သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရျဖဴၿမိဳ႕နယ္ဘက္ စစ္တပ္ရွင္းလင္းေရးေၾကာင့္ ေဒသခံတခ်ိဳ႕ အိမ္မျပန္ရဲၾကေသး


ျမန္မာစစ္ေမာ္ေတာ္ယာဥ္တန္းတခု (ဓာတ္ပုံ- Reuters)

(Zawgyi/Unicode)

တနသၤာရီတိုင္း ေရျဖဴၿမိဳ႕နယ္ဘက္က ရြာေတြကို စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္တာေၾကာင့္ ရြာ ၇ ရြာ လူဦးေရ ၂၅,၀၀၀ ေလာက္ ၾသဂုတ္လ ၂၆ ရက္ေန႔ကတည္းက အိုးအိမ္စြန္႔ ထြက္ေျပးေနၾကရပါတယ္။ စစ္တပ္က ရြာကေနျပန္ထြက္သြားလို႔ လက္ရွိအခ်ိန္မွာ ေဒသခံေတာ္ေတာ္မ်ားမ်ား ျပန္လာၾကေပမယ့္ ရြာသံုးရြာေလာက္က မျပန္ရဲၾကေသးဘူးလို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္နယ္ေျမတခုျဖစ္တဲ့ တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္ဘက္ ေက်းရြာေတြထဲကက စာသင္ေက်ာင္းေတြမွာ စစ္ေကာင္စီက တပ္စြဲၿပီး နယ္ေျမရွင္းလင္းေရးလုပ္တာေၾကာင့္ ရြာ ၇ ရြာက ေဒသခံ ၂၅,၀၀၀ ေလာက္ ထြက္ေျပးပုန္းေရွာင္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ၾသဂုတ္လ ၂၆ ရက္ေလာက္က ေရျဖဴ-ထားဝယ္ ျမစ္ကမ္းေဘးမွာရွိတဲ့ ေက်းရြာေတြမွာ စစ္ေကာင္စီက တပ္စြဲထားလို႔ ေက်းဇူးေတာ္၊ မိုင္ ၃၀၊ ျမန္မာရွင္ထဘီ၊ ကရင္ရွင္ထဘီ၊ ရွမ္းဖန္၊ ၂၄ မိုင္ရြာနဲ႔ ႏွမ္းက်ဲရြာေတြက ေဒသခံေတြ နီးစပ္ရာေတာေတာင္ထဲ ထြက္ေျပးတိမ္ေရွာင္ေနၾကရတာလို႔ ႏွမ္းက်ဲရြာ ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“၃၄ မိုင္ရြာရယ္ ေနာက္ၿပီးေတာ့ ႏွမ္းက်ဲရယ္ ေက်းဇူးေတာ္ရယ္ ေနာက္ၿပီးေတာ့ မိုင္ ၃၀ ရြာရယ္ ျမန္မာရွင္ထမိန္ရယ္ ရွမ္းဖန္းရြာရယ္ေပါ့၊ ေၾကာက္လန္႔ၿပီးေတာ့ ထြက္သြားၾကတာေပါ့။ ေျပးမယ့္ေနရာလည္း ေတာေတာင္ပဲရွိတယ္ဆိုေတာ့ ေတာေတာင္ေတြပဲ ရြာကေန လြတ္ေအာင္ေပါ့ေနာ္။ ရြာကေနလြတ္ေအာင္ အဲ့ေတာေတာင္ေတြထဲပဲ ေျပးတယ္။ လူဦးေရ အကုန္လံုး စုစုေပါင္းဆိုရင္ ဟိုဟာေလာက္ရွိတာေပ့ါ၊ ႏွစ္ေသာင္းခြဲရိွမယ္နဲ႔ထင္တယ္။ (ျပန္လာသူလည္းရွိတယ္) ထြက္ေျပးေနၾကသူေတြ၊ လာတဲ့သူလည္း ရွိတယ္။ မလာတဲ့သူလည္း ရွိ္တယ္။ က်ေနာ္တို႔ရြာေတာ့ အကုန္လံုးနီးပါးေတာ့ အကုန္လံုးရြာကို ေရာက္ေနၿပီေပ့ါ။”

ၾသဂုတ္လ ၃၀ ရက္ေန႔ေလာက္မွာ စစ္တပ္က သူတုိ႔တပ္စြဲထားတဲ့ေနရာကေန ျပန္ထြက္သြားေပမယ့္ ေက်းဇူးေတာ္ရြာ၊ ကရင္ရွင္ထဘီရြာနဲ႔ ရွမ္းဖန္ရြာေတြဘက္ကေတာ့ ကေန႔ထိ မျပန္ရဲၾကေသးပါဘူး။ က်န္တဲ့ ၄ ရြာကေတာ့ အကုန္လံုးနီးပါး အိမ္ျပန္ေရာက္ၾကၿပီလို႔ ေျပာပါတယ္။

အဲ့ဒီနယ္ေျမေတြမွာ ေဒသခံကာကြယ္ေရး PDF အဖြဲ႕ေတြ ရွိတယ္ဆိုတဲ့ သတင္းေၾကာင့္ ရြာေတြကို ရွာေဖြစစ္ေဆးတာလို႔ ႏွမ္းက်ဲရြာ ေဒသခံတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ၾကားသေလာက္ကေတာ့ အဲ့ PDF အဖြ႔ဲက ဒီအထဲ ဟိုဟာ သူတို႔ လြတ္ေျမာက္ နယ္ေျမဆိုၿပီးေတာ့ ဝင္လာတဲ့ သေဘာေပါ့၊ အဲ့ဒီခ်ိန္မွာ (စစ္ေကာင္စီက) လာစစ္ေဆးတယ္လို႔ေတာ့ အဲ့လိုမ်ဳိးသတင္းၾကားတယ္။”

ဒါအျပင္ လြန္ခဲ့တဲ့ ၾသဂုတ္ ၂၄ ရက္ေန႔က KNU နဲ႔ စစ္တပ္ၾကား အဲ့ဒီေဒသမွာ အေျခအေနတင္းမာခဲ့ၿပီး အဲ့ဒီေနာက္ပိုင္း ရြာက စာသင္ေက်ာင္းေတြမွာ တပ္စြဲတာေတြ၊ နယ္ေျမလင္းရွင္းလင္းမယ့္ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာၿပီး ရြာသားေတြ နီးစပ္ရာကို ထြက္ေျပးတိမ္ေရွာင္ေနၾကရတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“၃၆ မိုင္ စာသင္ေက်ာင္းမွာ (စစ္ေကာင္စီ) သူတို႔ လူဦးေရ ၂၀ ဝန္းက်င္ေလာက္ ည ၇ နာရီေလာက္မွာ တပ္စြဲလိုက္တာရွိတယ္ တညမွာ။ ဒုတိယရက္မွာက်ေတာ့ အဲ့ဒီရြာထဲထိ သူတို႔ နယ္ေျမရွင္းလင္းေရး၊ နယ္ေျမရွင္းလင္းဖို႔အတြက္ ကင္းလွည့္တာတို႔ ဘာတို႔ ရွိမွာေပါ့ခင္ဗ်ာ။ အဲ့ဒီဟာေလးေတာ့ သတင္းၾကားရပါတယ္။ အဲ့လိုမ်ဳိး တပ္စြဲလိုက္တဲ့အခ်ိန္က်ေတာ့ တခ်ဳိ႕ရြာသားေတြကလည္း ေၾကာက္လန္႔ၿပီးလို႔ရွိရင္ ေတာထဲဘက္ျခမ္း၊ ဥယ်ာဥ္ဘက္ျခမ္း၊ ထြက္ေျပးတာတို႔ရွိတယ္။ ေနမရဲတာတုိ႔ ဘာတို႔ေတာ့ ရွိတာေပါ့။ အဲ့ဒါ ၿမိဳ႕ဘက္ျခမ္းေျပးလာလို႔ ေဆြမ်ဳိးအိမ္ေတြ ဘာေတြ သြားေနတာတို႔ ရွိတာေပါ့။”

ၾသဂုတ္ ၃၁ ရက္ မေန႔က ေန႔လည္ေလာက္မွာ ေလာင္းလံုးၿမိဳ႕နယ္ထဲက ထားဝယ္ျမစ္ကမ္းေဘး ေဝဒီေက်းရြာမွာလည္း စစ္သားအင္အား အေတာ္မ်ားမ်ားနဲ႔ လူစိမ္းရွိမရွိ ေနအိမ္ေတြမွာ ဝင္ေရာက္ၿပီး ရွာေဖြစစ္ေဆးခဲ့တယ္လို႔ ေဒသခံနဲ႔ ေဒသတြင္းသတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။ အဲဒီအေျခအေနကိုေတာ့ ဗီြအိုေအက အတည္ျပဳလို႔မရေသးပါဘူး။

စစ္တပ္အာဏာသိမ္းယူလုိက္တာ ၇ လတင္းတင္းျပည့္လာၿပီျဖစ္ေပမယ့္ ႏိုင္ငံတဝန္း စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ေတာ္လွန္တဲ့ ဆႏၵျပပြဲေတြ ေဒသတခ်ဳိ႕မွာ ပံုစံမ်ဳိးစံုနဲ႔ ေန႔စဥ္လိုဆက္ရွိေနသလုိ ေဒသခံကာကြယ္ေရးအဖြဲ႔ ေတြနဲ႔ စစ္တပ္အၾကား ေနရာအေတာ္မ်ားမ်ားမွာ တုိက္ပြဲေတြ ရွိေနပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ရေဖြူမြို့နယ်ဘက် စစ်တပ်ရှင်းလင်းရေးကြောင့် ဒေသခံတချို့ အိမ်မပြန်ရဲကြသေး

(Unicode)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်က ရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ရွာ ၇ ရွာ လူဦးရေ ၂၅,၀၀၀ လောက် သြဂုတ်လ ၂၆ ရက်နေ့ကတည်းက အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ စစ်တပ်က ရွာကနေပြန်ထွက်သွားလို့ လက်ရှိအချိန်မှာ ဒေသခံတော်တော်များများ ပြန်လာကြပေမယ့် ရွာသုံးရွာလောက်က မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ဘက် ကျေးရွာတွေထဲကက စာသင်ကျောင်းတွေမှာ စစ်ကောင်စီက တပ်စွဲပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ရွာ ၇ ရွာက ဒေသခံ ၂၅,၀၀၀ လောက် ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်လောက်က ရေဖြူ-ထားဝယ် မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားလို့ ကျေးဇူးတော်၊ မိုင် ၃၀၊ မြန်မာရှင်ထဘီ၊ ကရင်ရှင်ထဘီ၊ ရှမ်းဖန်၊ ၂၄ မိုင်ရွာနဲ့ နှမ်းကျဲရွာတွေက ဒေသခံတွေ နီးစပ်ရာတောတောင်ထဲ ထွက်ပြေးတိမ်ရှောင်နေကြရတာလို့ နှမ်းကျဲရွာ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၃၄ မိုင်ရွာရယ် နောက်ပြီးတော့ နှမ်းကျဲရယ် ကျေးဇူးတော်ရယ် နောက်ပြီးတော့ မိုင် ၃၀ ရွာရယ် မြန်မာရှင်ထမိန်ရယ် ရှမ်းဖန်းရွာရယ်ပေါ့၊ ကြောက်လန့်ပြီးတော့ ထွက်သွားကြတာပေါ့။ ပြေးမယ့်နေရာလည်း တောတောင်ပဲရှိတယ်ဆိုတော့ တောတောင်တွေပဲ ရွာကနေ လွတ်အောင်ပေါ့နော်။ ရွာကနေလွတ်အောင် အဲ့တောတောင်တွေထဲပဲ ပြေးတယ်။ လူဦးရေ အကုန်လုံး စုစုပေါင်းဆိုရင် ဟိုဟာလောက်ရှိတာပေ့ါ၊ နှစ်သောင်းခွဲရှိမယ်နဲ့ထင်တယ်။ (ပြန်လာသူလည်းရှိတယ်) ထွက်ပြေးနေကြသူတွေ၊ လာတဲ့သူလည်း ရှိတယ်။ မလာတဲ့သူလည်း ရှိတယ်။ ကျနော်တို့ရွာတော့ အကုန်လုံးနီးပါးတော့ အကုန်လုံးရွာကို ရောက်နေပြီပေ့ါ။”

သြဂုတ်လ ၃၀ ရက်နေ့လောက်မှာ စစ်တပ်က သူတို့တပ်စွဲထားတဲ့နေရာကနေ ပြန်ထွက်သွားပေမယ့် ကျေးဇူးတော်ရွာ၊ ကရင်ရှင်ထဘီရွာနဲ့ ရှမ်းဖန်ရွာတွေဘက်ကတော့ ကနေ့ထိ မပြန်ရဲကြသေးပါဘူး။ ကျန်တဲ့ ၄ ရွာကတော့ အကုန်လုံးနီးပါး အိမ်ပြန်ရောက်ကြပြီလို့ ပြောပါတယ်။

အဲ့ဒီနယ်မြေတွေမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ရွာတွေကို ရှာဖွေစစ်ဆေးတာလို့ နှမ်းကျဲရွာ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ ကြားသလောက်ကတော့ အဲ့ PDF အဖွ့ဲက ဒီအထဲ ဟိုဟာ သူတို့ လွတ်မြောက် နယ်မြေဆိုပြီးတော့ ဝင်လာတဲ့ သဘောပေါ့၊ အဲ့ဒီချိန်မှာ (စစ်ကောင်စီက) လာစစ်ဆေးတယ်လို့တော့ အဲ့လိုမျိုးသတင်းကြားတယ်။”

ဒါအပြင် လွန်ခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က KNU နဲ့ စစ်တပ်ကြား အဲ့ဒီဒေသမှာ အခြေအနေတင်းမာခဲ့ပြီး အဲ့ဒီနောက်ပိုင်း ရွာက စာသင်ကျောင်းတွေမှာ တပ်စွဲတာတွေ၊ နယ်မြေလင်းရှင်းလင်းမယ့် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ရွာသားတွေ နီးစပ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“၃၆ မိုင် စာသင်ကျောင်းမှာ (စစ်ကောင်စီ) သူတို့ လူဦးရေ ၂၀ ဝန်းကျင်လောက် ည ၇ နာရီလောက်မှာ တပ်စွဲလိုက်တာရှိတယ် တညမှာ။ ဒုတိယရက်မှာကျတော့ အဲ့ဒီရွာထဲထိ သူတို့ နယ်မြေရှင်းလင်းရေး၊ နယ်မြေရှင်းလင်းဖို့အတွက် ကင်းလှည့်တာတို့ ဘာတို့ ရှိမှာပေါ့ခင်ဗျာ။ အဲ့ဒီဟာလေးတော့ သတင်းကြားရပါတယ်။ အဲ့လိုမျိုး တပ်စွဲလိုက်တဲ့အချိန်ကျတော့ တချို့ရွာသားတွေကလည်း ကြောက်လန့်ပြီးလို့ရှိရင် တောထဲဘက်ခြမ်း၊ ဥယျာဉ်ဘက်ခြမ်း၊ ထွက်ပြေးတာတို့ရှိတယ်။ နေမရဲတာတို့ ဘာတို့တော့ ရှိတာပေါ့။ အဲ့ဒါ မြို့ဘက်ခြမ်းပြေးလာလို့ ဆွေမျိုးအိမ်တွေ ဘာတွေ သွားနေတာတို့ ရှိတာပေါ့။”

သြဂုတ် ၃၁ ရက် မနေ့က နေ့လည်လောက်မှာ လောင်းလုံးမြို့နယ်ထဲက ထားဝယ်မြစ်ကမ်းဘေး ဝေဒီကျေးရွာမှာလည်း စစ်သားအင်အား အတော်များများနဲ့ လူစိမ်းရှိမရှိ နေအိမ်တွေမှာ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံနဲ့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီအခြေအနေကိုတော့ ဗွီအိုအေက အတည်ပြုလို့မရသေးပါဘူး။

စစ်တပ်အာဏာသိမ်းယူလိုက်တာ ၇ လတင်းတင်းပြည့်လာပြီဖြစ်ပေမယ့် နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြပွဲတွေ ဒေသတချို့မှာ ပုံစံမျိုးစုံနဲ့ နေ့စဉ်လိုဆက်ရှိနေသလို ဒေသခံကာကွယ်ရေးအဖွဲ့ တွေနဲ့ စစ်တပ်အကြား နေရာအတော်များများမှာ တိုက်ပွဲတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG