သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးမွာ စစ္သားတခ်ဳိ႕ထြက္ေျပးတဲ့သတင္းထြက္


ကလေးျမိဳ ့အ၀င္ (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

ကေလးၿမိဳ႕အေျခစိုက္ စစ္တပ္က စစ္သား အေယာက္ ၂၀ လက္နက္အျပည့္အစုံနဲ႔ တပ္ထဲကေန ထြက္ေျပးသြားတဲ့သတင္း ထြက္ေနၿပီး သက္ဆိုင္ရာစစ္တပ္က ၿမိဳ႕တြင္းၿမိဳ႕ျပင္မွာ ရွာေဖြေနပံုမ်ဳိး လႈပ္ရွားမႈေတြ ရွိေနတယ္လို႔ ေဒသခံ PDF တဦးကေျပာပါတယ္။ ျမင္းျခံၿမိဳ႕မွာေတာ့ ရပ္ေက်းဥကၠ႒ေဟာင္းတေယာက္အိမ္ကို လူတခ်ိဳ႕ ဝင္ပစ္တာေၾကာင့္ သားျဖစ္သူ ေသဆုံးၿပီး ညီကေတာ့ မႏၲေလးေဆး႐ုံမွာ အေရးေပၚအေျခအေနနဲ႔ ရွိေနပါတယ္။ ဒီအေၾကာင္းေတြအပါအဝင္ ႏိုင္ငံတဝန္း ပစ္ခတ္မႈနဲ႔ ဖမ္းဆီးမႈေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

ကေလးၿမိဳ႕၊ ေဒသစစ္ဆင္ေရးကြပ္ကဲမႈဌာနကေန လက္နက္အျပည့္အစံုနဲ႔ ထြက္ေျပးသြားတယ္ဆိုတဲ့ စစ္သားေတြနဲဲ႔ပတ္သက္ၿပီး အေျခအေန အတိအက်သိရဖို႔ ေစာင့္ေနတံုးပဲလို႔ ကေလးၿမိဳ႕ PDF တပ္ဖြဲ႕ဝင္တဦးက VOA ကို ေျပာပါတယ္။

“က်ေနာ္လည္း အတည္ေတာ့မျပဳႏိုင္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ ေရာက္မလာႏိုင္ေသးတဲ့အတြက္ က်ေနာ္တို႔ အတည္ေတာ့ မျပဳႏိုင္ေသးဘူးဗ်။ မေန႔ကမနက္မွာ သူတို႔စီတာနဲ႔ ထြက္ရင္း ၾကားမွာ နယ္ေျမရွင္းလင္းဖို႔ ကားနဲ႔လာတဲ့အခါမွာ အေယာက္ ၂၀ က လက္နက္နဲ႔တကြ အေနာက္ဘက္ကို ထြက္ေျပးသြားတယ္ေပါ့ေနာ္၊ ထြက္ေျပးတဲ့ခါမွာ စစ္ေကာင္စီက ရဟတ္ယာဥ္နဲ႔ေကာ တေနကုန္လိုက္ရွာတယ္၊ ဒီေန႔လည္း လိုက္ရွာတယ္၊ သူတို႔ထြက္ေျပးတဲ့အခ်ိန္မွာ ႐ြာသားတယာက္ရဲ႕ ကူအညီနဲ႔ PDF တယာက္နဲ႔ သူတို႔ လာခ်ိတ္ဆက္တယ္ေပါ့၊ လက္နက္ခ်ၿပီးေတာ့ PDF ေတြဆီကို ဆက္သြယ္ခ်င္တယ္ ဆိုၿပီးေတာ့မွ လာေျပာတယ္ေပါ့၊ ဒါေပမယ့္ က်ေနာ္တို႔ဆီ PDF ေတြဆီကို ေရာက္ေတာ့ ေရာက္မလာေသးဘူးဗ်၊ ခုထိက။ အစကေတာ့ ဒါေကာလာဟလပဲ ျဖစ္မွာပါဆိုၿပီးေတာ့ က်ေနာ္တို႔ ထင္ခဲ့တယ္ေပါ့ေႏွာ္။ အဲ့ဒီမွာ သူတို႔က တေနကုန္လိုက္ရွာတယ္။ ဒီေန႔လည္း လိုက္ရွာေနၾကတယ္ဆိုေတာ့ အဲ့ဒီအေျခအေနေၾကာင့္ က်ေနာ္တို႔ လက္ခံသြားတယ္။ ၿပီးေတာ့ စကစ အတြင္းထဲမွာေရာ ၿမိဳ႕ အထဲအျပင္ သူတို႔က ေျခရႈပ္ေနၾကတယ္ေပါ့ေႏွာ္။ ေတာ္ေတာ္ေလးကို ေျခရႈပ္ေနၾကတာကိုေတြ႔ေတာ့ ဒါ ျဖစ္ႏိုင္ေျခမ်ားတယ္ေပါ့ေႏွာ္။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ PDF ေတြဆီကို ေရာက္မလာေသးတဲ့အတြက္ကို ဒါ အဲ့ေလာက္ႀကီး ဟုတ္တယ္လို႔ေတာ့ က်ေနာ္တို႔ ရဲရဲႀကီး မေျပာႏိုင္ေသးဘူးဗ်။"

ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကလည္း တခုခုထုတ္ျပန္တာ မရွိေသးပါဘူး။
ျမင္းၿခံၿမိဳ႕က၊ ေခ်ာင္းေဒါင္းေက်း႐ြာမွာေတာ့ မေန႔ကည ၈ နာရီခြဲ ဝန္းက်င္ေလာက္က ဧရာဝတီေသြးလွဴရွင္အသင္းဥကၠ႒ ဦးကိုနီရဲ႕အိမ္ကို လူတစုက ေသနတ္နဲ႔ လာေရာက္ပစ္ခတ္တာေၾကာင့္ ဦးကိုနီရဲ႕သားျဖစ္သူနဲ႔ ညီျဖစ္သူတို႔ ဒဏ္ရာရခဲ့တာမွာ သားျဖစ္သူက ျမင္းၿခံၿမိဳ႕ ေဆး႐ုံမွာ ေသဆုံးသြားၿပီး ညီျဖစ္သူကေတာ့ မႏၲေလးေဆး႐ုံမွာ အေရးေပၚ အေျခအေနနဲ႔ ရွိေနပါတယ္။

NLD အစိုးရလက္ထက္က ေခ်ာင္းေဒါင္းေက်း႐ြာရဲ႕ ရပ္ေက်းဥကၠ႒ျဖစ္ခဲ့တဲ့ ဦးကိုနီကို ပုဒ္မ ၅၀၅ (က) နဲ႔ ဝရမ္းထုတ္ခံရတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရာကေန ေနရပ္ကိုျပန္လာၿပီး ကိုဗစ္နဲ႔ပတ္သက္တဲ့ ပရဟိတ လုပ္ငန္းေတြ ျပန္လုပ္ကိုင္ေနခ်ိန္မွာ ခုလို ျဖစ္သြားတာလို႔ ျမင္းၿခံေဒသခံတဦးက VOA ကို ေျပာပါတယ္။

“သူ႔သားနဲ႔ သူ႔ညီနဲ႔ေပါ့ ထိတာ၊ သူ႔သားက ဗိုက္မွန္တယ္။ သူ႔ညီက လက္မွန္တယ္။ ဦးကိုနီက ထမင္းစားခန္းထဲမွာ ထမင္းစားေနေတာ့ သူလြတ္သြားတယ္။ ခု သူ႔ညီက မႏၲေလးမွာ အေရးေပၚတင္ထားရတယ္လို႔ ေျပာတယ္။ သူ႔ကို အရင္က ၅၀၅ ထုတ္ထားတာေလ။ သူက စာရင္းပါတယ္။ အုပ္ႀကီးေတြ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြ ထုတ္တဲ့ထဲမွာ က်ေနာ္တို႔ အမွတ္ ၂၀ ရယ္၊ အမွတ္ ၆ ရယ္၊ အမွတ္ ၁၄ ရယ္၊ ၅၀၅ ေတြ ထုတ္ထားတာဗ်ာ။ အဲ့မွာ တိမ္းေရွာင္ေနတာမွာ ဦးကိုနီက ျပန္လာၿပီးေတာ့ က်ေနာ္တို႔ ဘာေခၚမလဲ အသနားခံစာလား၊ ဘာလား အဲ့ဒါတင္ထားၿပီးေတာ့ သူ႔ရဲ႕ ပရဟိတလုပ္ငန္းေတြ၊ ေသြးအလွဴရွင္အသင္းလုပ္ငန္းေတြ၊ ေအာက္စီဂ်င္လိုရင္ ျဖည့္ေပးတာေတြ လုပ္ေပးေနတဲ့အခ်ိန္မွာ ခုလို ျဖစ္တာေပါ့ေနာ္။”

ႏိုင္ငံတဝန္းမွာ ပစ္ခတ္မႈေတြ ဖမ္းဆီးမႈေတြ ရွိေနေပမယ့္ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကလည္း ေဒသတခ်ဳိ႕မွာ ရသေလာက္အင္အားနဲ႔ ဆက္ၿပီး ခ်ီတက္ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။
မႏၲေလး၊ ကေလး၊ ထားဝယ္၊ ေလာင္းလုံး၊ ေရျဖဴ စတဲ့ေဒသေတြမွာ ဒီကေန႔ စစ္အာဏာသိမ္းမႈ ၇ လျပည့္ၿပီးတဲ့အထိ အဖမ္းအဆီးေတြၾကားက စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။

................................................................................................

ကေလးမွာ စစ္သားတခ်ဳိ႕ထြက္ေျပးတဲ့သတင္းထြက္
please wait

No media source currently available

0:00 0:04:00 0:00
တိုက္႐ိုက္ လင့္ခ္


ကလေးမှာ စစ်သားတချို့ထွက်ပြေးတဲ့သတင်းထွက်

(Unicode)

ကလေးမြို့အခြေစိုက် စစ်တပ်က စစ်သား အယောက် ၂၀ လက်နက်အပြည့်အစုံနဲ့ တပ်ထဲကနေ ထွက်ပြေးသွားတဲ့သတင်း ထွက်နေပြီး သက်ဆိုင်ရာစစ်တပ်က မြို့တွင်းမြို့ပြင်မှာ ရှာဖွေနေပုံမျိုး လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံ PDF တဦးကပြောပါတယ်။ မြင်းခြံမြို့မှာတော့ ရပ်ကျေးဥက္ကဋ္ဌဟောင်းတယောက်အိမ်ကို လူတချို့ ဝင်ပစ်တာကြောင့် သားဖြစ်သူ သေဆုံးပြီး ညီကတော့ မန္တလေးဆေးရုံမှာ အရေးပေါ်အခြေအနေနဲ့ ရှိနေပါတယ်။ ဒီအကြောင်းတွေအပါအဝင် နိုင်ငံတဝန်း ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

ကလေးမြို့၊ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနကနေ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ စစ်သားတွေနဲ့ပတ်သက်ပြီး အခြေအနေ အတိအကျသိရဖို့ စောင့်နေတုံးပဲလို့ ကလေးမြို့ PDF တပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ကျနော်လည်း အတည်တော့မပြုနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ရောက်မလာနိုင်သေးတဲ့အတွက် ကျနော်တို့ အတည်တော့ မပြုနိုင်သေးဘူးဗျ။ မနေ့ကမနက်မှာ သူတို့စီတာနဲ့ ထွက်ရင်း ကြားမှာ နယ်မြေရှင်းလင်းဖို့ ကားနဲ့လာတဲ့အခါမှာ အယောက် ၂၀ က လက်နက်နဲ့တကွ အနောက်ဘက်ကို ထွက်ပြေးသွားတယ်ပေါ့နော်၊ ထွက်ပြေးတဲ့ခါမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ကော တနေကုန်လိုက်ရှာတယ်၊ ဒီနေ့လည်း လိုက်ရှာတယ်၊ သူတို့ထွက်ပြေးတဲ့အချိန်မှာ ရွာသားတယာက်ရဲ့ ကူအညီနဲ့ PDF တယာက်နဲ့ သူတို့ လာချိတ်ဆက်တယ်ပေါ့၊ လက်နက်ချပြီးတော့ PDF တွေဆီကို ဆက်သွယ်ချင်တယ် ဆိုပြီးတော့မှ လာပြောတယ်ပေါ့၊ ဒါပေမယ့် ကျနော်တို့ဆီ PDF တွေဆီကို ရောက်တော့ ရောက်မလာသေးဘူးဗျ၊ ခုထိက။ အစကတော့ ဒါကောလာဟလပဲ ဖြစ်မှာပါဆိုပြီးတော့ ကျနော်တို့ ထင်ခဲ့တယ်ပေါ့နှော်။ အဲ့ဒီမှာ သူတို့က တနေကုန်လိုက်ရှာတယ်။ ဒီနေ့လည်း လိုက်ရှာနေကြတယ်ဆိုတော့ အဲ့ဒီအခြေအနေကြောင့် ကျနော်တို့ လက်ခံသွားတယ်။ ပြီးတော့ စကစ အတွင်းထဲမှာရော မြို့ အထဲအပြင် သူတို့က ခြေရှုပ်နေကြတယ်ပေါ့နှော်။ တော်တော်လေးကို ခြေရှုပ်နေကြတာကိုတွေ့တော့ ဒါ ဖြစ်နိုင်ခြေများတယ်ပေါ့နှော်။ ကျနော်တို့ကတော့ ကျနော်တို့ PDF တွေဆီကို ရောက်မလာသေးတဲ့အတွက်ကို ဒါ အဲ့လောက်ကြီး ဟုတ်တယ်လို့တော့ ကျနော်တို့ ရဲရဲကြီး မပြောနိုင်သေးဘူးဗျ။"

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တခုခုထုတ်ပြန်တာ မရှိသေးပါဘူး။
မြင်းခြံမြို့က၊ ချောင်းဒေါင်းကျေးရွာမှာတော့ မနေ့ကည ၈ နာရီခွဲ ဝန်းကျင်လောက်က ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီရဲ့အိမ်ကို လူတစုက သေနတ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် ဦးကိုနီရဲ့သားဖြစ်သူနဲ့ ညီဖြစ်သူတို့ ဒဏ်ရာရခဲ့တာမှာ သားဖြစ်သူက မြင်းခြံမြို့ ဆေးရုံမှာ သေဆုံးသွားပြီး ညီဖြစ်သူကတော့ မန္တလေးဆေးရုံမှာ အရေးပေါ် အခြေအနေနဲ့ ရှိနေပါတယ်။

NLD အစိုးရလက်ထက်က ချောင်းဒေါင်းကျေးရွာရဲ့ ရပ်ကျေးဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးကိုနီကို ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရာကနေ နေရပ်ကိုပြန်လာပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ ပရဟိတ လုပ်ငန်းတွေ ပြန်လုပ်ကိုင်နေချိန်မှာ ခုလို ဖြစ်သွားတာလို့ မြင်းခြံဒေသခံတဦးက VOA ကို ပြောပါတယ်။

“သူ့သားနဲ့ သူ့ညီနဲ့ပေါ့ ထိတာ၊ သူ့သားက ဗိုက်မှန်တယ်။ သူ့ညီက လက်မှန်တယ်။ ဦးကိုနီက ထမင်းစားခန်းထဲမှာ ထမင်းစားနေတော့ သူလွတ်သွားတယ်။ ခု သူ့ညီက မန္တလေးမှာ အရေးပေါ်တင်ထားရတယ်လို့ ပြောတယ်။ သူ့ကို အရင်က ၅၀၅ ထုတ်ထားတာလေ။ သူက စာရင်းပါတယ်။ အုပ်ကြီးတွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ထုတ်တဲ့ထဲမှာ ကျနော်တို့ အမှတ် ၂၀ ရယ်၊ အမှတ် ၆ ရယ်၊ အမှတ် ၁၄ ရယ်၊ ၅၀၅ တွေ ထုတ်ထားတာဗျာ။ အဲ့မှာ တိမ်းရှောင်နေတာမှာ ဦးကိုနီက ပြန်လာပြီးတော့ ကျနော်တို့ ဘာခေါ်မလဲ အသနားခံစာလား၊ ဘာလား အဲ့ဒါတင်ထားပြီးတော့ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေ၊ သွေးအလှူရှင်အသင်းလုပ်ငန်းတွေ၊ အောက်စီဂျင်လိုရင် ဖြည့်ပေးတာတွေ လုပ်ပေးနေတဲ့အချိန်မှာ ခုလို ဖြစ်တာပေါ့နော်။”

နိုင်ငံတဝန်းမှာ ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကလည်း ဒေသတချို့မှာ ရသလောက်အင်အားနဲ့ ဆက်ပြီး ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
မန္တလေး၊ ကလေး၊ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ စတဲ့ဒေသတွေမှာ ဒီကနေ့ စစ်အာဏာသိမ်းမှု ၇ လပြည့်ပြီးတဲ့အထိ အဖမ်းအဆီးတွေကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG