သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး ျမေတာင္သပိတ္အဖြဲ႕ ပစ္ခတ္ဖမ္းဆီးခံရ


မႏၲေလးဆႏၵျပပြဲျမင္ကြင္း (ေမ ၁၀-၂၀၂၁)

ZAWGYI/UNICODE စစ္အာဏာသိမ္းၿပီး ၆ လအထိ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြက ႏိုင္ငံတစ္ဝန္းမွာ ဆက္ရွိေနဆဲျဖစ္ပါတယ္။ ေန႔စဥ္လိုလိုထြက္ေနတဲ့ မႏၲေလးက ျမေတာင္သပိတ္အဖြဲ႕ကို ဒီကေန႔ေန႔လည္ပိုင္းက ေသနတ္နဲ႔ပစ္ခတ္ ၿဖိဳခြင္းခဲ့လို ထိခိုက္ဒဏ္ရာရသူေတြရွိခဲ့ပါတယ္။ ႏိုင္ငံအဝွမ္းမွာ ဒီကေန႔ျဖစ္ခဲ့တဲ့ အၾကမ္းဖက္ပစ္ခတ္မႈေတြနဲ႔ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးေျပာျပပါမယ္။

ဒီကေန႔ ေန႔လည္ပိုင္းက မႏၲေလး ျမေတာင္သပိတ္ကို စစ္ေကာင္စီတပ္ေတြက အရပ္ဝတ္ေတြနဲ႔ လာေရာက္ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ဆႏၵျပ လူငယ္ ၃ ဦးထက္မနည္း ဒဏ္ရာနဲ႔ဖမ္းဆီးခံခဲ့ရပါတယ္။ အဲဒီထဲက ႏွစ္ဦးကေတာ့ ေသနက္ဒဏ္ရာနဲ႔ေသဆုံးသြားတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ေတာ့ ျမေတာင္သပိတ္ေခါင္းေဆာင္တဦးက VOA ကို အခုလို ေျပာပါတယ္။

“ျဖစ္တာကေတာ့ ေန႔လည္ပိုင္းမွာ ကြၽန္ေတာ္တို႔ ဘုရားႀကီး အေရွ႕ဖက္မုဒ္မွာ ဘုရားႀကီးအေရွ႕ဖက္ကေနမွ ဆႏၵျပေနတဲ့ အခ်ိန္မွာ စစ္ေကာင္စီက ကြၽန္ေတာ္တို႔ကို ဆိုက္ကားဂိတ္ထဲက ေနၿပီးေတာ့ေပါ့ေႏွာ္ စတိတ္ အက်ီအျဖဴနဲ႔ အရပ္ဝတ္နဲ႔ေပါ့ေႏွာ္ လွမ္းၿပီး ပစ္လိုက္တယ္လို႔ ၾကားတယ္။ ပထမ စစခ်င္းမွာ သုသုဇင္ဆိုတဲ့ ကေလးထိတယ္ေပါ့ေႏွာ္။ မိန္းကေလး ၂ ေယာက္လဲ အဖမ္းခံရတယ္။ မိန္းကေလး ၂ ေယာက္ထဲမွာ တစ္ေယာက္က က်ည္ထိထားတယ္ေပါ့ေႏွာ္။ ေတာ္ေတာ္ေလး အေျခအေနဆိုးတယ္ေပါ့။ ေနာက္ဆုံး ကြၽန္ေတာ္တို႔ Update သိရသေလာက္ကေတာ့ ဒီမိန္းကေလးနဲ႔ ေယာက္်ားေလးတစ္ေယာက္ကေတာ့ က်ဆုံးတယ္ဆိုတဲ့ သတင္းကို ၾကားရတယ္။ ဒါေပမယ့္ ဒီသတင္းကို ကြၽန္ေတာ္တို႔ အတည္ျပဳႏိုင္ဖို႔ေတာ့ ဆက္ၿပီးေတာ့ ႀကိဳးစားေနေသးတယ္ဗ်။”

ပစ္ခတ္ ၿဖိဳခြဲမႈေတြ ဖမ္းဆီးမႈေတြ ဆက္တိုက္ရွိေနေပမယ့္ မႏၲေလးမွာ ဆႏၵျပစစ္ေၾကာင္းေတြက ပုံမွန္အတိုင္း ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။ ျမင္းၿခံၿမိဳ႕မွာ ဒီကေန႔ ေန႔လည္ ၁၁ နာရီ ဝန္းက်င္က ဘုံေဘခ်စ္တီး ထမင္းဆိုင္က ဇနီးေမာင္ႏွံႏွစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ ၿမိဳ႕ျပင္က ေ႐ြရသာ လက္ဖက္ရည္ဆိုင္နားမွာ ပစ္ခံရတာျဖစ္တယ္လို႔ ျမင္းၿခံၿမိဳ႕ ေဒသခံတစ္ဦးက ေျပာပါတယ္။

“အိမ္ကေန႔ ဖုန္းလွမ္းဆက္တာ ကြၽန္မ အျပင္သြားေနတုန္းကို၊ ျပန္လာေတာ့ ဘုံေဘတို႔ လင္မယားႏွစ္ေယာက္ ပစ္ခံရတယ္ဆိုၿပီး လွမ္းဆက္တာေပါ့။ ဘုံေဘတို႔ကို ပစ္ခံရတဲ့ အခ်ိန္က ၁၁ နာရီ။ ေ႐ြရသာ လက္ဖက္ရည္ဆိုင္နား ၿမိဳ႕ျပင္မွာ အဲ့ဆိုင္က”

ပစ္ခတ္ခံရသူ ဇနီးေမာင္ႏွံႏွစ္ဦးဟာ NLD ပါတီေထာက္ခံသူေတြလို႔ သိရပါတယ္။ အမည္မသိ လူတစ္စုက ပစ္ခတ္တာျဖစ္ၿပီး ဘယ္သူေတြလဲဆိုတာကို အေသအခ်ာမသိရေသးဘူးလို႔ ဆိုပါတယ္။ ေဒသခံတစ္ခ်ိဳ႕ကေတာ့ ဒါက ပ်ဴေစာထီး အဖြဲ႕ဝင္ေတြက ပစ္ခတ္တာျဖစ္ႏိုင္တယ္ဆိုၿပီး စြပ္စြဲထားပါတယ္။

ဒီကေန႔ မနက္ပိုင္း ၉ နာရီဝန္းက်င္ကလည္း ပဲခူးတိုင္း ေက်ာက္ႀကီးစုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး႐ုံးမွာ ဗုံးေပါက္ကြဲမႈတစ္ခု ျဖစ္ခဲ့ၿပီး ထိခိုက္မႈတစ္ခ်ိဳ႕ ရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ကေလး၊ မုံ႐ြာ၊ မႏၲေလး၊ ရန္ကုန္၊ ထားဝယ္၊ ဖားကန္႔၊ ေ႐ြဘို၊ ဆားလင္းႀကီး ယင္းမာပင္ ႐ြာေပါင္းစုံ စုေပါင္းသပိတ္စစ္ေၾကာင္း စတဲ့ ႏိုင္ငံတစ္ဝန္းက ဆႏၵျပစစ္ေၾကာင္းေတြကလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြကို ဆက္ၿပီး လုပ္ေနၾကပါတယ္။

ႏိုင္ငံတစ္ဝန္းက ေနရာတစ္ခ်ိဳ႕မွာ ပစ္ခတ္မႈေတြ ေပါက္ကြဲမႈေတြရွိေနခ်ိန္မွာပဲ၊ သပိတ္ေခါင္းေဆာင္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကိုလည္း ရွာေဖြဖမ္းဆီးတာမ်ိဳးေတြကို စစ္ေကာင္စီဖက္က ဆက္တိုက္လုပ္လာေနပါတယ္။

စစ္အာဏာသိမ္းၿပီး ၆ လအတြင္း စစ္ေကာင္စီက ပစ္ခတ္လို႔ ျပည္သူ ၉၃၄ ဦး က်ဆုံးၿပီး လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရသူက ၅၄၀၀ နီးပါးအထိ ရွိေနတယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ ဇူလိုင္လ ၂၆ ရက္ေန႔ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ စစ္ေကာင္စီဖက္ကေတာ့ AAPP က ေဖာ္ျပတဲ့ ေသဆုံးစာရင္းဟာ ခ်ဲကားေဖာ္ျပတာျဖစ္တယ္လို႔ တုန႔္ျပန္ထားပါတယ္။

UNICODE

စစ်အာဏာသိမ်းပြီး ၆ လအထိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက နိုင်ငံတစ်ဝန်းမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ နေ့စဉ်လိုလိုထွက်နေတဲ့ မန္တလေးက မြတောင်သပိတ်အဖွဲ့ကို ဒီကနေ့နေ့လည်ပိုင်းက သေနက်နဲ့ပစ်ခတ် ဖြိုခွင်းခဲ့လို ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ နိုင်ငံအဝှမ်းမှာ ဒီကနေ့ဖြစ်ခဲ့တဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို မခင်ဖြူထွေးပြောပြပါမယ်။

ဒီကနေ့ နေ့လည်ပိုင်းက မန္တလေး မြတောင်သပိတ်ကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ် ဖြိုခွဲတာကြောင့် ဆန္ဒပြ လူငယ် ၃ ဦးထက်မနည်း ဒဏ်ရာနဲ့ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲက နှစ်ဦးကတော့ သေနက်ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ မြတောင်သပိတ်ခေါင်းဆောင်တဦးက VOA ကို အခုလို ပြောပါတယ်။

“ဖြစ်တာကတော့ နေ့လည်ပိုင်းမှာ ကျွန်တော်တို့ ဘုရားကြီး အရှေ့ဖက်မုဒ်မှာ ဘုရားကြီးအရှေ့ဖက်ကနေမှ ဆန္ဒပြနေတဲ့ အချိန်မှာ စစ်ကောင်စီက ကျွန်တော်တို့ကို ဆိုက်ကားဂိတ်ထဲက နေပြီးတော့ပေါ့နှော် စတိတ် အကျီအဖြူနဲ့ အရပ်ဝတ်နဲ့ပေါ့နှော် လှမ်းပြီး ပစ်လိုက်တယ်လို့ ကြားတယ်။ ပထမ စစချင်းမှာ သုသုဇင်ဆိုတဲ့ ကလေးထိတယ်ပေါ့နှော်။ မိန်းကလေး ၂ ယောက်လဲ အဖမ်းခံရတယ်။ မိန်းကလေး ၂ ယောက်ထဲမှာ တစ်ယောက်က ကျည်ထိထားတယ်ပေါ့နှော်။ တော်တော်လေး အခြေအနေဆိုးတယ်ပေါ့။ နောက်ဆုံး ကျွန်တော်တို့ Update သိရသလောက်ကတော့ ဒီမိန်းကလေးနဲ့ ယောက်ျားလေးတစ်ယောက်ကတော့ ကျဆုံးတယ်ဆိုတဲ့ သတင်းကို ကြားရတယ်။ ဒါပေမယ့် ဒီသတင်းကို ကျွန်တော်တို့ အတည်ပြုနိုင်ဖို့တော့ ဆက်ပြီးတော့ ကြိုးစားနေသေးတယ်ဗျ။”

ပစ်ခတ် ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပေမယ့် မန္တလေးမှာ ဆန္ဒပြစစ်ကြောင်းတွေက ပုံမှန်အတိုင်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။ မြင်းခြံမြို့မှာ ဒီကနေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်က ဘုံဘေချစ်တီး ထမင်းဆိုင်က ဇနီးမောင်နှံနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ မြို့ပြင်က ရွေရသာ လက်ဖက်ရည်ဆိုင်နားမှာ ပစ်ခံရတာဖြစ်တယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ကနေ့ ဖုန်းလှမ်းဆက်တာ ကျွန်မ အပြင်သွားနေတုန်းကို၊ ပြန်လာတော့ ဘုံဘေတို့ လင်မယားနှစ်ယောက် ပစ်ခံရတယ်ဆိုပြီး လှမ်းဆက်တာပေါ့။ ဘုံဘေတို့ကို ပစ်ခံရတဲ့ အချိန်က ၁၁ နာရီ။ ရွေရသာ လက်ဖက်ရည်ဆိုင်နား မြို့ပြင်မှာ အဲ့ဆိုင်က”

ပစ်ခတ်ခံရသူ ဇနီးမောင်နှံနှစ်ဦးဟာ NLD ပါတီထောက်ခံသူတွေလို့ သိရပါတယ်။ အမည်မသိ လူတစ်စုက ပစ်ခတ်တာဖြစ်ပြီး ဘယ်သူတွေလဲဆိုတာကို အသေအချာမသိရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံတစ်ချို့ကတော့ ဒါက ပျူစောထီး အဖွဲ့ဝင်တွေက ပစ်ခတ်တာဖြစ်နိုင်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်ကလည်း ပဲခူးတိုင်း ကျောက်ကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ထိခိုက်မှုတစ်ချို့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေး၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ ထားဝယ်၊ ဖားကန့်၊ ရွေဘို၊ ဆားလင်းကြီး ယင်းမာပင် ရွာပေါင်းစုံ စုပေါင်းသပိတ်စစ်ကြောင်း စတဲ့ နိုင်ငံတစ်ဝန်းက ဆန္ဒပြစစ်ကြောင်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်နေကြပါတယ်။

နိုင်ငံတစ်ဝန်းက နေရာတစ်ချို့မှာ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေရှိနေချိန်မှာပဲ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ရှာဖွေဖမ်းဆီးတာမျိုးတွေကို စစ်ကောင်စီဖက်က ဆက်တိုက်လုပ်လာနေပါတယ်။

စစ်အာဏာသိမ်းပြီး ၆ လအတွင်း စစ်ကောင်စီက ပစ်ခတ်လို့ ပြည်သူ ၉၃၄ ဦး ကျဆုံးပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူက ၅၄၀၀ နီးပါးအထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီဖက်ကတော့ AAPP က ဖော်ပြတဲ့ သေဆုံးစာရင်းဟာ ချဲကားဖော်ပြတာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

Myanmar Protest
please wait

No media source currently available

0:00 0:03:19 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG