သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တန္႔ဆည္ဘက္မွာ ေဒသခံတခ်ဳိ႕ ဖမ္းဆီးခံရ၊ က်န္ေဒသခံေတြ ထြက္ေျပးေနရ


စစ္ကိုင္တိုင္းထဲက ေတာတြင္း ထြက္ေျပးပုန္းေရွာင္ေနၾကရသူတခ်ိဳ ့ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း၊ တန္႔ဆည္ၿမိဳ႕နယ္ထဲက ေက်းတခ်ဳိ႕႐ြာေတြကို စစ္တပ္က ဝင္ေရာက္နယ္ေျမ႐ွင္းလင္းေရးလုပ္ေနတာမွာ ႐ြာသားတခ်ဳိ႕ ဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ေတြ ဝင္လာလို႔ ထြက္ေျပးေနၾကရတဲ့ ႐ြာသားေတြဟာလည္း ေနရပ္ မျပန္ရဲၾကေသးဘဲ ဒုကၡေရာက္ေနၾကပါတယ္။ ဒီေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း မဆုမြန္ေျပာျပပါမယ္။

တန္႔ဆည္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ဳိ႕မွာ ေဒသခံကာကြယ္ေရး PDF အဖဲြ႔ေတြ လႈပ္႐ွားေနႏိုင္တယ္ဆိုတဲ့ သံသယနဲ႔ စစ္တပ္က ဝင္႐ွာေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။ အခုေနာက္ဆံုး ေတာင္ေခ်ာင္း၊ နကူး၊ လိပ္ၿခံ၊ ရြာသစ္ကုန္း၊ မုန္တုိင္က်ဥ္း၊ ဆင္သင္ စတဲ့ ေက်းရြာေတြဘက္ စစ္တပ္ကဝင္႐ွာၿပီး ႐ြာသားတခ်ဳိ႕ကို ဖမ္းဆီးခဲ့တဲ့အတြက္ ေထာင္နဲ႔ခ်ီတဲ့ ရြာသားေတြ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရပါတယ္။
ၾသဂုတ္လ ၂၉ ရက္ ညေနပိုင္းကလည္း လိပ္ၿခံရြာထဲမွာ စစ္တပ္အင္အား ၈၀ ေလာက္ဝင္လာၿပီး ေဒသခံေတြကို ဖမ္းေခၚသြားတယ္လို႔ ကိုယ္တိုင္ထြက္ေျပးေနရသူ လိပ္ၿခံရြာခံတဦးက ဗီြေအအိုကို ေျပာပါတယ္။

“ဝင္ဝင္ခ်င္းေတာ့ သူတို႔ဖမ္းၾကတာေပါ့ဗ်၊ ရြာထဲမွာရွိတဲ့လူႀကီးေတြ မေျပးႏိုင္မလႊားႏိုင္တဲ့လူေတြ က်ေနာ္တို႔ ကယ္ထုတ္ရတဲ့ အေနအထားမ်ဳိးမွာ က်ေနာ္တို႔ ရြာထဲမွာ ေနာက္မနက္ခင္းလိုက္လာမွ က်ေနာ္တို႔ ဦးျမင့္ေအာင္ဆိုသူကို အဲ့မွာ သူတို႔လက္ေကာက္ကို ႐ုိက္ခ်ဳိးၿပီးေတာ့ာ ေခါင္းကို ေသနတ္နဲ႔ ပစ္သြားတယ္ေပါ့ဗ်ာ၊ တေယာက္ေတာ့ ဆံုး႐ႈံးမႈရွိတယ္ေပါ့ ၁၂ ေယာက္ကေတာ့ က်ေနာ္တို႔ အဖမ္းခံထားရတယ္ဗ်။”

လက္ရွိထြက္ေျပးေနရသူ လူဦးေရ ၂,၅၀၀ ေလာက္ ရွိၿပီး ေတာေတာင္ထဲမွာ ျဖစ္သလို စားေသာက္ေနထိုင္ေနၾကရတယ္လုိ႔လည္း ေျပာပါတယ္။

“(စစ္ေကာင္စီတပ္) ရြာထဲမွာ ၂၀ ေလာက္ အရင္ဝင္ၿပီးေတာ့ အဲ့မွာ သူတို႔ အရပ္ဝတ္ေတြနဲ႔ အရင္ဝင္တာေပ့ါဗ် ၿပီးေတာ့မွာ သူတို႔အဲ့မွာ ေနာက္က ၇၀၊ ၈၀ ေလာက္ ေနာက္ထပ္ ထပ္ဝင္လာတယ္၊ က်ေနာ္တု႔ိဆီဝင္လာေတာ့ က်ေနာ္တို႔ေဒသ ပတ္ဝန္းက်င္မွာရွိတဲ့ ႏွစ္ရြာ သံုးရြာေလာက္ အဲ့လိုပဲ က်ေနာ္တို႔လာေတာ့ အဲ့လိုပဲ ထြက္ေျပးၾကတယ္ဗ်၊ ခန္႔မွန္းေျခ လူစာရင္းကေတာ့ လူဦးေရ ၂,၅၀၀၊ ၃,၀၀၀ ဝန္းက်င္ ၂,၅၀၀ ေလာက္ေတာ့ ရွိမယ္ဗ်၊ ဒုကၡေတြေရာက္ၾကတယ္ဗ် ဘာလဲဆုိေတာ့ တခ်ဳိ႕လည္း ကိုယ္နီးစပ္ရာ ရြာေလးေတြမွာ အဲ့လိုကပ္ၾကတဲ့ သူေတြလည္းရွိတယ္ ၿပီးေတာ့ အခုေတာေတာင္ထဲမွာရွိတဲ့ အေနအထားမွာ ကိုယ္ဟာ့ကိုယ္ ျဖစ္သလိုေလးေတြနဲ႔ အဲ့လိုေနထိုင္စားေသာက္ရတာေလးေတာ့ ရွိတယ္ေပါ့ဗ် အခုခ်ိန္ထိေပါ့။”

စစ္တပ္ျပန္ထြက္သြားတဲ့ ႐ြာတခ်ဳိ႕က ႐ြာသားေတြ ေနရပ္ျပန္သူ႐ွိေပမဲ့ လိပ္ၿခံ႐ြာကေတာ့ ႐ြာသားေတြကေတာ့ မျပန္ၾကေသးဘူးလုိ႔ ေရရွင္ရြာခံတဦးက ေျပာပါတယ္။
“ဖမ္းထားတဲ့သူ ၁၂ ေယာက္က လိပ္ၿခံကရွိတယ္ေလ။ အဲ့ဒါ ဘယ္လိုအေျဖမွန္းမသိလို႔ လိပ္ျခံအဖြဲ႔က မျပန္ေသးဘူး က်ေနာ္တို႔ က်န္တဲ့ နကူးတို႔ ေတာင္ေခ်ာင္းတို႔ျပန္သြားၾကၿပီ၊ လိပ္ၿခံအဖြဲ႔က ၁၂ ေယာက္ ဖမ္းခံထားတာ ဘာမွန္းမသိညာမွန္းမသိနဲ႔ (အသက္) ၅၀ ေက်ာ္က ေလးေယာက္ က်န္တာကေတာ့ ၃၀ ေက်ာ္ ၂၀ ေက်ာ္ေပါ့ဗ်ာ ကေလး ႏွစ္ေယာက္ ၿပီးေတာ့ စိတ္ေဝဒနာရွင္ ႏွစ္ေယာက္ ပါသြားေသးတယ္။”

စစ္တပ္ကိုေၾကာက္လန္႔လို႔ ထြတ္ေျပးပုန္းေရွာင္တဲ့အထဲမွာ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးေတြ ကေလးငယ္ေတြ ေနာက္ၿပီး အသက္ ၈၀၊ ၉၀ ေက်ာ္အရြယ္ အဖုိးအဖြားေတြလည္း ထြက္ေျပးေနရပါတယ္။ ထြက္ေျပးေနၾကရသူေတြဟာ ဖ်ားနားေနၾကသူလည္း ပါတယ္လို႔ ပရဟိတကူညီေပးေနရသူက ေျပာျပပါတယ္။

“RPG လိပ္ၿခံရြာကို ပစ္လိုက္တာေလ ပစ္ေတာ့ လိပ္ၿခံရြာက ထြက္ေျပးလာတာ က်ေနာ္တို႔ ပရဟိတကားေတြ ဝိုင္းဝန္းၿပီး အားလံုးစစ္ေျပးဒုကၡသည္ေတြကို ေနရာခ်ေပးထားတာ၊ ဘာမွတိုက္ပြဲမျဖစ္ဘူး ဘာမွမျဖစ္ဘူး (စစ္ေကာင္စီ) သူတို႔ဝင္ဝင္ ပစ္ပစ္ၿပီးေတာ့ လုပ္တာ အဲ့လိုပဲျဖစ္တာ ဘာမွတိုက္ပြဲမရွိဘူး PDF ေတြလည္း မရွိဘူး။ သူတို႔အထင္နဲ႔ စြတ္ၿပီးပစ္တာ။ က်ေနာ္တို႔ ဒီစားဝတ္ေနေရးနဲ႔ က်န္းမာေရး တခ်ဳိ႕လည္း ဝမ္းေလွ်ာတာေတြ ဖ်ားနာတာေတြ ပါတယ္ေပါ့ေလ ဒါေတာ့ က်ေနာ္တို႔ ပရဟိတအသင္းတိုင္းကေနၿပီး အတတ္ႏိုင္ဆံုး ေျပလည္ေအာင္ ဟိုဘက္လွမ္း ဒီဘက္လွမ္းဆက္ ကူညီေထာက္ပံ့ထားတာေပ့ါ ေျပးတဲအထဲ ကေလးေတြေရာ ဗိုက္ႀကီးသည္မေတြေရာ ေက်ာင္းသားေတြေရာ အဖိုးႀကီး ၇၀ ေက်ာ္ ၈၀ ေက်ာ္ပါတယ္ ၉၀ ေက်ာ္ ၅ ဦး ၆ ဦးေလာက္ပါတယ္။”

စစ္ကိုင္းတိုင္းထဲက ေဒသတခ်ဳိ႕မွာ စစ္တပ္နဲ႔ PDF အဖြဲ႔ေတြၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ႐ွိေပမဲ့ အခုစစ္တပ္ဝင္႐ွာေနတဲ့ တန္႔ဆည္ဘက္မွာေတာ့ တိုက္ပြဲမ႐ွိပါဘူး။ ဒါေပမဲ့ PDF ေတြ လႈပ္႐ွားေနႏိုင္တယ္ဆိုတဲ့ သံသယနဲ႔ စစ္တပ္က လက္နက္အင္အားအျပည့္န႔ဲ တရြာဝင္ တရြာထြက္ ေတာနင္းရွာေဖြ ဖမ္းဆီးတာေတြ လုပ္ေနတာလို႔ ထြက္ေျပးပုန္းေရွာင္ေနရတဲ့ ေဒသခံေတြက ဗီြအိုေအကို ေျပာပါတယ္။ ခုလို႐ြာေတြဝင္ေရာက္႐ွာေဖြမႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ ေျပာဆိုတာမရွိေသးပါဘူး။

..................................................................................................

တိုက္႐ိုက္ လင့္ခ္


တန့်ဆည်ဘက်မှာ ဒေသခံတချို့ ဖမ်းဆီးခံရ၊ ကျန်ဒေသခံတွေ ထွက်ပြေးနေရ

(Unicode)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးတချို့ရွာတွေကို စစ်တပ်က ဝင်ရောက်နယ်မြေရှင်းလင်းရေးလုပ်နေတာမှာ ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တွေ ဝင်လာလို့ ထွက်ပြေးနေကြရတဲ့ ရွာသားတွေဟာလည်း နေရပ် မပြန်ရဲကြသေးဘဲ ဒုက္ခရောက်နေကြပါတယ်။ ဒီကြောင်း ရန်ကုန်ကလာတဲ့ သတင်း မဆုမွန်ပြောပြပါမယ်။

တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေ လှုပ်ရှားနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ဝင်ရှာနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ဆုံး တောင်ချောင်း၊ နကူး၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ မုန်တိုင်ကျဉ်း၊ ဆင်သင် စတဲ့ ကျေးရွာတွေဘက် စစ်တပ်ကဝင်ရှာပြီး ရွာသားတချို့ကို ဖမ်းဆီးခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
သြဂုတ်လ ၂၉ ရက် ညနေပိုင်းကလည်း လိပ်ခြံရွာထဲမှာ စစ်တပ်အင်အား ၈၀ လောက်ဝင်လာပြီး ဒေသခံတွေကို ဖမ်းခေါ်သွားတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူ လိပ်ခြံရွာခံတဦးက ဗွီအေအိုကို ပြောပါတယ်။

“ဝင်ဝင်ချင်းတော့ သူတို့ဖမ်းကြတာပေါ့ဗျ၊ ရွာထဲမှာရှိတဲ့လူကြီးတွေ မပြေးနိုင်မလွှားနိုင်တဲ့လူတွေ ကျနော်တို့ ကယ်ထုတ်ရတဲ့ အနေအထားမျိုးမှာ ကျနော်တို့ ရွာထဲမှာ နောက်မနက်ခင်းလိုက်လာမှ ကျနော်တို့ ဦးမြင့်အောင်ဆိုသူကို အဲ့မှာ သူတို့လက်ကောက်ကို ရိုက်ချိုးပြီးတော့ာ ခေါင်းကို သေနတ်နဲ့ ပစ်သွားတယ်ပေါ့ဗျာ၊ တယောက်တော့ ဆုံးရှုံးမှုရှိတယ်ပေါ့ ၁၂ ယောက်ကတော့ ကျနော်တို့ အဖမ်းခံထားရတယ်ဗျ။”

လက်ရှိထွက်ပြေးနေရသူ လူဦးရေ ၂,၅၀၀ လောက် ရှိပြီး တောတောင်ထဲမှာ ဖြစ်သလို စားသောက်နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

“(စစ်ကောင်စီတပ်) ရွာထဲမှာ ၂၀ လောက် အရင်ဝင်ပြီးတော့ အဲ့မှာ သူတို့ အရပ်ဝတ်တွေနဲ့ အရင်ဝင်တာပေ့ါဗျ ပြီးတော့မှာ သူတို့အဲ့မှာ နောက်က ၇၀၊ ၈၀ လောက် နောက်ထပ် ထပ်ဝင်လာတယ်၊ ကျနော်တု့ိဆီဝင်လာတော့ ကျနော်တို့ဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ နှစ်ရွာ သုံးရွာလောက် အဲ့လိုပဲ ကျနော်တို့လာတော့ အဲ့လိုပဲ ထွက်ပြေးကြတယ်ဗျ၊ ခန့်မှန်းခြေ လူစာရင်းကတော့ လူဦးရေ ၂,၅၀၀၊ ၃,၀၀၀ ဝန်းကျင် ၂,၅၀၀ လောက်တော့ ရှိမယ်ဗျ၊ ဒုက္ခတွေရောက်ကြတယ်ဗျ ဘာလဲဆိုတော့ တချို့လည်း ကိုယ်နီးစပ်ရာ ရွာလေးတွေမှာ အဲ့လိုကပ်ကြတဲ့ သူတွေလည်းရှိတယ် ပြီးတော့ အခုတောတောင်ထဲမှာရှိတဲ့ အနေအထားမှာ ကိုယ်ဟာ့ကိုယ် ဖြစ်သလိုလေးတွေနဲ့ အဲ့လိုနေထိုင်စားသောက်ရတာလေးတော့ ရှိတယ်ပေါ့ဗျ အခုချိန်ထိပေါ့။”

စစ်တပ်ပြန်ထွက်သွားတဲ့ ရွာတချို့က ရွာသားတွေ နေရပ်ပြန်သူရှိပေမဲ့ လိပ်ခြံရွာကတော့ ရွာသားတွေကတော့ မပြန်ကြသေးဘူးလို့ ရေရှင်ရွာခံတဦးက ပြောပါတယ်။
“ဖမ်းထားတဲ့သူ ၁၂ ယောက်က လိပ်ခြံကရှိတယ်လေ။ အဲ့ဒါ ဘယ်လိုအဖြေမှန်းမသိလို့ လိပ်ခြံအဖွဲ့က မပြန်သေးဘူး ကျနော်တို့ ကျန်တဲ့ နကူးတို့ တောင်ချောင်းတို့ပြန်သွားကြပြီ၊ လိပ်ခြံအဖွဲ့က ၁၂ ယောက် ဖမ်းခံထားတာ ဘာမှန်းမသိညာမှန်းမသိနဲ့ (အသက်) ၅၀ ကျော်က လေးယောက် ကျန်တာကတော့ ၃၀ ကျော် ၂၀ ကျော်ပေါ့ဗျာ ကလေး နှစ်ယောက် ပြီးတော့ စိတ်ဝေဒနာရှင် နှစ်ယောက် ပါသွားသေးတယ်။”

စစ်တပ်ကိုကြောက်လန့်လို့ ထွတ်ပြေးပုန်းရှောင်တဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးငယ်တွေ နောက်ပြီး အသက် ၈၀၊ ၉၀ ကျော်အရွယ် အဖိုးအဖွားတွေလည်း ထွက်ပြေးနေရပါတယ်။ ထွက်ပြေးနေကြရသူတွေဟာ ဖျားနားနေကြသူလည်း ပါတယ်လို့ ပရဟိတကူညီပေးနေရသူက ပြောပြပါတယ်။

“RPG လိပ်ခြံရွာကို ပစ်လိုက်တာလေ ပစ်တော့ လိပ်ခြံရွာက ထွက်ပြေးလာတာ ကျနော်တို့ ပရဟိတကားတွေ ဝိုင်းဝန်းပြီး အားလုံးစစ်ပြေးဒုက္ခသည်တွေကို နေရာချပေးထားတာ၊ ဘာမှတိုက်ပွဲမဖြစ်ဘူး ဘာမှမဖြစ်ဘူး (စစ်ကောင်စီ) သူတို့ဝင်ဝင် ပစ်ပစ်ပြီးတော့ လုပ်တာ အဲ့လိုပဲဖြစ်တာ ဘာမှတိုက်ပွဲမရှိဘူး PDF တွေလည်း မရှိဘူး။ သူတို့အထင်နဲ့ စွတ်ပြီးပစ်တာ။ ကျနော်တို့ ဒီစားဝတ်နေရေးနဲ့ ကျန်းမာရေး တချို့လည်း ဝမ်းလျှောတာတွေ ဖျားနာတာတွေ ပါတယ်ပေါ့လေ ဒါတော့ ကျနော်တို့ ပရဟိတအသင်းတိုင်းကနေပြီး အတတ်နိုင်ဆုံး ပြေလည်အောင် ဟိုဘက်လှမ်း ဒီဘက်လှမ်းဆက် ကူညီထောက်ပံ့ထားတာပေ့ါ ပြေးတဲအထဲ ကလေးတွေရော ဗိုက်ကြီးသည်မတွေရော ကျောင်းသားတွေရော အဖိုးကြီး ၇၀ ကျော် ၈၀ ကျော်ပါတယ် ၉၀ ကျော် ၅ ဦး ၆ ဦးလောက်ပါတယ်။”

စစ်ကိုင်းတိုင်းထဲက ဒေသတချို့မှာ စစ်တပ်နဲ့ PDF အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပေမဲ့ အခုစစ်တပ်ဝင်ရှာနေတဲ့ တန့်ဆည်ဘက်မှာတော့ တိုက်ပွဲမရှိပါဘူး။ ဒါပေမဲ့ PDF တွေ လှုပ်ရှားနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က လက်နက်အင်အားအပြည့်နဲ့ တရွာဝင် တရွာထွက် တောနင်းရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတာလို့ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ခုလိုရွာတွေဝင်ရောက်ရှာဖွေမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG