သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္က ဖမ္းဆီးသြားၿပီးေနာက္ ေသဆုံးသူဦးေရတိုးလာ


ျမန္မာစစ္အာဏာရွင္ကုိ အာခံဆန္႔က်င္တဲ့လကၡဏာတခ်ိဳ ႔

(Zawgyi/Unicode)
စစ္ေကာင္စီက အာဏာထိန္းၿပီး ၅ လေက်ာ္ၾကာတဲ့အထိ ဆႏၵျပပြဲေတြ ေပါက္ကြဲမႈေတြ ဆက္တိုက္ရွိေနၿပီး စစ္အာဏာရွင္ဆန႔္က်င္လႈပ္ရွားသူမ်ားကို စစ္ေကာင္စီကဆက္ၿပီး ႏွိပ္ကြပ္ေနပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ စစ္ေကာင္စီရဲ႕ ဖမ္းဆီးေခၚေဆာင္သြားခံရတဲ့ ျပည္ၿမိဳ႕ ျပည္သူတဦးနဲ႔ မုံ႐ြာက ျပည္သူတဦး အေလာင္းပဲ ျပန္ရခဲ့ပါတယ္။ ကခ်င္ျပည္နယ္ ဝိုင္းေမာ္မွာလည္း အိမ္သစ္တက္ပြဲက်င္းပေနတဲ့အိမ္ စစ္တပ္က ဝင္စီးလို႔ ေသဆုံးမႈရွိခဲ့ၿပီး ၃၀ အဖမ္းခံခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး တင္ျပေပးပါမယ္။

ဇူလိုင္ ၂ရက္ ဒီကေန႔ မနက္ ၈ နာရီဝန္းက်င္ေလာက္က ရန္ကုန္ၿမိဳ႕ ေျမနီကုန္း ဂုံးေက်ာ္ တံတားေပၚမွာ ဗုံးေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။ တံတားေပၚမွာ ခ်ိတ္ဆြဲထားတဲ့ ဆႏၵျပစာသားကို ရဲေတြ လာျဖဳတ္တဲ့အခ်ိန္ ရဲကားထဲမွာေပါက္ကြဲခဲ့တာလို႔ ေျမနီကုန္းမွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

“ဗီႏိုင္းကိုလာျဖဳတ္တယ္ေလ၊ တံတားေပၚမွာ ခ်ိတ္ထားတဲ့ ဗီႏိုင္းကို အဲ့ဒါကို လာျဖဳတ္ေတာ့ ရဲကားေရာက္လာတဲ့ အခ်ိန္က်မွ အဲ့ဟာနဲ႔ ကြက္တိနီးပါးေလာက္ကို ေပါက္သြားတဲ့ အေနအထားပါဗ်။ ထိခိုက္မႈေတာ့ သိပ္မရွိပါဘူးဗ်။ ၈ နာရီ ၁၀ မိနစ္ေလာက္က ျဖစ္တာဆိုေတာ့ သူတို႔ လမ္းပိတ္ထားတာ ၉ နာရီ ခြဲေလာက္ထိကို ဂုံးေက်ာ္တံတားေပၚကိုလုံးဝ ကားေတြ ေပးမျဖတ္ဘူးေပါ့ေနာ္၊ အဲ့လို အေနအထားထိကို ပိတ္ပစ္လိုက္တာဗ်။ ကားေတြေကာ ျဖတ္သြားတဲ့လူေတြေကာ အကုန္လုံး႐ုံးသြား႐ုံးတက္သူေတြေကာ ေက်ာပိုးအိတ္ေတြဘာေတြ စစ္တဲ့အထိ၊ အဲ့ေလာက္ထိကို စစ္တယ္ဗ်။”

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဂုံးတံတားေပၚက ခ်ိတ္ဆြဲထားတဲ့ ဆႏၵျပအဝတ္စကို ျဖဳတ္သိမ္းၿပီး ရဲကင္းလွည့္ယာဥ္ေနာက္ဖုံးအတြင္း ထည့္ခ်ိန္မွာ လက္လုပ္မိုင္းေပါက္ကြဲခဲ့ၿပီး ကားအေနာက္ဖုံး အနည္းငယ္ ပ်က္စီးခဲ့တယ္လို႔ဆိုပါတယ္။ ဒီမိုင္းေဖာက္ခြဲခဲ့တဲ့ တရားခံကို ဖမ္းဆီးရမိႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ စစ္ေကာင္စီဘက္ကေတာ့တုန႔္ျပန္ေျပာဆိုထားပါတယ္။

မေန႔ကလည္း ေျမနီကုန္း၊ ဂုံးေက်ာ္တံတားေအာက္က ယာဥ္ထိန္းရဲကင္း႐ုံမွာ အင္အားျပင္းေပါက္ကြဲမႈ တစ္ခုျဖစ္ခဲ့ၿပီး လမ္းသြားလမ္းလာ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

မေန႔က ေန႔လည္ပိုင္းကတုန္းကလည္း မုံ႐ြာၿမိဳ႕ စက္မႈဇုံရပ္ကြက္မွာ ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး တဦးေသဆုံးခဲ့ပါတယ္။ ေပါက္ကြဲမႈ ျဖစ္ၿပီးၿပီးခ်င္းမွာ စစ္ေကာင္စီတပ္ေတြ ေရာက္လာၿပီး လူငယ္ႏွစ္ဦးကို ဖမ္းဆီးခံလိုက္ရပါတယ္။ ညေနပိုင္းမွာေတာ့ ဖမ္းဆီးခံ လူငယ္ႏွစ္ဦးထဲက တဦးရဲ႕ အေလာင္းကို လာထုတ္ဖို႔ မိသားစုဆီကိုဆက္သြယ္လာတယ္လို႔ မုံ႐ြာပင္မသပိတ္စစ္ေၾကာင္း က ကိုသန္းေက်ာ္ဦးက ေျပာျပပါတယ္။

“မေန႔က ေန႔လည္ ၂နာရီ ၃ နာရီေလာက္မွာ ေပါက္ကြဲမႈ ျဖစ္တာေပါ့။ စက္မႈဇုံ(ရပ္ကြက္)ထဲမွာပဲ ျဖစ္တာဗ်။ ျဖစ္ၿပီးေတာ့ သူတို႔(စစ္ေကာင္စီတပ္) ၂ ေယာက္ဖမ္းေခၚသြားတယ္။ ၂ ေယာက္ဖမ္းေခၚသြားၿပီးေတာ့ အဲ့ဒီ စစ္ေၾကာေရးမွာ တေယာက္ေသတယ္။ မေန႔က ဗုံးေပါက္ကြဲၿပီး ညေနပိုင္းေလာက္မွာ ဖမ္းသြားတယ္။ ဖမ္းသြားၿပီး သိပ္မၾကာဘူး၊ ခ်က္ခ်င္းပဲ နာရီဝက္ေလာက္မွာ သူတို႔အိမ္ကိုဖုန္းဆက္တယ္ေပါ့။ အေလာင္းလာထုတ္ဖို႔ ၊ ရင္ခြဲ႐ုံမွာ အေလာင္းလာထုတ္ပါဆိုၿပီး၊ ဒါေပမယ့္ အေလာင္းက ရင္ခြဲ႐ုံကို ခ်က္ခ်င္းေတာ့ ေရာက္မလာဘူးေပါ့ေနာ္။”

စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးသြားတဲ့ ေနာက္တစ္ဦးကိုလည္း စစ္ေၾကာေရးမွာ စစ္ေဆးေနဆဲ ဆိုတယ္လို႔သာ သိရၿပီး ဘယ္လိုအေျခအေန ရွိသလဲဆိုတာကို မသိရဘူးလို႔ ေျပာပါတယ္။ မုံ႐ြာမွာ စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရးအင္အားကို ၂ ဆေလာက္ တိုးျမင့္ထားတဲ့ၾကားကေန မရရေအာင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပ စစ္ေၾကာင္းေတြ ခ်ီတက္ေနၾကဆဲျဖစ္ပါတယ္။

ဒီေန႔ ဆႏၵျပစစ္ေၾကာင္းမွာ ႀကဳံရတဲ့အေျခအေနေတြကို မုံ႐ြာပင္မ သပိတ္စစ္ေၾကာင္းက ကိုသန္းေက်ာ္ဦးက အခုလိုေျပာျပပါတယ္။

“ဆႏၵျပပြဲေတြကေတာ့ တျဖည္းျဖည္းနဲ႔ ပိုၿပီးေတာ့ ၾကပ္လာတယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဒီေန႔လည္း အခက္အခဲၾကားကေန လုပ္ရတယ္ေပါ့။ တပ္ကလည္း အျပင္းအထန္ဖိႏွိပ္သလို ကြၽန္ေတာ္တို႔ကလည္း အာဏာရွင္ကို အျပင္းအထန္ ဆန႔္က်င္ကန႔္ကြက္ေၾကာင္း ကြၽန္ေတာ္တို႔က တန္ျပန္ အာဏာဖီဆန္တာေပါ့ဗ်ာ၊ အဲ့လိုမ်ိဳးေတြ ကြၽန္ေတာ္တို႔ လုပ္ၾကပါတယ္။ သာစည္လမ္းရဲ႕ သာစည္ေဈးမွာ ကြၽန္ေတာ္တို႔ ေပ်ာက္ၾကားသပိတ္လုပ္တယ္။ စစ္ေကာင္စီတပ္ေတြကေတာ့ အဲ့ဒီလမ္းမွာ အၿမဲသြားလာၿပီးေတာ့ ေျခရႈပ္ေနတာေတာ့ ရွိတာေပါ့။ သူတို႔က ကြၽန္ေတာ္တို႔ သပိတ္စစ္ေၾကာင္းေတြ ၿဖိဳဖို႔အတြက္ကို ပုံမွန္ပတ္တယ္၊ အရပ္ဝတ္ေတြနဲ႔ လြတ္ထားတယ္ေပါ့။ ကြၽန္ေတာ္တို႔ ဒီေန႔ သပိတ္စစ္ေၾကာင္းေတာင္မွ ၿပီးခါနီးမွာ အရပ္ဝတ္ေတြ ဖုန္းဆက္လိုက္လို႔ အလ်င္အျမန္လူစုခြဲလိုက္ရတာမ်ိဳးရွိတယ္။ ၿပီးေတာ့ သူတို႔က ကြၽန္ေတာတို႔ စစ္ေၾကာင္းေတြကို ၿဖိဳဖို႔အတြက္ ဆိုင္ကယ္ေတြနဲ႔ အရင္ကထက္ပိုၿပီးေတာ့ လုံၿခဳံေရး ၂ ဆတိုးၿပီးေတာ့ ပတ္တာရွိတယ္။ အရပ္ဝတ္ေတြလည္း အရင္ကထက္ ပိုခ်ထားတာရွိေတာ့ ဒီၾကားထဲကေန ကြၽန္ေတာ္တို႔ လုပ္ရတာက အႏၲရာယ္ေတာ့အရမ္းမ်ားတယ္ဗ်။”

မႏၲေလး၊ လက္ပံေတာင္း၊ ကေလး၊ တာမခန္၊၊ ယင္းမပင္၊ ေမာ္လၿမိဳင္ စတဲ့ေဒသေတြမွာလည္း လမ္းေလွ်ာက္သပိတ္ ဆိုင္ကယ္သပိတ္ ပုံစံမ်ိဳးစုံ နဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရးလူထုက ဆႏၵျပေနၾကပါတယ္။

ပဲခူးတိုင္း ျပည္ၿမိဳ႕၊ ဖိုးေခါင္ေက်း႐ြာက အသက္ ၃၄ ႏွစ္အ႐ြယ္ ဦးစိုးမင္းဆိုသူဟာ ျမ႐ြာစာသင္ေက်ာင္းတံခါးမွန္ဖ်က္ဆီးတယ္ဆိုၿပီး စြပ္စြဲခံရလို႔ စစ္ေကာင္စီတပ္ေတြက ဇြန္လ ၂၉ ရက္ေန႔ ည ၁၁ နာရီက ဖမ္းဆီးသြားပါတယ္။ ဖမ္းဆီးခံရၿပီးေနာက္ မိသားစုဝင္ေတြ နီးစပ္ရာကို လိုက္လံစုံစမ္းေနေပမဲ့ ဘယ္ကိုဖမ္းဆီးသြားမွန္း အတိအက်မရခဲ့ပါဘူး ဒါေပမဲ့ ဖမ္းဆီးခံရၿပီး သုံးရက္ေျမာက္ေန႔ျဖစ္တဲ့ ဇူလိုင္ ၁ရက္ မေန႔ကေတာ့ အေလာင္းပဲျပန္ရတယ္လို႔ ေဆြမ်ိဳးေတာ္သူတစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

ဇူလိုင္ ၁ ရက္ေန႔မွာ အရပ္ဝတ္နဲ႔ စစ္သားႏွစ္ေယာက္က အိမ္ကိုေရာက္လာၿပီး ဦးစိုးမင္း ဟာ ဇြန္ ၃၀ ရက္ေန႔ အက်ဥ္းသားေတြ လႊတ္တဲ့စာရင္းထဲမွာ ပါေပမယ့္ အဲ့ဒီည ၂ နာရီေလာက္မွာ တက္ၿပီးေတာ့ ေသဆုံးသြားၿပီး လက္ရွိမွာ ျပည္ၿမိဳ႕ေဆး႐ုံရင္ခြဲ႐ုံကို ပို႔ေဆာင္ထားလို႔ အေလာင္းထုတ္ဖို႔ ေျပာလာတယ္ လို႔ ေဆြမ်ိဳးေတာ္စပ္သူက ေျပာျပပါတယ္။

ဦးစိုးမင္းဟာ အဖမ္းမခံရခင္မွာ က်န္းမာေရးေကာင္းမြန္ၿပီး သံလုပ္ငန္း လုပ္ကိုင္ေနသူ တဦး ျဖစ္ၿပီး သူ႔ရဲ႕ အေလာင္း အိမ္ျပန္ေရာက္လာခ်ိန္ စစ္ေဆးၾကည့္တဲ့အခါ ေျခ၊ လက္၊ တင္ပါးေတြမွာ ႐ိုက္ႏွက္ ထိုးႀကိတ္ဒဏ္ရာ၊ တကိုယ္လုံး ဖူးေယာင္ညိဳမဲဒဏ္ရာေတြနဲ႔ အေလာင္းကိုျပန္ရတာေၾကာင့္ ဦးစိုးမင္းဟာ စစ္ေၾကာေရးမွာပဲ အသက္ပါသြားတယ္လို႔ ယူဆေၾကာင္း ေဆြမ်ိဳးေတာ္စပ္သူက ေျပာပါတယ္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနားေက်း႐ြာမွာ အိမ္သစ္ တက္ပြဲျပဳေနတဲ့ ဦးအင္ေဂါင္ေဇာ္ေအာင္ရဲ႕ ေနအိမ္ကို ဇူလိုင္ ၁ ရက္ မေန႔က မနက္အေစာပိုင္းမွာ စစ္ေကာင္စီတပ္ေတြက အင္အားအျပည့္နဲ႔
ဝင္ေရာက္စီးနင္း ပစ္ခတ္လို႔ တဦးေသဆုံးၿပီး လူ ၃၀ ဦးေလာက္ ဖမ္းဆီးေခၚသြားတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။ ဝင္ေရာက္စီးနင္း ပစ္ခတ္ခံရမႈနဲ႔ ပတ္သက္ၿပီး မိုင္းနားေက်း႐ြာေဒသတစ္ဦးက
အခုလို ေျပာပါတယ္။

“မနက္ က်မတို႔က ေသနတ္သံၾကားမွာပဲ က်မတို႔က လန႔္ႏိုးတာေပါ့၊ လန႔္ႏိုးတယ္ဆိုေတာ့ ေအာ္ အခုလည္းဒီေန႔တိုက္ပြဲျဖစ္ျပန္ၿပီးထင္တယ္ဆိုၿပီးမွာ ေနာက္ေတာ့ က်မတို႔ေဈးထြက္လာတဲ့အခါက်ေတာ့ အဲ့လို အဲ့လိုဒီအိမ္တက္ပြဲမွာ ဝင္ဆီးတာေပါ့ ဘာညာေပ့ါေနာ္၊ လူ အေယာက္ ၃၀၊ ၂၀ ေက်ာ္ ၃၀ ေလာက္ ဖမ္းဆီးသြားတယ္ အဲ့ေလာက္ပဲက်မၾကားရတယ္၊ အိမ္သစ္တက္ပြဲဆိုေတာ့ ။ အိမ္သည္ေပါ့ေနာ္။ ေဆြမ်ိဳးသားခ်င္းလည္း အမ်ားႀကီးလာၾကတယ္လို႔ ေျပာတယ္၊ အဲ့ကတစ္ဦးတစ္ေယာက္ပဲျဖစ္မယ္မွာေပါ့ေနာ္ ဘယ္သူေသတယ္ဆိုတာ အတိအက်ေတာ့ က်မလည္း မသိရေသးဘူး။”

အဲ့ဒီအိမ္သစ္တက္ပြဲကို ဘာေၾကာင့္ ဝင္စီးနင္း ပစ္ခတ္ခဲ့သလဲဆိုတာ အတိအက် မသိရေသးဘူးလို႔ ေျပာပါတယ္။ အဲ့ဒီအိမ္မိသားစုဝင္အားလုံးကိုလည္း ဖမ္းဆီးခံထားရၿပီး ေသာ့ပိတ္ထားတာ ေတြ႕ရတယ္လို႔ အဲ့ဒီေဒသခံက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ ကစၿပီး ဇူလိုင္လ ၁ ရက္ေန႔ အထိ စစ္ေကာင္စီတပ္ဖြဲ႕ရဲ႕ လက္ခ်က္ေၾကာင့္ ကေလးငယ္ေတြ အပါအဝင္ ေသဆုံးခဲ့ရသူစုစုေပါင္းက ၈၈၅ ေယာက္ ရွိေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က သတင္းထုတ္ျပန္ထားပါတယ္။ AAPP ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ ခ်ဲ႕ကားလြန္းတယ္လို႔လည္း စစ္ေကာင္စီဘက္က တုန႔္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

စစ်ကောင်စီက အာဏာထိန်းပြီး ၅ လကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို စစ်ကောင်စီကဆက်ပြီး နှိပ်ကွပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပြည်မြို့ ပြည်သူတဦးနဲ့ မုံရွာက ပြည်သူတဦး အလောင်းပဲ ပြန်ရခဲ့ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မှာလည်း အိမ်သစ်တက်ပွဲကျင်းပနေတဲ့အိမ် စစ်တပ်က ဝင်စီးလို့ သေဆုံးမှုရှိခဲ့ပြီး ၃၀ အဖမ်းခံခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး တင်ပြပေးပါမယ်။

ဇူလိုင် ၂ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ မြေနီကုန်း ဂုံးကျော် တံတားပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ တံတားပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆန္ဒပြစာသားကို ရဲတွေ လာဖြုတ်တဲ့အချိန် ရဲကားထဲမှာပေါက်ကွဲခဲ့တာလို့ မြေနီကုန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဗီနိုင်းကိုလာဖြုတ်တယ်လေ၊ တံတားပေါ်မှာ ချိတ်ထားတဲ့ ဗီနိုင်းကို အဲ့ဒါကို လာဖြုတ်တော့ ရဲကားရောက်လာတဲ့ အချိန်ကျမှ အဲ့ဟာနဲ့ ကွက်တိနီးပါးလောက်ကို ပေါက်သွားတဲ့ အနေအထားပါဗျ။ ထိခိုက်မှုတော့ သိပ်မရှိပါဘူးဗျ။ ၈ နာရီ ၁၀ မိနစ်လောက်က ဖြစ်တာဆိုတော့ သူတို့ လမ်းပိတ်ထားတာ ၉ နာရီ ခွဲလောက်ထိကို ဂုံးကျော်တံတားပေါ်ကို လုံးဝ ကားတွေ ပေးမဖြတ်ဘူးပေါ့နော်၊ အဲ့လို အနေအထားထိကို ပိတ်ပစ်လိုက်တာဗျ။ ကားတွေကော ဖြတ်သွားတဲ့လူတွေကော အကုန်လုံးရုံးသွားရုံးတက်သူတွေကော ကျောပိုးအိတ်တွေဘာတွေ စစ်တဲ့အထိ အဲ့လောက်ထိကို စစ်တယ်ဗျ။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး-ဂုံးတံတားပေါ်က ချိတ်ဆွဲထားတဲ့ ဆန္ဒပြအဝတ်စကို ဖြုတ်သိမ်းပြီး ရဲကင်းလှည့်ယာဉ်နောက်ဖုံးအတွင်း ထည့်ချိန်မှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး ကားအနောက်ဖုံး အနည်းငယ် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒီ မိုင်းဖောက်ခွဲခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဘက်ကတော့တုန့်ပြန်ပြောဆိုထားပါတယ်။

မနေ့ကလည်း မြေနီကုန်း၊ ဂုံးကျော်တံတားအောက်က ယာဉ်ထိန်းရဲကင်းရုံမှာ အင်အားပြင်းပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မနေ့က နေ့လည်ပိုင်းကတုန်းကလည်း မုံရွာမြို့ စက်မှုဇုံရပ်ကွက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦးသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးခံလိုက်ရပါတယ်။ ညနေပိုင်းမှာတော့ ဖမ်းဆီးခံ လူငယ်နှစ်ဦးထဲက တဦးရဲ့ အလောင်းကို လာထုတ်ဖို့ မိသားစုဆီကိုဆက်သွယ်လာတယ်လို့ မုံရွာပင်မသပိတ်စစ်ကြောင်း က ကိုသန်းကျော်ဦးက ပြောပြပါတယ်။

“မနေ့က နေ့လည် ၂နာရီ ၃ နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်တာပေါ့။ စက်မှုဇုံ(ရပ်ကွက်)ထဲမှာပဲ ဖြစ်တာဗျ။ ဖြစ်ပြီးတော့ သူတို့(စစ်ကောင်စီတပ်) ၂ ယောက်ဖမ်းခေါ်သွားတယ်။ ၂ ယောက်ဖမ်းခေါ်သွားပြီးတော့ အဲ့ဒီ စစ်ကြောရေးမှာ တယောက်သေတယ်။ မနေ့က ဗုံးပေါက်ကွဲပြီး ညနေပိုင်းလောက်မှာ ဖမ်းသွားတယ်။ ဖမ်းသွားပြီး သိပ်မကြာဘူး၊ ချက်ချင်းပဲ နာရီဝက်လောက်မှာ သူတို့အိမ်ကိုဖုန်းဆက်တယ်ပေါ့။ အလောင်းလာထုတ်ဖို့ ၊ ရင်ခွဲရုံမှာ အလောင်းလာထုတ်ပါဆိုပြီး၊ ဒါပေမယ့် အလောင်းက ရင်ခွဲရုံကို ချက်ချင်းတော့ ရောက်မလာဘူးပေါ့နော်။”

စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ နောက်တစ်ဦးကိုလည်း စစ်ကြောရေးမှာ စစ်ဆေးနေဆဲ ဆိုတယ်လို့သာ သိရပြီး ဘယ်လိုအခြေအနေ ရှိသလဲဆိုတာကို မသိရဘူးလို့ ပြောပါတယ်။ မုံရွာမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအင်အားကို ၂ ဆလောက် တိုးမြင့်ထားတဲ့ကြားကနေ မရရအောင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကြောင်းတွေ ချီတက်နေကြဆဲဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြစစ်ကြောင်းမှာ ကြုံရတဲ့အခြေအနေတွေကို မုံရွာပင်မ သပိတ်စစ်ကြောင်းက ကိုသန်းကျော်ဦးက အခုလိုပြောပြပါတယ်။

“ဆန္ဒပြပွဲတွေကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကြပ်လာတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီနေ့လည်း အခက်အခဲကြားကနေ လုပ်ရတယ်ပေါ့။ တပ်ကလည်း အပြင်းအထန်ဖိနှိပ်သလို ကျွန်တော်တို့ကလည်း အာဏာရှင်ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ကျွန်တော်တို့က တန်ပြန် အာဏာဖီဆန်တာပေါ့ဗျာ၊ အဲ့လိုမျိုးတွေ ကျွန်တော်တို့ လုပ်ကြပါတယ်။ သာစည်လမ်းရဲ့ သာစည်ဈေးမှာ ကျွန်တော်တို့ ပျောက်ကြားသပိတ်လုပ်တယ်။ စစ်ကောင်စီတပ်တွေကတော့ အဲ့ဒီလမ်းမှာ အမြဲသွားလာပြီးတော့ ခြေရှုပ်နေတာတော့ ရှိတာပေါ့။ သူတို့က ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေ ဖြိုဖို့အတွက်ကို ပုံမှန်ပတ်တယ်၊ အရပ်ဝတ်တွေနဲ့ လွတ်ထားတယ်ပေါ့။ ကျွန်တော်တို့ ဒီနေ့ သပိတ်စစ်ကြောင်းတောင်မှ ပြီးခါနီးမှာ အရပ်ဝတ်တွေ ဖုန်းဆက်လိုက်လို့ အလျင်အမြန်လူစုခွဲလိုက်ရတာမျိုးရှိတယ်။ ပြီးတော့ သူတို့က ကျွန်တောတို့ စစ်ကြောင်းတွေကို ဖြိုဖို့အတွက် ဆိုင်ကယ်တွေနဲ့ အရင်ကထက်ပိုပြီးတော့ လုံခြုံရေး ၂ ဆတိုးပြီးတော့ ပတ်တာရှိတယ်။ အရပ်ဝတ်တွေလည်း အရင်ကထက် ပိုချထားတာရှိတော့ ဒီကြားထဲကနေ ကျွန်တော်တို့ လုပ်ရတာက အန္တရာယ်တော့အရမ်းများတယ်ဗျ။”

မန္တလေး၊ လက်ပံတောင်း၊ ကလေး၊ တာမခန်၊၊ ယင်းမပင်၊ မော်လမြိုင် စတဲ့ဒေသတွေမှာလည်း လမ်းလျှောက်သပိတ် ဆိုင်ကယ်သပိတ် ပုံစံမျိုးစုံ နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုက ဆန္ဒပြနေကြပါတယ်။

ပဲခူးတိုင်း ပြည်မြို့၊ ဖိုးခေါင်ကျေးရွာက အသက် ၃၄ နှစ်အရွယ် ဦးစိုးမင်းဆိုသူဟာ မြရွာစာသင်ကျောင်းတံခါးမှန်ဖျက်ဆီးတယ်ဆိုပြီး စွပ်စွဲခံရလို့ စစ်ကောင်စီတပ်တွေက ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်တွေ နီးစပ်ရာကို လိုက်လံစုံစမ်းနေပေမဲ့ ဘယ်ကိုဖမ်းဆီးသွားမှန်း အတိအကျမရခဲ့ပါဘူး ဒါပေမဲ့ ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၁ရက် မနေ့ကတော့ အလောင်းပဲပြန်ရတယ်လို့ ဆွေမျိုးတော်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ အရပ်ဝတ်နဲ့ စစ်သားနှစ်ယောက်က အိမ်ကိုရောက်လာပြီး ဦးစိုးမင်း ဟာ ဇွန် ၃၀ ရက်နေ့ အကျဉ်းသားတွေ လွှတ်တဲ့စာရင်းထဲမှာ ပါပေမယ့် အဲ့ဒီည ၂ နာရီလောက်မှာ တက်ပြီးတော့ သေဆုံးသွားပြီး လက်ရှိမှာ ပြည်မြို့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားလို့ အလောင်းထုတ်ဖို့ ပြောလာတယ် လို့ ဆွေမျိုးတော်စပ်သူက ပြောပြပါတယ်။

ဦးစိုးမင်းဟာ အဖမ်းမခံရခင်မှာ ကျန်းမာရေးကောင်းမွန်ပြီး သံလုပ်ငန်း လုပ်ကိုင်နေသူ တဦး ဖြစ်ပြီး သူ့ရဲ့ အလောင်း အိမ်ပြန်ရောက်လာချိန် စစ်ဆေးကြည့်တဲ့အခါ ခြေ၊ လက်၊ တင်ပါးတွေမှာ ရိုက်နှက် ထိုးကြိတ်ဒဏ်ရာ၊ တကိုယ်လုံး ဖူးယောင်ညိုမဲဒဏ်ရာတွေနဲ့ အလောင်းကိုပြန်ရတာကြောင့် ဦးစိုးမင်းဟာ စစ်ကြောရေးမှာပဲ အသက်ပါသွားတယ်လို့ ယူဆကြောင်း ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှာ အိမ်သစ် တက်ပွဲပြုနေတဲ့ ဦးအင်ဂေါင်ဇော်အောင်ရဲ့ နေအိမ်ကို ဇူလိုင် ၁ ရက် မနေ့က မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အားအပြည့်နဲ့
ဝင်ရောက်စီးနင်း ပစ်ခတ်လို့ တဦးသေဆုံးပြီး လူ ၃၀ ဦးလောက် ဖမ်းဆီးခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဝင်ရောက်စီးနင်း ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး မိုင်းနားကျေးရွာဒေသတစ်ဦးက
အခုလို ပြောပါတယ်။

“မနက် ကျမတို့က သေနတ်သံကြားမှာပဲ ကျမတို့က လန့်နိုးတာပေါ့၊ လန့်နိုးတယ်ဆိုတော့ အော် အခုလည်းဒီနေ့တိုက်ပွဲဖြစ်ပြန်ပြီးထင်တယ်ဆိုပြီးမှာ နောက်တော့ ကျမတို့ဈေးထွက်လာတဲ့အခါကျတော့ အဲ့လို အဲ့လိုဒီအိမ်တက်ပွဲမှာ ဝင်ဆီးတာပေါ့ ဘာညာပေ့ါနော်၊ လူ အယောက် ၃၀၊ ၂၀ ကျော် ၃၀ လောက် ဖမ်းဆီးသွားတယ် အဲ့လောက်ပဲကျမကြားရတယ်၊ အိမ်သစ်တက်ပွဲဆိုတော့ ။ အိမ်သည်ပေါ့နော်။ ဆွေမျိုးသားချင်းလည်း အများကြီးလာကြတယ်လို့ ပြောတယ်၊ အဲ့ကတစ်ဦးတစ်ယောက်ပဲဖြစ်မယ်မှာပေါ့နော် ဘယ်သူသေတယ်ဆိုတာ အတိအကျတော့ ကျမလည်း မသိရသေးဘူး။”

အဲ့ဒီအိမ်သစ်တက်ပွဲကို ဘာကြောင့် ဝင်စီးနင်း ပစ်ခတ်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ အဲ့ဒီအိမ်မိသားစုဝင်အားလုံးကိုလည်း ဖမ်းဆီးခံထားရပြီး သော့ပိတ်ထားတာ တွေ့ရတယ်လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက် ကစပြီး ဇူလိုင်လ ၁ ရက်နေ့ အထိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးခဲ့ရသူစုစုပေါင်းက ၈၈၅ ယောက် ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ AAPP ရဲ့ ထုတ်ပြန်ချက်တွေဟာ ချဲ့ကားလွန်းတယ်လို့လည်း စစ်ကောင်စီဘက်က တုန့်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG