သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်စုနှစ်နဲ့ကြာ မျှော်လင့်ချက်မဲ့ဒုက္ခသည်များ(ဒုက္ခသည်နေ့အထူးသတင်းဆောင်းပါး)


ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Burma Link)
ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Burma Link)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတာကြောင့် ဆယ်စုနှစ်၁ခုကနေ ၃ခုကျော်ကြာတဲ့ထိ နေရပ်မပြန်နိုင်ပဲ နေထိုင်စားသောက်ရေး၊ကျန်းမာရေး၊ပညာရေး မပြည့်မစုံဖြစ်ပြီး မျှော်လင့်ချက်မဲ့နေရဆဲဖြစ်တဲ့ ကရင်၊ကချင်၊ရှမ်းဒုက္ခသည်တွေအကြောင်းကိုပြောပြပါမယ်။

ထိုင်းမြန်မာနယ်စပ် မှာတေ့ာ နှစ်ပေါင်း ၃၀ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့ ကရင်ဒုက္ခသည်တသိန်းနီးပါးလောက်ရှိနေတာပါ။ဒီဒုက္ခသည်တွေဟာ တတိယနိုင်ငံသွားနိုင်ဖို့ကလည်းကြန့်ကြာနေသလိုအုပ်ချုပ်သူ အစိုးရအဆက်ဆက် လက်ထက်မှာ နေရပ်ပြန်နိုင်ရေး မျော်လင့်ထားခဲ့ကြပေမယ့် သူတို့ရဲ့မျော်မှန်းချက်တွေမပြည့်ဝခဲ့ပါဘူး။ နေရပ်ရင်းကိုမပြန်နိုင်တဲ့အကြောင်းအရင်းတွေထဲကအဓိကအချက်တွေကို ထိုင်းမြန်မာနယ်စပ်အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကအခုလိုပြောပြပါတယ်

"နေထိုင်ဖို့နေရာနဲ့ အလုပ်အကိုင်အခွင့်အလန်းရှိတဲ့နေရာအဓိကလိုအပ်တာ ဒုက္ခသည်တွေကိုပြန်ထားမယ်ဆိုရင် ဒုက္ခသည်တွေကို ထားမယ့်နေရာပြင်ဆင်ပေးရမယ်။ ပြီးလို့ရှိရင်သူတို့လုပ်ကိုင်စားသောက်နိုင်မယ့်အလုပ်အကိုင်အခွင့်အလန်းတွေချပေးမယ်ရမယ် ။ အစိုးရက အဲဒါဆိုလု့ိရှိရင် နေထိုင်ရပ်တည်ရေးတွေ အဆင်ပြေမယ် ။.အစိုးရအဆက်ဆက်က အဲဒီလိုဖန်တီးပေးမူတွေ ထိထိရောက်ရောက်မတွေ့လို့ ဒုက္ခသည်တွေကဒီဘက်မှာကြာနေကြတာပေါ့ ။ "

အခုဆိုရင် မြန်မာစစ်အုပ်ချုပ်ရေးကောင်စီနဲ့ ကေအန်ယူ တပ်တွေကြားပစ်ခတ်မူတွေနဲ့ စစ်ကောင်စီတပ်တွေကလေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် မတ်လကုန်ကစပြီး ကရင်ပြည်နယ် အတွင်းမှာ ပြည်တွင်းအိုးအိမ်မဲ့ စစ်ဘေးဒုက္ခသည် ၂ သောင်းကျော်လည်းနေရပ်မပြန်နိုင်ကြသေးပဲ၊ တောတောင်ထဲမှာပုန်းအောင်းနေကြရသလို တချို့လည်းထိုင်းဘက်ခြမ်းကိုထွက်ပြေးခိုလှုံလာကြပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ကနေ စပြီးဆယ်စုနှစ်တခုကြာ နေရပ်မပြန်နိုင်သေးတဲ့ ကချင်ပြည်နယ်က ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တသိန်းကျော်ဟာလည်း တကြောပြန်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့်နေရပ်ပြန်နိုင်ရေးမျှော်လင့်ချက်တွေမဲ့နေရတာပါ။ ကချင်ပြည်နယ်ဝိုင်းမော်မြိုနယ်မိုင်းနာ KBC စစ်ရှောင်းစခန်းက ကာကွယ်စောင့်ရှောက်ရေးတာဝန်ခံဒေါ်ရွယ်ဂျီးကအခုလိုပြောပြပါတယ်

"ပြီးခဲ့တဲ့လပိုင်းကနေစပြီး တချို့ရွာတွေပြန်ဖို့အတွက်လုပ်နေပြီး အိမ်ခြေတွေချပေးနေပြီ KBC က နေ အိမ်ခြေတွေကို ဂျပန်ရဲပိုက်ဆံနဲ့အိမ်တွေလုပ်ပေးနေပြီး ပြန်ဖို့အလားအလာတွေဖြစ်နေပြီ။ ကြားထဲမှာ နောက်ပိုင်းတေကြော့ပြန်စစ်ပွဲဖြစ်လာတဲ့အခါတော့အခုချိန်မှာမျှော်လင့်ချက်မဲ့သလိုဖြစ်နေတာပေါ့ ။ ပြန်ဖို့အတွက် ရမလား၊ ဒီမှာနေရမလား။ ပြန်မယ်ဆိုရင်လည်း တိုက်ပွဲဖြစ်လာရင်ကျမတို့ဘယ်ကိုပြန်လာရမလဲ အရင်ကလည်းကိုဗစ်ကြောင့်မို့လို့စားဝတ်နေရေးကအစခက်ခဲတာပေါ့နော်။ ရှာဖွေရတာလည်းအဆင်မပြေ ဟိုသွားဒီသွားရတာလည်းအဆင်မပြေ ဒုက္ခရောက်ပါတယ် ဆိုမှ အခုတဖန် အခု ဒီနိုင်ငံရေးကပြန်ဖြစ်တော့ ကျမတို့အတွက် လုံခြုံမူဆိုတာလည်းမရှိဘူး။ အရင်တုန်းကဆိုရင် အထောက်အပံတွေများတယ်အခုအထောက်အပံ့တွေကလည်းမရှိဘူး ပို့ခက်ခဲတယ်လို့ပြောရမှာပေါ့။"

ရှမ်းပြည်နယ်မှာတော့ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်အတွင်း ရှမ်းပြည်တွင်းကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခ တွေကြောင့် နေရပ်အသီးသီးကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတဲ့ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ၆ထောင်ကျော်လောက်ရှိနေတာပါ။ ဒီဒုက္ခသည်တွေဟာလည်း ထိုင်းမြန်မာနယ်စပ်မှာနေထိုင်နေရပြီး နှစ် ၂၀ ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး

စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာပဲ စစ်ကောင်စီတပ်တွေက ရှမ်းတိုင်းရင်းသားဒုက္ခသည်တွေနေထိုင်နေတဲ့ လွယ်ကော်ဝမ်းစစ်ရှောင်စခန်းအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စိုရိမ်စိတ်တွေနဲ့နေထိုင်နေရတယ်လို့ ရှမ်းဒုက္ခသည်တွေကဆိုပါတယ် ။ အလားတူ တိုင်းရင်သားအချင်းအချင်းဖြစ်တဲ့တိုက်ပွဲတွေကြောင့်လည် းရှမ်းပြည်နယ်တွင်းမှာ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်ဦးရေတွေ ထပ်တိုးလာနေပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်ကောင်စီအုပ်ချုပ်ခဲ့တဲ့ လေးလကျော်ကာလအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မူတွေ ပိုပြီးဖြစ်လာသလို့ ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ ရှမ်း၊ ကချင် ၊ကရင်ဒေသတွေက ဒုက္ခသည်တွေကတော့ နေရပ်ရင်းကိုပြန်နိုင်ဖို့ မျှော်လင့်ချက်တွေဝေးနေဆဲဖြစ်ပါတယ်။ ဒုက္ခသည်တွေကိုအကူညီပေးနေသူတွေကန့်သတ်ခံနေရတာတွေလည်းရှိနေတာပါ။

ဒုက္ခသည်တွေ နေထိုင်ရာနေရာတွေမှာလည်း လက်ရှိအခြအနေမှာ နေစရာအမိုးအကာမလုံလောက်မှု ၊ စားနပ်ရိက္ခာမပြည်စုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိသလောက်အားနည်းနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့လည်းဒုက္ခသည်တွေကဆိုပါတယ်။
ကျမ မအေးအေးမာ ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့နေတာပါ။

................................................................................

တိုက်ရိုက် လင့်ခ်


ဆယျစုနှဈနဲ့ကွာ မြှောျလင့ျခကြျမဲ့ဒုက်ခသညျမြား

(Unicode)











XS
SM
MD
LG