သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ဖြတ်မှု၊ဖမ်းဆီးမှုနဲ့ဆန္ဒပြမှုများဆက်လက်ဖြစ်ပွား


မန္တလေးမြို့ပေါ်က လုံခြုံရေးကင်းတခု ( ဓာတ်ပုံ - AFP)
မန္တလေးမြို့ပေါ်က လုံခြုံရေးကင်းတခု ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ စစ်သတင်းပေး
စွပ်စွဲခံရသူတွေ ရက်ဆက် ပစ်သတ်ခံနေရသလို၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေကိုလည်း စစ်ကောင်စီက နှိပ်ကွပ်ဖမ်းဆီးနေပါတယ်။ ဒီနေ့ ဒီပဲယင်းမြို့နယ်မှာ NLD
အမတ်ရဲ့ မိသားစုဝင်အပါအဝင် ၅ ဦး ဖမ်းဆီးခံရပါတယ်။

အခုလို စစ်တပ်ရဲ့ အတားအဆီး ပစ်ခတ်ဖမ်းဆီးမှုကြာက ရန်ကုန်၊ မန္တလေး စတဲ့
နေရာတွေ နိုင်ငံတဝန်း ရက်ဆက်ဆိုသလို သပိတ်မှောက်နေကြပါတယ်။ ဒီအကြောင်း
ရန်ကုန်ကလာတဲ့ သတင်း မမြသဇင်အောင်ပြောပြပါမှာ။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းကတည်း လွှတ်တော်အမတ်တွေ
နိုင်ငံရေးတက်ကြွလှုပ်ရှာသူတွေကို အကြမ်းဖက် ဖမ်းဆီးနေသလို
စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားတတ်ကြွသူလတွေလည်း ဒီနေ့အထိ နှိပ်ကွပ်
ဖမ်းဆီးခံနေရပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ်လောက်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ် ဦးဝင်းမြင့်အောင်ရဲ့
အမျိုးသမီးနဲ့ သားတစ်ဦး အပါအဝင် ၅ ဦးကို ဖမ်းဆီးခေါ်သွားတယ်လို့
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံလည်းဖြစ်
သပိတ်ခေါင်းဆောင်လည်းဖြစ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

အမတ် ဦးဝင်းမြင့်အောင်နဲ့ သပိတ်ဦးဆောင်ဦးကျော်ထက်အောင်တို့ကို
သူတို့နေထိုင်အိမ် စိုင်ပြင်ကျေးရွာမှာ စစ်သားနဲ့ ရဲ အင်အား ၅၀ လောက်
လာရောက်ဖမ်းဆီးတာဖြစ်ပါတယ်။ ဒါပေမယ့် အလိုရှိသူတွေကို မရလို့
မိသားစုဝင်တွေကို ဖမ်းဆီးသွားတာလို့ အခုလို့ ပြောပါယ်။

“အဲ့မှာ ဦးဝင်းမြင့်အောင်တို့အိမ်ရော ဦးကျော်ထက်တို့အိမ်ရော
အဲ့ဝင်ရှာကြတယ်၊ ဦးဝင်းမြင့်အောင်ကို ဝင်ရှာပြီးတော့ အဲ့မှာ
သူ့မိန်းမနဲ့ သူ့သားကို ဖမ်းသွားတယ်၊ ဦးဝင်းမြင့်အောင်က အဲ့မှာမနေတာ
ရှောင်နေတာပေါ့လေး ကြာနေပြီးပေါ့၊ ရှောင်နေတဲ့အတွက် အဲ့ရှိတဲ့
သူ့အမျိုးသမီးနဲ့ သူ့သားကို ခေါ်သွားတယ်ပေါ့နော်၊ နောက် စန်းလင်းဆိုတာ
အမှတ်(၂)အုပ်ချုပ်ရေးမှူး၊ အမှတ်(၂)အုပ်ချုပ်ရေးမှူးစန်းလင်းရယ်ပေါ့နော်
အဲ့သူတို့ကို စခန်းထဲစစ်ဆေးစရာရှိတယ်ပြီးတော့ ဖမ်းခေါ်သွားကြတယ်။”

ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်လှယ် ဦးဝင်းမြင့်အောင်ရဲ့
မိသားစုဝင်နဲ့ သပိတ်ဦးဆောင်သူ ဦးကျော်ထက်အောင်ရဲ့ မိသားစုဝင်လည်းဖြစ်
တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်အမတ် ဦးမိုးမင်းဝင်းတို့ရဲ့
ညီအစ်ကိုတို့ကို ဖမ်းဆီးခေါ်သွားသလို ရပ်ကွက်အုပ်မှူး တစ်ယောက်ကိုလည်း
ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ မန္တလေးတိုင် ချမ်းအေးသာစံမြို့နယ် ရွှေလံရပ်ကွက်အုပ်ချုပ်ရေး
ဦးအောင်ဆွေထွန်း နဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့က
စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူ ဦးဝင်းနိုင်ဦး တို့
သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။

ချမ်းအေးသာစံမြို့နယ် ရွှေလံရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့
ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“CDP တွေကို ထောက်ပံ့တယ်ဆိုတာ စွပ်ဆွဲပြီးတော့
ရပ်ကွက်ထဲမှာပေါ့နော် တော်တော်နှိပ်ကွပ်တယ်ဆိုလည်းကြားတယ်၊ ပြီးတော့
စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေ အပေါ်မှာပေါ့နော်
အနိုင်ကျင့်တယ် အဲ့ဒါမျိုးတွေလည်း ကျနော်တို့သတင်းထဲမှာ တွေ့ရတယ်၊
ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းစပ်ပြီးမှ သူတို့တွေ
နယ်ကျော်ကပ်တွေပါတွေပေါ့နော် ထုတ်ပေးတာတွေ အသွားအလာကန့်သတ်တာတွေဘာတွေတော့
ရှိတယ် အဲ့ကြာထဲမှာမှပေါ့နော် အဲ့ရွှေလံရပ်ကွက်ထဲမှာ
နယ်ကျော်ကဒ်လုပ်မယ်ပြီးတော့ ဝင်ပစ်သွားတယ်လို့တော့ ကြားရတယ်ဗျ။”

စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပြီး အသွားအလာများတဲ့နေရာမှာ
လက်နက်အင်အားအပြည့်နဲ့ တင်းကြပ်စစ်ဆေးနေတာကြောင့် ပြည်သူလူတွေ အထိတ်တလန့်
ဖြစ်နေပါတယ်။

မန္တလေးမှာ ဘာသာပေါင်စုံသပိတ်စစ်ကြောင်း၊
အင်ဂျင်နီယာများအဖွဲ့သပိတ်စစ်ကြောင်း စတဲ့ မျိုးစုံသပိတ်စစ်ကြောင်းတွေ
အတားအဆီးကြားက သတိထားပြီး ရက်ဆက် ဆင်နွှဲနေကြတယ်လို့
သပိတ်ဦးဆောင်ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အခုမှာဆိုရင် အပြင်သွားဖို့ကိုတောင်မှာလေး ကျနော်တို့က
အကန့်အသတ်တွေအများကြီးနဲ့ ဒီမြို့နယ် မြို့နယ်တိုင်းမှာ ပြည်သူတွေကို
ခြောက်လှန့်နေတာပေါ့နော်၊ ခြောက်လှန့်နေတဲ့ကြာကပဲ ပြည်သူတွေအတွက်ပေ့ါနော်
တစ်ခုခုပေါ့နော် အားအင်တစ်ခုခု အမြင်တစ်ခုခုကိုပေါ့နော် ကျနော်တို့
ပြဖို့အတွက် ကျနော်တို့ ဒီစစ်ကြောင်းတွေအနေနဲ့ ထွက်ပြီး
အရေးပုံတော်ကြီးမှာ လှုပ်ရှားနေတယ်ဆိုတဲ့ စစ်ကြောင်းတွေကတော့
လောလောဆယ်ထွက်မယ်ဆိုတဲ့ မရ ရအောင်ထွက်မယ်ဆိုတဲ့ ကဏ္ဍတွေမှာရှိပါတယ်ခင်ဗျာ၊
တော်တော်လေးကို အရမ်းတုန်းကအခြေအနေ မဟုတ်တဲ့အတွက်ပေါ့နော် တော်တော်လေးကို
သတိထားရတယ်။”

မနေ့ကဆိုရင် မုံရွလူထုသပိတ်စစ်ကြောင်း လူစုနေစဉ် အရပ်ဝတ်တွေပါတဲ့
စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ တာဆီး ပစ်ခတ်ဖြိုခွဲခံခဲ့ရပါတယ်။

ဒါပေမယ့် လူငယ်တွေဖက်ကတော့ ဒီစစ်အာဏာရှင်စနစ်ကို ကြိုးစားတိုက်ထုတ်သွားမယ်လို့
သပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ဆိုပါတယ်။

“အန္တရာယ်တော့ ရှိပါတယ်ဗျ၊ အဓိကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဖို့
ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ ဒီလမ်းမတွေပေါ်မှာ ဖမ်းဆီးခံရနိုင်တယ်၊
အခန့်မသင့်ရင် သေနတ်နဲ့ ပစ်လို့ သေနိုင်တယ်ပေါ့နော် ဒါတွေကို သိသိနဲ့
ကျနော်တို့ကတော့ ဆက်လုပ်နေအုံးမှာပါ၊ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့
ဒီဟာတွေ ဆက်မလုပ်ဘူးဆိုရင် ဒီပြည်သူလူထုရဲ့ အနာဂတ်ရော ကျနော်တို့ရဲ့
လူငယ်တွေရဲ့ အနာဂတ်တွေပါ အမှောင်ထဲကျမှာ စိုးတဲ့အတွက် ကျနော်တို့ကတော့
ဒီလိုအန္တရာယ်တွေများထဲကနေပြီး ကျနော်တို့ လူငယ်တွေကတော့ အစွမ်းကုန်ထိ
ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သွားမှာဖြစ်ပါတယ်။”

ရန်ကုန်တိုင်း ဒလမြို့နယ်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းအရပ်နဲ့
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ထားဝယ်မြို့တို့ စစ်ကိုင်းတိုင်း၊
ကလေးမြို့ ယင်းမာပင်မြို့နယ် ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်ဟာလည်း
တခြားဒေသတွေက ဒီကနေ့ဆန္ဒပြပွဲတွေလိုပဲ ကြွေးကျော်သံတွေ အော်ဟစ်ပြီး
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ချိန်ကနေ မနေ့ကအထိဆိုရင်
စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ ၉၆၈
ယောက်ထက်မနည်း ရှိပြီဖြစ်သလို အခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်းက ၅၅၇၀
ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့
(AAPP) က ထုတ်ပြန်ထားပါတယ်။

Protest arrest
please wait

No media source currently available

0:00 0:04:29 0:00
တိုက်ရိုက် လင့်ခ်


...................................................................

သတျဖွတျမှု၊ဖမျးဆီးမှုနဲ့ဆန်ဒပွမှုမြားဆကျလကျဖွဈပှား















“အန်တရာယျတော့ ရှိပါတယျဗြ၊ အဓိကတော့ စဈအာဏာရှငျစနဈဆန့ျကငြျဖို့

တခွားဒသေတှကေ ဒီကနေ့ဆန်ဒပွပှဲတှလေိုပဲ ကွှေးကြောျသံတှေ အောျဟဈပွီး

XS
SM
MD
LG