သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီပဲယင္း ေက်းရြာႏွစ္ရြာကို စစ္ေကာင္စီတပ္ေတြ ပိ္တ္ဆို႔ရွာေဖြ


ေျမာင္ျမိဳ ့နယ္ဆီ ၀င္ေရာက္လာတဲ့ စစ္ကားမ်ား ( ဓာတ္ပံု - CJ)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ၾကည္ေက်း႐ြာနဲ႔ ဒိုင္းနက္ေက်း႐ြာအုပ္စုထဲမွာ႐ွိတဲ့ ၾကည္႐ြာကုန္းေက်း႐ြာတို႔ကို စစ္တပ္က ဒီေန႔ ပိတ္ဆို႔ ႐ွာေဖြခဲ့ၿပီး ၾကည္႐ြာသား ၂ ေယာက္ကို ဖမ္းဆီးသြားပါတယ္။ စစ္တပ္ေတြ စီးနင္း႐ွာေဖြတာေၾကာင့္ ႐ြာသားေတြ ေၾကာက္လန္႔ၿပီး ထြက္ေျပးေနၾကပါတယ္။ ၾကည္ေက်း႐ြာနားက အုပ္ခ်ဳပ္ေရးမွဴးတေယာက္ရဲ႕ သမီး ၂ ေယာက္ အသတ္ခံရၿပီးေနာက္ ခုလို ႐ွာေဖြဖမ္းဆီးတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မျမသဇင္ေအာင္ ေျပာျပပါမယ္။

ဒီေန႔ ဇြန္လ ၂၂ ရက္ မြန္လြဲ ၂ နာရီေလာက္မွာ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ထဲက ၾကည္ေက်းရြာနဲ႔ အဲဒီကေန ၁၂ မိုင္ေလာက္ေဝးတဲ့ ၾကည္ရြာကုန္းေက်းရြာ ၂ ခုကို စစ္ေကာင္စီတပ္ေတြ အင္အားအမ်ားအျပားနဲ႔ ဝင္ေရာက္႐ွာေဖြခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ ဇြန္လ ၈ ရက္ေန႔ကစလို႔ ေဒသခံကာကြယ္ေရး PDF အဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ႐ွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းထဲက အနီးအနားေက်း႐ြာေတြကို စစ္တပ္က မၾကာခဏဝင္ေရာက္႐ွာေဖြေလ့ ႐ွိပါတယ္။ ၾကည္ေက်း႐ြာထဲ ဝင္ေရာက္႐ွာေဖြတဲ့ အေျခအေနကိို ထြက္ေျပးေနတဲ့ ႐ြာသားတေယာက္က ဗီြအိုေအကို ေျပာျပပါတယ္။

“(စစ္ေကာင္စီ) ရြာခဲဝင္သြားတယ္၊ ဟိုေမႊဒီေမႊ၊ ေမႊေနတယ္၊ ေကာင္ေလးႏွစ္ေယာက္ပါ သြားတယ္၊ ေကာင္ေလးေတြက (ဆႏၵျပ)ပြဲထြက္ၿပီးေတာ့ေလးတစ္ဖြဲ႕ကို ထြက္မယ္ ကင္းေစာင့္တယ္၊ အဲ့ကင္းေစာင့္တဲ့အဖြဲ႕ေတြကို သူတို႔ အဲ့သတင္းေထာက္ အတိအက်ရတဲ့အိမ္ကို ဝင္ေမႊ သြားတယ္အခုကေတာ့၊ အသက္ ၃၅ ေလာက္ ၃၈ ေလာက္ အဲ့လူႏွစ္ေယာက္ပါသြားတယ္။ အဲ့လိုကိုယ့္ကိုယ္ဖမ္းသြားမွာ ေၾကာက္လို႔ေရွာင္ရတာပဲ အခုကတစ္ရြာလံုး သူတို႔လာတာနဲ႔ဆိုေတာ့ ေျပးၾကတာပဲ။ အခုညီမတို႔ေတာထဲေရာက္ေနတယ္၊ ေရာက္ေနေတာ့ ေဘးရြာက လွမ္းေျပာတယ္၊ အခုျပန္ၿပီးေတာ့ ကားငါးစင္းဝင္ေနတယ္ၾကားတယ္၊ ေစာေစာဝင္တာေလးက ကားအေသးေလး သံုးစင္းနဲ႔အဲ့စစ္ကားတစ္စင္းဝင္လာတယ္။”

ၾကည္ေက်းရြာေဒသခံျဖစ္တဲ့ ကိုဖိုးညီနဲ႔ ကိုစိုးႏိုင္ဝင္း ဖမ္းဆီးခံရတာျဖစ္ပါတယ္။ ဒိုင္းနက္ေက်း႐ြာအုပ္စုထဲက ၾကည္႐ြာကုန္းေက်း႐ြာကို စစ္တပ္ ဝင္ေရာက္ စစ္ေဆးတာနဲ႔ပါတ္သက္လို လည္း႐ြာသားတေယာက္က ခုလိုေျပာပါတယ္။

“ၾကည္ရြာကုန္းဘက္က အဲ့ဘက္ကလည္းျဖစ္ေနတယ္၊ အဲ့ဘက္က (စစ္ေကာင္စီ)အင္အား ၄၀ ေလာက္ရွိမယ္၊ ၾကည္ကေတာ့ ကား ၅ စီးနဲ႔ ဝင္လာတယ္ ရြာဝင္တာနဲ႔ ေသနတ္ေတြေဖာက္ၿပီး ဝင္လာတယ္၊ ဘာကုိရွာတာလဲဆုိေတာ့ အဲ့လိုလည္းဦးတည္ခ်က္မရွိပါဘူးဗ် သူတို႔က သူတို႔ဒလန္အမာခံ အႀကီးစားထိခိုက္ထားတယ္ဆိုေတာ့၊ အဲ့ဒါ ရြာဝင္ၿပီးေတာ့ ပစၥည္းေတြ ဖ်က္ဆီးတာပဲ ရြာထဲကေတြ အထိတ္တလန္႔ျဖစ္ေအာင္ ၿခိမ္းေျခာက္တာေပါ့၊ ကိုယ္ေတြ နီးစပ္္ရာေတာေတြထဲေျပးၾကတာေပ့ါ။ အိမ္ေျခက ၾကည္ရြာနဲ႔ ခရားထြက္ရြာနဲ႔ ဆက္ေနတာ အလြယ္ေခၚၾကေတာ့ ၾကည္လု႔ိေခၚတာေပါ့၊ ၾကည္ရြာနဲ႔ ခရားထြက္ရြာနဲ႔ ေပါင္းရင္ အိမ္ေျခ ၆၀၀ ေလာက္ရွိမယ္၊ အကုန္ေျပးရတာပဲ။”

ခုလို စစ္တပ္က ဝင္ေရာက္ ႐ွာေဖြတာေၾကာင့္ ႐ြာသားေတြ စိုးရိမ္ၿပီး ထြက္ေျပးေနၾကပါတယ္။ အခုလိုမိုးရာသီကာလမွာ ျပည္သူလူထုေတြဟာ နီးစပ္ရာေတာေတာင္ထဲမွာ ထြက္ေျပးတိမ္းေရွာင္ေနရတာ အခက္အခဲျဖစ္တယ္လို႔ အဲ့ဒီထြက္ေျပးလာသူေတြက ေျပာပါတယ္။

ဇြန္လ ၁၃ ရက္ေန႔က ၾကည္ရြာက အုပ္ခ်ဳပ္ေရးမွဴးရဲ႕ သမီး ႏွစ္ေယာက္ ဓားခုတ္ခံရလို႔ ေသဆံုးခဲ့ပါတယ္။ စစ္တပ္ကို သတင္းေပးသူလုိ႔ေဒသခံေတြ ေျပာသူတေယာက္လည္း မၾကာခင္က အသတ္ခံရပါတယ္။ အဲဒီလို သတ္ျဖတ္မႈေတြျဖစ္္ခဲ့ၿပီး ခုလို ႐ြာေတြကို စစ္တပ္က ဝင္ေရာက္႐ွာေဖြတာေတြ လုပ္ေနတာပါ။ ဇြန္ ၁၅ ရက္ေန႔ကေတာ့ ၾကည္ေက်းရြာရဲ႕ အေနာက္ဖက္ ႏွစ္မိုင္အကြာမွာရွိတဲ့ ဘုတ္ရြာ၊ ဆပ္ျပာက်င္းမွာ စစ္ေကာင္စီနဲ႔ ေဒသခံ PDF တပ္ဖြဲ႔အၾကား တိုက္ပြဲျဖစ္ခဲ့ပါေသးတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ဒီပဲယင်း ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ရှာဖွေ

(Unicode)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြည်ကျေးရွာနဲ့ ဒိုင်းနက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကြည်ရွာကုန်းကျေးရွာတို့ကို စစ်တပ်က ဒီနေ့ ပိတ်ဆို့ ရှာဖွေခဲ့ပြီး ကြည်ရွာသား ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။ စစ်တပ်တွေ စီးနင်းရှာဖွေတာကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။ ကြည်ကျေးရွာနားက အုပ်ချုပ်ရေးမှူးတယောက်ရဲ့ သမီး ၂ ယောက် အသတ်ခံရပြီးနောက် ခုလို ရှာဖွေဖမ်းဆီးတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မမြသဇင်အောင် ပြောပြပါမယ်။

ဒီနေ့ ဇွန်လ ၂၂ ရက် မွန်လွဲ ၂ နာရီလောက်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြည်ကျေးရွာနဲ့ အဲဒီကနေ ၁၂ မိုင်လောက်ဝေးတဲ့ ကြည်ရွာကုန်းကျေးရွာ ၂ ခုကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်ထဲမှာ ဇွန်လ ၈ ရက်နေ့ကစလို့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းထဲက အနီးအနားကျေးရွာတွေကို စစ်တပ်က မကြာခဏဝင်ရောက်ရှာဖွေလေ့ ရှိပါတယ်။ ကြည်ကျေးရွာထဲ ဝင်ရောက်ရှာဖွေတဲ့ အခြေအနေကို ထွက်ပြေးနေတဲ့ ရွာသားတယောက်က ဗွီအိုအေကို ပြောပြပါတယ်။

“(စစ်ကောင်စီ) ရွာခဲဝင်သွားတယ်၊ ဟိုမွှေဒီမွှေ၊ မွှေနေတယ်၊ ကောင်လေးနှစ်ယောက်ပါ သွားတယ်၊ ကောင်လေးတွေက (ဆန္ဒပြ)ပွဲထွက်ပြီးတော့လေးတစ်ဖွဲ့ကို ထွက်မယ် ကင်းစောင့်တယ်၊ အဲ့ကင်းစောင့်တဲ့အဖွဲ့တွေကို သူတို့ အဲ့သတင်းထောက် အတိအကျရတဲ့အိမ်ကို ဝင်မွှေ သွားတယ်အခုကတော့၊ အသက် ၃၅ လောက် ၃၈ လောက် အဲ့လူနှစ်ယောက်ပါသွားတယ်။ အဲ့လိုကိုယ့်ကိုယ်ဖမ်းသွားမှာ ကြောက်လို့ရှောင်ရတာပဲ အခုကတစ်ရွာလုံး သူတို့လာတာနဲ့ဆိုတော့ ပြေးကြတာပဲ။ အခုညီမတို့တောထဲရောက်နေတယ်၊ ရောက်နေတော့ ဘေးရွာက လှမ်းပြောတယ်၊ အခုပြန်ပြီးတော့ ကားငါးစင်းဝင်နေတယ်ကြားတယ်၊ စောစောဝင်တာလေးက ကားအသေးလေး သုံးစင်းနဲ့အဲ့စစ်ကားတစ်စင်းဝင်လာတယ်။”

ကြည်ကျေးရွာဒေသခံဖြစ်တဲ့ ကိုဖိုးညီနဲ့ ကိုစိုးနိုင်ဝင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒိုင်းနက်ကျေးရွာအုပ်စုထဲက ကြည်ရွာကုန်းကျေးရွာကို စစ်တပ် ဝင်ရောက် စစ်ဆေးတာနဲ့ပါတ်သက်လို လည်းရွာသားတယောက်က ခုလိုပြောပါတယ်။

“ကြည်ရွာကုန်းဘက်က အဲ့ဘက်ကလည်းဖြစ်နေတယ်၊ အဲ့ဘက်က (စစ်ကောင်စီ)အင်အား ၄၀ လောက်ရှိမယ်၊ ကြည်ကတော့ ကား ၅ စီးနဲ့ ဝင်လာတယ် ရွာဝင်တာနဲ့ သေနတ်တွေဖောက်ပြီး ဝင်လာတယ်၊ ဘာကိုရှာတာလဲဆိုတော့ အဲ့လိုလည်းဦးတည်ချက်မရှိပါဘူးဗျ သူတို့က သူတို့ဒလန်အမာခံ အကြီးစားထိခိုက်ထားတယ်ဆိုတော့၊ အဲ့ဒါ ရွာဝင်ပြီးတော့ ပစ္စည်းတွေ ဖျက်ဆီးတာပဲ ရွာထဲကတွေ အထိတ်တလန့်ဖြစ်အောင် ခြိမ်းခြောက်တာပေါ့၊ ကိုယ်တွေ နီးစပ်ရာတောတွေထဲပြေးကြတာပေ့ါ။ အိမ်ခြေက ကြည်ရွာနဲ့ ခရားထွက်ရွာနဲ့ ဆက်နေတာ အလွယ်ခေါ်ကြတော့ ကြည်လု့ိခေါ်တာပေါ့၊ ကြည်ရွာနဲ့ ခရားထွက်ရွာနဲ့ ပေါင်းရင် အိမ်ခြေ ၆၀၀ လောက်ရှိမယ်၊ အကုန်ပြေးရတာပဲ။”

ခုလို စစ်တပ်က ဝင်ရောက် ရှာဖွေတာကြောင့် ရွာသားတွေ စိုးရိမ်ပြီး ထွက်ပြေးနေကြပါတယ်။ အခုလိုမိုးရာသီကာလမှာ ပြည်သူလူထုတွေဟာ နီးစပ်ရာတောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာ အခက်အခဲဖြစ်တယ်လို့ အဲ့ဒီထွက်ပြေးလာသူတွေက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကြည်ရွာက အုပ်ချုပ်ရေးမှူးရဲ့ သမီး နှစ်ယောက် ဓားခုတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ စစ်တပ်ကို သတင်းပေးသူလို့ဒေသခံတွေ ပြောသူတယောက်လည်း မကြာခင်က အသတ်ခံရပါတယ်။ အဲဒီလို သတ်ဖြတ်မှုတွေဖြစ်ခဲ့ပြီး ခုလို ရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတာပါ။ ဇွန် ၁၅ ရက်နေ့ကတော့ ကြည်ကျေးရွာရဲ့ အနောက်ဖက် နှစ်မိုင်အကွာမှာရှိတဲ့ ဘုတ်ရွာ၊ ဆပ်ပြာကျင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG