သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးမႈေတြၾကား ဆႏၵျပပြဲေတြ ဆက္ရွိေနဆဲ


၁၉၉ ရက္ေျမာက္ ကလေးျမိဳ့က ဆႏၵျပပြဲ ( ဓာတ္ပံု- CJ)

(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႕အပါအဝင္ ျမန္မာႏုိင္ငံ ေဒသအမ်ားအျပားမွာ ဒီရက္ပိုင္းေတြအတြင္း စစ္တပ္နဲ႔ရဲက ပစ္ခတ္တာေတြ၊ ရွာေဖြဖမ္းဆီးတာေတြ ပိုလုပ္လာေနတဲ့ၾကားမွာပဲ ေဒသတခ်ဳိ႕မွာ ဆႏၵျပပြဲေတြ ဆက္ရွိေနဆဲပါပဲ။

မႏၲေလး၊ မံုရြာ၊ ကေလး၊ တန္႔ဆည္ စတဲ့ၿမိဳ႕ေတြအျပင္ ေရႊဘို၊ ဂန္႔ေဂါ၊ ယင္းမာပင္၊ ေလာင္းလံုး စတဲ့ၿမိဳ႕ေတြမွာလည္း ရဟန္းသံဃာ၊ လူႀကီး၊ လူငယ္၊ ေက်ာင္းသား စသည္အားျဖင့္ ခ်ီတက္ ဆႏၵျပပြဲေတြ မနက္ပိုင္း၊ ေန႔လည္ပိုင္း၊ ညေနပိုင္း၊ ညဘက္ စတဲ့အခ်ိန္ေတြမွာ အသီးသီးလုပ္ခဲ့ၾကပါတယ္။

အာဏာသိမ္းခဲ့ခ်ိန္ကတည္းကေန ဒီကေန႔အထိဆိုရင္ ႏိုင္ငံတဝန္းမွာ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ေသဆံုးသူ ၁,၀၁၆ ေယာက္ထက္မနည္း ရွိၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူေပါင္းက ၅,၉၃၇ ေယာက္ထက္မနည္းရွိၿပီလို႔ ႏုိင္ငံေ၇းအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။

အဖမ္းခံထားရသူေတြထဲမွာ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲခံထားရသူက ၂၀% နီးပါးရွိတယ္လို႔ AAPP က ထုတ္ျပန္တဲ့ကိန္းဂဏန္းေတြကို ကိုးကားၿပီး ISP-Myanmar က ျပုစုထုတ္ျပန္ထားပါတယ္။

.......................................................................................

ဖမ်းဆီးမှုတွေကြား ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲ

(Unicode)

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအများအပြားမှာ ဒီရက်ပိုင်းတွေအတွင်း စစ်တပ်နဲ့ရဲက ပစ်ခတ်တာတွေ၊ ရှာဖွေဖမ်းဆီးတာတွေ ပိုလုပ်လာနေတဲ့ကြားမှာပဲ ဒေသတချို့မှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲပါပဲ။

မန္တလေး၊ မုံရွာ၊ ကလေး၊ တန့်ဆည် စတဲ့မြို့တွေအပြင် ရွှေဘို၊ ဂန့်ဂေါ၊ ယင်းမာပင်၊ လောင်းလုံး စတဲ့မြို့တွေမှာလည်း ရဟန်းသံဃာ၊ လူကြီး၊ လူငယ်၊ ကျောင်းသား စသည်အားဖြင့် ချီတက် ဆန္ဒပြပွဲတွေ မနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း၊ ညဘက် စတဲ့အချိန်တွေမှာ အသီးသီးလုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းခဲ့ချိန်ကတည်းကနေ ဒီကနေ့အထိဆိုရင် နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ ၁,၀၁၆ ယောက်ထက်မနည်း ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၅,၉၃၇ ယောက်ထက်မနည်းရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရသူက ၂၀% နီးပါးရှိတယ်လို့ AAPP က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကို ကိုးကားပြီး ISP-Myanmar က ပြုစုထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG