သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်တပြက်ဆန္ဒပြမှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုတချို့ဆက်ရှိနေ


၈ လေးလုံးအထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ (ဓာတ်ပုံ GSC) Aug 8, 2021
၈ လေးလုံးအထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ (ဓာတ်ပုံ GSC) Aug 8, 2021

Zawgyi/Unicode

စစ်တပ်က အာဏာသိမ်းတာ ၈ လနီးပါးရှိလာတဲ့အထိ နိုင်ငံတဝန်း လျှပ်တပြက် ဆန္ဒပြမှုတွေရှိနေသလို ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတချို့လည်း ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ကောလင်းမှာ ဒီနေ့မနက်က စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး ဒုရဲအုပ်တဦးနဲ့ စစ်သားတဦး သေဆုံးပါတယ်။ ဒီလိုပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။

ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာလည်း ၈၈၈၈ အရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြမှုတွေ နိုင်ငံတဝန်းက မြို့တချို့မှာ ပြုလုပ်ခဲ့သလို ရန်ကုန်မြို့မှာလည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC က ဦးဆောင်ပြီး အလုပ်သမားတွေနဲ့ ကျောင်းသားတွေပါဝင်တဲ့ လျှပ်တပြက်ဆန္ဒပြမှုလုပ်ခဲ့ပါတယ်။ ‘မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း’ ဆိုတဲ့ ခေါင်းစည်းစာတန်းနဲ့ အချိန်တိုဆန္ဒပြခဲ့ကြတာပါ။ ရန်ကုန် ဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံအလံကိုပါ ကိုင်ပြီး ထိုင်းနိုင်ငံက အဖိနှိပ်ခံတွေနဲ့ အတူရပ်တည်ကြောင်း ‘In Solidarity with Thai Oppressed’ ဆိုတဲ့ စာတန်းကိုပါ ကိုင်ပြီး ချီတက်ခဲ့ကြတာပါ။

မန္တလေးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ၈၈၈၈ အရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ် လျှပ်တပြတ်ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ သံဃာ့သမဂ္ဂ စစ်ကြောင်းဟာ အချိန်ခဏတာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဆိုပြီး ဆန္ဒပြလူငယ်တွေကို ရပ်ကွက်နေ ပြည်သူတွေက ကူညီပေးကြဖို့ မြတောင်သပိတ်ခေါင်းဆောင်တဦးက တောင်းဆိုပါတယ်။

“ကျနော်တို့က ၈၈၈၈ နှစ်ပတ်လည်နဲ့အညီပေါ့နှော်၊ ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်းဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီရက်ပိုင်းမှာ ကျနော်တို့ လှုပ်ရှားဖြစ်တယ်ဗျ။ အဓိကက- ဒီဆန္ဒပြပွဲတွေဆိုတဲ့ အပိုင်းကဏ္ဍကလည်း ဒီအရေးတော်ပုံကြီးရဲ့ တကယ်အရေးပါတဲ့အပိုင်း အခန်းကဏ္ဍကနေ ပါဝင်နေဆဲပါပဲ။ အဲ့ဒါကြောင့်ပဲ ကျနော်တို့ ဆန္ဒပြနေတဲ့လူတွေကို တွေ့တယ်ဆိုရင် ရပ်ကွက်ထဲမှာရှိတဲ့ ပြည်သူတွေကလည်း ကျနော်တို့ သပိတ်စစ်ကြောင်းလေးနဲ့အတူ ပါဝင်ပေးဖို့ပေါ့နှော်။ သူတို့ရဲ့ လုံခြုံရေးတွေကိုလည်း ကူညီစောင့်ရှောက်ပေးဖို့ အကြံပြုချင်ပါတယ်ဗျ။”

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ကားကြီးကွင်းအနီးက မြို့အဝင် ကြူတောစစ်ဆေးရေးဂိတ်မှာ ဒီမနက် ၉ နာရီခွဲလောက်က ဗုံးပေါက်ကွဲလို့ ဒုရဲအုပ် အောင်မျိုးသန့်နဲ့ စစ်သားတဦး သေဆုံးပြီး ရဲတဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကားကြီးဝင်းဂိတ်ကို ဗုံးနဲ့ လာထုသွားတယ်။ ရဲတယောက် စစ်သားတယောက်သေတယ်။ ရဲက ဒုရဲအုပ်။ ၂ ယောက်ဒဏ်ရာရတယ်။ စည်ပင်ကတယောက် ရဲကတယောက်။”

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က အမှတ်၁ ရဲစခန်းဝင်းထဲကို ဒီကနေ့ နေ့လည်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှု တခုဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာလည်း ဒီကနေ့ နေ့လည်ပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးအနီးမှာ ပေါက်ကွဲမှု တခုဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်က ရွာပေါင်းစုံ စုပေါင်းသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ကဗျာဆရာခက်သီ ကျဆုံးခြင်း ၃ လပြည့် အထိမ်းအမှတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပြင် ကလေး၊ တန့်ဆည်၊ ဘုတလင်၊ ရွေဘိုမြိုင်၊ နတ်မောက် စတဲ့ နိုင်ငံတဝန်းက မြို့တွေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Unicode

လြှပျတပွကျဆန်ဒပွမှုနဲ့ ဗုံးခှဲတိုကျခိုကျမှုတခြို့ဆကျရှိနေ










#MyanmarMilitaryCoup #MyanmarProtest #MyanmarViolence #VOABurmese

XS
SM
MD
LG