကမ္းတယ္ သူတို႔က ေတြ႔သမွ်လူကို အကုန္ပစ္၊ အကုန္ဖမ္း အဲ့ဒါမ်ဳိးလုပ္တာ ဒီစစ္ေဘးေရွာင္စခန္းေတြကို ပစ္ခတ္တိုက္ခုိက္ေနတာ သူတို႔ တစ္ဖက္သတ္ အဲ့ဒါ သူတို႔ကေတာ့ သူတို႔
ရန္သူလို႔ပဲ အကုန္သေဘာထားတာ ထင္တယ္။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ျမစ္သာျမစ္ရဲ႕ အေရွ႕ဖက္ကမ္း ၈ ရြာနဲ႔ အေနာက္ဖက္ကမ္းက ၅ ရြာ စုစုေပါင္း ေက်းရြာ ၁၃ ရြာ လူဦးေရ ၃၀,၀၀၀ ဝန္းက်င္ေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရပါတယ္။ ျမစ္သာျမစ္ရဲ႕ အေရွ႕ဘက္ကမ္း ရြာေတြကေတာ့ ေက်ာက္ဆယ္၊ ေက်ာက္ျပဳတ္၊ အင္းကၽြန္း၊ ေရရွင္၊ လယ္ျခား၊ ကုကၠိဳလ္၊ ရွားေတာ၊ ႏြားရြာနဲ႔ အေနာက္ကမ္းက တင္သား၊ ေက်ာက္ဖူး၊ ဒိုးႏြယ္၊ အေရွ႕စည္းရြာနဲ႔ ၾကံသာရြာတို႔ ျဖစ္ပါတယ္။

ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြဟာ သစ္ပင္ေအာက္မွာ မိုးကာနဲ႔အမိုးလုပ္ၿပီး ေျမႀကီးေပၚမွာ ျဖစ္သလို အိပ္ရၿပီး ေနထိုင္စားေသာက္ေနၾကလို႔ အေတာ္ေလးဒုကၡေရာက္ေနၾကပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကလေးဒေသကျေးရွာတွေ စစ်ကောင်စီတပ်တွေ စီးနင်းလို့ ဒေသခံတွေတိမ်းရှောင်

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရွာတွေကို ပြီးခဲ့တဲ့ သီတင်းပါတ်ကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ရွာပေါင်း ၁၃ ရွာလောက်က ရွာသူ ရွာသား ထောင်နဲ့ချီ အိုးအိမ်စွန့်ထွက်ပြေးနေကြရပါတယ်။ စစ်တပ်တွေ ဝင်ရောက်တဲ့ ရွာတချို့မှာ ရွာသားတွေ အသတ်ခံရတယ်လို့ အလောင်းတွေကို ကိုယ်တိုင်မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ရွာသားတွေ တောထဲထွက်ပြေးနေကြရပေမဲ့ လုံခြုံမှု မရှိတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်း မဆုမွန်ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းက ကျေးရွာတချို့ကို မကြာခင်ရက်ပိုင်းက စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ဒေသခံရွာသူ ရွာသားတွေ တောတောင်ထဲ ထွက်ပြေးနေကြရပါတယ်။ ရေရှင်ရွာ၊ လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ ရှားတောရွာ တွေရှိရာကို စစ်တပ်က အဆက်မပြတ် ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေရှင်ရွာမှာဘက်မှာဆိုရင် ရွာအနီးနား စစ်တပ်က တပ်စွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သလို နေအိမ်တချို့ မီးရှို့ဖျက်စီးခံရတယ်လို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ရှေရှင်ရွာသားတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေကနေပြီးတော့ ရွာထဲကို ဝင်လာတဲ့အခါ ရွာသူ ရွာသားတွေ အားလုံးအပြင်ကို ထွက်ပြေးကြရပါတယ်၊ ထွက်ပြေးရတဲ့နေ့က တပ်စွဲလို့ လက်နက်ကြီးတွေနဲ့ ထုတယ် စက်သေနတ်တွေ အပြတ် ရမ်းပစ်တယ် အဲ့ဒါနဲ့ ထွက်ပြေးကြရတယ်၊ ရွာထဲမှာလည်း မီးတွေ အရှို့ခံရတယ်ဗျ အိမ်တွေကို မီးရှို့တယ်ဗျ တချို့အိမ်တွေကို ဖွင့်ဖောက်ပြီးတော့မှ သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ယူပါတယ်ဗျ၊ လက်နက်ကြီးကျလို့လည်း မီးလောင်တယ် နောက်ပြီးတော့မှ သူတို့ ဖျက်စီးလို့လည်း တမင်မီးရှို့တာပေါ့ဗျ အိမ်တွေကို(မီးရှို့ခံရတဲ့အိမ်)လေးအိမ် တစ်လုံးက ဖျက်စီးတယ် လေးအိမ်ကတော့ မီးရှို့တယ်၊ လက်နက်ကြီးကတော့ အချိန်မရွေး တစ်ညလုံး အဲ့ဒီနေ့က တစ်ညလုံးပစ်တယ်ဗျ၊ ရွာလုံးကျွတ်ပြေးကြတယ်ဗျ။”

ရွာတွေအပေါ် စစ်တပ်က ပစ်ခတ် ဝင်ရောက်တဲ့အတွက် ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ PDF အဖွဲ့ဘက်က ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က အင်းကျွန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းတာကြောင့် ကလေး PDF က ကြားဖြတ်တိုက်ခိုက်ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာလည်း လယ်ခြားရွာဘက် စစ်တပ်က သွားနေချိန် PDF အဖွဲ့တွေ ကြားဖြတ်တိုက်ခဲ့တယ်လို့ဆိုပါတယ်။ အင်းကျွန်းရွာဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် PDF အဖွဲ့ဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိသလို စစ်ကောင်စီဘက် ၈ ဦးအထိ သေဆုံးတယ်လို့ ဒေသခံ PDF က ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်ထဲက ထိခိုက်သေဆုံးမှုစာရင်းကိုတော့ ဗီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ခုလို PDF တွေလှုပ်ရှားမှုရှိတာကြောင့် အဲ့ဒီဒေသတစ်ဝိုက်မှာ အမျိုးသားတွေဆိုရင် PDF တပ်ဖွဲ့ဝင်လို့ သတ်မှတ်ပြီး စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်တဲ့အထိ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်တွေ ဝင်ရောက်ခဲ့တဲ့ ရေရှင်ရွာထဲမှာ လက်ပြန်ကြိုးတုတ်ထားတဲ့ လည်ပင်လှီး ဒဏ်ရာနဲ့ ရေရှင်ကျေးရွာက ရွာသား ၃ ဦး အပါအဝင် ဒေသခံ ၇ ဦး သတ်ဖြတ်ခံရတယ်လို့ အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ရေရှင်ရွာသားက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာက ရှိတယ်ဗျ သေကြတယ်ဗျ၊ ရွာက ဒေသခံလည်း ပါတယ် သေတာ သုံးယောက်၊ ကျန်တဲ့ ဟာကတော့ ဘယ်ဒေသက လာခဲ့တဲ့ဟာလဲ ခရီးသွားတွေ ထင်ပါတယ်။ အဲ့ဒါလည်း သေတယ်ဗျ၊ သေတာကတော့ ၇ ယောက်၊ အလောင်းကတော့ ၇ လောင်း၊ အလောင်းတောင်မှ မကောက်ရဲကြဘူး ရွာထဲမှာ ပုတ်ဆော်နံနေကြီးတွေ အလောင်းတောင်မကောက်ရဲကြဘူး (စစ်ကောင်စီ)သူတို့ လာတယ်လို့ ကြားတာနဲ့
မကောက်နိုင်ကြသေးဘူး အခုချိန်ထိပေါ့၊ ဘယ်သူဘယ်ဝါဆိုတာလည်း အတိအကျမသိနိုင်ဘူးဗျ အဲ့ဒါတွေကျတော့ ကျနော်တို့က ကိုယ့်ရွာသားပဲ သိပါတယ်၊ ဟုတ်တယ်ဗျ ရေရှင်ရွာမှာပဲဗျ ကျန်တဲ့ လေးလောင်းကတော့ကျနော်စောစောပြောသလိုပေါ့ မသိဘူးဗျ ကျနော်တို့က အဲ့…
ကိုယ်ကိုယ်တိုင်းမြင်တယ်ဗျ အဲ့ဒါတွေကတော့ ကြားရတာမဟုတ်ဘူး မြင်ရတာ အလောင်းက ဘယ်သူ ဘယ်ရွာကလို့သာ ကျနော်တို့ မသိတာ ဒဏ်ရာတွေကတော့ ဓါးနဲ့ ရိုက်ထားတာရော ဓါးနဲ့ လည်ပင်လှီးတာရောပေါ့ဗျ ကြိုးနဲ့ သုတ်ထားတာတွေ တစ်ယောက်ကတော့ သေနတ်မှန်တာဗျ။”

အခုလိုသတ်ဖြတ်ခံရသူတွေဟာ လက်နက်ကိုင် PDF အဖွဲ့ဝင်တွေမဟုတ်ဘဲ ဒေသခံရွာသားတွေဖြစ်တယ်လို့ ဒေသခံတွေဘက်ကတော့ အခိုင်အမာပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဘက်မှာ စီးဆင်းနေတဲ့ မြစ်သာမြစ်ရဲ့ အရှေ့ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်းတွေမှာ စစ်ကောင်စီတပ် စတည်းချပြီး အနီးအနားရွာတွေကို တရွာဝင် တရွာထွက် ပစ်ခတ် ဝင်ရောက်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တင်သားရွာခံတယောက်က ပြောပါတယ်။ မြစ်သာမြစ်အနောက်ဘက်မှာ ရှိတဲ့ တင်သားရွာဘက်ကို သြဂုတ် ၂၇ ရက်နေ့က တကြိမ်စစ်တပ်က ဝင်ရောက်စဉ် ရွာသားတွေ ထွက်ပြေးခဲ့ကြရပြီး တပ်တွေ ထွက်သွားချိန် ရွာသားတွေ ပြန်လာခဲ့ကြပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂ ရက်မှာ တပ်တွေ ပြန်ဝင်ရောက်လာတဲ့အတွက် ရွာသားတွေ နောက်တကြိမ် ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

“အခု မနက်စာတုန်းက သူ လက်နက်ကြီးတွေနဲ့ နယ်မြေရှင်းလင်းဆိုပြီးမှ နေရာအနှံ့အပြားကို လိုက်ပြီးမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အဲ့ဒီ နွားချောင်းအဝမှ သာမာန်ပြည်သူထဲက တစ်ယောက် လက်နက်ကြီးထိမှန်ပြီးမှာ သေသွားပြီး၊ အခုသူတို့ နောက်ထက်ရှင်းလင်းရေးမှာ ဘယ်လောက်သေမယ်လို့တော့မသိသေးလို့ သူတို့ ရှေ့ဆက်ပြီးတော့မှ ဒါ သူတို့ ရှင်းလင်းနေတုန်းပဲ။ ဟုတ်တယ် တောတောင်ထဲထိ လိုက်ပစ်တာ သူတို့က မရဘူး မရဘူး ဒီတစ်ချည်က သူတို့က တော်တော်ကြမ်းတမ်းတယ် တအားကြမ်းတယ် သူတို့က တွေ့သမျှလူကို အကုန်ပစ်၊ အကုန်ဖမ်း အဲ့ဒါမျိုးလုပ်တာ ဒီစစ်ဘေးရှောင်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်နေတာ သူတို့ တစ်ဖက်သတ် အဲ့ဒါ သူတို့ကတော့ သူတို့ရန်သူလို့ပဲ အကုန်သဘောထားတာ ထင်တယ်။”

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်ရဲ့ အရှေ့ဖက်ကမ်း ၈ ရွာနဲ့ အနောက်ဖက်ကမ်းက ၅ ရွာ စုစုပေါင်း ကျေးရွာ ၁၃ ရွာ လူဦးရေ ၃၀,၀၀၀ ဝန်းကျင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ မြစ်သာမြစ်ရဲ့ အရှေ့ဘက်ကမ်း ရွာတွေကတော့ ကျောက်ဆယ်၊ ကျောက်ပြုတ်၊ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ နွားရွာနဲ့ အနောက်ကမ်းက တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်းရွာနဲ့ ကြံသာရွာတို့ ဖြစ်ပါတယ်။

ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဟာ သစ်ပင်အောက်မှာ မိုးကာနဲ့အမိုးလုပ်ပြီး မြေကြီးပေါ်မှာ ဖြစ်သလို အိပ်ရပြီး နေထိုင်စားသောက်နေကြလို့ အတော်လေးဒုက္ခရောက်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG