သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ လိုင္ဇာေဒသ ကိုဗစ္ကာကြယ္ေဆးထိုးႏွံ


ျမစ္ႀကီးနားၿမိဳ႕ မိဘမဲ့ေဂဟာမွာ ကိုဗစ္ကူးစက္ေနလို႔ အသြားအလာကန္႔သတ္ထားတဲ့အေျခအေန။ (Photo KNG)

Zawgyi/Unicode

KIO ရဲ႕ ပညာေရးေက်ာင္းေတြတည္ရွိရာ မိုင္ဂ်ာယန္မွာ Covid 19 ကူးစက္သူဟာ အခုဆိုရင္ ၃၂၀ ေက်ာ္အထိရွိလာေနၿပီျဖစ္ပါတယ္။ ေလာေလာဆယ္မွာကေတာ့ Covid 19 ပိုးေတြ႔လူနာမရွိတဲ့ လိုင္ဇာေဒသဘက္မွာ ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းေတြကို ေန႔စဥ္ ေဆာင္႐ြက္ေပးေနေၾကာင္း KIO တာဝန္ရွိသူက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ KIO ေဒသက Covid ကူးစက္မႈအေျခအေန ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ရဲ႕ ပညာေရး ဗဟိုဌာနျဖစ္တဲ့ တ႐ုတ္ျမန္မာနယ္စပ္က မိုင္ဂ်ာယန္ၿမိဳ႕မွာ ဒီလ ပထမပတ္က ေက်ာင္းသားေတြအၾကားမွာ Covid ကူးစက္မႈ စတင္ေတြ႔ခဲ့တာပါ။

စတင္ေတြ႔ခ်ိန္မွာ ၂ ဦးရွိခဲ့ရာ ထပ္မံစစ္ေဆးရာ ၿပီးခဲ့တဲ့သီတင္းပတ္ကေတာ့ ကူးစက္သူ ၂၀၀ နီးပါးရွိလာခဲ့ၿပီးလက္ရွိအခ်ိန္မွာေတာ့ ၃၀၀ ေက်ာ္အထိ စစ္ေဆးေတြ႕ရွိထားေၾကာင္း KIO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

“က်ေနာ္တို႔ မိုင္ဂ်ာယန္မွာ ရွိတဲ့ စာသင္ေက်ာင္းေတြေပါ့ေနာ္။ စာသင္ေနတဲ့ ကေလးေတြဆီမွာ ကူးစက္တာရွိပါတယ္ ။ အခုလက္ရွိေပ့ါေနာ္။ ပိုးေတြ႕လူနာကေတာ့ အားလုံးက ၃၂၀ ေက်ာ္ရွိပါတယ္။ စစ္ၿပီးမွ ပိုးေတြ႕ရတဲ့လူနာေတြကို ခြဲၿပီးမွ က်ေနာ္တို႔ ျပဳစုေနပါတယ္။ သံသယလူနာေတြလည္း ကူးစက္ပုံစံနဲ႔ သီျခားေပါ့ေနာ္။ သီးသန႔္ထားၿပီးမွ က်ေနာ္တို႔ ျပဳစုပါတယ္။ တခ်ိဳ႕ေတြကေတာ့ Positive ကေန Negative ျပန္ေျပာင္းသြားတာလည္း ရွိပါတယ္။ အခုေလာေလာဆယ္ကေတာ့ ၃၀၀ ေက်ာ္ကေတာ့ က်ေနာ္တို႔ ျပဳစုေနပါတယ္။”

လက္ရွိအေျခအေနမွာ မိုင္ဂ်ာယန္မွာ Covid 19 ကူးစက္လူနာေတြ ေတြ႔ထားတာေၾကာင့္ ကာကြယ္ေဆးထိုးတာေတြကို ရပ္ဆိုင္းထားပါတယ္။ လိုင္ဇာၿမိဳ႕ဘက္မွာေတာ့ ေန႔စဥ္ကာကြယ္ေဆး ထိုးေပးေနေၾကာင္းလည္း ဗိုလ္မႉးႀကီးေနာ္ဘူက ဆက္ေျပာပါတယ္။

“ကာကြယ္ေဆးကေတာ့ ပိုးေတြ႔လူနာေတြမ်ားတဲ့အခ်ိန္ကာလမွာေတာ့ က်ေနာ္တို႔ ခန ရပ္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကာကြယ္ေဆးထိုးတာနဲ႔ လူစုလူေဝးလုပ္ေနၾကၿပီ။ အဲဒါကို က်ေနာ္တို႔က ပိတ္ထားတာ ရွိပါတယ္။ တျခားေနရာမွာေတာ့ ဥပမာ လိုင္ဇာတို႔ေနရာမွာေတာ့ ေန႔တိုင္း ေန႔တိုင္း က်ေနာ္တို႔ ကာကြယ္ေဆး ထိုးေပးပါတယ္။ ဒီမိုင္ဂ်ာယန္မွာကေတာ့ လူစုလူေဝးလုပ္လို႔ အဆင္မေျပတဲ့အခါက်ေတာ့ Vaccine ထိုးတာကေတာ့ ခန ျပန္ၿပီးမွ ရပ္ထားတာရွိပါတယ္။”

မိုင္ဂ်ာယန္ေဒသမွာ Covid 19 အတည္ျပဳလူနာစတင္ေတြ႔ရွိၿပီးေနာက္မွာ လိုင္ဇာအပါအဝင္ ျပင္ပေဒသေတြနဲ႔အသြားအလာကန႔္သတ္တာေတြ၊ ေက်ာင္း၊ ဘုရားေက်ာင္းစတာေတြမွာ လူစုေဝးတာေတြကို ပိတ္ထားခဲ့ပါတယ္။

ဒီလို အသြားအလာကန႔္သတ္လိုက္တဲ့အတြက္ ေဒသခံအခ်ိဳ႕နဲ႔ မိုင္ဂ်ာယန္ေဒသက ပါကေထာင္ ဒုကၡသည္စခန္းမွာ စားနပ္ရိကၡာ အခက္အခဲ အခ်ိဳ႕ရွိလာတာေၾကာင့္ ေဒသတြင္း လူမႈကူညီေရးအဖြဲ႔ေတြက ဆန္၊ ဆီ၊ ဆားနဲ႔အသားဗူးေတြ ေဝငွ ေထာက္ပံ့တာေတြရွိခဲ့ပါတယ္။

ေဒသတြင္းကူညီသူေတြကေတာ့ Covid ကူးစက္မႈျမင့္တက္လာရင္၊ ေရာဂါကူးစက္မႈက ေရရွည္ျဖစ္ေနရင္ ဗန္းေမာ္၊ ျမစ္ႀကီးနား စတဲ့ ၿမိဳ႕ႀကီးေတြနဲ႔ အဆက္ျပတ္ေနတာေၾကာင့္ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြ အခက္အခဲ ျဖစ္လာမွာကို စိုးရိမ္တာေတြ ရွိခဲ့ပါတယ္။

မိုင္ဂ်ာယန္က လူမႈကူညီေရးအဖြဲ႔တခုျဖစ္တဲ့ ဝမ္ေပါင္နိမ္းထြဲ၊ လူထုအလင္း ကူညီေစာင့္ေရွာက္ေရးအဖြဲ႔က ေဒၚေမရိတြမ္ကေတာ့ လက္ရွိျဖစ္ေနတဲ့အေျခအေနကို ထိန္းခ်ဳပ္ရႏိုင္မယ္လို႔ ယူဆေၾကာင္း အခုလို ေျပာပါတယ္။

“အဓိကကေတာ့ ကာကြယ္ေဆးကအစ တ႐ုတ္ကလာၿပီးေတာ့ ကူညီေပးတဲ့အပိုင္းရွိေတာေပါ့ေလ ေနာ္။ အခု က်မတို႔မွာထားတဲ့ ပစၥည္းေတြဆိုလည္း ကာကြယ္ေရး ပစၥည္း၊ ေဆးဝါး၊ အသုံးအေဆာင္ေတြ ဟိုဘက္က တင္သြင္းတာရွိတယ္။ တ႐ုတ္လမ္းေၾကာင္းေပ့ါေလေနာ္။ ဒီကေနပဲ သူတို႔ တရားဝင္ ေျပာၿပီးမွ သြင္းေနတဲ့အပိုင္းေတြ ရွိပါတယ္။ လက္ရွိမွာလည္း KIO ရဲ႕ Covid ေကာ္မတီနဲ႔ သက္ဆိုင္ရာ KIO အစိုးရတို႔ ထိန္းခ်ဳပ္တဲ့ ေဒသေတြမွာေတာ့ အတတ္ႏိုင္ဆုံး အေကာင္းဆုံးလုပ္ေဆာင္ေနတာကို က်မတို႔ ျမင္ရတယ္။ ေရရွည္က်ရင္ Systematically တိတိက်က်နဲ႔ လုပ္မယ္ဆိုရင္ေတာ့ ေကာင္းေကာင္းႀကီး ထိန္းခ်ဳပ္သြားႏိုင္မယ္လို႔ က်မ အဲလို ထင္ပါတယ္ရွင့္။”

KIO က ကူးစက္မႈျမင့္တက္ေနတဲ့ မိုင္ဂ်ာယန္မွာ ေအာက္စီဂ်င္စက္႐ုံတည္ေဆာက္ဖို႔လည္း ျပင္ဆင္ထားေၾကာင္း ေျပာပါတယ္။

လက္ရွိအေျခအေနမွာ မိုင္ဂ်ာယန္မွာ Covid 19 အတည္ျပဳလူနာ ၃၀၀ေက်ာ္ရွိေနၿပီး မိုင္ဂ်ာယန္ေဒသက ပါကေထာင္ စစ္ေဘးဒုကၡသည္စခန္းမွာလည္း ကိုဗစ္အတည္ျပဳလူနာ ၆ ဦးေတြ႕ရွိထားတာပါ။ လိုင္ဇာၿမိဳ႕မွာေတာ့ ၿမိဳ႕တြင္းက ေဒသခံေတြၾကားမွာ ပိုးေတြ႔လူနာမရွိဘဲ ျပင္ပကေန လိုင္ဇာကို ဝင္ေရာက္လာသူ ၂၀ ေလာက္မွာ ပိုးေတြ႔ထားၿပီး ေနာက္ဆုံးမွာ အတည္ျပဳလူနာ ၆ ဦးကို သာ ကုသေပးေနရေၾကာင္း KIO ရဲ႕ Covid 19 ကာကြယ္ တားဆီး ႏွိမ္နင္းေရးေကာ္မတီက တာဝန္ရွိသူက ေျပာပါတယ္။

Covid 19 ကူးစက္လူနာ ေတြရွိလာတဲ့ေနာက္မွာလိုင္ဇာၿမိဳ႕မွာေတာ့ ဒီလ ၅ရက္ေန႔ကစတင္ၿပီး ၿမိဳ႕ အဝင္အထြက္ေတြကို ပိတ္ပင္လိုက္သလို မိုင္ဂ်ာယန္ၿမိဳ႕မွာလည္း ဒီလ ၈ရက္ေန႔က စတင္ၿပီး အသြားအလာ ကန႔္သတ္မႈေတြ ေဆာင္႐ြက္ခဲ့ပါတယ္။

ကခ်င္ျပည္နယ္အတြင္းမွာေတာ့ ၿမိဳ႕နယ္ ၁၀ၿမိဳ႕နယ္မွာ Covid 19 ကူးစက္လူနာရွိေနၿပီး ဒီလ ၁၃ရက္ေန႔ကစတင္ၿပီး ျမစ္ႀကီးနားနဲ႔ ဗန္းေမာ္ၿမိဳ႕နယ္ေတြကို Stay at Home သတ္မွတ္ထားပါတယ္။

ကခ်င္ လိုင္ဇာေဒသ ကိုဗစ္ကာကြယ္ေဆးထိုးႏွံ
please wait

No media source currently available

0:00 0:03:32 0:00
တိုက္႐ိုက္ လင့္ခ္


=====

Unicode

ကချင် လိုင်ဇာဒေသ ကိုဗစ်ကာကွယ်ဆေးထိုးနှံ

KIO ရဲ့ ပညာရေးကျောင်းတွေတည်ရှိရာ မိုင်ဂျာယန်မှာ Covid 19 ကူးစက်သူဟာ အခုဆိုရင် ၃၂၀ ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာကတော့ Covid 19 ပိုးတွေ့လူနာမရှိတဲ့ လိုင်ဇာဒေသဘက်မှာ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း KIO တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ KIO ဒေသက Covid ကူးစက်မှုအခြေအနေ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ပညာရေး ဗဟိုဌာနဖြစ်တဲ့ တရုတ်မြန်မာနယ်စပ်က မိုင်ဂျာယန်မြို့မှာ ဒီလ ပထမပတ်က ကျောင်းသားတွေအကြားမှာ Covid ကူးစက်မှု စတင်တွေ့ခဲ့တာပါ။

စတင်တွေ့ချိန်မှာ ၂ ဦးရှိခဲ့ရာ ထပ်မံစစ်ဆေးရာ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ကူးစက်သူ ၂၀၀ နီးပါးရှိလာခဲ့ပြီးလက်ရှိအချိန်မှာတော့ ၃၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိထားကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကျနော်တို့ မိုင်ဂျာယန်မှာ ရှိတဲ့ စာသင်ကျောင်းတွေပေါ့နော်။ စာသင်နေတဲ့ ကလေးတွေဆီမှာ ကူးစက်တာရှိပါတယ် ။ အခုလက်ရှိပေ့ါနော်။ ပိုးတွေ့လူနာကတော့ အားလုံးက ၃၂၀ ကျော်ရှိပါတယ်။ စစ်ပြီးမှ ပိုးတွေ့ရတဲ့လူနာတွေကို ခွဲပြီးမှ ကျနော်တို့ ပြုစုနေပါတယ်။ သံသယလူနာတွေလည်း ကူးစက်ပုံစံနဲ့ သီခြားပေါ့နော်။ သီးသန့်ထားပြီးမှ ကျနော်တို့ ပြုစုပါတယ်။ တချို့တွေကတော့ Positive ကနေ Negative ပြန်ပြောင်းသွားတာလည်း ရှိပါတယ်။ အခုလောလောဆယ်ကတော့ ၃၀၀ ကျော်ကတော့ ကျနော်တို့ ပြုစုနေပါတယ်။”

လက်ရှိအခြေအနေမှာ မိုင်ဂျာယန်မှာ Covid 19 ကူးစက်လူနာတွေ တွေ့ထားတာကြောင့် ကာကွယ်ဆေးထိုးတာတွေကို ရပ်ဆိုင်းထားပါတယ်။ လိုင်ဇာမြို့ဘက်မှာတော့ နေ့စဉ်ကာကွယ်ဆေး ထိုးပေးနေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ကာကွယ်ဆေးကတော့ ပိုးတွေ့လူနာတွေများတဲ့အချိန်ကာလမှာတော့ ကျနော်တို့ ခန ရပ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးတာနဲ့ လူစုလူဝေးလုပ်နေကြပြီ။ အဲဒါကို ကျနော်တို့က ပိတ်ထားတာ ရှိပါတယ်။ တခြားနေရာမှာတော့ ဥပမာ လိုင်ဇာတို့နေရာမှာတော့ နေ့တိုင်း နေ့တိုင်း ကျနော်တို့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒီမိုင်ဂျာယန်မှာကတော့ လူစုလူဝေးလုပ်လို့ အဆင်မပြေတဲ့အခါကျတော့ Vaccine ထိုးတာကတော့ ခန ပြန်ပြီးမှ ရပ်ထားတာရှိပါတယ်။”

မိုင်ဂျာယန်ဒေသမှာ Covid 19 အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက်မှာ လိုင်ဇာအပါအဝင် ပြင်ပဒေသတွေနဲ့အသွားအလာကန့်သတ်တာတွေ၊ ကျောင်း၊ ဘုရားကျောင်းစတာတွေမှာ လူစုဝေးတာတွေကို ပိတ်ထားခဲ့ပါတယ်။

ဒီလို အသွားအလာကန့်သတ်လိုက်တဲ့အတွက် ဒေသခံအချို့နဲ့ မိုင်ဂျာယန်ဒေသက ပါကထောင် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ အခက်အခဲ အချို့ရှိလာတာကြောင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ဆန်၊ ဆီ၊ ဆားနဲ့အသားဗူးတွေ ဝေငှ ထောက်ပံ့တာတွေရှိခဲ့ပါတယ်။

ဒေသတွင်းကူညီသူတွေကတော့ Covid ကူးစက်မှုမြင့်တက်လာရင်၊ ရောဂါကူးစက်မှုက ရေရှည်ဖြစ်နေရင် ဗန်းမော်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ အဆက်ပြတ်နေတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အခက်အခဲ ဖြစ်လာမှာကို စိုးရိမ်တာတွေ ရှိခဲ့ပါတယ်။

မိုင်ဂျာယန်က လူမှုကူညီရေးအဖွဲ့တခုဖြစ်တဲ့ ဝမ်ပေါင်နိမ်းထွဲ၊ လူထုအလင်း ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒေါ်မေရိတွမ်ကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေကို ထိန်းချုပ်ရနိုင်မယ်လို့ ယူဆကြောင်း အခုလို ပြောပါတယ်။

“အဓိကကတော့ ကာကွယ်ဆေးကအစ တရုတ်ကလာပြီးတော့ ကူညီပေးတဲ့အပိုင်းရှိတောပေါ့လေ နော်။ အခု ကျမတို့မှာထားတဲ့ ပစ္စည်းတွေဆိုလည်း ကာကွယ်ရေး ပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်တွေ ဟိုဘက်က တင်သွင်းတာရှိတယ်။ တရုတ်လမ်းကြောင်းပေ့ါလေနော်။ ဒီကနေပဲ သူတို့ တရားဝင် ပြောပြီးမှ သွင်းနေတဲ့အပိုင်းတွေ ရှိပါတယ်။ လက်ရှိမှာလည်း KIO ရဲ့ Covid ကော်မတီနဲ့ သက်ဆိုင်ရာ KIO အစိုးရတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်နေတာကို ကျမတို့ မြင်ရတယ်။ ရေရှည်ကျရင် Systematically တိတိကျကျနဲ့ လုပ်မယ်ဆိုရင်တော့ ကောင်းကောင်းကြီး ထိန်းချုပ်သွားနိုင်မယ်လို့ ကျမ အဲလို ထင်ပါတယ်ရှင့်။”

KIO က ကူးစက်မှုမြင့်တက်နေတဲ့ မိုင်ဂျာယန်မှာ အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့လည်း ပြင်ဆင်ထားကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေမှာ မိုင်ဂျာယန်မှာ Covid 19 အတည်ပြုလူနာ ၃၀၀ကျော်ရှိနေပြီး မိုင်ဂျာယန်ဒေသက ပါကထောင် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ကိုဗစ်အတည်ပြုလူနာ ၆ ဦးတွေ့ရှိထားတာပါ။ လိုင်ဇာမြို့မှာတော့ မြို့တွင်းက ဒေသခံတွေကြားမှာ ပိုးတွေ့လူနာမရှိဘဲ ပြင်ပကနေ လိုင်ဇာကို ဝင်ရောက်လာသူ ၂၀ လောက်မှာ ပိုးတွေ့ထားပြီး နောက်ဆုံးမှာ အတည်ပြုလူနာ ၆ ဦးကို သာ ကုသပေးနေရကြောင်း KIO ရဲ့ Covid 19 ကာကွယ် တားဆီး နှိမ်နင်းရေးကော်မတီက တာဝန်ရှိသူက ပြောပါတယ်။

Covid 19 ကူးစက်လူနာ တွေရှိလာတဲ့နောက်မှာလိုင်ဇာမြို့မှာတော့ ဒီလ ၅ရက်နေ့ကစတင်ပြီး မြို့ အဝင်အထွက်တွေကို ပိတ်ပင်လိုက်သလို မိုင်ဂျာယန်မြို့မှာလည်း ဒီလ ၈ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ မြို့နယ် ၁၀မြို့နယ်မှာ Covid 19 ကူးစက်လူနာရှိနေပြီး ဒီလ ၁၃ရက်နေ့ကစတင်ပြီး မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်တွေကို Stay at Home သတ်မှတ်ထားပါတယ်။

#Covid19 #MyanmarCovid #Kachin #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG