သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါက္ကြဲမႈေတြျဖစ္ပြား၊ လံုျခံဳေရးတင္းက်ပ္တဲ့ၾကားက ဆက္လက္ဆႏၵထုတ္ေဖာ္


ေပါက္ကြဲမႈေတြေၾကာင့္ လံုျခံဳေရးတင္းၾကပ္ထားတဲ့ ရန္ကုန္ျမိဳ ့တနေရာ ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕မွာ ဒီေန႔မနက္ အေစာပိုင္းက ျမန္မာ့စီးပြားေရးဘဏ္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန႐ုံးၾကားမွာ ေပါက္ကြဲမႈ တစ္ခု ျဖစ္ခဲ့ၿပီး လူတခ်ဳိ႕ အေသးစား ဒဏ္ရာေတြ ရခဲ့ၾကပါတယ္။ မႏၱေလးမွာလည္း မေန႔ညက အေသးစားေပါက္ကဲြမႈတခု ျဖစ္ခဲ့ပါတယ္။ လံုၿခံဳေရးတပ္တြဘက္ကလည္း ႐ွာေဖြ ဖမ္းဆီးမႈေတြ လုပ္ေနသလို ဆႏၵျပသူေတြကလည္း အေျခအေနေပးသလို ဆႏၵျပေနၾကပါတယ္။ ခုလိုအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္ကေျပာျပပါမယ္။

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕ မွာ ဒီေန႔ ၾသဂုတ္ ၂၄ ရက္ မနက္အေစာပိုင္းက ေ႐ႊေစတီလမ္းမွာရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္နဲ႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန႐ုံးၾကား စစ္ေကာင္စီတပ္ေတြ ယာယီကင္းခ်တဲ့ ေနရာမွာ ေပါက္ကြဲမႈ တခုျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲမႈအတြင္း တခ်ဳိ႕ အေသးစားဒဏ္ရာေတြ ရသြားတယ္လို႔ ပုသိမ္ၿမိဳ႕ခံတစ္ဦး VOAကို အခုလိုေျပာပါတယ္။

“ပုသိမ္ဘဏ္နဲ႔ ဒီေဆာက္လုပ္ေရး ဝန္ႀကီးဌာနနဲ႔ ၾကားက သူတို႔ စစ္ေကာင္စီတပ္ေတြ အေစာင့္ခ်ထားတဲ့ ေနရာရွိတယ္ အဲ့နားမွာ ကြဲတယ္လို႔ေျပာတယ္ခင္ဗ် မနက္ ၇ နာရီခြဲေလာက္ဆိုေတာ့ေလး အျပင္မွာ လူလည္းသိပ္မရွိဘူး ဆိုေတာ့ ေလးေယာက္ေလာက္ေတာ့ ထိတယ္လို႔ ေျပာတယ္ေပါ့ေနာ္ အေသးစားဒဏ္ရာေလာက္ေတာ့ ရသြားတယ္ေျပာတယ္”

မႏၲေလးၿမိဳ႕မွာလည္း မေန႔ညက ခ်မ္းေအးသာဇံၿမိဳ႕နယ္ထဲမွာ ပစ္ခတ္သံနဲ႔ အေသးစားေပါက္ကြဲသံတခ်ဳိ႕ၾကားခဲ့ရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ မႏၱေလးၿမိဳ႕မွာ စစ္ေကာင္စီကို ဆန္႔က်င္လႈပ္႐ွားေနသူေတြကို ႐ွာေဖြ ဖမ္းဆီးမႈေတြလည္း ဆက္႐ွိေနလို႔ သပိတ္စစ္ေၾကာင္းတစ္ခုရဲ႕ ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

“အခု မႏၲေလးရဲ႕ လုံၿခဳံေရး အေနအထားက ကြၽန္ေတာ္ထင္တာေပါ့ေႏွာ္၊ အခု ေလာေလာဆယ္မွာ ဒီစစ္ေကာင္စီေတြက ဒီရပ္ေက်းေတြ တစ္ခုလုံးကို သူတို႔ ခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနတယ္ေပါ့။ ဒီရပ္ေက်းေတြမွာ သူတို႔ အုပ္စီးမိသြားရင္ေတာ့ ၿမိဳ႕ေပါမွာ လႈပ္ရွားတဲ့သူေတြ ေတာ္ေတာ္ေလးကို အခက္အခဲေတြ ရွိလာႏိုင္တယ္ေပါ့ေႏွာ္။ အဲ့ဒါေတြေၾကာင့္လဲ ကြၽန္ေတာ္တို႔က အၿမဲတမ္းေပါ့ေႏွာ္၊ သတိႀကီးႀကီး အၿမဲတမ္းထားေနရပါတယ္ဗ်။”

စစ္ကိုင္းတိုင္းမွာေတာ့ ဝက္လက္ၿမိဳ႕နယ္ထဲက ႐ြာသာႀကီး ေက်း႐ြာေန ေတာင္သူလယ္သမားသမဂၢ ဥကၠဌ ဦးတင့္လြင္ကို စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးဖုိ႔ သူ႔အိမ္မွာ လာေရာက္႐ွာေဖြခဲ့ပါတယ္။ ဦးတင့္လြင္ရဲ႕ အိမ္မွာ႐ွိေနတဲ့ ပစၥည္းေတြအျပင္ ကား ၂ စီကို စစ္တပ္က သိမ္းယူသြားတယ္လို႔ ေဒသခံတစ္ဦးက VOA ကို ေျပာျပပါတယ္။

“႐ြာသာႀကီးမွာ ေတာင္သူလယ္သမား သမဂၢ ဥကၠဌေပါ့၊ ဦးတင့္လြင္။ အဲ့ကို ဝင္ေမြတာ မေန႔ညေန ၄ နာရီေလာက္တည္းက စၿပီး ဝင္ေမြတာေပါ့။ ခုအခ်ိန္ထိလဲ ရွိေသးတယ္။ သူတို႔ အိမ္မွာ ရွိတဲ့ SUFF ကားတစ္စီး၊ လိုက္ထရပ္ကားတစ္စီး သိမ္းသြားတယ္။ ဦးတင့္လြင္ကိုေတာ့ ရွာမေတြ႕ဘူးေပါ့။ ဦးတင့္လြင္ ရွိတဲ့ ေနရာကို မေျပာရင္ အိမ္ကို မီးရႈိ႕မယ္လို႔ လည္း ၿခိမ္းေျခာက္ထားတယ္လို႔ ၾကားတယ္ရွင့္။”

PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ အဆက္အသြယ္႐ွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဦးတင့္လြင္ကို လာ႐ွာေနတာလို႔ အဲဒီေဒသခံက ေျပာျပပါတယ္။

ရန္ကုန္ၿမိဳ႕ မရမ္းကုန္ၿမိဳ႕နယ္မွာလည္း တနလၤာေန႔က အိမ္တအိမ္ကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္႐ွာေဖြစဥ္ ပစ္ခတ္သံတခ်ဳိ႕ၾကားရတယ္လို႔ အနီးအနားဝန္းက်င္က လူေတြက ေျပာျပပါတယ္။ စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာလည္း ဖမ္းဆီးခံရသူတခ်ဳိ႕႐ွိပါတယ္။ ဒီလိုအေျခအေနၾကားမွာပဲ ဒီေန႔ေန႔လည္ပိုင္းကေတာ့ ‘အမ်ိဳးသမီးတို႔ ဘုန္းနဲ႔ မုဒိမ္းစစ္တပ္ကို ေခ်မႈန္းမယ္’ ဆိုတဲ့ အမ်ိဳးသမီးေတြရဲ႕ ဆႏၵျပစစ္ေၾကာင္းတစ္ခု ရန္ကုန္ၿမိဳ႕မွာ ထြက္ခဲ့ပါတယ္။ ဒါမျပင္ မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ေလာင္းလုံ၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီး ၿမိဳ႕နယ္က ေက်း႐ြာေတြ စုေပါင္းထားတဲ့ ႐ြာေပါင္းစုံသပိတ္ စစ္ေၾကာင္းေတြ ထြက္ခဲ့သလို ေ႐ြဘို၊ မေကြး၊ စတဲ့ ေဒသေတြမွာလည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပဲြေတြ ဒီကေန႔ ႐ွိခဲ့ပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


ပေါက်ကွဲမှုတွေဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်တဲ့ကြားက ဆက်လက်ဆန္ဒထုတ်ဖေါ်

(Unicode)

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီနေ့မနက် အစောပိုင်းက မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးကြားမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး လူတချို့ အသေးစား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ မန္တလေးမှာလည်း မနေ့ညက အသေးစားပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးတပ်တွဘက်ကလည်း ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေသလို ဆန္ဒပြသူတွေကလည်း အခြေအနေပေးသလို ဆန္ဒပြနေကြပါတယ်။ ခုလိုအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်ကပြောပြပါမယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ မှာ ဒီနေ့ သြဂုတ် ၂၄ ရက် မနက်အစောပိုင်းက ရွှေစေတီလမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရုံးကြား စစ်ကောင်စီတပ်တွေ ယာယီကင်းချတဲ့ နေရာမှာ ပေါက်ကွဲမှု တခုဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း တချို့ အသေးစားဒဏ်ရာတွေ ရသွားတယ်လို့ ပုသိမ်မြို့ခံတစ်ဦး VOAကို အခုလိုပြောပါတယ်။

“ပုသိမ်ဘဏ်နဲ့ ဒီဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ကြားက သူတို့ စစ်ကောင်စီတပ်တွေ အစောင့်ချထားတဲ့ နေရာရှိတယ် အဲ့နားမှာ ကွဲတယ်လို့ပြောတယ်ခင်ဗျ မနက် ၇ နာရီခွဲလောက်ဆိုတော့လေး အပြင်မှာ လူလည်းသိပ်မရှိဘူး ဆိုတော့ လေးယောက်လောက်တော့ ထိတယ်လို့ ပြောတယ်ပေါ့နော် အသေးစားဒဏ်ရာလောက်တော့ ရသွားတယ်ပြောတယ်”

မန္တလေးမြို့မှာလည်း မနေ့ညက ချမ်းအေးသာဇံမြို့နယ်ထဲမှာ ပစ်ခတ်သံနဲ့ အသေးစားပေါက်ကွဲသံတချို့ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေသူတွေကို ရှာဖွေ ဖမ်းဆီးမှုတွေလည်း ဆက်ရှိနေလို့ သပိတ်စစ်ကြောင်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“အခု မန္တလေးရဲ့ လုံခြုံရေး အနေအထားက ကျွန်တော်ထင်တာပေါ့နှော်၊ အခု လောလောဆယ်မှာ ဒီစစ်ကောင်စီတွေက ဒီရပ်ကျေးတွေ တစ်ခုလုံးကို သူတို့ ချုပ်ကိုင်ဖို့ ကြိုးစားနေတယ်ပေါ့။ ဒီရပ်ကျေးတွေမှာ သူတို့ အုပ်စီးမိသွားရင်တော့ မြို့ပေါမှာ လှုပ်ရှားတဲ့သူတွေ တော်တော်လေးကို အခက်အခဲတွေ ရှိလာနိုင်တယ်ပေါ့နှော်။ အဲ့ဒါတွေကြောင့်လဲ ကျွန်တော်တို့က အမြဲတမ်းပေါ့နှော်၊ သတိကြီးကြီး အမြဲတမ်းထားနေရပါတယ်ဗျ။”

စစ်ကိုင်းတိုင်းမှာတော့ ဝက်လက်မြို့နယ်ထဲက ရွာသာကြီး ကျေးရွာနေ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးတင့်လွင်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးဖို့ သူ့အိမ်မှာ လာရောက်ရှာဖွေခဲ့ပါတယ်။ ဦးတင့်လွင်ရဲ့ အိမ်မှာရှိနေတဲ့ ပစ္စည်းတွေအပြင် ကား ၂ စီကို စစ်တပ်က သိမ်းယူသွားတယ်လို့ ဒေသခံတစ်ဦးက VOA ကို ပြောပြပါတယ်။

“ရွာသာကြီးမှာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌပေါ့၊ ဦးတင့်လွင်။ အဲ့ကို ဝင်မွေတာ မနေ့ညနေ ၄ နာရီလောက်တည်းက စပြီး ဝင်မွေတာပေါ့။ ခုအချိန်ထိလဲ ရှိသေးတယ်။ သူတို့ အိမ်မှာ ရှိတဲ့ SUFF ကားတစ်စီး၊ လိုက်ထရပ်ကားတစ်စီး သိမ်းသွားတယ်။ ဦးတင့်လွင်ကိုတော့ ရှာမတွေ့ဘူးပေါ့။ ဦးတင့်လွင် ရှိတဲ့ နေရာကို မပြောရင် အိမ်ကို မီးရှို့မယ်လို့ လည်း ခြိမ်းခြောက်ထားတယ်လို့ ကြားတယ်ရှင့်။”

PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးတင့်လွင်ကို လာရှာနေတာလို့ အဲဒီဒေသခံက ပြောပြပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာလည်း တနင်္လာနေ့က အိမ်တအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေစဉ် ပစ်ခတ်သံတချို့ကြားရတယ်လို့ အနီးအနားဝန်းကျင်က လူတွေက ပြောပြပါတယ်။ စမ်းချောင်းမြို့နယ်ထဲမှာလည်း ဖမ်းဆီးခံရသူတချို့ရှိပါတယ်။ ဒီလိုအခြေအနေကြားမှာပဲ ဒီနေ့နေ့လည်ပိုင်းကတော့ ‘အမျိုးသမီးတို့ ဘုန်းနဲ့ မုဒိမ်းစစ်တပ်ကို ချေမှုန်းမယ်’ ဆိုတဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြစစ်ကြောင်းတစ်ခု ရန်ကုန်မြို့မှာ ထွက်ခဲ့ပါတယ်။ ဒါမပြင် မန္တလေး၊ ကလေး၊ မုံရွာ၊ လောင်းလုံ၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်က ကျေးရွာတွေ စုပေါင်းထားတဲ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းတွေ ထွက်ခဲ့သလို ရွေဘို၊ မကွေး၊ စတဲ့ ဒေသတွေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီကနေ့ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG