သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောပိတ မဟာဓါတ်အားလိုင်းတာဝါတိုင်နှစ်ခုကို PDF တွေ တိုက်ခိုက်ဖျက်ဆီး


ကရင်နီပြည်သူ့လွတ်မြောက်ရေး (KPDF) တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)
ကရင်နီပြည်သူ့လွတ်မြောက်ရေး (KPDF) တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံ မဟာဓါတ်အားလိုင်း တာဝါတိုင်တွေကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကနေ ဖျက်ဆီးလိုက်တယ်လို့အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမဟာဓါတ်အားလိုင်း တာဝါတိုင်ဟာ နေပြည်တော်ကို လျှပ်စစ်ဓါတ်အားပေးနေတာဖြစ်ပြီး ကယားဒေသအတွက် အကျိုးပြုတာ မရှိဘူးလို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

နေပြည်တော်ကို လျှပ်စစ်ဓါတ်အားပို့ပေးနေတဲ့ လွိုင်ကော်မြို့နယ် လောပိတ မဟာဓါတ်အားလိုင်း တာဝါတိုင် ၂တိုင်ကို ဖယ်ခုံ ပြည်သူ့ကာကွယ် ရေးတပ် (PDF) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကနေ ဖျက်ဆီးလိုက်တယ်လို့ ကရင်နီ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

“ကျွန်တော်တို့ဓါတ်တိုင်တွေက နံပါတ်(၃)လိုင်းဖြစ်တဲ့ နေပြည်တော်ဘက်ဆင်းတဲ့လိုင်းပေါ့။ စစ်တပ်များသုံးတဲ့လိုင်းကို ကျွန်တော်တို့ PDFတွေနဲ့သွားပေါင်းပြီးတော့ ဝိုင်းဖျက်လိုက်တဲ့ဟာလေးတွေပေါ့။ ”

ဖျက်ဆီးခံခဲ့ရတဲ့ တာဝါတိုင်နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့ မြန်မာစစ်တပ်စစ်သည်တချို့ မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“အဓိကကစစ်တပ်က မီးတိုင်ကို လာပြင်တဲ့အနေအထားမျိုး။ သို့သော်မီးတိုင်ရဲ့အနားတဝိုက်မှာလဲ ကျွန်တော်တို့လူရှိတယ်။ ဒါကြောင့်မို့ နှစ်ဘက်တိုက်ပွဲတွေဖြစ်ရတာပေါ့။ ကျွန်တော်တို့ဘက်က တယောက်ဒဏ်ရာရတယ်။ တပ်ဘက်ကလဲ ဒီမိုင်းတွေနင်းမိလို့ အသေအပျောက်တော့ တော်တော်သေတယ်။ ”

ဖယ်ခုံ PDF ဘက်ကတော့ အဲဒီ တာဝါတိုင်တွေကို သြဂုတ် ၁၂ ရက်က ဖျက်ဆီးလိုက်တာ ဖြစ်ပြီး ဒေသအတွင်းစစ်ရေး တင်း မာနေမှုအခြေအနေကြောင့် သြဂုတ် ၁၇ ရက်၊ ညပိုင်းမှာမှ သတင်းထုတ်ပြန်ခဲ့တာပါ။

၎င်းတို့ ဖျက်ဆီးတဲ့ တာဝါတိုင်တွေဟာ စစ်ကောင်စီက သီးသန့် အသုံးပြုဖို့ သွယ်တန်းထားတဲ့ တာဝါတိုင်တွေဖြစ်သလို အခုလို ဖျက်ဆီးလိုက်ရတာဟာ စစ်ကောင်စီရဲ့ယန္တရားလည်ပတ်မှုကို ရပ်တန့်စေဖို့ ရည်ရွယ်တယ်လို့ ဖယ်ခုံ PDFရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖေါ်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တာဝါတိုင်အဖျက်ဆီးခံရကြောင်း အတည်ပြုပြောဆိုခဲ့သလို အခုအခါပြန် လည်ပြင်ဆင်ပြီးစီးခဲ့ပြီလို့ ပြောပါတယ်။

“ကျွန်တော်သိရသလောက်ကတော့ ဟုတ်တယ်။ အဲဒီမှာ ဓါတ်တိုင် (၃)တိုင်ကို မိုင်းခွဲခဲ့တာရှိတယ်။ ပြည်သူလူထုကို ပေးနေတဲ့ ဓါတ်အားလိုင်းထဲကပါဘဲ။ ဒါပေမဲ့ အဲတာတွေကကတော့ ကျွန်တော်တို့ဖြစ်ပြီးနောက်နေ့မှာဘဲ ချက်ချင်းပြင်ဆင်ပြီးတော့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမရှိအောင်လို့အတွက် လုပ်ဆောင်ပြီးဖြစ်ပါတယ်။ ”

လောပိတရေအားလျှပ်စစ်စက်ရုံဟာ ကယားပြည်နယ်မှာ တည်ဆောက်တာဖြစ်ပေမဲ့ ဒေသအတွင်းပြည်သူတွေ အကျိူးကျေးဇူး မခံစားရဘူးလို့ လွိုင်ကော်ဒေသခံတဦးကပြောပါတယ်။

“ သေချာတာကတော့ ကျွန်တော်ဒေသ ကျွန်တော်တို့ပြည်နယ်အတွက် အကျိုးမရှိဘူးဘဲ ကျွန်တော်တို့ယူဆမှတ်ချက် ပေးရ မှာပေါ့။ လျှပ်စစ်ဓါတ်အားကနေ ဟိုနိုင်ငံခြားကိုပို့ပြီး ရောင်းရတဲ့ပိုက်ဆံတွေ။ နောက်ပြီးတော့ တနိုင်ငံလုံးကိုလဲ ဖြန့်ပေးရတာပေါ့။ ဒါပေမဲ့ ကယားပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးတွေက ဘာမှကြီးကြီးမားမား တိုးတက်တာမရှိဘူး။ နောက်ပြီးတော့ဒေသခံတွေ လျှပ်စစ်ဓါတ်အားအခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာက ဘာအဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်တို့က မှတ်ယူတယ်။ ”

ဖျက်ဆီးခဲ့တဲ့ ဓါတ်အားလိုင်းနှစ်ခုမှာ ရှမ်းပြည်နယ်အစပ်ဖယ်ခုံမြို့နဲ့ပင်လောင်းမြို့နယ်ကြားရှိ လွယ်ဟွဲကျေးရွာအနီးမှာ တည်ရှိနေ ပါတယ်။

ဘီလူးချောင်းပေါ်မှာ အမှတ် (၁) ၊ (၂) ၊ (၃) ဆိုပြီး ရေအားလျှပ်စစ်စီမံကိန်းစက်ရုံ ၃ ရုံတည်ရှိပြီး ယခု ဖယ်ခုံ PDF ဖျက်ဆီး လိုက်တဲ့တာဝါတိုင် အမှတ် (၃) စက်ရုံကနေ နေပြည်တော်ကို သွယ်တန်းထားတဲ့ တာဝါတိုင်တွေဖြစ်ပါတယ်။

ကယားပြည်နယ် ဖရူဆို၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာ ဒီသြဂုတ်လဆန်းမှာ ဒေသခံကရင်နီ ကာကွယ်ရေးပူးပေါင်း အဖွဲ့နဲ့မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေတာပါ။

ဒီကနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွါးတာမရှိသေးပေမဲ့ သြဂုတ် ၁၆ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

“၁၆ ရက်နေ့ည (၅)နာရီလောက်က စစ်တပ်က ကျွန်တော်တို့ ပင်ကုန်ဆိုတဲ့ရွာ ဘုန်းကြီးကျောင်းကနေ တပ်စွဲပြီးတော့ ကျွန်တော် တို့ရှိတဲ့ ကုန်းလွယ်ဟွဲရွာ အထဲကို ဒုံးကျည်နဲ့ အချက်သုံးလေးဆယ်လောက် လှမ်းပစ်တယ်။ နောက် တပ်အင်အားတွေ အများအပြား ထပ်ပို့ဆောင်လာတယ်လေ။ ”

တပ်မတော်ကနေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလကစလို့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို အစရှိတဲ့မြို့နယ်တွေမှာ ဒေသ ခံ ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့စည်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်လာတာပါ။ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း နှစ်ဘက် အသေအပျောက်တွေ ရှိသလို ရွာသား ၇ သောင်း ကျော်လည်း နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Lawpita NKE
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်


.....................................................................................


(Unicode)


















XS
SM
MD
LG