သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ျပည္တြင္းစစ္ တရားမွ်တတဲ့နည္းလမ္းနဲ႔ ေဆြးေႏြးေျဖရွင္းဖို႔ KIO တိုက္တြန္း


KIO/KIA အား ေထာက္ခံဆႏၵျပနေတဲ့ ဖားကန္ ့ေဒသခံမ်ား (ဓာတ္ပုံ - Kachinwave/AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ့ ျပည္တြင္းစစ္ကို သက္ဆိုင္ရာအဖဲြ႔အစည္းေတြ အားလံုးပါ၀င္ၿပီး တရားမွ်တတဲ့နည္းလမ္းနဲ႔ ေဆြးေႏြးမွသာ ေျဖရွင္းႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း KIA ကခ်င္လက္နက္ကိုင္အဖဲြ႔က သေဘာထား ထုတ္ျပန္ လိုက္ပါတယ္။ ဒီသေဘာထားဟာ ျမန္မာတႏိုင္ငံလံုးနဲ႔ သက္ဆိုင္တဲ့သေဘာထားျဖစ္ၿပီး စစ္ေကာင္စီနဲ႔ KIA သီးသန္႔ေဆြးေႏြးဖို႔ မရိွေၾကာင္းလည္း KIA ျပန္ၾကားေရးတာ၀န္ခံက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစံုကို ကိုေအာင္ျမတ္သူက ေျပာျပေပးပါမယ္။

ျမန္မာႏို္င္ငံအႏွံ့မွာ တိုက္ပဲြျဖစ္တာေတြ၊ ဗံုးေပါက္ကဲြတာေတြ၊ ပစ္ခတ္သတ္ျဖတ္တာေတြ ျဖစ္ေပၚေနခ်ိန္ ႏိုင္ငံတကာက ျမန္မာအေရးကို ေဆြးေႏြးအေျဖရွာဖို႔ တိုက္တြန္းေနခ်ိန္မွာပဲ KIO က သူတုိ႔ရဲ့ ရပ္တည္ခ်က္ သေဘာထားကို ထုတ္ျပန္လိုက္တာပါ။
KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူက ျမန္မာႏိုင္ငံရဲ့ ျပႆနာေတြေျဖရွင္းေရးနဲ႔ပတ္သက္တဲ့ KIO ရဲ့သေဘာထားကို အခုလုိ ေျပာပါတယ္။

“ အေရးၾကီးတဲ့အပိုင္း ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အပိုင္းကေတာ့ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံရဲ့ ျပည္တြင္းစစ္ေတြကိုေတာ့ မတည္မၿငိမ္ျဖစ္တဲ့ဟာေတြကိုေတာ့ က်ေနာ္တုိ႔ တရားတဲ့နည္းလမ္းကို ရွာၿပီးမွ ဒီ ေဆြးေႏြးသင့္တဲ့ အဖဲြ႔အစည္းေတြအားလံုးနဲ႔ ေတြ႔ဆံုေဆြးေႏြးတဲ့ နည္းလမ္းနဲ႔မွသာလွ်င္ ေျဖရွင္းႏိုင္မယ္လို႔ က်ေနာ္တုိ႔ေတာ့ ယံုၾကည္တဲ့ အခ်က္ေတြ၊ ဆႏၵရိွတဲ့အေၾကာင္းေတြကို က်ေနာ္တို႔ ေရးထားတာရိွပါတယ္။ ေျပာရမယ္ဆုိလို႔ ရိွရင္ေတာ့ အားလံုးက ဒီ ျမန္မာႏိုင္ငံအေရးကို ေဆာင္ရြက္ေနတဲ့ ႏိုင္ငံေရးအဖဲြ႔အစည္းေတြ၊ တျခားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔အစည္းေတြ၊ စစ္ေကာင္စီေတြ၊ အားလံုးတကယ့္ တိက်မွန္ကန္တဲ့ တရားတဲ့ နည္းလမ္းကို ရွာၿပီးမွ ေဆြးေႏြးတဲ့နည္းလမ္းမွသာလွ်င္ ေျဖရွင္းႏိုင္မယ္လို႔ က်ေနာ္တုိ႔ ဆႏၵရိွေၾကာင္း အဲဒါေတြ ျဖစ္ပါတယ္ခင္ဗ်။ ”

ဒီသေဘာထားဟာ ျမန္မာတစ္ႏိုင္ငံလံုးနဲ႔ သက္ဆိုင္တဲ့မူ၀ါဒျဖစ္ေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။
“က်ေနာ္တို႔ ထုတ္ျပန္ေၾကညာခ်က္ကေတာ့ အားလံုးအတြက္ မူပိုင္းဆိုင္ရာပဲ ျဖစ္ပါတယ္။ အခု ဥပမာ NUG တို႔ တျခားႏိုင္ငံေရးပါတီေတြရဲ့ သူတို႔ လႈပ္ရွားမႈေတြကို က်ေနာ္တို႔က သေဘာမတူတာေတြ၊ ရႈတ္ခ်တာေတြ၊ ကန္႔ကြက္တာေတြ အဲဒါနဲ႔ပတ္သက္တဲ သေဘာထားေတြ လံုး၀ မပါပါဘူး။ သူတို႔ လုပ္ငန္းေတြလည္း သူတို႔ လုပ္ပါေစေပါ့။ က်ေနာ္တို႔လည္း ပူးေပါင္းသင့္တဲ့ေနရာမွာ ပူးေပါင္းမွာ ျဖစ္ပါတယ္။ အခု က်ေနာ္တို႔ ထုတ္တဲ့ သေဘာထားကေတာ့ အားလံုး ျမန္မာႏိုင္ငံ တစ္ခုလံုးနဲ႔ သက္ဆုိင္ေနတဲ့ မူ၀ါဒေပါ့ေနာ္။ ေပၚလစီဆုိင္ရာ သေဘာထားပဲ ျဖစ္ပါတယ္။ ”

ေဆြးေႏြးအေျဖရွာရာမွာ စစ္ေကာင္စီနဲ႔ KIO သီးသန္႔ေဆြးေႏြးဖို႔ မရည္ရြယ္ေၾကာင္းလည္း ဗိုလ္မႈးၾကီးေနာ္ဘူက အခုလုိ ေျပာပါတယ္။
“ သီးသန္႔ကေတာ့ ဘာမွ မရိွပါဘူး။ က်ေနာ္တုိ႔ KIO နဲ႔ ဒီ စစ္ေကာင္စီ သီးသန္႔ေတြ႔ဆံုေဆြးေႏြးဖို႔ ဆိုတဲ့ ဆႏၵေတြကေတာ့ မဟုတ္ပါဘူး။ အဲဒါ က်ေနာ္တုိ႔ အားလံုးနဲ႔ ဆုိင္တဲ့ဟာကိုပဲ က်ေနာ္တို႔ ဆႏၵရိွတဲ့အေၾကာင္းကို ေရးထားတာျဖစ္ပါတယ္။”

KIO ထုတ္ျပန္ခ်က္မွာ ပါ၀င္တဲ့ က်န္အခ်က္ေတြကေတာ့ လက္ရိွအေျခအေနဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ႏိုင္ငံေရးပါတီေတြရဲ့ ႏိုင္ငံေရးလုပ္ငန္းေတြ ပိတ္ဆုိ႔ေနေၾကာင္း၊ Covid ကပ္ေရာဂါေၾကာင့္ ျပည္သူေတြ အားကိုးရာမဲ့ေနေၾကာင္း၊ ႏိုင္ငံတကာနဲ႔ အိမ္နီးခ်င္းေတြက ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ကူညီတာကို ေက်းဇူးတင္ေၾကာင္း၊ ဒီလိုအကူအညီေတြ ဆက္ေပးဖို႔နဲ႔ KIO အေနနဲ႔ ပူးေပါင္းသြားမွာျဖစ္ေၾကာင္း ဆိုတာေတြ ပါ၀င္ပါတယ္။

KIO ရဲ့ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ့ သေဘာထားကို စစ္ေကာင္စီေျပာေရးဆိုခြင့္ရိွသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း အခုလို ေျပာဆုိပါတယ္။
“ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔အစည္းေတြနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔အေနနဲ႔ သေဘာထားကေတာ့ NCA ပါအတိုင္း ေဆာင္ရြက္ဖို႔၊ ၿငိမ္းခ်မ္းေရးကို အၿမဲတမ္း လက္ကမ္းၾကိဳဆုိလွ်က္ ရိွပါတယ္။ ဒီေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ အေနနဲ႔ တပ္မေတာ္အေနနဲ႔ကေတာ့ အေကာင္းျမင္သေဘာထားပဲ ရိွပါတယ္။”

တဆက္တည္းမွာပဲ တပ္မေတာ္အေနနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ အပစ္အခတ္ ရပ္စဲေပးထားေၾကာင္း၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ့ ေရွ႔လုပ္ငန္းစဥ္နဲ႔ ဦးတည္ခ်က္ပါ အခ်က္ေတြ အတိုင္း ထာ၀ရၿငိမ္းခ်မ္းေရးဖို႔ NCA စာခ်ဳပ္အတိုင္း ေဆာင္ရြက္ေနေၾကာင္း၊ Covid ကာကြယ္ေဆးထိုး လုပ္ငန္း ေတြကို တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမေတြမွာပါ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာဆုိပါတယ္။

KIA ကခ်င္လက္နက္ကိုင္အဖဲြ႔ဟာ NCA စာခ်ဳပ္ကို လက္မွတ္ ေရးထိုးမထားေသးဘဲ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုေရးအတြက္ ေဆြးေႏြးေနဆဲအေျခအေနမွာ Covid 19 ကပ္ေရာဂါျဖစ္ပြားတာနဲ႔ စစ္တပ္က အာဏာသိမ္းခဲ့တာေၾကာင့္ ေဆြးေႏြးပဲြေတြ ရပ္ဆိုင္းေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ KIA အၾကားမွာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ စစ္ကိုင္းတိုင္း ေျမာက္ပိုင္းေဒသေတြမွာပါ တုိက္ပဲြေတြ ျဖစ္ေနခဲ့ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့ပြည်တွင်းစစ် တရားမျှတတဲ့နည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ KIO တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး တရားမျှတတဲ့နည်းလမ်းနဲ့ ဆွေးနွေးမှသာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း KIA ကချင်လက်နက်ကိုင်အဖွဲ့က သဘောထား ထုတ်ပြန် လိုက်ပါတယ်။ ဒီသဘောထားဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့သဘောထားဖြစ်ပြီး စစ်ကောင်စီနဲ့ KIA သီးသန့်ဆွေးနွေးဖို့ မရှိကြောင်းလည်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲဖြစ်တာတွေ၊ ဗုံးပေါက်ကွဲတာတွေ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်ပေါ်နေချိန် နိုင်ငံတကာက မြန်မာအရေးကို ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေချိန်မှာပဲ KIO က သူတို့ရဲ့ ရပ်တည်ချက် သဘောထားကို ထုတ်ပြန်လိုက်တာပါ။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက မြန်မာနိုင်ငံရဲ့ ပြဿနာတွေဖြေရှင်းရေးနဲ့ပတ်သက်တဲ့ KIO ရဲ့သဘောထားကို အခုလို ပြောပါတယ်။

“ အရေးကြီးတဲ့အပိုင်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အပိုင်းကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေကိုတော့ မတည်မငြိမ်ဖြစ်တဲ့ဟာတွေကိုတော့ ကျနော်တို့ တရားတဲ့နည်းလမ်းကို ရှာပြီးမှ ဒီ ဆွေးနွေးသင့်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့မှသာလျှင် ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့တော့ ယုံကြည်တဲ့ အချက်တွေ၊ ဆန္ဒရှိတဲ့အကြောင်းတွေကို ကျနော်တို့ ရေးထားတာရှိပါတယ်။ ပြောရမယ်ဆိုလို့ ရှိရင်တော့ အားလုံးက ဒီ မြန်မာနိုင်ငံအရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ စစ်ကောင်စီတွေ၊ အားလုံးတကယ့် တိကျမှန်ကန်တဲ့ တရားတဲ့ နည်းလမ်းကို ရှာပြီးမှ ဆွေးနွေးတဲ့နည်းလမ်းမှသာလျှင် ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ဆန္ဒရှိကြောင်း အဲဒါတွေ ဖြစ်ပါတယ်ခင်ဗျ။ ”

ဒီသဘောထားဟာ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့မူဝါဒဖြစ်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့ ထုတ်ပြန်ကြေညာချက်ကတော့ အားလုံးအတွက် မူပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ အခု ဥပမာ NUG တို့ တခြားနိုင်ငံရေးပါတီတွေရဲ့ သူတို့ လှုပ်ရှားမှုတွေကို ကျနော်တို့က သဘောမတူတာတွေ၊ ရှုတ်ချတာတွေ၊ ကန့်ကွက်တာတွေ အဲဒါနဲ့ပတ်သက်တဲ သဘောထားတွေ လုံး၀ မပါပါဘူး။ သူတို့ လုပ်ငန်းတွေလည်း သူတို့ လုပ်ပါစေပေါ့။ ကျနော်တို့လည်း ပူးပေါင်းသင့်တဲ့နေရာမှာ ပူးပေါင်းမှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ထုတ်တဲ့ သဘောထားကတော့ အားလုံး မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ မူဝါဒပေါ့နော်။ ပေါ်လစီဆိုင်ရာ သဘောထားပဲ ဖြစ်ပါတယ်။ ”

ဆွေးနွေးအဖြေရှာရာမှာ စစ်ကောင်စီနဲ့ KIO သီးသန့်ဆွေးနွေးဖို့ မရည်ရွယ်ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ သီးသန့်ကတော့ ဘာမှ မရှိပါဘူး။ ကျနော်တို့ KIO နဲ့ ဒီ စစ်ကောင်စီ သီးသန့်တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ ဆန္ဒတွေကတော့ မဟုတ်ပါဘူး။ အဲဒါ ကျနော်တို့ အားလုံးနဲ့ ဆိုင်တဲ့ဟာကိုပဲ ကျနော်တို့ ဆန္ဒရှိတဲ့အကြောင်းကို ရေးထားတာဖြစ်ပါတယ်။”

KIO ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ကျန်အချက်တွေကတော့ လက်ရှိအခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးလုပ်ငန်းတွေ ပိတ်ဆို့နေကြောင်း၊ Covid ကပ်ရောဂါကြောင့် ပြည်သူတွေ အားကိုးရာမဲ့နေကြောင်း၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းတွေက ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီတာကို ကျေးဇူးတင်ကြောင်း၊ ဒီလိုအကူအညီတွေ ဆက်ပေးဖို့နဲ့ KIO အနေနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း ဆိုတာတွေ ပါဝင်ပါတယ်။

KIO ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အခုလို ပြောဆိုပါတယ်။
“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ သဘောထားကတော့ NCA ပါအတိုင်း ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးကို အမြဲတမ်း လက်ကမ်းကြိုဆိုလျှက် ရှိပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ တပ်မတော်အနေနဲ့ကတော့ အကောင်းမြင်သဘောထားပဲ ရှိပါတယ်။”

တဆက်တည်းမှာပဲ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲပေးထားကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်ပါ အချက်တွေ အတိုင်း ထာဝရငြိမ်းချမ်းရေးဖို့ NCA စာချုပ်အတိုင်း ဆောင်ရွက်နေကြောင်း၊ Covid ကာကွယ်ဆေးထိုး လုပ်ငန်း တွေကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာပါ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

KIA ကချင်လက်နက်ကိုင်အဖွဲ့ဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုးမထားသေးဘဲ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေဆဲအခြေအနေမှာ Covid 19 ကပ်ရောဂါဖြစ်ပွားတာနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG