သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး အိုးဘိုေထာင္တြင္း ဆႏၵျပသူေတြကို စစ္ေဆးေန


မႏၱေလး ဗဟိုအက်ဥ္းေထာင္ (ဓာတ္ပံု- အိုးဘိုေထာင္ ဖဘ)

Zawgyi/Unicode

မႏၲေလး အိုးဘိုအက်ဥ္းေထာင္ထဲမွာ မေန႔တုန္းက ဆႏၵျပမႈျဖစ္ခဲ့ၿပီး ဆႏၵျပမႈမွာပါဝင္သူေတြကို စစ္ေဆးေမးျမန္းေနတယ္လို႔ အက်ဥ္းဦးစီးဌာန တာဝန္ရွိသူေတြက VOA ကို ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို အလိမၼာေျပာျပမွာပါ။

အိုးဘိုေထာင္ထဲမွာ ပုဒ္မ ၅၀၅ နဲ႔ စြဲဆိုခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ဦးေဆာင္ၿပီး မေန႔ညပိုင္းက ဆႏၵျပေတာင္းဆိုမႈေတြျဖစ္ခဲ့တာလို႔သိရပါတယ္။ ရွစ္ေလးလုံးႏွစ္ပတ္လည္ေန႔ျဖစ္တာမို႔လည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဒီမိုကေရစီေရး ဟစ္ေႂကြးေတာင္းဆိုေနတာကို ေထာင္ျပင္ပကေန အတိုင္းသားၾကားခဲ့ရၿပီး ဗြီဒီယိုအသံဖိုင္ေတြလည္း လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ျပန႔္ႏွံ႔ေနခဲ့ပါတယ္။ ဆႏၵျပပါဝင္သူေတြကို ႏွိပ္စက္ အျပစ္ေပးအေရးယူ တိုက္ပိတ္ခံရမွာကို မိသားစုဝင္ေတြက စိုးရိမ္ေနပါတယ္။

ၾသဂုတ္လ၊ ၈ ရက္ ညပိုင္း မႏၲေလး အိုးဘိုအက်ဥ္ေထာင္တြင္းမွာ ေႂကြးေၾကာ္ဆႏၵျပမႈနဲ႔အတူ ေသနတ္ေဖာက္သံေတြလည္း ၾကားရတဲ့အေၾကာင္း ေထာင္ျပင္ပေနထိုင္သူတဦးက သူၾကားခဲ့တဲ့ ေထာင္တြင္းေႂကြးေၾကာ္ဆႏၵျပမႈနဲ႔ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

“၉ နာရီဝန္းက်င္ေလာက္ သူတို႔ေထာင္တန္းပိတ္ခ်ိန္ေလာက္မွာ (ေႂကြးေၾကာ္သံ) ဒီအသံေတြေပ့ါကြ၊ အကိုတို႔ ဒီဆိုင္ထြက္တာကို အကိုတို႔က ေဈးဆိုင္ထြက္ေတာ့ ေဈးဆိုင္သိမ္းေနတဲ့အခ်ိန္ေလး အဲ့ကဆႏၵျပတဲ့ အဲ့အသံေတြထြက္လာတာကြ၊ “အေရးေတာ္ပုံေအာင္ရမည္တို႔၊ .... ဒို႔အေရး ဒို႔အေရးတို႔...

အဲ့အသံေတြေပါ့။ အုပ္စုလိုက္ အသံအက်ယ္ႀကီးထြက္လာတယ္။ ထြက္လာၿပီးေတာ့ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ေနေတာ့ က်ေတာ့ တရားေခြဖြင့္တဲ့အသံ ေထာင္ထဲကေနထြက္လာတာ။ အဲ့ တရားေခြ ဖြင့္တဲ့ အသံထြက္လာတယ္။ အဲ့တရားေခြဖြင့္တဲ့အသံ ဖြင့္ေနရင္းၾကားထဲက ေသနတ္သံ ႏွစ္ခ်က္ၾကားလိုက္ရတယ္။ အဲ့ ၉ နာရီ ၂၅ ေလာက္က်ေတာ့ နည္းနည္းၿငိမ္သြားတယ္။ လူသံေတြ ၿငိမ္သြားတယ္၊ သူတို႔ ဒီေထာင္ထဲက ဆႏၵျပတဲ့အသံေတြက အျပင္ထိထြက္လာတာကို ထြက္လာေတာ့ အဲ့အသံေတြကို

အုပ္ေအာင္လို႔ တရားေခြဖြင့္လိုက္တဲ့ သေဘာပဲ။”

ႏိုင္ငံေရးအက်ဥ္းသားေတြဟာ စစ္အာဏာရွင္စနစ္ျပဳတ္က်ေရး၊ ဒီမိုကေရစီရရွိေရး စတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ေႂကြးေၾကာ္ဆႏၵျပၾကတာလို႔ ေထာင္အနီးေနထိုင္သူေတြက ေျပာပါတယ္။

ဆႏၵျပခ်ိန္မွာ ေသနက္ပစ္ေဖာက္သံၾကားရတယ္ဆိုတဲ့ သတင္းနဲ႔ပတ္သက္လို႔ အိုးဘိုေထာင္တာဝန္ရွိသူေတြကို VOA က ေမးျမန္းေပမယ့္ တစုံတရာတုံ႔ျပန္ေျဖၾကားျခင္းမရွိပါဘူး။ ဆႏၵျပမႈမွာ လူ ၄၀ ေလာက္ပါဝင္တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။ ဒီလူေတြကို စစ္ေဆးေမးျမန္းေနတယ္လို႔ အက်ဥ္းဦးစီးထာန ဒုတိယၫႊန္ၾကားေရးမႉး ဦးခ်မ္းေအးေက်ာ္က VOA ကို ေျပာပါတယ္။

“လက္ရွိအေျခအေနက သူတို႔က စစ္ေဆးေနတယ္။ က်ေနာ္တို႔ကို ျပန္ေတာ့ မတင္ျပရေသးဘူးဗ်။ ဟုတ္ကဲ့။ မေန႔ကအေျခအေနကေတာ့ေႂကြးေၾကာသံလုပ္ တယ္။ သီခ်င္းဆိုတယ္။ ၿပီးေတာ့ အဲ့မွာတာဝန္ခံအရာရွိနဲ႔အဖြဲ႕ေရာက္ေတာ့ သူတို႔ ၿပီးသြားတာ၊ ေတာင္းဆိုတာမရွိဘူး။ မေန႔က- က်ေနာ္ထင္တာေတာ့ ဟိုဟာေလ... မေန႔က ဒီ ၈ ေလးလုံး.... ဘာညာေပ့ါ။ ၈ ရက္၊ ၈ လဆိုေတာ့ေလ။ အဲ့လိုအထိမ္းအမွတ္နဲ႔ က်ေနာ္တို႔ ေႂကြးေၾကာ္လိုက္တယ္။ က်ေနာ္ေတာ့ အဲ့လိုယူဆပါတယ္ခင္ဗ် ဟုတ္။”

စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ထိန္းသိမ္းထားခံရတဲ့ ပုဒ္မ-၅၀၅ နဲ႔ အမႈဖြင့္အေရးယူခံရတဲ့ အက်ဥ္းသားေတြရဲ႕ အခန္းထဲကေန စစ္အာဏာရွင္စနစ္ျပဳတ္က်ေရး၊ တရားစြဲဆိုထားတဲ့ အက်ဥ္းသား မ်ား လြတ္ေျမာက္ေရး ေႂကြးေၾကာ္သံေတြနဲ႔ ေသြးသစၥာသီခ်င္းဆိုဆႏၵျပခ်ိန္မွာ ေထာင္တာဝန္ခံအရာရွိေတြ ေရာက္လာၿပီး ထိန္းသိမ္း ေမးျမန္းခဲ့ေၾကာင္း ေဖာ္ျပပါတယ္။

ဇူလိုင္လ ၂၃ ရက္ေန႔တုန္းကလည္း အင္းစိန္အက်ဥ္းေထာင္မွာ ႏိုင္ငံေရးအက်ဥ္းသားေတြ ေႂကြးေၾကာ္ ဆႏၵျပခဲ့တဲ့ျဖစ္ရပ္ရွိခဲ့ပါတယ္။ အဲဒီျဖစ္စဥ္မွာလည္း ဦးေဆာင္သူတခ်ိဳ႕ကို တိုက္ပိတ္အေရးယူထားတယ္လို႔သိရေပမယ့္ အာဏာပိုင္ေတြကေတာ့ ေထာင္ရဲ႕လုပ္႐ိုးလုပ္စဥ္အတိုင္းအေရးယူေဆာင္႐ြက္ထားတယ္လို႔ပဲ အေၾကာင္းျပန္ထားပါတယ္။

မေန႔ည အိုးဘိုေထာင္တြင္းဆႏၵျပမႈနဲ႔ပတ္သက္လို႔ ဆႏၵျပသူေတြကို ႐ိုက္ႏွက္အျပစ္ေပးတာမ်ိဳးလုပ္မွာ စိုးရိမ္မိတယ္လို႔ အိုးဘိုေထာင္ထဲေရာက္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမိသားစုဝင္တဦးက ေျပာပါတယ္။

“စိုးရိမ္တာကေတာ့ ေျပာမျပတတ္ေအာင္ပဲေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘာမွျမင္သိၾကားခြင့္ မရတဲ့ အေနအထားႀကီးေပၚမွာ မေန႔က အေျခအေနျဖစ္လာတယ္ဆိုတာၾကားေတာ့ ဒီရန္ကုန္က အင္းစိန္ကိစၥေတြလည္းၾကားေတာ့ က်မတို႔ဒီမွာဆိုရင္ အရမ္းပူၾကတယ္။ သတင္းေတြတက္လာတာနဲ႔ေပါေ့နာ္၊ အမွန္ တိုင္း ေျပာရင္ အိမ္က အေမတို႔ဘာတို႔ေတာင္မွ ဘုရားစာ႐ြတ္ေနရတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္။ အဲ့လိုမ်ိဳး၊ ဘာမွအဆက္အသြယ္မရေတာ့ ပူေနရတာ ငယ္ထိေရာက္ေနၿပီးေပါ့။”

ဒါေပမယ့္လည္း အခုအခ်ိန္အထိ ဆႏၵျပမႈမွာပါဝင္သူေတြကို ဘယ္လို ကိုင္တြယ္သလဲဆိုတာကိုေတာ့ အေသးစိတ္မသိရေသးဘူးလို႔ မႏၲေလးေရွ႕ေနတဦးကေျပာပါတယ္။

“မေန႔ကေတာ့ ညပိုင္းမွာေပါ့ေနာ္။ အဲ့ထဲမွာ ဆႏၵျပသံနဲ႔ ေသနတ္သံ ႏွစ္ခ်က္ၾကားတယ္ေပါ့။ အနီးပတ္ဝန္က်င္မွာရွိတဲ့ မိတ္ေဆြေတြ ေျပာသံေလာက္ပဲ က်ေနာ္တို႔ သိထားတာပဲရွိတယ္။ အထဲမွာ ဆႏၵျပတဲ့ လူေတြရဲ႕အေျခအေနအေသးစိတ္ေပါ့ေနာ္ အဲ့ဒါမ်ိဳး ေလာေလာဆယ္ က်ေနာ္တို႔ မသိေသးဘူးခင္ဗ်။”

မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအဖြဲ႔ဝင္တဦးကေတာ့ ေထာင္ထဲမွာ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္ၿပီး ကာကြယ္မႈမရွိသလို ေဆးကုသမႈမရတာေတြရွိလို႔ ေထာင္တြင္းမွာ ဆႏၵျပမႈျဖစ္လာရၿပီး ဒီထုတ္ေဖာ္ျပသမႈကို ေထာက္ခံတယ္လို႔ ေျပာပါတယ္။

မတရားဖမ္းဆီးခံ ႏိုင္ငံေရးအက်ဥ္းသားမ်ား အားလုံးကိုခြၽင္းခ်က္မရွိ ခ်က္ခ်င္းလႊတ္၊ ႏိုင္ငံေရးအက်ဥ္းသားမ်ားအားလုံးကို ကိုဗစ္ေရာဂါ ကာကြယ္၊ ကုသေရး အပါအဝင္ ေဆးကုသခြင့္ရရွိေရး ေဆာင္႐ြက္ေပးဖို႔နဲ႔ မတရားဖမ္းဆီးခံ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို အၾကမ္းဖက္ဖိႏွိပ္မႈမ်ား ရပ္တန႔္ဖို႔လည္း မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြသူတွေကို စစ်ဆေးနေ

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ မနေ့တုန်းက ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဆန္ဒပြမှုမှာပါဝင်သူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို အလိမ္မာပြောပြမှာပါ။

အိုးဘိုထောင်ထဲမှာ ပုဒ်မ ၅၀၅ နဲ့ စွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဦးဆောင်ပြီး မနေ့ညပိုင်းက ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ခဲ့တာလို့သိရပါတယ်။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ဖြစ်တာမို့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေး ဟစ်ကြွေးတောင်းဆိုနေတာကို ထောင်ပြင်ပကနေ အတိုင်းသားကြားခဲ့ရပြီး ဗွီဒီယိုအသံဖိုင်တွေလည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။ ဆန္ဒပြပါဝင်သူတွေကို နှိပ်စက် အပြစ်ပေးအရေးယူ တိုက်ပိတ်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။

သြဂုတ်လ၊ ၈ ရက် ညပိုင်း မန္တလေး အိုးဘိုအကျဉ်ထောင်တွင်းမှာ ကြွေးကြော်ဆန္ဒပြမှုနဲ့အတူ သေနတ်ဖောက်သံတွေလည်း ကြားရတဲ့အကြောင်း ထောင်ပြင်ပနေထိုင်သူတဦးက သူကြားခဲ့တဲ့ ထောင်တွင်းကြွေးကြော်ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“၉ နာရီဝန်းကျင်လောက် သူတို့ထောင်တန်းပိတ်ချိန်လောက်မှာ (ကြွေးကြော်သံ) ဒီအသံတွေပေ့ါကွ၊ အကိုတို့ ဒီဆိုင်ထွက်တာကို အကိုတို့က ဈေးဆိုင်ထွက်တော့ ဈေးဆိုင်သိမ်းနေတဲ့အချိန်လေး အဲ့ကဆန္ဒပြတဲ့ အဲ့အသံတွေထွက်လာတာကွ၊ “အရေးတော်ပုံအောင်ရမည်တို့၊ .... ဒို့အရေး ဒို့အရေးတို့...

အဲ့အသံတွေပေါ့။ အုပ်စုလိုက် အသံအကျယ်ကြီးထွက်လာတယ်။ ထွက်လာပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်နေတော့ ကျတော့ တရားခွေဖွင့်တဲ့အသံ ထောင်ထဲကနေထွက်လာတာ။ အဲ့ တရားခွေ ဖွင့်တဲ့ အသံထွက်လာတယ်။ အဲ့တရားခွေဖွင့်တဲ့အသံ ဖွင့်နေရင်းကြားထဲက သေနတ်သံ နှစ်ချက်ကြားလိုက်ရတယ်။ အဲ့ ၉ နာရီ ၂၅ လောက်ကျတော့ နည်းနည်းငြိမ်သွားတယ်။ လူသံတွေ ငြိမ်သွားတယ်၊ သူတို့ ဒီထောင်ထဲက ဆန္ဒပြတဲ့အသံတွေက အပြင်ထိထွက်လာတာကို ထွက်လာတော့ အဲ့အသံတွေကို အုပ်အောင်လို့ တရားခွေဖွင့်လိုက်တဲ့ သဘောပဲ။”

နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေး စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ကြွေးကြော်ဆန္ဒပြကြတာလို့ ထောင်အနီးနေထိုင်သူတွေက ပြောပါတယ်။

ဆန္ဒပြချိန်မှာ သေနက်ပစ်ဖောက်သံကြားရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အိုးဘိုထောင်တာဝန်ရှိသူတွေကို VOA က မေးမြန်းပေမယ့် တစုံတရာတုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ ဆန္ဒပြမှုမှာ လူ ၄၀ လောက်ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ အကျဉ်းဦးစီးထာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က VOA ကို ပြောပါတယ်။

“လက်ရှိအခြေအနေက သူတို့က စစ်ဆေးနေတယ်။ ကျနော်တို့ကို ပြန်တော့ မတင်ပြရသေးဘူးဗျ။ ဟုတ်ကဲ့။ မနေ့ကအခြေအနေကတော့ကြွေးကြောသံလုပ် တယ်။ သီချင်းဆိုတယ်။ ပြီးတော့ အဲ့မှာတာဝန်ခံအရာရှိနဲ့အဖွဲ့ရောက်တော့ သူတို့ ပြီးသွားတာ၊ တောင်းဆိုတာမရှိဘူး။ မနေ့က- ကျနော်ထင်တာတော့ ဟိုဟာလေ... မနေ့က ဒီ ၈ လေးလုံး.... ဘာညာပေ့ါ။ ၈ ရက်၊ ၈ လဆိုတော့လေ။ အဲ့လိုအထိမ်းအမှတ်နဲ့ ကျနော်တို့ ကြွေးကြော်လိုက်တယ်။ ကျနော်တော့ အဲ့လိုယူဆပါတယ်ခင်ဗျ ဟုတ်။”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထိန်းသိမ်းထားခံရတဲ့ ပုဒ်မ-၅၀၅ နဲ့ အမှုဖွင့်အရေးယူခံရတဲ့ အကျဉ်းသားတွေရဲ့ အခန်းထဲကနေ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ တရားစွဲဆိုထားတဲ့ အကျဉ်းသား များ လွတ်မြောက်ရေး ကြွေးကြော်သံတွေနဲ့ သွေးသစ္စာသီချင်းဆိုဆန္ဒပြချိန်မှာ ထောင်တာဝန်ခံအရာရှိတွေ ရောက်လာပြီး ထိန်းသိမ်း မေးမြန်းခဲ့ကြောင်း ဖော်ပြပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့တုန်းကလည်း အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကြွေးကြော် ဆန္ဒပြခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း ဦးဆောင်သူတချို့ကို တိုက်ပိတ်အရေးယူထားတယ်လို့သိရပေမယ့် အာဏာပိုင်တွေကတော့ ထောင်ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်းအရေးယူဆောင်ရွက်ထားတယ်လို့ပဲ အကြောင်းပြန်ထားပါတယ်။

မနေ့ည အိုးဘိုထောင်တွင်းဆန္ဒပြမှုနဲ့ပတ်သက်လို့ ဆန္ဒပြသူတွေကို ရိုက်နှက်အပြစ်ပေးတာမျိုးလုပ်မှာ စိုးရိမ်မိတယ်လို့ အိုးဘိုထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ပြောပါတယ်။

“စိုးရိမ်တာကတော့ ပြောမပြတတ်အောင်ပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမြင်သိကြားခွင့် မရတဲ့ အနေအထားကြီးပေါ်မှာ မနေ့က အခြေအနေဖြစ်လာတယ်ဆိုတာကြားတော့ ဒီရန်ကုန်က အင်းစိန်ကိစ္စတွေလည်းကြားတော့ ကျမတို့ဒီမှာဆိုရင် အရမ်းပူကြတယ်။ သတင်းတွေတက်လာတာနဲ့ပေါေ့နာ်၊ အမှန် တိုင်း ပြောရင် အိမ်က အမေတို့ဘာတို့တောင်မှ ဘုရားစာရွတ်နေရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲ့လိုမျိုး၊ ဘာမှအဆက်အသွယ်မရတော့ ပူနေရတာ ငယ်ထိရောက်နေပြီးပေါ့။”

ဒါပေမယ့်လည်း အခုအချိန်အထိ ဆန္ဒပြမှုမှာပါဝင်သူတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ မန္တလေးရှေ့နေတဦးကပြောပါတယ်။

“မနေ့ကတော့ ညပိုင်းမှာပေါ့နော်။ အဲ့ထဲမှာ ဆန္ဒပြသံနဲ့ သေနတ်သံ နှစ်ချက်ကြားတယ်ပေါ့။ အနီးပတ်ဝန်ကျင်မှာရှိတဲ့ မိတ်ဆွေတွေ ပြောသံလောက်ပဲ ကျနော်တို့ သိထားတာပဲရှိတယ်။ အထဲမှာ ဆန္ဒပြတဲ့ လူတွေရဲ့အခြေအနေအသေးစိတ်ပေါ့နော် အဲ့ဒါမျိုး လောလောဆယ် ကျနော်တို့ မသိသေးဘူးခင်ဗျ။”

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးကတော့ ထောင်ထဲမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်မှုမရှိသလို ဆေးကုသမှုမရတာတွေရှိလို့ ထောင်တွင်းမှာ ဆန္ဒပြမှုဖြစ်လာရပြီး ဒီထုတ်ဖော်ပြသမှုကို ထောက်ခံတယ်လို့ ပြောပါတယ်။

မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုချွင်းချက်မရှိ ချက်ချင်းလွှတ်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ကိုဗစ်ရောဂါ ကာကွယ်၊ ကုသရေး အပါအဝင် ဆေးကုသခွင့်ရရှိရေး ဆောင်ရွက်ပေးဖို့နဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်ဖိနှိပ်မှုများ ရပ်တန့်ဖို့လည်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MandalayPrison #MyanmarPoliticalPrisoners #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG