သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မုန္းကိုးမွာ MNDAA နဲ႔ စစ္တပ္ၾကား တိုက္ပြဲဆက္ျဖစ္ေန


ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ေဒသ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႔နယ္၊ မုန္းကိုးေဒသ၊ ေဖာင္းဆိုင္ဘက္မွာ စစ္တပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား ဒီကေန႔ တိုက္ပဲြဆက္ျဖစ္ပါတယ္။ မေန႔ကျဖစ္တဲ့တုိက္ပဲြမွာ အရပ္သားတခ်ိဳ႔ ထိခိုက္တာရိွေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ မုန္းကိုး တိုက္ပြဲသတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

ၾသဂုတ္လ ၂၈ ရက္ေန႔ကစခဲ့တဲ့ မုန္းကိုးေဒသတိုက္ပြဲဧာ ဒီကေန႔ ၅ ရက္ေျမာက္ေန႔အထိ ဆက္ျဖစ္ေနတယ္လုိ႔ လက္ရိွ တိုက္ပဲြအေျခအေန ဗီြအိုေအကိုေျပာျပခဲ့တဲ့ မုန္းကိုးေဒသခံတဦးက ေျပာပါတယ္။

“ဒီမနက္ ၁၀ နာရီနီးပါးေလာက္ေပါ့ေနာ္။ အဲဒီမွာ ၁ ၁နာရီထိေအာင္ျဖစ္တာေပါ့ေနာ။ အခုျဖစ္ေနတာ ေဖာင္ဆိုင္းဘက္က လႈရင္ထန္၊ လႈရင္ထန္။ မန္လီရႈးနဲ႔ ဘန္ေမႊးၾကားထဲမွာေပါ့ေနာ။ မုန္းကိုးကေန ၾကားရတယ္ဗ်။ လက္နက္ၾကီးသံ ၾကားရတာေပါ့ေနာ။ တခါတေလ ႏွစ္လံုး၊ သံုးလံုး ဆက္တုိက္ၾကားရတယ္။ တခါတေလ ၁၀ မိနစ္၊ မိနစ္၂၀ ေလာက္တလံုး အဲလိုမ်ိဳးေပါ့။ ေသနတ္သံေတာ့ မၾကားဘူး။ ပန္စီတိုင္းကေတာ့ ခုနက သတင္းေျပာျပတယ္ဗ်။ မေန႔က လက္နက္ၾကီးက်တာ လူဦးေရ ၅ ေယာက္ထိခိုက္တယ္လို႔ ေျပာတာ။ မေန႔ကေပါ့ ဒဏ္ရာရတာေပါ့ေနာ္။ ေသတဲ့လူေတာ့ မရိွဘူးေပါ့ေနာ။ ”

လူထိခိုက္မႈရိွတယ္လို႔ေျပာတဲ့ ပန္စီတိုင္းရြာကို ဖုန္းေခၚဆို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။
MNDAA ကိုးကန္႔အဖဲြ ျပန္ၾကားေရးဌာနကေတာ့ ဒီေန႔ စစ္ေကာင္စီတပ္နဲ႔ MNDAA အၾကား တိုက္ပဲြျပင္းထန္ခဲ့သလို မေန႔က မုန္းကိုးေဒသ မန္မြန္ရြာနဲ႔ ေလာကူရြာၾကားမွာလည္း တုိက္ပဲြျပင္းထန္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

KIA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ မုန္းကိုးေဒသဘက္မွာ MNDAA နဲ႔ တုိက္ပဲြျဖစ္ပြားတာ ၾကားသိရေၾကာင္း၊ ဒါေပမဲ့ အေျခအေနအေသးစိတ္ကို မသိရေၾကာင္း ေျပာပါတယ္။
“ကခ်င္ျပည္နယ္ဘက္မွာ တိုက္ပဲြသတင္း မတက္ဘူးခင္ဗ်။ ရွမ္းေျမာက္ေဒသဘက္မွာေတာ့ မုန္းကိုးေဒသ၊ မုန္းကိုး၊ ေဖာင္းဆိုင္မွာေတာ့ MNDAA နဲ႔ တိုက္ပဲြျဖစ္တယ္ဆုိတဲ့ သတင္းေလာက္ပဲ တက္ပါတယ္။ ေအာက္ေျခသတင္းကေတာ့ က်ေနာ္တုိ႔ ဘာမွ မၾကားရေသးပါဘူး။ ”

MNDAA ကိုးကန္႔တပ္ဖဲြ႔ကေတာ့ လက္ရိွတိုက္ပဲြဟာ စစ္ေကာင္စီတပ္နဲ႔ သူတို႔တပ္အၾကား ျဖစ္ပြားတာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားေပမဲ့ သတင္းမီဒီယာတခ်ိဳ႔က MNDAA နဲ႔ KIA ပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္အၾကား တိုက္ပဲြျဖစ္ပြားေၾကာင္း ေဖာ္ျပတာေတြရိွပါတယ္။

ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ MNDAA နဲ႔ KIA အၾကား တရား၀င္ ပူးေပါင္းစစ္ဆင္ေရးလုပ္တာမရိွေၾကာင္း၊ ဒါေပမဲ့ အဲဒီေဒသဘက္မွာ KIA တပ္မဟာ ၆ အေျခစိုက္ထားတာေၾကာင့္ ထိုးစစ္ဆင္လာရင္ ခုခံတိုက္ခိုက္တာေတာ့ရွိေၾကာင္း ေျပာပါတယ္။
“က်ေနာ္တို႔နဲ႔ တရား၀င္ပူးေပါင္းၿပီး စစ္ဆင္ေရးလုပ္တာေတာ့ မရိွပါဘူး။ ဒါေပမဲ့ တခုရိွတာကေတာ့ အဲဒီဘက္မွာ က်ေနာ္တုိ႔ တပ္စဲြထားတဲ့ေနရာေတြမွာ စစ္ေကာင္စီဘက္က ထိုးစစ္ဆင္လာလုိ႔ရိွရင္ေတာ့ က်ေနာ္တို႔က ခုခံတုိက္ပဲြေတာ့ ရိွမွာပါ။ ဒါေပမဲ့ တရား၀င္ေပါ့၊ သူတုိ႔နဲ႔ ဗ်ဴဟာေပါင္းၿပီး တုိက္ပဲြျဖစ္တာေတာ့ မရိွဘူး။”

တရုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႔နယ္၊ ၾကဴကုတ္ (ပန္ဆိုင္း) နဲ႔ မုန္းကိုးေဒသဘက္မွာ ဇူလိုင္လကတည္းက တိုက္ပဲြေတြ စတင္ခဲ့တာျဖစ္ၿပီး အခုဆုိရင္ တလေက်ာ္ၾကာျမင့္လာၿပီျဖစ္ပါတယ္။

ၾသဂုတ္ လဆန္းပိုင္းက ၾကဴကုတ္ (ပန္ဆိုင္း) ဘက္ျဖစ္တဲ့ တိုက္ပဲြေၾကာင့္လည္း ဖိုင္ေကာင္းရြာဘက္က စစ္ေရွာင္ ၁,၅၀၀ ေလာက္ဟာ တရုတ္ျမန္မာနယ္စပ္မွာ ခိုလံႈေနၾကရသလို ၂၈ ရက္ေန႔မွာ စျဖစ္ခဲ့တဲ့ မုန္းကိုးေဒသအတြင္း တိုက္ပဲြေၾကာင့္ ေကာင္းလံု၊ နမ့္ဟာ၊ မန္ခံု၊ ေနာင္လန္း စတဲ့ရြာေတြက လူ ၇၀၀ ေလာက္ဟာ မုန္းကိုးၿမိဳ႔ကို တိမ္းေရွာင္ေနၾကရပါတယ္။ ဇူလိုင္လအတြင္း ျဖစ္တဲ့တုိက္ပဲြေၾကာင့္ ေဖာင္းဆိုင္ဘက္က ေဒသခံ ၂၀၀ ေလာက္ဟာလည္း တရုတ္နယ္စပ္ဘက္ကို တိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


မုန်းကိုးမှာ MNDAA နဲ့ စစ်တပ်ကြား တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုန်းကိုးဒေသ၊ ဖောင်းဆိုင်ဘက်မှာ စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ဒီကနေ့ တိုက်ပွဲဆက်ဖြစ်ပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ အရပ်သားတချို့ ထိခိုက်တာရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ မုန်းကိုး တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

သြဂုတ်လ ၂၈ ရက်နေ့ကစခဲ့တဲ့ မုန်းကိုးဒေသတိုက်ပွဲဧာ ဒီကနေ့ ၅ ရက်မြောက်နေ့အထိ ဆက်ဖြစ်နေတယ်လို့ လက်ရှိ တိုက်ပွဲအခြေအနေ ဗွီအိုအေကိုပြောပြခဲ့တဲ့ မုန်းကိုးဒေသခံတဦးက ပြောပါတယ်။

“ဒီမနက် ၁၀ နာရီနီးပါးလောက်ပေါ့နော်။ အဲဒီမှာ ၁ ၁နာရီထိအောင်ဖြစ်တာပေါ့နော။ အခုဖြစ်နေတာ ဖောင်ဆိုင်းဘက်က လှုရင်ထန်၊ လှုရင်ထန်။ မန်လီရှုးနဲ့ ဘန်မွှေးကြားထဲမှာပေါ့နော။ မုန်းကိုးကနေ ကြားရတယ်ဗျ။ လက်နက်ကြီးသံ ကြားရတာပေါ့နော။ တခါတလေ နှစ်လုံး၊ သုံးလုံး ဆက်တိုက်ကြားရတယ်။ တခါတလေ ၁၀ မိနစ်၊ မိနစ်၂၀ လောက်တလုံး အဲလိုမျိုးပေါ့။ သေနတ်သံတော့ မကြားဘူး။ ပန်စီတိုင်းကတော့ ခုနက သတင်းပြောပြတယ်ဗျ။ မနေ့က လက်နက်ကြီးကျတာ လူဦးရေ ၅ ယောက်ထိခိုက်တယ်လို့ ပြောတာ။ မနေ့ကပေါ့ ဒဏ်ရာရတာပေါ့နော်။ သေတဲ့လူတော့ မရှိဘူးပေါ့နော။ ”

လူထိခိုက်မှုရှိတယ်လို့ပြောတဲ့ ပန်စီတိုင်းရွာကို ဖုန်းခေါ်ဆို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
MNDAA ကိုးကန့်အဖွဲ ပြန်ကြားရေးဌာနကတော့ ဒီနေ့ စစ်ကောင်စီတပ်နဲ့ MNDAA အကြား တိုက်ပွဲပြင်းထန်ခဲ့သလို မနေ့က မုန်းကိုးဒေသ မန်မွန်ရွာနဲ့ လောကူရွာကြားမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မုန်းကိုးဒေသဘက်မှာ MNDAA နဲ့ တိုက်ပွဲဖြစ်ပွားတာ ကြားသိရကြောင်း၊ ဒါပေမဲ့ အခြေအနေအသေးစိတ်ကို မသိရကြောင်း ပြောပါတယ်။
“ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲသတင်း မတက်ဘူးခင်ဗျ။ ရှမ်းမြောက်ဒေသဘက်မှာတော့ မုန်းကိုးဒေသ၊ မုန်းကိုး၊ ဖောင်းဆိုင်မှာတော့ MNDAA နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ တက်ပါတယ်။ အောက်ခြေသတင်းကတော့ ကျနော်တို့ ဘာမှ မကြားရသေးပါဘူး။ ”

MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ လက်ရှိတိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ သူတို့တပ်အကြား ဖြစ်ပွားတာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ သတင်းမီဒီယာတချို့က MNDAA နဲ့ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြတာတွေရှိပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ MNDAA နဲ့ KIA အကြား တရားဝင် ပူးပေါင်းစစ်ဆင်ရေးလုပ်တာမရှိကြောင်း၊ ဒါပေမဲ့ အဲဒီဒေသဘက်မှာ KIA တပ်မဟာ ၆ အခြေစိုက်ထားတာကြောင့် ထိုးစစ်ဆင်လာရင် ခုခံတိုက်ခိုက်တာတော့ရှိကြောင်း ပြောပါတယ်။
“ကျနော်တို့နဲ့ တရားဝင်ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်တာတော့ မရှိပါဘူး။ ဒါပေမဲ့ တခုရှိတာကတော့ အဲဒီဘက်မှာ ကျနော်တို့ တပ်စွဲထားတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလို့ရှိရင်တော့ ကျနော်တို့က ခုခံတိုက်ပွဲတော့ ရှိမှာပါ။ ဒါပေမဲ့ တရားဝင်ပေါ့၊ သူတို့နဲ့ ဗျူဟာပေါင်းပြီး တိုက်ပွဲဖြစ်တာတော့ မရှိဘူး။”

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ မုန်းကိုးဒေသဘက်မှာ ဇူလိုင်လကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် တလကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

သြဂုတ် လဆန်းပိုင်းက ကြူကုတ် (ပန်ဆိုင်း) ဘက်ဖြစ်တဲ့ တိုက်ပွဲကြောင့်လည်း ဖိုင်ကောင်းရွာဘက်က စစ်ရှောင် ၁,၅၀၀ လောက်ဟာ တရုတ်မြန်မာနယ်စပ်မှာ ခိုလှုံနေကြရသလို ၂၈ ရက်နေ့မှာ စဖြစ်ခဲ့တဲ့ မုန်းကိုးဒေသအတွင်း တိုက်ပွဲကြောင့် ကောင်းလုံ၊ နမ့်ဟာ၊ မန်ခုံ၊ နောင်လန်း စတဲ့ရွာတွေက လူ ၇၀၀ လောက်ဟာ မုန်းကိုးမြို့ကို တိမ်းရှောင်နေကြရပါတယ်။ ဇူလိုင်လအတွင်း ဖြစ်တဲ့တိုက်ပွဲကြောင့် ဖောင်းဆိုင်ဘက်က ဒေသခံ ၂၀၀ လောက်ဟာလည်း တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG