သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကင္းမရြာမွာ လုယက္ဖ်က္ဆီးခံရတယ္လို႔ ရြာသားေတြစြပ္စြဲ


မီးရွဳိ ့ခံရတဲ့ စားနပ္ရိကၡာမ်ား (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္၊ ကင္းမေက်းရြာမွာ စစ္ေဘးဒုကၡသည္ေတြအတြက္ ဆန္နဲ႔ လူသံုးကုန္ ပစၥည္းတခ်ိဳ႕ကို ဒီကေန႔မနက္ပိုင္းမွာ စစ္ေကာင္စီတပ္က မီးရွုိ႕႔ဖ်က္စီးခဲ့တယ္လို႔ ေဒသခံေတြက စြပ္စြဲေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လလည္ပိုင္းေလာက္ကလည္း ကင္းမေက်းရြာအတြင္း PDF နဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားခဲ့တာမွာ တရြာလံုးနီးပါး မီးေလာင္ခဲ့ၿပီး လူေသဆံုး ဒဏ္ရာရတာေတြလည္း ရွိခဲ့ပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ကင္းမေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ စစ္ေဘးဒုကၡသည္ေတြအတြက္ အလွဴခံထားတဲ့ ဆန္နဲ႔ လူသံုးကုန္ပစၥည္းေတြ ဒီကေန႔မနက္ပိုင္းမွာ မီးရွုိ႕ဖ်က္စီးခံရတယ္လို႔ ကင္းမေဒသခံတဦးကေျပာပါတယ္။
“မီးရွုိ႕သြားတာက ဘုန္းႀကီးေက်ာင္းမွာထားတဲ့ ဆန္တို႔၊ အသံုးအေဆာင္ပစၥည္းေတြကို မီးရွုိ႕သြားတာေလ။ မနက္ ၈ နာရီခြဲ ၉ နာ၇ီေလာက္က စရွုိ႕တာ။ စစ္ေကာင္စီေတြ၊ စစ္တပ္ကေကာင္ေတြ၊ သူတို႔က မီးရွို႕သြားတယ္။ ၿပီးေတာ့ သူတို႔အဲဒီမွာ ဘုန္းႀကီးေက်ာင္း ဘုရားေပၚ မွာထားတဲ့ အလွဴေငြပံုးလည္း သူတို႔ေဖာက္သြားတယ္။ အလွဴေငြပံုးလည္း သူတို႔ မီးရွို႕သြားတယ္။ ပိုက္ဆံေတြ ဘာေတြလည္း သူတို႔ယူရင္ ယူသြားမွာေပါ့ေနာ္။”

လက္ရွိမွာေတာ့ စစ္ေကာင္စီတပ္ေတြ ကင္းမေက်းရြာကေန ျပန္ထြက္သြားၿပီလို႔လည္းအဲဒီေဒသခံက ေျပာပါတယ္။
“မီးရွိ႕ၿပီးေတာ့ သူတို႔ ကင္းေခ်ာင္းအတိုင္း ျပန္ဆုတ္သြားတယ္။ ရဟတ္ယာဥ္တစီးနဲ႕ လိုက္ပတ္ၿပီးေတာ့ ဝဲေနတာပဲ။ ဘယ္ကိုပစ္ခ်င္လဲေတာ့ မသိဘူးေပါ့။ သူတို႔ တပ္စြဲထားတာေတာ့မရွိဘူ။း ခုနကေတာ့ ဝင္းက်ံဳးနားမွာေတာ့ ေသနတ္ပစ္သံေတြၾကားေနရတယ္ေလ။ တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ဘူးဗ်။ သူတို႔ မိုင္းေတြဘာေတြ ခလုတ္တိုက္ၿပီး သူတို႔က မိုင္းတစ္လံုးကြဲရင္အဲလိုမ်ိဳး ရမ္းသန္းၿပီးေတာ့ ပတ္ဝန္းက်င္ကို လိုက္ပစ္တာေလ။”

ေဒသခံေတြရဲ႕ ဒီစြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ဘာမွထုတ္ျပန္ေျပာဆိုတာမ်ိဳး မေတြ႔ရေသးပါဘူး။
ၿပီးခဲ့တဲ့ ဇြန္လ အလည္ပိုင္းေလာက္ကလည္း ကင္းမေက်းရြာမွာ PDF နဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ရြာလံုးကြ်တ္မီးေလာင္ကြ်မ္းခဲ့တာေၾကာင့္ ကင္းမေဒသခံေတြကို ေဘးလြတ္ရာကို ထြက္ေျပးခဲ့ရပါတယ္။ လက္ရွိမွာလည္း ေဒသခံေတြဟာ နီးစပ္ရာေက်းရြာေတြနဲ႔ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေရာက္ရွိေနၾကသလို စားဝတ္ေနေရးအကူအညီေတြ လုိအပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မီးေလာင္သြားတဲ့ ကင္းမေက်းရြာဘက္ကို ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔က ၾသဂုတ္လအတြင္း လာေရာက္လွဴဒါန္းဖို႔ ေဆြးေႏြးခဲ့ၾကေပမယ့္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လွူဒါန္းမယ့္အစီအစဥ္ ေရႊ႕ဆိုင္းထားတဲ့သတင္း ထြက္ထားပါတယ္။

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ေက်းရြာေတြတဝိုက္မွာ ေဒသခံကာကြယ္ေရးတပ္ PDFနဲ႔ စစ္ေကာင္စီတပ္တို႔ မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ပြားတာေတြရွိသလို ေဒသခံေတြ ဖမ္းဆီးခံရတာနဲ႔ စစ္ေကာင္စီဘက္က ေက်းရြာအတြင္း ဝင္ေရာက္ရွာေဖြတာေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ကင်းမရွာမှာ လုယက်ဖျက်ဆီးခံရတယ်လို့ ရွာသားတွေစွပ်စွဲ

(Unicode)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်နဲ့ လူသုံးကုန် ပစ္စည်းတချို့ကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလည်ပိုင်းလောက်ကလည်း ကင်းမကျေးရွာအတွင်း PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ တရွာလုံးနီးပါး မီးလောင်ခဲ့ပြီး လူသေဆုံး ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ကင်းမကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံထားတဲ့ ဆန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်စီးခံရတယ်လို့ ကင်းမဒေသခံတဦးကပြောပါတယ်။
“မီးရှို့သွားတာက ဘုန်းကြီးကျောင်းမှာထားတဲ့ ဆန်တို့၊ အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့သွားတာလေ။ မနက် ၈ နာရီခွဲ ၉ နာရီလောက်က စရှို့တာ။ စစ်ကောင်စီတွေ၊ စစ်တပ်ကကောင်တွေ၊ သူတို့က မီးရှို့သွားတယ်။ ပြီးတော့ သူတို့အဲဒီမှာ ဘုန်းကြီးကျောင်း ဘုရားပေါ် မှာထားတဲ့ အလှူငွေပုံးလည်း သူတို့ဖောက်သွားတယ်။ အလှူငွေပုံးလည်း သူတို့ မီးရှို့သွားတယ်။ ပိုက်ဆံတွေ ဘာတွေလည်း သူတို့ယူရင် ယူသွားမှာပေါ့နော်။”

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ကင်းမကျေးရွာကနေ ပြန်ထွက်သွားပြီလို့လည်းအဲဒီဒေသခံက ပြောပါတယ်။
“မီးရှိ့ပြီးတော့ သူတို့ ကင်းချောင်းအတိုင်း ပြန်ဆုတ်သွားတယ်။ ရဟတ်ယာဉ်တစီးနဲ့ လိုက်ပတ်ပြီးတော့ ဝဲနေတာပဲ။ ဘယ်ကိုပစ်ချင်လဲတော့ မသိဘူးပေါ့။ သူတို့ တပ်စွဲထားတာတော့မရှိဘူ။း ခုနကတော့ ဝင်းကျုံးနားမှာတော့ သေနတ်ပစ်သံတွေကြားနေရတယ်လေ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးဗျ။ သူတို့ မိုင်းတွေဘာတွေ ခလုတ်တိုက်ပြီး သူတို့က မိုင်းတစ်လုံးကွဲရင်အဲလိုမျိုး ရမ်းသန်းပြီးတော့ ပတ်ဝန်းကျင်ကို လိုက်ပစ်တာလေ။”

ဒေသခံတွေရဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ အလည်ပိုင်းလောက်ကလည်း ကင်းမကျေးရွာမှာ PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းခဲ့တာကြောင့် ကင်းမဒေသခံတွေကို ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေကြသလို စားဝတ်နေရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်သွားတဲ့ ကင်းမကျေးရွာဘက်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့က သြဂုတ်လအတွင်း လာရောက်လှူဒါန်းဖို့ ဆွေးနွေးခဲ့ကြပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် လှူဒါန်းမယ့်အစီအစဉ် ရွှေ့ဆိုင်းထားတဲ့သတင်း ထွက်ထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေတဝိုက်မှာ ဒေသခံကာကွယ်ရေးတပ် PDFနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာတွေရှိသလို ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ စစ်ကောင်စီဘက်က ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG