သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကင္းမရြာအတြက္ ICRC အကူအညီေပးဖို႔ ျပင္ဆင္ေန


မီးေလာင္ျပင္ျဖစ္သြားခဲ့ရတဲ့ ကင္းမ ရြာ ( ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရြာလံုးကြ်တ္နီးပါး မီးေလာင္ဆံုးရံႈးခဲ့တဲ့ မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ကင္းမရြာကုိ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕ ICRC ကအကူအညီေပးဖို႔ ျပင္ဆင္ေနတယ္လို႔ ICRC နဲ႔ ေဆြးေႏြးခဲ့တဲ့ ေဒသခံေတြကေျပာပါတယ္။ စစ္တပ္နဲ႔ တေက်ာ့ျပန္တိုက္ပြဲျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္၊ မင္းတပ္ စစ္ေဘးဒုကၡသည္ေတြမွာေတာ့ စားနပ္ရိကၡာ အခက္အခဲရွိေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

စစ္တပ္နဲ႔ ေဒသခံ PDF တို႔ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ရြာလံုးကြ်တ္နီးပါး မီးေလာင္ကြ်မ္းခဲ့တဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ကင္းမရြာကို အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕ ICRC က လူအသံုးအေဆာင္ ပစၥည္းေတြ ေထာက္ပံ့ေပးဖို႔ စီစဥ္ေနတာပါ။
ဒီကေန႔မွာ ေက်းရြာသားေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီး ရြာသားေတြဘက္က ICRC လာေရာက္လွဴဒါန္းခ်ိန္မွာ စစ္ေကာင္စီတပ္သားေတြပါ၀င္လာမွာ စိုးရိမ္ေနၿပီး ICRC ဘက္ကေတာ့ စစ္ေကာင္စီတပ္သားေတြမပါဘဲ လာေရာက္လွဴဒါန္းမွာျဖစ္တယ္လို႔ ေတြ႕ဆံုပြဲမွာ ပါ၀င္ခဲ့သူ တဦးက ေျပာပါတယ္။

“သူတုိ႔က ဒီရြာကို ICRC နဲ႔ ျမန္မာႏိုင္ငံၾကက္ေျခနီအဖြဲ႕နဲ႔ ၂ ဖြဲ႕ေပါင္းၿပီးေတာ့ လာမယ္။ ရြာသားေတြအေနနဲ႔ကလည္း သူတို႔လံုၿခံဳေရးအတြက္ လံုၿခံဳေရးအတြက္ဆိုတာ စစ္ေကာင္စီဘက္ကေပါ့ေနာ္ ပါလာမလား ရဲကပါလာမလားဆိုတဲ့ အေတြးမ်ိဳးနဲ႔ ေၾကာက္ေနတာေတြရွိတယ္။ ရြာကေနၿပီး သူတို႔ဆီကို ေတာင္းဆိုတာကေတာ့ ရဲတို႔ စစ္တပ္တို႔ မပါရင္ေပးလာမယ္ေပါ့။ ပါခဲ့မယ္ဆိုရင္ေပးမလာဘူးေပါ့ ရြာသူရြာသားေတြက ေၾကာက္တယ္။ ေၾကာက္တဲ့အခါ ညွိႏိႈင္းတဲ့အခါက်ေတာ့ သူတို႔က မပါပါဘူးတဲ့ လွဴခ်င္တာကေတာ့ အိမ္အသံုးေဆာင္ပစၥည္းရယ္ မိန္းမေတြရဲ႕ အသံုးအေဆာင္ပစၥည္းေတြရယ္ အဲ့ဒါေတြ လွဴခ်င္တယ္တဲ့ အခုသူတို႔ကေတာ့ ၂၆ ရက္ေန႔မွာ ေျပာထားတယ္။ ရြာအေနနဲ႔လည္း လက္ခံထားတာ ရွိတာေပါ့။ လက္ရွိကင္းမရြာသူရြာသားေတြ ေနရတာကေတာ့ ေတာေတြထဲမွာ ဒီလိုမ်ိဳး မိုးကာတဲႀကီးေတြ အကုန္လံုး စုၿပံဳၿပီးေနၾကတယ္။ ယာခင္းရွိတဲ့သူေတြက ယာခင္းထဲမွာ တဲထိုးၿပီးေနၾကတယ္။ ရြာထဲမွာေတာ့ မီးမေလာင္တဲ့အိမ္ကေတာ့ ရြာထဲမွာပဲေနၾကတာေပါ့။”

ဇြန္ ၁၅ ရက္က စစ္တပ္နဲ႔ ေဒသခံ PDF တို႔ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ကင္းမရြာမွာ မီးေလာင္ကြ်မ္းမႈ ျဖစ္ခဲ့ကာ ေနအိမ္ ၁၀၀ ခန္႔မီးေလာင္ကြ်မ္းၿပီး အဖိုးအဖြား ႏွစ္ဦး မီးေလာင္ဒဏ္ရာနဲ႔ ေသဆံုးခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ေဒသခံ PDF ေတြဘက္ကေတာ့ ကင္းမရြာကို စစ္ေကာင္စီတပ္ေတြက မီးရိႈ႕တာသာ ျဖစ္တယ္လို႔ အခိုင္အမာေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ တေက်ာ့ျပန္တိုက္ပြဲေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က စစ္ေဘးေရွာင္ေတြကေတာ့ စားနပ္ရိကၡေတြ လိုအပ္ေနပါတယ္။ မင္းတပ္ၿမိဳ႕ေပၚမွာ ဖြင့္ထားတဲ့ ဒုကၡသည္စခန္းက ဒုကၡသည္ေတြအေနနဲ႔ စားနပ္ရိကၡာ တပတ္စာေလာက္ပဲ က်န္ေတာ့ၿပီး ဒုကၡသည္စခန္းကေန ေနအိမ္ကို ျပန္သြားသူေတြနဲ႔ ၿမိဳ႕ျပင္က ဒုကၡသည္ေတြမွာေတာ့ စားနပ္ရိကၡာေတြ လိုေနလို႔ ကူညီေပးေနသူတဦးက ေျပာပါတယ္။

“ဒုကၡသည္ေတြကေတာ့ ေလာေလာဆယ္ Camp မွာရွိတဲ့ဟာေတြကေတာ့ အခုေလာေလာဆယ္ အဆင္ေျပတယ္။ ဟုိတေန႔ မၾကာခင္ကပဲ WFP က ေထာက္ပံ့ဖို႔လာတယ္။ အခုတပတ္ကေတာ့ ရွိေသးတယ္။ အဓိက IDP Camp ကေန ၿမိဳ႕ေပၚ မိမိေနအိမ္ကို ျပန္ေရာက္တဲ့သူေတြက ပိုၿပီးမွ စားနပ္ရိကၡာျပတ္ေနတယ္။ အဲ့ဒါက ႀကိဳက္သလို သယ္ယူပို႔ေဆာင္လို႔မရဘူး။ ကုန္သည္ေတြကလည္း ကုန္တင္လုိ႔မရ စားနပ္ရိကၡာကို ကိုယ္လိုခ်င္သလို သယ္လို႔မရဘူးေပါ့။ ၿမိဳ႕ျပင္ေတြကေတာ့ ပိုဆိုးတာေပါ့။ သူတို႔ ၿမိဳ႕ရဲ႕အျပင္ဘက္မွာ ဘာမွ သယ္လို႔မရ ယူလို႔မရ ထမ္းလို႔မရ ဂိတ္မွာလည္း အစစ္အေဆးေတြမ်ား ကိုဗစ္ေၾကာက္တာတမ်ိဳး တပ္မေတာ္ ေၾကာက္တာတမ်ိဳး လူငယ္ေတြကို ေၾကာက္တာတဖံု ေၾကာက္ ၃ ေၾကာက္နဲ႔ ဘယ္သူမွ မလာၾကေတာ့ဘူး။”

စစ္တပ္နဲ႔ မင္းတပ္ CDF တို႔ အပစ္ရပ္ သေဘာတူခဲ့တဲ့အခ်ိန္မွာ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕အျပင္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR ကပါ လူေန အသံုးအေဆာင္ပစၥည္းေတြကို ေထာက္ပံ့ခဲ့ပါတယ္။

အဲဲဒီအခ်ိန္ကေတာ့ ၿမိဳ႕ေပၚမွာ စစ္ေကာင္စီက ဖြင့္လွစ္ထားတဲ့ စခန္းေတြမွာသာ လွဴဒါန္းခြင့္ရခဲ့ၿပီး ၿမိဳ႕ျပင္မွာရွိတဲ့ ဒုကၡသည္ေတြကိုေတာ့ လွဴဒါန္းခြင့္မရခဲ့ပါဘူး။ စစ္တပ္နဲ႔ မင္းတပ္ CDF တို႔ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ၿမိဳ႕ခံအမ်ားစုဟာ ၿမိဳ႕ျပင္က ေတာေတာင္ေတြထဲမွာ ထြက္ေျပး ပုန္းေအာင္း တိမ္းေရွာင္ေနၿပီး စစ္ေကာင္စီက ဖြင့္လွစ္ထားတဲ့ ၿမိဳ႕ေပၚက ဒုကၡသည္စခန္းမွာ လာေရာက္ခိုလံႈသူ အနည္းငယ္သာ ရွိခဲ့ပါတယ္။

..........................................................................................

ကင္းမရြာအတြက္ ICRC အကူအညီေပးဖို႔ ျပင္ဆင္ေန
please wait

No media source currently available

0:00 0:03:53 0:00
တိုက္႐ိုက္ လင့္ခ္


ကင်းမရွာအတွက် ICRC အကူအညီပေးဖို့ ပြင်ဆင်နေ

(Unicode)

ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကအကူအညီပေးဖို့ ပြင်ဆင်နေတယ်လို့ ICRC နဲ့ ဆွေးနွေးခဲ့တဲ့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်နဲ့ တကျော့ပြန်တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ် စစ်ဘေးဒုက္ခသည်တွေမှာတော့ စားနပ်ရိက္ခာ အခက်အခဲရှိနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

စစ်တပ်နဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က လူအသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတာပါ။
ဒီကနေ့မှာ ကျေးရွာသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွာသားတွေဘက်က ICRC လာရောက်လှူဒါန်းချိန်မှာ စစ်ကောင်စီတပ်သားတွေပါဝင်လာမှာ စိုးရိမ်နေပြီး ICRC ဘက်ကတော့ စစ်ကောင်စီတပ်သားတွေမပါဘဲ လာရောက်လှူဒါန်းမှာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ တဦးက ပြောပါတယ်။

“သူတို့က ဒီရွာကို ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့ ၂ ဖွဲ့ပေါင်းပြီးတော့ လာမယ်။ ရွာသားတွေအနေနဲ့ကလည်း သူတို့လုံခြုံရေးအတွက် လုံခြုံရေးအတွက်ဆိုတာ စစ်ကောင်စီဘက်ကပေါ့နော် ပါလာမလား ရဲကပါလာမလားဆိုတဲ့ အတွေးမျိုးနဲ့ ကြောက်နေတာတွေရှိတယ်။ ရွာကနေပြီး သူတို့ဆီကို တောင်းဆိုတာကတော့ ရဲတို့ စစ်တပ်တို့ မပါရင်ပေးလာမယ်ပေါ့။ ပါခဲ့မယ်ဆိုရင်ပေးမလာဘူးပေါ့ ရွာသူရွာသားတွေက ကြောက်တယ်။ ကြောက်တဲ့အခါ ညှိနှိုင်းတဲ့အခါကျတော့ သူတို့က မပါပါဘူးတဲ့ လှူချင်တာကတော့ အိမ်အသုံးဆောင်ပစ္စည်းရယ် မိန်းမတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေရယ် အဲ့ဒါတွေ လှူချင်တယ်တဲ့ အခုသူတို့ကတော့ ၂၆ ရက်နေ့မှာ ပြောထားတယ်။ ရွာအနေနဲ့လည်း လက်ခံထားတာ ရှိတာပေါ့။ လက်ရှိကင်းမရွာသူရွာသားတွေ နေရတာကတော့ တောတွေထဲမှာ ဒီလိုမျိုး မိုးကာတဲကြီးတွေ အကုန်လုံး စုပြုံပြီးနေကြတယ်။ ယာခင်းရှိတဲ့သူတွေက ယာခင်းထဲမှာ တဲထိုးပြီးနေကြတယ်။ ရွာထဲမှာတော့ မီးမလောင်တဲ့အိမ်ကတော့ ရွာထဲမှာပဲနေကြတာပေါ့။”

ဇွန် ၁၅ ရက်က စစ်တပ်နဲ့ ဒေသခံ PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကင်းမရွာမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကာ နေအိမ် ၁၀၀ ခန့်မီးလောင်ကျွမ်းပြီး အဖိုးအဖွား နှစ်ဦး မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံ PDF တွေဘက်ကတော့ ကင်းမရွာကို စစ်ကောင်စီတပ်တွေက မီးရှို့တာသာ ဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။

ဒီအတောအတွင်းမှာပဲ တကျော့ပြန်တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တွေကတော့ စားနပ်ရိက္ခတွေ လိုအပ်နေပါတယ်။ မင်းတပ်မြို့ပေါ်မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာ တပတ်စာလောက်ပဲ ကျန်တော့ပြီး ဒုက္ခသည်စခန်းကနေ နေအိမ်ကို ပြန်သွားသူတွေနဲ့ မြို့ပြင်က ဒုက္ခသည်တွေမှာတော့ စားနပ်ရိက္ခာတွေ လိုနေလို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ လောလောဆယ် Camp မှာရှိတဲ့ဟာတွေကတော့ အခုလောလောဆယ် အဆင်ပြေတယ်။ ဟိုတနေ့ မကြာခင်ကပဲ WFP က ထောက်ပံ့ဖို့လာတယ်။ အခုတပတ်ကတော့ ရှိသေးတယ်။ အဓိက IDP Camp ကနေ မြို့ပေါ် မိမိနေအိမ်ကို ပြန်ရောက်တဲ့သူတွေက ပိုပြီးမှ စားနပ်ရိက္ခာပြတ်နေတယ်။ အဲ့ဒါက ကြိုက်သလို သယ်ယူပို့ဆောင်လို့မရဘူး။ ကုန်သည်တွေကလည်း ကုန်တင်လို့မရ စားနပ်ရိက္ခာကို ကိုယ်လိုချင်သလို သယ်လို့မရဘူးပေါ့။ မြို့ပြင်တွေကတော့ ပိုဆိုးတာပေါ့။ သူတို့ မြို့ရဲ့အပြင်ဘက်မှာ ဘာမှ သယ်လို့မရ ယူလို့မရ ထမ်းလို့မရ ဂိတ်မှာလည်း အစစ်အဆေးတွေများ ကိုဗစ်ကြောက်တာတမျိုး တပ်မတော် ကြောက်တာတမျိုး လူငယ်တွေကို ကြောက်တာတဖုံ ကြောက် ၃ ကြောက်နဲ့ ဘယ်သူမှ မလာကြတော့ဘူး။”

စစ်တပ်နဲ့ မင်းတပ် CDF တို့ အပစ်ရပ် သဘောတူခဲ့တဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကပါ လူနေ အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ခဲ့ပါတယ်။

အဲဒီအချိန်ကတော့ မြို့ပေါ်မှာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာသာ လှူဒါန်းခွင့်ရခဲ့ပြီး မြို့ပြင်မှာရှိတဲ့ ဒုက္ခသည်တွေကိုတော့ လှူဒါန်းခွင့်မရခဲ့ပါဘူး။ စစ်တပ်နဲ့ မင်းတပ် CDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ခံအများစုဟာ မြို့ပြင်က တောတောင်တွေထဲမှာ ထွက်ပြေး ပုန်းအောင်း တိမ်းရှောင်နေပြီး စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မြို့ပေါ်က ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံသူ အနည်းငယ်သာ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG