သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဆန္႔က်င္ပဲြ မံုရြာမွာ ဆက္ျဖစ္


စစ္ေကာင္စီဆန္႔က်င္ပဲြ မံုရြာမွာ ဆက္ျဖစ္ (Photo-CJ)

စစ္ကိုင္းတုိင္း မုံရြာၿမိဳ႕မွာ စစ္ေကာင္စီက ထုတ္ျပန္တဲ့အမိန္႔ေတြကို ဆန္႔က်င္တဲ့အေနနဲ႔ ဆႏၵျပတဲ့သူေတြဟာ မေန႔က လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ မုံရြာ နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာလည္း အေသးစားဗုံးေပါက္ကဲြမႈေတြျဖစ္ပြားခဲ့ၿပီး ထိခုိက္ဒဏ္ရာရတာမရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

ဒီအေၾကာင္းအျပည့္အစုံကိုေတာ ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြ ႏုိ္င္ငံတ၀န္းကၿမိဳ႕ေတြမွာ မေန႔က ဆက္လက္ျဖစ္ပြားခဲ့ၿပီး၊ စစ္ကုိင္တုိင္း မုံရြာၿမိဳ႕မွာလည္း ဆႏၵျပခဲ့ၾကပါတယ္။ အာဏာပိုင္ေတြဘက္က မုံရြာၿမိဳ႕မွာေတာ့ မနက္ ၁၁ နာရီကေန ညေန ၄ နာရီအထိ လူေတြကို အျပင္မထြက္ဘဲေနဖို႔ အမိန္႔ထုတ္ျပန္လိုက္တာ အပါအ၀င္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ မုံရြာပင္မသပိတ္စစ္ေၾကာင္းက ဆႏၵျပလူငယ္ ၁၀၀ ေလာက္ ေစ်းေဟာင္းမွာ စုေ၀း ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပေခါင္းေဆာင္တဥိးျဖစ္တဲ့ ကိုခန္႔ေ၀ၿဖိဳးက ေျပာပါတယ္။

က်န္းမာေရး နဲ႔ အားကစား၀န္ႀကီးဌာနကေတာ့ မုံရြာၿမိဳ႕ကို Stay at Home ၿမိဳ႕နယ္ အျဖစ္သတ္မွတ္ထားၿပီး ၊ မုံရြာခ႐ုိင္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကလည္း ပါဆယ္စနစ္နဲ႔ေရာင္းခ်ေနတဲ့ စားေသာက္ဆုိင္ေတြနဲ႔ လက္ဖက္ရည္ဆုိင္ေတြကို မနက္ ၁၀ နာရီကေန ညေန ၄ နာရီအထိ ပိတ္ထားဖို႔ အမိန္႔ထုတ္ျပန္လိုက္ပါတယ္။ စစ္ေကာင္စီဘက္က အခုလို အမိန္႔ထုတ္ျပန္လိုက္တာဟာ ေနာက္ကြယ္မွာ ေရာဂါထိန္းခ်ဳပ္ဖို႔ထက္ ႏုိင္ငံေရးအရ ရည္ရြယ္ခ်က္ေတြ ပါေနတယ္လို႔ ရႈျမင္တယ္လို႔ ကိုခန္႔ေ၀ၿဖိဳးက ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းတာ ၆ လေက်ာ္လာတဲ့အထိ ႏုိင္ငံတ၀န္းၿမိဳ႕ေတြမွာ ဆႏၵျပတာေတြ ဆက္ျဖစ္ေနၿပီး၊ မေန႔ကေတာ့ မႏၱေလး၊ ပခုကၠဴ၊ ကေလး၊ ဆားလင္းႀကီ၊ တန္႔ဆည္၊ လုံးခင္း၊ ဖယ္ခုံ၊ ထား၀ယ္ ၊ ဘားအံ၊ စတဲ့ၿမိဳ႕ေတြမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပတဲ့အေနနဲ႔ ဆႏၵျပျပည္သူေတြက မတရားတဲ့အမိန္႔အာဏာဟူသမွ်ဖီဆန္က် ဆုိတဲ့ ေႁကြးေၾကာ္သံေတြ နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပပဲြေတြျဖစ္ေနတဲ့တခ်ိ္န္တည္းမွာပဲ တဘက္မွာလည္း ပစ္ခတ္မႈေတြ၊ ဗုံးေပါက္မႈေတြလည္းရွိေနၿပီး မေန႔ကေတာ့ မုံရြာၿမိဳ႔မွာ ဗုံးတလုံး ေပါက္ကဲြခဲ့သလို၊ ရန္ကုန္က ၾကည့္ျမင္တုိင္ နဲ႔ စမ္းေခ်ာင္းၿမိဳ႕နယ္ေတြမွာလည္း ဗုံးေပါက္ကဲြမႈေတြရွိခဲ့ပါတယ္ ၾကည့့္္ျမင္တုိင္ၿမိဳ႕နယ္မွာ မေန႔က ဗုံးေပါက္ကဲြမႈ နဲ႔ပတ္သက္ၿပီး ၾကည့္ျမင္တုိင္ၿမိဳ႕နယ္မွာ ေနထုိင္သူတဦးက ေျပာပါတယ္။

ဒီဗုံးေပါက္ကဲြမႈအတြင္း ထိခုိက္ဒဏ္ရာရတဲ့သူရွိတယ္လို႔ မသိရေပမယ့္၊ အခုလို ေပါက္ကဲြမႈေတြအပါအ၀င္ စေနေန႔က ၿမိဳ႕ပတ္ရထားေပၚမွာ ရဲေတြပစ္ခတ္ခံရတာေတြေၾကာင့္ အဲဒီအနီးနားတ၀ိုက္မွာ လုံၿခဳံေရးေတြ တုိးျမွင့္ခ်ထားတာေတြေတာ့ ရွိလာေနတယ္လို႔ အဆုိပါၿမိဳ႕နယ္ေတြမွာ ေနထုိင္သူေတြက ေျပာပါတယ္။

စစ္ေကာင္စီဆန္႔က်င္ပဲြ မံုရြာမွာ ဆက္ျဖစ္
please wait

No media source currently available

0:00 0:03:52 0:00

စစ်ကောင်စီဆန့်ကျင်ပွဲ မုံရွာမှာ ဆက်ဖြစ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့အမိန့်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြတဲ့သူတွေဟာ မနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မုံရွာ နဲ့ ရန်ကုန်မြို့တွေမှာလည်း အသေးစားဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီအကြောင်းအပြည့်အစုံကိုတော ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းကမြို့တွေမှာ မနေ့က ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကိုင်တိုင်း မုံရွာမြို့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေဘက်က မုံရွာမြို့မှာတော့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ လူတွေကို အပြင်မထွက်ဘဲနေဖို့ အမိန့်ထုတ်ပြန်လိုက်တာ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မုံရွာပင်မသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ် ၁၀၀ လောက် ဈေးဟောင်းမှာ စုဝေး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြခေါင်းဆောင်တဥိးဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနကတော့ မုံရွာမြို့ကို Stay at Home မြို့နယ် အဖြစ်သတ်မှတ်ထားပြီး ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီကလည်း ပါဆယ်စနစ်နဲ့ရောင်းချနေတဲ့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီဘက်က အခုလို အမိန့်ထုတ်ပြန်လိုက်တာဟာ နောက်ကွယ်မှာ ရောဂါထိန်းချုပ်ဖို့ထက် နိုင်ငံရေးအရ ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ရှုမြင်တယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာ ၆ လကျော်လာတဲ့အထိ နိုင်ငံတဝန်းမြို့တွေမှာ ဆန္ဒပြတာတွေ ဆက်ဖြစ်နေပြီး၊ မနေ့ကတော့ မန္တလေး၊ ပခုက္ကူ၊ ကလေး၊ ဆားလင်းကြီ၊ တန့်ဆည်၊ လုံးခင်း၊ ဖယ်ခုံ၊ ထားဝယ် ၊ ဘားအံ၊ စတဲ့မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့အနေနဲ့ ဆန္ဒပြပြည်သူတွေက မတရားတဲ့အမိန့်အာဏာဟူသမျှဖီဆန်ကျ ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေဖြစ်နေတဲ့တချိန်တည်းမှာပဲ တဘက်မှာလည်း ပစ်ခတ်မှုတွေ၊ ဗုံးပေါက်မှုတွေလည်းရှိနေပြီး မနေ့ကတော့ မုံရွာမြို့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့သလို၊ ရန်ကုန်က ကြည့်မြင်တိုင် နဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေရှိခဲ့ပါတယ် ကြည့့််မြင်တိုင်မြို့နယ်မှာ မနေ့က ဗုံးပေါက်ကွဲမှု နဲ့ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့သူရှိတယ်လို့ မသိရပေမယ့်၊ အခုလို ပေါက်ကွဲမှုတွေအပါအဝင် စနေနေ့က မြို့ပတ်ရထားပေါ်မှာ ရဲတွေပစ်ခတ်ခံရတာတွေကြောင့် အဲဒီအနီးနားတဝိုက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေတော့ ရှိလာနေတယ်လို့ အဆိုပါမြို့နယ်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG