သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္စစ္ေရွာင္စခန္းေတြမွာ ကိုဗစ္ကူးစက္မႈတိုးလာ


Refugees from Myanmar

Zawgyi/Unicode

ကခ်င္ျပည္နယ္အတြင္းက စစ္ေရွာင္စခန္းအေတာ္မ်ားမ်ားမွာ Covid 19 ကူးစက္ မႈေတြ ျပန္႔ႏွံလာေနၿပီး ၾကာသပေတးေန႔က ျမစ္ႀကီးနားၿမိဳ႕က ပလန စစ္ေရွာင္စခန္းမွာ Covid 19 ပိုးေတြ႔လူနာ ၂၀ ေလာက္ ေတြ႔ရိွခဲ့ပါတယ္။ ၿပီးခဲ့တဲ့လက Covid 19 ပိုးစတင္ ေတြ႔ခဲ့တဲ့ ၀ိုင္းေမာ္ၿမိဳ႔နယ္ မိုင္းနားစခန္းမွာလည္း လူနာ ၄၀ ေလာက္ ျမင့္တက္လာေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ကခ်င္ျပည္နယ္ စစ္ေရွာင္စခန္းေတြက Covid ကူးစက္မႈအေျခအေနသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။
ကခ်င္ျပည္နယ္အတြင္းက စစ္ေရွာင္စခန္းအေတာ္မ်ားမ်ားမွာ Covid 19 ကူးစက္မႈ ေတြ ျမင့္တက္လာေနၿပီး လူဦးေရၾကပ္တည္းတဲ့စခန္းေတြမွာ ကူးစက္လာေနမႈအေပၚမွာ စိုးရိမ္မႈေတြ ျမင့္တက္ေနတာပါ။
ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က ျမစ္ႀကီးနားၿမိဳ႔ ပလန ရပ္ကြက္က စစ္ေရွာင္စခန္းမွာလူ ၄၀ ေက်ာ္ကို စစ္ေဆးရာမွာ ၂၀ ဦးေလာက္ ေတြ႔ရိွခဲ့တယ္လို႔ စခန္းတြင္းမွာ ေနထိုင္သူတဦးက VOA ကို အခုလို ေျပာပါတယ္။
“မေန႔က ၄၂ ေယာက္စစ္တာ။ အေယာက္ ၂၀ ေတြ႔တာ ဟုတ္တယ္။ Trinity IDP Camp ေပါ့။ မေန႔က Test Kit ရိွသေလာက္နဲ႔ စစ္လိုက္တဲ့အခါ အဲေလာက္ေပၚတယ္ဆုိေတာ့ အခုက Camp လူဦးေရနဲ႔ တြက္လုိက္လုိ႔ ရိွရင္ တရက္ေတာင္မွ မစစ္ရေသးဘူး။ အဲဒီအခါက်ေတာ့ ေနာက္ထပ္ စစ္ဖုိ႔လည္း လုိအံုးမွာ ဟုတ္တယ္။”
ျမစ္ၾကီးနားၿမိဳ႕၊ ပလနရပ္ကြက္က စစ္ေရွာင္စခန္းမွာ လူဦးေရ ၈၀၀ ေက်ာ္ေနထိုင္ေနၿပီး အမ်ားစုဟာ အင္ဂ်န္ယန္ၿမိဳ႕နယ္ဘက္က တိမ္းေရွာင္လာသူေတြျဖစ္ပါတယ္။
ေလာေလာဆယ္မွာ လူနာေတြအတြက္ သီးသန္႔ထားရိွရမယ့္ ေနရာ အခက္အခဲရိွေနသလို အာဟာရ ျဖစ္ေစမယ့္အစားအစာနဲ႔ ေဆးဝါးေတြလည္း လိုအပ္ေနတယ္လို႔ ေျပာပါတယ္။
စစ္ေရွာင္စခန္းကို အဓိက အကူအညီေပးေနတဲ့ KBC ေခၚ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖဲြ႔ခ်ဳပ္ ဥကၠ႒ ေဒါက္တာ ခလပ္ဆမ္ဆြန္ကေတာ့ စစ္ေရွာင္စခန္းအေတာ္မ်ားမ်ားမွာ Covid 19 ကူးစက္မႈေတြ ရိွေနၿပီး သူတို႔ အဖဲြ႔အေနနဲ႔ အေရးတၾကီး ကူညီဖုိ႔ ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။
“IDP Camp မွာက ပလန (တင္) မဟုတ္ဘူး။ တပ္ကုန္းေရာ၊ ေရႊစက္ေရာ၊ အင္ဂ်န္ဒံုေရာ၊ ဒီ ဂ်မိုင္ေကာင္တို႔ ေရာေပါ့။ ဗန္းေမာ္ဘက္မွာဆုိ ေရာဘတ္စခန္း၊ ၿပီးရင္ မိုင္းနားဘက္ ေတာ္ေတာ္မ်ားမ်ား ဒီ Positive ျဖစ္ေနၾကတယ္။ ေနရာတိုင္းမွာေတာ့ အဲဒီ အနည္းအမ်ားေတာ့ ရိွေနၾကၿပီ။ အခုမ်ားတာေတာ့ ဒီ ေရႊစက္တုိ႔၊ အင္ဂ်န္ဒံုတို႔က်ေတာ့ မ်ားတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တုိ႔လည္း မေန႔ကပဲ စည္းေဝးၿပီးမွ အခု လိုအပ္တဲ့ အစားအေသာက္ေတြကိုေတာ့ တပတ္စာ၊ ႏွစ္ပတ္စာ အဲလို ေပးဖို႔ ေတြးထားပါတယ္။”
ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္းနား စစ္ေရွာင္စခန္းမွေတာ့ ၿပီးခဲ့တဲ့လ ၂၃ ရက္ေန႔က Positive လူနာ ၄ ဦးစတင္ေတြ႔ရိွၿပီး လက္ရိွ အေျခအေနကို စခန္းတာဝန္ခံ ဦးဘရန္ဆုိင္းက ေျပာပါတယ္။
“ခုက်ေတာ့ ၃၆ ေယာက္ရိွသြားၿပီ။ ေဆးရံုက ဆင္းလာတာ ၄ ေယာက္ေတာ့ ရိွၿပီ။ သူတုိ႔အဲဒီ ေဆးရံုမွာပဲ ေဆးကုသခံယူေနတယ္။ အခက္အခဲေတာ့ အမ်ားၾကီးပါပဲ နံပါတ္ ၁ ကေတာ့ စားဝတ္ေနေရးေပါ့။ စားေရရိကၡာပိုင္းဆုိင္ရာပဲ။ ေနာက္တခုက သက္ၾကီးရြယ္အိုေတြရဲ့ အစာအာဟာရေတြ အဲလုိမ်ိဳးေတာ့ လိုအပ္တာေပါ့။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အခုက်ေနာ္တုိ႔ ပိုးေတြ႔လူနာေတြ Positive လူနာေတြ ၾကည့္လုိက္တဲ့အခါက်ေတာ့ အသက္ႀကီးပိုင္းေတြမ်ားတယ္။ က်ေနာ့ရဲ့ ထင္ျမင္ခ်က္ေတာ့ အာဟာရ ခ်ဳိ႕ယြင္းလုိ႔ ေနမွာလို႔ အဲလိုမ်ိဳး ေတြးမိလို႔ေလေနာ။”
မိုင္းနားစခန္းမွာ လူဦးေရ ၃,၀၀၀ ေက်ာ္ေလာက္ ေနထုိင္ေနတာလည္း ျဖစ္ပါတယ္။
အျခား လူဦးေရ ၃,၀၀၀ ေက်ာ္ေလာက္ ေနထိုင္တဲ့ ဗန္းေမာ္ၿမိဳ႕နယ္ ေရာဘတ္စခန္းမွာကေတာ့ ၿပီးခဲ့တဲ့လ ၄ ရက္ေန႔က Covid ကူးစက္သူ ၂ ေယာက္ စတင္ေတြ႔ရိွခဲ့ၿပီး လက္ရိွ အေျခအေနကိုေတာ့ စခန္းမွာ ေနထိုင္သူတဦးက အခုလုိ ေျပာပါတယ္။
“အခုက အဲဒီ ၂ ေယာက္ အျပင္ကို လြန္္ခဲ့တဲ့အပတ္ကပဲ မိဘမဲ့ေဂဟာ၊ မိဘမဲ့ေဂဟာဆုိတာက က်ေနာ္တုိ႔ Camp ရဲ့ အတြင္းထဲမွာ ရိွတယ္လို႔ ေျပာလို႔ ရတယ္။ ပတ္ပတ္လည္မွာ စစ္ေရွာင္စခန္းေတြ ရိွတဲ့ေနရာေပါ့။ အဲဒီက ကေလးေတြအကုန္လံုး အေယာက္ ၄၀ ေက်ာ္ေလာက္ ကူးစက္ခံရတယ္။ Camp အတြင္းထဲမွာကလည္း အိမ္တိုင္းေစ့နီးပါး ဖ်ားေနၾကတယ္။ ဒါေပမဲ့ ဘယ္သူမွလည္း မစစ္ေတာ့ဘူး။ ဒီတိုင္း ကိုယ့္ဟာနဲ႔ကိုယ္ Covid လို႔ ခံယူတဲ့သူနဲ႔ ကိုယ္ဟာနဲ႔ကိုယ္ တုပ္ေကြးလို႔ ခံယူတဲ့သူနဲ႔ ကိုယ္ဟာနဲ႔ကုိယ္ နည္းလမ္းရွာၿပီးမွပဲေန ေနၾကတာ။”
လက္ရိွ ကခ်င္ျပည္နယ္ စစ္ေရွာင္စခန္းေတြမွာ Covid 19 ကူးစက္မႈအေျခအေနနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ Covid 19 တိုက္ဖ်က္ေရးအဖဲြ႔၊ က်န္းမာေရး ဌာနတုိ႔ကို ဆက္သြယ္ခဲ့ေပမဲ့ ျပန္လည္ ေျဖၾကားတာ မရိွပါဘူး။
ကခ်င္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ကိုဗစ္ကာလအတြင္း ေနထိုင္စားေသာက္ေရးအဆင္ေျပေစဖို႔ ျမစ္ၾကီးနား၊ ဝိုင္းေမာ္ၿမိဳ႕နယ္က စစ္ေရွာင္စခန္း ၄၃ ခု အပါအဝင္ပရဟိတ ဘာသာေရးေက်ာင္းေတြ၊ မိဘမဲ့ ေက်ာင္းေတြကိုအေျခခံ စားေသာက္ကုန္နဲ႔ ေဆးဝါးေတြ လႉဒါန္းခဲ့ေၾကာင္း ၿပီးခဲ့တဲ့လက သတင္းထုတ္ျပန္ထားပါတယ္။
ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ ကခ်င္ လက္နက္ကိုင္အဖဲြ႔ KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕မွာလည္း Covid ကူးစက္မႈေတြ ရိွေနေၾကာင္း KIO ရဲ့ Covid ေရာဂါ တားဆီးႏွိမ္ နင္းေရး ေကာ္မတီ က ဗုိလ္မႉးႀကီး ဟိန္းဝမ္က အခုလို ေျပာပါတယ္။
“လိုင္ဇာမွာေတာ့ စစ္တဲ့အခါမွာ Positive ေတြ တခ်ဳိ႕ ထြက္တယ္ခင္ဗ်။ ေဘာ္ဒါေဆာင္ကေလးေတြရဲ့ ဓါတ္ခဲြအေျဖမွာ ေတြ႔ရတယ္။ စုစုေပါင္းဆိုရင္ အေယာက္ ၃၀ ေက်ာ္ေလာက္ရိွၿပီထင္တယ္ အခုေတာ့။ ဇူလိုင္လကုန္ ၂၇ ကေန ဒီေန႔ အထိ။”
ဒီလ ၃ ရက္ေန႔ကေတာ့ ကူးစက္လူနာ အမ်ိဳးသမီးတဦး ေသဆံုးခဲ့ပါတယ္။ KIO ရဲ့ ပညာေရး အေျခခံေဒသျဖစ္တဲ့ မိုင္ဂ်ာယန္ဘက္မွာေတာ့ Covid ပိုးေတြ႔သူ တေထာင္ေက်ာ္ရိွခဲ့ၿပီး အဲဒီထဲက ၄၀၀ ေက်ာ္ကေတာ့ Negative အေျဖ ရရိွထားေၾကာင္းနဲ႔ဒီကေန႔မွာေတာ့ လူ ၁,၅၀၀ ေက်ာ္ကို တရုတ္ႏိုင္ငံဘက္ပို႔ၿပီးဓါတ္ခဲြစစ္ေဆးေနေၾကာင္း ေျပာပါတယ္။
ေလာေလာဆယ္မွာေတာ့ မိုင္ဂ်ာယန္မွာ Covid ကူးစက္လူနာေတြကို ကုသဖို႔ ICU လို အေရးေပၚကုသခန္းတည္ေဆာက္ဖို႔ ေဆးပစၥည္းလိုအပ္ခ်က္ေတြ၊ လူနာေတြကို ေစာင့္ေရွာက္ရာမွာ သံုးဖို႔ PPE ဝတ္စံုနဲ႔ ေဆးဝါးေတြလည္း လိုအပ္ေနသလိုLock down ခ်ၿပီး အသြားအလာ ကန္႔သတ္ထားတာ တလေက်ာ္လာတာေၾကာင့္ ေဒသခံျပည္သူေတြ စားနပ္ရိကၡာအတြက္ လိုအပ္ခ်က္ေတြ ရိွလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ကချင်စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတိုးလာ

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းအတော်များများမှာ Covid 19 ကူးစက် မှုတွေ ပြန့်နှံလာနေပြီး ကြာသပတေးနေ့က မြစ်ကြီးနားမြို့က ပလန စစ်ရှောင်စခန်းမှာ Covid 19 ပိုးတွေ့လူနာ ၂၀ လောက် တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Covid 19 ပိုးစတင် တွေ့ခဲ့တဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားစခန်းမှာလည်း လူနာ ၄၀ လောက် မြင့်တက်လာနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ် စစ်ရှောင်စခန်းတွေက Covid ကူးစက်မှုအခြေအနေသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းအတော်များများမှာ Covid 19 ကူးစက်မှု တွေ မြင့်တက်လာနေပြီး လူဦးရေကြပ်တည်းတဲ့စခန်းတွေမှာ ကူးစက်လာနေမှုအပေါ်မှာ စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မြစ်ကြီးနားမြို့ ပလန ရပ်ကွက်က စစ်ရှောင်စခန်းမှာလူ ၄၀ ကျော်ကို စစ်ဆေးရာမှာ ၂၀ ဦးလောက် တွေ့ရှိခဲ့တယ်လို့ စခန်းတွင်းမှာ နေထိုင်သူတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“မနေ့က ၄၂ ယောက်စစ်တာ။ အယောက် ၂၀ တွေ့တာ ဟုတ်တယ်။ Trinity IDP Camp ပေါ့။ မနေ့က Test Kit ရှိသလောက်နဲ့ စစ်လိုက်တဲ့အခါ အဲလောက်ပေါ်တယ်ဆိုတော့ အခုက Camp လူဦးရေနဲ့ တွက်လိုက်လို့ ရှိရင် တရက်တောင်မှ မစစ်ရသေးဘူး။ အဲဒီအခါကျတော့ နောက်ထပ် စစ်ဖို့လည်း လိုအုံးမှာ ဟုတ်တယ်။”
မြစ်ကြီးနားမြို့၊ ပလနရပ်ကွက်က စစ်ရှောင်စခန်းမှာ လူဦးရေ ၈၀၀ ကျော်နေထိုင်နေပြီး အများစုဟာ အင်ဂျန်ယန်မြို့နယ်ဘက်က တိမ်းရှောင်လာသူတွေဖြစ်ပါတယ်။
လောလောဆယ်မှာ လူနာတွေအတွက် သီးသန့်ထားရှိရမယ့် နေရာ အခက်အခဲရှိနေသလို အာဟာရ ဖြစ်စေမယ့်အစားအစာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ရှောင်စခန်းကို အဓိက အကူအညီပေးနေတဲ့ KBC ခေါ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလပ်ဆမ်ဆွန်ကတော့ စစ်ရှောင်စခန်းအတော်များများမှာ Covid 19 ကူးစက်မှုတွေ ရှိနေပြီး သူတို့ အဖွဲ့အနေနဲ့ အရေးတကြီး ကူညီဖို့ ဆောင်ရွက်နေကြောင်း ပြောပါတယ်။
“IDP Camp မှာက ပလန (တင်) မဟုတ်ဘူး။ တပ်ကုန်းရော၊ ရွှေစက်ရော၊ အင်ဂျန်ဒုံရော၊ ဒီ ဂျမိုင်ကောင်တို့ ရောပေါ့။ ဗန်းမော်ဘက်မှာဆို ရောဘတ်စခန်း၊ ပြီးရင် မိုင်းနားဘက် တော်တော်များများ ဒီ Positive ဖြစ်နေကြတယ်။ နေရာတိုင်းမှာတော့ အဲဒီ အနည်းအများတော့ ရှိနေကြပြီ။ အခုများတာတော့ ဒီ ရွှေစက်တို့၊ အင်ဂျန်ဒုံတို့ကျတော့ များတယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း မနေ့ကပဲ စည်းဝေးပြီးမှ အခု လိုအပ်တဲ့ အစားအသောက်တွေကိုတော့ တပတ်စာ၊ နှစ်ပတ်စာ အဲလို ပေးဖို့ တွေးထားပါတယ်။”
ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ရှောင်စခန်းမှတော့ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က Positive လူနာ ၄ ဦးစတင်တွေ့ရှိပြီး လက်ရှိ အခြေအနေကို စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောပါတယ်။
“ခုကျတော့ ၃၆ ယောက်ရှိသွားပြီ။ ဆေးရုံက ဆင်းလာတာ ၄ ယောက်တော့ ရှိပြီ။ သူတို့အဲဒီ ဆေးရုံမှာပဲ ဆေးကုသခံယူနေတယ်။ အခက်အခဲတော့ အများကြီးပါပဲ နံပါတ် ၁ ကတော့ စားဝတ်နေရေးပေါ့။ စားရေရိက္ခာပိုင်းဆိုင်ရာပဲ။ နောက်တခုက သက်ကြီးရွယ်အိုတွေရဲ့ အစာအာဟာရတွေ အဲလိုမျိုးတော့ လိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုကျနော်တို့ ပိုးတွေ့လူနာတွေ Positive လူနာတွေ ကြည့်လိုက်တဲ့အခါကျတော့ အသက်ကြီးပိုင်းတွေများတယ်။ ကျနော့ရဲ့ ထင်မြင်ချက်တော့ အာဟာရ ချို့ယွင်းလို့ နေမှာလို့ အဲလိုမျိုး တွေးမိလို့လေနော။”
မိုင်းနားစခန်းမှာ လူဦးရေ ၃,၀၀၀ ကျော်လောက် နေထိုင်နေတာလည်း ဖြစ်ပါတယ်။
အခြား လူဦးရေ ၃,၀၀၀ ကျော်လောက် နေထိုင်တဲ့ ဗန်းမော်မြို့နယ် ရောဘတ်စခန်းမှာကတော့ ပြီးခဲ့တဲ့လ ၄ ရက်နေ့က Covid ကူးစက်သူ ၂ ယောက် စတင်တွေ့ရှိခဲ့ပြီး လက်ရှိ အခြေအနေကိုတော့ စခန်းမှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။
“အခုက အဲဒီ ၂ ယောက် အပြင်ကို လွန်ခဲ့တဲ့အပတ်ကပဲ မိဘမဲ့ဂေဟာ၊ မိဘမဲ့ဂေဟာဆိုတာက ကျနော်တို့ Camp ရဲ့ အတွင်းထဲမှာ ရှိတယ်လို့ ပြောလို့ ရတယ်။ ပတ်ပတ်လည်မှာ စစ်ရှောင်စခန်းတွေ ရှိတဲ့နေရာပေါ့။ အဲဒီက ကလေးတွေအကုန်လုံး အယောက် ၄၀ ကျော်လောက် ကူးစက်ခံရတယ်။ Camp အတွင်းထဲမှာကလည်း အိမ်တိုင်းစေ့နီးပါး ဖျားနေကြတယ်။ ဒါပေမဲ့ ဘယ်သူမှလည်း မစစ်တော့ဘူး။ ဒီတိုင်း ကိုယ့်ဟာနဲ့ကိုယ် Covid လို့ ခံယူတဲ့သူနဲ့ ကိုယ်ဟာနဲ့ကိုယ် တုပ်ကွေးလို့ ခံယူတဲ့သူနဲ့ ကိုယ်ဟာနဲ့ကိုယ် နည်းလမ်းရှာပြီးမှပဲနေ နေကြတာ။”
လက်ရှိ ကချင်ပြည်နယ် စစ်ရှောင်စခန်းတွေမှာ Covid 19 ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ Covid 19 တိုက်ဖျက်ရေးအဖွဲ့၊ ကျန်းမာရေး ဌာနတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိပါဘူး။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ကိုဗစ်ကာလအတွင်း နေထိုင်စားသောက်ရေးအဆင်ပြေစေဖို့ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်း ၄၃ ခု အပါအဝင်ပရဟိတ ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ ကျောင်းတွေကိုအခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ကြောင်း ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင် လက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာလည်း Covid ကူးစက်မှုတွေ ရှိနေကြောင်း KIO ရဲ့ Covid ရောဂါ တားဆီးနှိမ် နင်းရေး ကော်မတီ က ဗိုလ်မှူးကြီး ဟိန်းဝမ်က အခုလို ပြောပါတယ်။
“လိုင်ဇာမှာတော့ စစ်တဲ့အခါမှာ Positive တွေ တချို့ ထွက်တယ်ခင်ဗျ။ ဘော်ဒါဆောင်ကလေးတွေရဲ့ ဓါတ်ခွဲအဖြေမှာ တွေ့ရတယ်။ စုစုပေါင်းဆိုရင် အယောက် ၃၀ ကျော်လောက်ရှိပြီထင်တယ် အခုတော့။ ဇူလိုင်လကုန် ၂၇ ကနေ ဒီနေ့ အထိ။”
ဒီလ ၃ ရက်နေ့ကတော့ ကူးစက်လူနာ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ KIO ရဲ့ ပညာရေး အခြေခံဒေသဖြစ်တဲ့ မိုင်ဂျာယန်ဘက်မှာတော့ Covid ပိုးတွေ့သူ တထောင်ကျော်ရှိခဲ့ပြီး အဲဒီထဲက ၄၀၀ ကျော်ကတော့ Negative အဖြေ ရရှိထားကြောင်းနဲ့ဒီကနေ့မှာတော့ လူ ၁,၅၀၀ ကျော်ကို တရုတ်နိုင်ငံဘက်ပို့ပြီးဓါတ်ခွဲစစ်ဆေးနေကြောင်း ပြောပါတယ်။
လောလောဆယ်မှာတော့ မိုင်ဂျာယန်မှာ Covid ကူးစက်လူနာတွေကို ကုသဖို့ ICU လို အရေးပေါ်ကုသခန်းတည်ဆောက်ဖို့ ဆေးပစ္စည်းလိုအပ်ချက်တွေ၊ လူနာတွေကို စောင့်ရှောက်ရာမှာ သုံးဖို့ PPE ဝတ်စုံနဲ့ ဆေးဝါးတွေလည်း လိုအပ်နေသလိုLock down ချပြီး အသွားအလာ ကန့်သတ်ထားတာ တလကျော်လာတာကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာအတွက် လိုအပ်ချက်တွေ ရှိလာနေပါတယ်။

#မိုင်ဂျာယန်#ကိုဗစ်-၁၉#ဒုက္ခသည်စခန်း#ကချင်#Kachin#refugeeCamp#Covid-19#MaiJayan

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG