သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕မွာ အျပန္အလွန္ပစ္ခတ္မႈရွိခဲ့


၀ိုင္းမော္ျမိဳ ့တိုက္ပြဲအတြင္း က်ရောက္ခဲ့တဲ့ စစ္တပ္မွပစ္ခတ္ခဲ့သော မပေါက္ကြဲသည့္ ဗုန္းသီး (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႔မွာ ဗုဒၶဟူးေန႔ညက ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး ခလရ ၅၈ က ပစ္လိုက္တဲ့ လက္နက္ၾကီးက်ည္အခ်ိဳ႔ ေက်းရြာအတြင္းက်ေရာက္ခဲ့ၿပီးေတာ့ လက္နက္ၾကီးက်ည္တလံုးက ေပါက္ကဲြခဲ့ေပမဲ့ တလံုးကေတာ့ ေပါက္ကဲြတာမရိွခဲ့ပါဘူး။ ဗုဒၶဟူးေန႔ ညေနပိုင္းကေတာ့ ေရႊကူၿမိဳ႔အနီးမွာ စစ္ေကာင္စီသေဘၤာကို တိုက္ခိုက္တာရွိခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္ တုိက္ပဲြသတင္းကို ကိုရန္ႏုိင္က ေျပာျပပါမယ္။

ဒီလဆန္းပိုင္းက ေန႔စဥ္ရက္ဆက္ဆုိသလို ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ၀ိုင္းေမာ္ၿမိဳ႔အေျခစိုက္ ခလရ ၅၈ မွာ မေန႔ညပိုင္းကလည္း ပစ္ခတ္မႈ ထပ္ျဖစ္ခဲ့တဲ့အေၾကာင္း ၀ိုင္းေမာ္ၿမိဳ႔ဳခံတဦးက VOA ကို ေျပာပါတယ္။
“ညက ၉ နာရီမထိုးခင္ ေသနတ္ ေဗ်ာက္ေဖာက္သလို ဗေရာ၊ ဗေရာနဲ႔ ပစ္ၿပီးမာ ေနာက္ေတာ့ ဒိန္း၊ ဒိန္း၊ ဒိုင္း၊ ဒိုင္းနဲ႔ ေသနတ္ၾကီးေတြလည္း၊ ေလာင္ခ်ာေတြလည္း ပစ္တယ္။ ဟိုဘက္က ပစ္သလိုလုိေတာ့ ဟုတ္တယ္။ ပစ္ၿပီးမွ ေျပးတယ္ထင္တယ္။ ဒီဘက္ကေတာ့ တဂ်ိန္းဂ်ိန္းပဲ ပစ္တာ။ အဲဒါမ်ိဳးေပါ့။”

၈ နာရီ ၁၅ မိနစ္ေလာက္မွာ ပစ္ခတ္သံေတြၾကားရၿပီး ၄၅ မိနစ္ေလာက္ၾကာေၾကာင္းနဲ႔ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္တဲ့အသံမ်ိဳး မၾကားရေၾကာင္ ေဒသခံအခ်ိဳ႕ကေျပာၿပီး ခလရ ၅၈ က ပစ္ခတ္တဲ့ လက္နက္ၾကီး က်ည္အခ်ိဳ႔ အနီးရိွ ခါ့ကြမ္ရြာအတြင္းကို က်ေရာက္ခဲ့တယ္လို႔ ေနာက္ ေဒသခံတဦးကလည္း ေျပာပါတယ္။

“ခါ့ကြမ္ရြာထဲမွာ က်တဲ့ဟာ ရိွတယ္ဗ်။ တလံုးက ေနအိမ္ၿခံ၀င္းထဲမွာေပါ့။ ဒီ သၾကားသီးလို႔လည္း ေျပာၾကတယ္။ Star Apple လို႔လည္း ေျပာၾကတယ္။ အဲဒီအပင္ၾကီးမွာ သြားထိတာ။ အပင္ၾကီးမွာ လက္နက္ၾကီး ထိၿပီးေတာ့ အဲဒီလက္နက္ၾကီးရဲ့ ဗံုးစေတြ စင္ၿပီးေတာ့ မီးဖိုေခ်ာင္ထိတယ္ေပါ့။ ေသနတ္သံေတြၾကားေတာ့ မိသားစုက အဲဒီမီးဖိုေခ်ာင္မွာ သြား၀င္ အိပ္ၾကတာ။ ကံေကာင္းေတာ့ လူေတြေတာ့ မထိသြားဘူး။ ဒါေပမဲ့ သြပ္မိုးေတြ ေပါက္ထြက္ၿပီးေတာ့ ဗံုးစ ဗံုးနေတြေတာ့ အမ်ားၾကီးပဲ ၀င္သြားတဲ့ ပံုစံေတာ့ ရိွတယ္ဗ်။ ၿပီးေတာ့ မကဲြတဲ့ အလံုး တလံုးေပါ့။ လမ္းေပၚမွာက်ေနတာ တလံုး ႏွစ္လံုးေပါ့။”

မဒိန္ရြာနဲ႔ ၀ိုင္းေမာ္ၿမိဳ႔ ရပ္ကြက္ ၃ ဘက္လည္း က်ေရာက္ေၾကာင္း ၾကားသိရေပမဲ့ အတည္ျပဳခ်က္ေတာ့ မရပါဘူး။
၀ိုင္းေမာ္အေျခစိုက္ ခလရ ၅၈ အနီးမွာ ဒီလို မၾကာခနပစ္ခတ္တာ၊ လက္နက္ၾကီးက်ည္ေတြ ရြာအတြင္းက်ေရာက္ေပါက္ကဲြၿပီး ေဒသခံေတြ ထိခုိက္ေသေက်တာေတြေၾကာင့္ အနီးအနားေက်းရြာက ေဒသခံအခ်ိဳ႔ဟာ ၀ိုင္းေမာ္ၿမိဳ႔ေပၚကို ေျပာင္းေရႊ႔ေနထိုင္ေနၾကပါတယ္။
ဗုဒၶဟူးေန႔ ညေနခင္းပိုင္းကေတာ့ ဧရာ၀တီျမစ္ေၾကာင္းအတိုင္း ဆန္တက္လာတဲ့ စစ္ေကာင္စီတပ္က သေဘၤာကို ေရႊကူၿမိဳ႔ေအာက္ဘက္ ေက်ာက္ၾကီးရြာအနီးမွာ KIA နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြက ပစ္ခတ္ တိုက္ခိုက္ခဲ့တဲ့အေၾကာင္း ေရႊကူၿမိဳ႕ခံတဦးက ဗီြအိုေအကိုေျပာပါတယ္။

“မေန႔က ညေနပိုင္း ၃ နာရီ၊ ၄ နာရီေလာက္ သေဘၤာနဲ႔ PDF ေတြနဲ႔ ပစ္ၾကတာ။ ဒါေပမဲ့ သေဘၤာကိုေတာ့ မထိသြားဘူး။ ေရက တိုးေနေတာ့ ျမစ္က က်ယ္ေနေတာ့ အေ၀းၾကီးကေန ပစ္ေနၾကတာ။ ေရွာ့တိုက္ဒံုးနဲ႔ ခ်တာ။ သေဘၤာကလည္း ျပန္ပစ္တယ္။ သေဘၤာက RPG နဲ႔ ျပန္ထုတယ္။ နာရီ၀က္ေလာက္ၾကာတယ္။ အထိအခိုက္ကေတာ့ ဘယ္သူမွ ဘာမွ မထိဘူး။ ”

KIA နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြဟာ ေရႊကူၿမိဳ႔ ေအာက္ဖက္ ေက်ာက္ၾကီးရြာအနီးကေန မၾကာခန ပစ္ခတ္တိုက္ခုိက္ေလ့ရိွၿပီး ၿပီးခဲ့တဲ့လပိုင္းက ေက်ာက္ၾကီးရဲစခန္းကို KIA က၀င္ေရာက္စီးနင္းတာေတြလည္း ရိွခဲ့ဖူးပါတယ္။
ဗုဒၶဟူးေန႔က ၀ိုင္းေမာ္နဲ႔ ေရႊကူ ပစ္ခတ္တုိက္ခုိက္မႈနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီနဲ ႔KIA ဘက္ကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

...................................................................................

တိုက္႐ိုက္ လင့္ခ္


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့

(Unicode)

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ခလရ ၅၈ က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်းကျရောက်ခဲ့ပြီးတော့ လက်နက်ကြီးကျည်တလုံးက ပေါက်ကွဲခဲ့ပေမဲ့ တလုံးကတော့ ပေါက်ကွဲတာမရှိခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကတော့ ရွှေကူမြို့အနီးမှာ စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်တာရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ် တိုက်ပွဲသတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

ဒီလဆန်းပိုင်းက နေ့စဉ်ရက်ဆက်ဆိုသလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ မှာ မနေ့ညပိုင်းကလည်း ပစ်ခတ်မှု ထပ်ဖြစ်ခဲ့တဲ့အကြောင်း ဝိုင်းမော်မြို့ခံတဦးက VOA ကို ပြောပါတယ်။
“ညက ၉ နာရီမထိုးခင် သေနတ် ဗျောက်ဖောက်သလို ဗရော၊ ဗရောနဲ့ ပစ်ပြီးမာ နောက်တော့ ဒိန်း၊ ဒိန်း၊ ဒိုင်း၊ ဒိုင်းနဲ့ သေနတ်ကြီးတွေလည်း၊ လောင်ချာတွေလည်း ပစ်တယ်။ ဟိုဘက်က ပစ်သလိုလိုတော့ ဟုတ်တယ်။ ပစ်ပြီးမှ ပြေးတယ်ထင်တယ်။ ဒီဘက်ကတော့ တဂျိန်းဂျိန်းပဲ ပစ်တာ။ အဲဒါမျိုးပေါ့။”

၈ နာရီ ၁၅ မိနစ်လောက်မှာ ပစ်ခတ်သံတွေကြားရပြီး ၄၅ မိနစ်လောက်ကြာကြောင်းနဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အသံမျိုး မကြားရကြောင် ဒေသခံအချို့ကပြောပြီး ခလရ ၅၈ က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်အချို့ အနီးရှိ ခါ့ကွမ်ရွာအတွင်းကို ကျရောက်ခဲ့တယ်လို့ နောက် ဒေသခံတဦးကလည်း ပြောပါတယ်။

“ခါ့ကွမ်ရွာထဲမှာ ကျတဲ့ဟာ ရှိတယ်ဗျ။ တလုံးက နေအိမ်ခြံဝင်းထဲမှာပေါ့။ ဒီ သကြားသီးလို့လည်း ပြောကြတယ်။ Star Apple လို့လည်း ပြောကြတယ်။ အဲဒီအပင်ကြီးမှာ သွားထိတာ။ အပင်ကြီးမှာ လက်နက်ကြီး ထိပြီးတော့ အဲဒီလက်နက်ကြီးရဲ့ ဗုံးစတွေ စင်ပြီးတော့ မီးဖိုချောင်ထိတယ်ပေါ့။ သေနတ်သံတွေကြားတော့ မိသားစုက အဲဒီမီးဖိုချောင်မှာ သွားဝင် အိပ်ကြတာ။ ကံကောင်းတော့ လူတွေတော့ မထိသွားဘူး။ ဒါပေမဲ့ သွပ်မိုးတွေ ပေါက်ထွက်ပြီးတော့ ဗုံးစ ဗုံးနတွေတော့ အများကြီးပဲ ဝင်သွားတဲ့ ပုံစံတော့ ရှိတယ်ဗျ။ ပြီးတော့ မကွဲတဲ့ အလုံး တလုံးပေါ့။ လမ်းပေါ်မှာကျနေတာ တလုံး နှစ်လုံးပေါ့။”

မဒိန်ရွာနဲ့ ဝိုင်းမော်မြို့ ရပ်ကွက် ၃ ဘက်လည်း ကျရောက်ကြောင်း ကြားသိရပေမဲ့ အတည်ပြုချက်တော့ မရပါဘူး။
ဝိုင်းမော်အခြေစိုက် ခလရ ၅၈ အနီးမှာ ဒီလို မကြာခနပစ်ခတ်တာ၊ လက်နက်ကြီးကျည်တွေ ရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေကျေတာတွေကြောင့် အနီးအနားကျေးရွာက ဒေသခံအချို့ဟာ ဝိုင်းမော်မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေခင်းပိုင်းကတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က သင်္ဘောကို ရွှေကူမြို့အောက်ဘက် ကျောက်ကြီးရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အကြောင်း ရွှေကူမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနေ့က ညနေပိုင်း ၃ နာရီ၊ ၄ နာရီလောက် သင်္ဘောနဲ့ PDF တွေနဲ့ ပစ်ကြတာ။ ဒါပေမဲ့ သင်္ဘောကိုတော့ မထိသွားဘူး။ ရေက တိုးနေတော့ မြစ်က ကျယ်နေတော့ အဝေးကြီးကနေ ပစ်နေကြတာ။ ရှော့တိုက်ဒုံးနဲ့ ချတာ။ သင်္ဘောကလည်း ပြန်ပစ်တယ်။ သင်္ဘောက RPG နဲ့ ပြန်ထုတယ်။ နာရီဝက်လောက်ကြာတယ်။ အထိအခိုက်ကတော့ ဘယ်သူမှ ဘာမှ မထိဘူး။ ”

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ရွှေကူမြို့ အောက်ဖက် ကျောက်ကြီးရွာအနီးကနေ မကြာခန ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့လပိုင်းက ကျောက်ကြီးရဲစခန်းကို KIA ကဝင်ရောက်စီးနင်းတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ဗုဒ္ဓဟူးနေ့က ဝိုင်းမော်နဲ့ ရွှေကူ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့KIA ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG