သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးနှစ်ပတ်လည် ဆန္ဒပြပွဲတချို့ရှိ


၃၃ နှစ်မြောက် ၈ လေးလုံအရေးတော်ပုံအထိမ်းအမှတ် ကလေးမြို့ချီတက်ဆန္ဒပြမြင်ကွင်း။ (ဓာတ်ပုံ-CJ)
၃၃ နှစ်မြောက် ၈ လေးလုံအရေးတော်ပုံအထိမ်းအမှတ် ကလေးမြို့ချီတက်ဆန္ဒပြမြင်ကွင်း။ (ဓာတ်ပုံ-CJ)

Zawgyi/Unicode

ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံးပြောင်းလဲမှုဖြစ်စေခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၈.၈.၈၈) ကြီးဖြစ်ပေါ်ခဲ့တဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ်နဲ့ မြန်မာနိုင်ငံအတွင်းက မြို့နယ်အတော်များများမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီက လုံခြုံရေးတွေ တင်းကြပ်စွာ ချထားတဲ့ကြားကပဲ မန္တလေးမြို့က မြတောင်စစ်ကြောင်းဟာ ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်နဲ့ လမ်းတွေပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် မန္တလေးမြို့က တက္ကသိုလ်ကျောင်းသား သမဂ္ဂများစစ်ကြောင်းဟာလည်း “၈၈ ကသွေးကြွေးဟောင်း၊ ၂၁ မှာ အပြီးတောင်း” ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တချိန်ထဲမှာဘဲ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးလုပ်ငန်းတွေ အရှိန်မြင့်လုပ်ဆောင်ဖို့နဲ့ မြေပြင်သပိတ်တိုက်ပွဲတွေ ပိုမို အားကောင်းလာစေရေးအတွက် ရည်ရွယ်ပြီး “မန္တလေး သပိတ်အင်အားစု” ကို ဖွဲ့စည်းလိုက်ကြောင်း မန္တလေးမြို့မှာရှိတဲ့ သပိတ်စစ်ကြောင်း ၉ ခုက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီမုကရေစီအရေး လူထုလှုပ်ရှားမှုကြီး ၃၃ နှစ် ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့အပါအဝင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့က သပိတ်စစ်ကြောင်း၊ တန့်ဆည်မြို့ လူငယ်တွေရဲ့သပိတ်စစ်ကြောင်း၊ ကချင်ပြည်နယ် မိုးကောင်းမြို့ လူငယ်တွေရဲ့ ရှစ်လေးလုံး အရေးတော်ပုံစစ်ကြောင်း စသဖြင့် မြန်မာနိုင်ငံတဝန်းက မြို့နယ်အတော်များများမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီ ရရှိရေးအတို့အတွက် ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီ လူထုအရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတဲ့နောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ထောင်ချီ သေဆုံးခဲ့တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်


=======

Unicode

၈ လေးလုံးနှဈပတျလညျ ဆန်ဒပွပှဲတခြို့ရှိ






#8888 #MyanmarPolitics #MyanmarMilitaryCoup #MyanmarProtest #VOABurmese

XS
SM
MD
LG