သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း ဆန္ဒပြသူတွေကို ရိုက်နှက်မှုမရှိဟု ထောင်တာဝန်ရှိသူငြင်း


Insein Prison
Insein Prison

Zawgyi/Unicode

ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေဘက်က ရိုက်နှက်ခဲ့ခြင်း မရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောပါတယ်။
“ညှိနှိုင်းမှုရဲ့နောက်ပိုင်းမှာတော့ ဆူပူဆန္ဒပြမှုထဲမှာပါတဲ့အဖွဲ့တွေ၊ ...အဲဒီအဖွဲ့တွေကို မတရားရိုက်နှက်တယ်ဆိုတာ...ဘာ..ညာ.. အဲလိုမျိုး သတင်းတွေထွက်တယ်။ ဒါကတော့ လုံးဝမဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။”

ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေအပါအဝင် တော်လှန်ရေးသီချင်းတွေ သီဆိုပြီး ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့မနက်က အင်းစိန်အကျဉ်းထောင် သီးသန့်တွဲဖက်ဆောင်ထဲမှာ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီ သီးသန့်ထောင်ထဲမှာ ချုပ်နှောင်ထားသူအများစုဟာ စစ်အာဏသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြလို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံရတဲ့ လူငယ်တွေဖြစ်ကြပါတယ်။ အဲဒီ ဆန္ဒပြမှုကို စစ်ကောင်စီက စစ်တပ်တွေ စေလွှတ်ပြီး အကြမ်းဖက်ရိုက်နှက်ဖြိုခွဲတာကြောင့် အမျိုးသမီးတချို့အပါအဝင် ဆန္ဒပြသူတချို့ ပြင်းပြင်းထန်ထန်ထိခိုက်သေဆုံးတာတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ကျောင်းသားလူငယ်ခေါင်းဆောင်ငါးဦးကိုလည်း တိုက်ပိတ်အရေးယူထားတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကတော့ ကြာသပတေးနေ့ကဖြစ်စဉ်မှာ အကျဉ်းသားတွေ သေဆုံးခဲ့ခြင်းမရှိဘူးလို့ ပြောသလို အခုလို ရိုက်နှက်တိုက်ပိတ်တာမျိုးလည်း မရှိဘူးလို့ငြင်းပါတယ်။ ဒါပေမယ့်လည်း အကျဉ်းထောင်စည်းမျဉ်းကို ချိုးဖောက်ရင် အကျဉ်းသားဖြစ်စေ၊ အချုပ်သားဖြစ်စေ၊ အကျဉ်းထောင်ဝန်ထမ်းဖြစ်စေ ဥပဒေနဲ့အရေးယူတာခံရတာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေကို အရေးယူ မယူဆိုတာကိုတော့ ယတိပြတ်ငြင်းထားတာမရှိပါဘူး။

အခင်းဖြစ်ပြီးတဲ့နောက် ဆန္ဒပြ သပိတ်ခေါင်းဆောင်တချို့နဲ့ စစ်ကောင်စီ၊ အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဦးချမ်းအေးကျော်က ပြောပေမယ့် အကျဉ်းသားတွေ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး၊ ထောင်တွင်းကိုဗစ်ရောဂါ ထိန်းသိမ်းပေးရေးနဲ့ ထောင်စည်းမျဉ်းတွေ ဖြေလျော့ပေးရေးတို့နဲ့ပတ်သက်လို့ ဘယ်အဆင့်အထိ သဘောတူညီချက် ရခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကတော့ - အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့ သူတို့အနေနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို သွားလေ့လာတဲ့လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အကျဉ်းထောင် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်လို့မနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ICRC က အကျဉ်းထောင်တွေ သွားလေ့လာတာနဲ့ အကူအညီပေးလုပ်ငန်းတွေကို COVID-19 ရောဂါ စဖြစ်ချိန်ကတည်းက ရပ်ထားရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Unicode








#MyanmarMilitaryCoup #MyanmarProtest #InseinPrison #MyanmarPoliticalPrisoners #VOABurmese

XS
SM
MD
LG