(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၅ လေက်ာ္လာၿပီျဖစ္ေပမယ့္ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကုိ ေဒသတခ်ဳိ႕မွာ ဆက္လက္ ျပဳလုပ္ေနၾကဆဲ ျဖစ္သလုိ ဗုံးေဖာက္ခြဲမႈေတြနဲ႔ ပစ္ခတ္ သတ္ျဖတ္မႈေတြလည္း ေန႔စဥ္ဆုိသလုိ ဆက္တုိက္ ျဖစ္ေပၚေနပါတယ္။
ဒီကေန႔ ဇူလုိင္လ ၄ ရက္ေန႔ ေန႔လယ္ပိုင္းက မႏၱေလးတုိင္း၊ ျမင္းၿခံၿမိဳ႕မွာ စစ္ေကာင္စီတပ္သားေတြ စီးလာတဲ့ အိမ္စီးကားကုိ ဆုိင္ကယ္သမားက ေသနတ္နဲ႔ ပစ္ခတ္ခဲ့ေပမယ့္ ေသဆုံးသူမရွိဘူးလုိ႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီကားက ေသနတ္သမားကုိ လုိက္လံဖမ္းဆီးေပမယ့္ မမိလုိက္ဘူးလို႔ ဆုိပါတယ္။
ျမင္းၿခံၿမိဳ႕မွာပဲ စစ္ေကာင္စီက ခန္႔ထားတဲ့ ၁၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ေအာင္မုိးသန္႔ဆုိသူ ဒီကေန႔ ေသနတ္နဲ႔ ၃ ခ်က္ အပစ္ခံလုိက္ရတဲ့ ဒဏ္ရာေတြနဲ႔ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။
ရန္ကုန္တုိင္း၊ အင္းစိန္ၿမိဳ႕ ကမ္းနားလမ္းမွာ စစ္ကားေပၚကုိ လက္ပစ္ဗုံးတလုံးနဲ႔ ပစ္လုိက္ေပမယ့္ အဲဒီဗုံးက ေပါက္ကြဲခဲ့ျခင္း မရွိဘူးလုိ႔ ေဒသခံေတြက ေျပာပါတယ္။ အခင္းျဖစ္ပြားၿပီးတဲ့ေနာက္ အင္းစိန္ ေအာင္ေဇယ်အိမ္ယာဝင္းအတြင္း စစ္ေကာင္စီတပ္ဖြဲ႔ေတြက ဝင္ေရာက္ရွာေဖြၿပီး လူငယ္တခ်ဳိ႕ကုိ ဖမ္းဆီး ေခၚေဆာင္သြားတယ္လုိ႔ ဆုိပါတယ္။
တခ်ိန္တည္းမွာပဲ ဒီကေန႔ ေရးၿမိဳ႕၊ ၿမိဳ႕မရဲစခန္းအတြင္း ဗုံးေပါက္ကြဲမႈ ျဖစ္သြားခဲ့ေပမယ့္ ထိခုိက္ဒဏ္ရာရသူ မရွိဘူးလုိ႔ ေဒသခံေတြက ေျပာပါတယ္။
တဖက္မွာ ပစ္ခတ္ ေဖာက္ခြဲမႈေတြ ရွိေနတဲ့ တခ်ိန္တည္းမွာပဲ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြလည္း ၿမိဳ႕နယ္တခ်ဳိ႕မွာ ဆက္လက္ ျပဳလုပ္ေနၾကပါတယ္။ ဒီကေန႔ တနသၤာရီတုိင္း၊ ေလာင္းလုံၿမိဳ႕နယ္အတြင္းက ေက်းရြာတခ်ဳိ႕ စုေပါင္းၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။
အလားတူပဲ မႏၱေလးၿမိဳ႕မွာလည္း ဒီကေန႔ ေန႔လယ္ပုိင္းက အင္ဂ်င္နီယာမ်ားအဖြဲ႔ သပိတ္စစ္ေၾကာင္းနဲ႔ သံဃသမဂၢ သပိတ္စစ္ေၾကာင္းတုိ႔ စစ္အာဏာရွင္ျပဳတ္က်ေရး၊ ဖက္ဒရယ္ဒီမုိကေရစီ ရရွိေရးတုိ႔အတြက္ အသီးသီး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။
စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကုိ ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕၊ မြန္ျပည္နယ္ ေပါင္ၿမိဳ႕တုိ႔အျပင္ စစ္ကုိင္းတုိင္းအတြင္းက ဆားလင္းႀကီးနဲ႔ ယင္းမာပင္ၿမိဳ႕နယ္ေတြမွာလည္း ေက်းရြာေပါင္းစုံ သပိတ္အျဖစ္နဲ႔ ျပဳလုပ္ခဲ့ၾကပါတယ္။
-----------------------
(Unicode)
မြင်းခြံမှာ ချောင်းမြောင်းပစ်ခတ်မှုတချို့ ဖြစ်ပွား
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅ လကျော်လာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒေသတချို့မှာ ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်သလို ဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေလည်း နေ့စဉ်ဆိုသလို ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီတပ်သားတွေ စီးလာတဲ့ အိမ်စီးကားကို ဆိုင်ကယ်သမားက သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့် သေဆုံးသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကားက သေနတ်သမားကို လိုက်လံဖမ်းဆီးပေမယ့် မမိလိုက်ဘူးလို့ ဆိုပါတယ်။
မြင်းခြံမြို့မှာပဲ စစ်ကောင်စီက ခန့်ထားတဲ့ ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မိုးသန့်ဆိုသူ ဒီကနေ့ သေနတ်နဲ့ ၃ ချက် အပစ်ခံလိုက်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့ ကမ်းနားလမ်းမှာ စစ်ကားပေါ်ကို လက်ပစ်ဗုံးတလုံးနဲ့ ပစ်လိုက်ပေမယ့် အဲဒီဗုံးက ပေါက်ကွဲခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခင်းဖြစ်ပွားပြီးတဲ့နောက် အင်းစိန် အောင်ဇေယျအိမ်ယာဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေပြီး လူငယ်တချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဒီကနေ့ ရေးမြို့၊ မြို့မရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာ ပစ်ခတ် ဖောက်ခွဲမှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း မြို့နယ်တချို့မှာ ဆက်လက် ပြုလုပ်နေကြပါတယ်။ ဒီကနေ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတချို့ စုပေါင်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အလားတူပဲ မန္တလေးမြို့မှာလည်း ဒီကနေ့ နေ့လယ်ပိုင်းက အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်းနဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းတို့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အသီးသီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မွန်ပြည်နယ် ပေါင်မြို့တို့အပြင် စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေမှာလည်း ကျေးရွာပေါင်းစုံ သပိတ်အဖြစ်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။