သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ခ်က္ ေသဆံုးသူ လက္နက္မဲ႔ အရပ္သား ၉၀၀ နီးပါးရွိၿပီ (ကုလေျပာခြင္႔ရ)


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ ေသဆုံးသူ ရာနဲ႔ခ်ီ ရွိေနၿပီး၊ ဒီအထဲမွာ ဖမ္းဆီးထားစဥ္ ေသဆုံးမႈေတြ ရွိေနေၾကာင္းလည္း ကုလသမဂၢက ေျပာလိုက္ပါတယ္။ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ ေသဆုံးသူ လက္နက္မဲ့ အရပ္သား ၈၈၃ ေယာက္ထက္မနည္း ရွိမယ္လို႔ ခန္႔မွန္းထားၿပီး၊ ဒီအထဲက အနည္းဆုံး ၄၀ ေလာက္ဟာ ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့တာလို႔လည္း ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ တာ၀န္ရွိသူေတြက ေျပာတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ေသဆုံးသူကေလး ၆၀ ေလာက္ ရွိေနၿပီလို႔လည္း ေျပာပါတယ္။ ေဆး႐ုံေတြနဲ႔ က်န္းမာေရး ၀န္ထမ္းေတြအေပၚ တိုက္ခိုက္မႈေပါင္း ၅၉ ႀကိမ္ထက္မနည္း ရွိခဲ့ၿပီး၊ စာသင္ေက်ာင္းေတြ ေက်ာင္းဆရာ၊ ဆရာမေတြ တိုက္ခိုက္ခံရမႈ အနည္းဆုံး ၁၆၃ ႀကိမ္ ရွိခဲ့ေၾကာင္းလည္း ကုလသမဂၢ ေျပာခြင့္ရက ေျပာဆိုခဲ့တာပါ။

လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ထိခိုက္ေသေက် ေလာက္တဲ့အထိ အင္အားသုံး ႏွိမ္နင္းမႈေတြအေပၚ ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ တာ၀န္ရွိသူေတြက အျပင္းအထန္ ႐ႈတ္ခ်ေၾကာင္းလည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခ့ဲတာ ၅ လနီးပါး ရွိလာခ်ိန္မွာပဲ ဆန္႔က်င္လႈပ္ရွားမႈေတြ၊ လက္နက္ကိုင္ ခုခံတိုက္ခိုက္မႈေတြနဲ႔အတူ ထိခိုက္ေသဆုံးမႈ သတင္းေတြလည္း ဆက္လက္ထြက္ေပၚေနတာပါ။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ကေတာ့ ျမန္မာလုံျခံဳေရး တပ္ဖဲြ႕ေတြအေနနဲ႔ က်ည္ဆံအစစ္ေတြ အပါအ၀င္ အင္အား အလြန္အကၽြံသုံး ႏွိမ္နင္းမႈေတြ ခ်က္ျခင္းရပ္ဖို႔နဲ႔ အရပ္သားေတြအေပၚ လက္နက္ႀကီးေတြပါ အသုံးျပဳ တိုက္ခိုက္တဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္ေၾကာင္းလည္း ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ တာ၀န္ရွိသူေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီလက်ချက် သေဆုံးသူ လက်နက်မဲ့ အရပ်သား ၉ ၀၀ နီးပါးရှိပြီ (ကုလပြောခွင့်ရ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီး၊ ဒီအထဲမှာ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေ ရှိနေကြောင်းလည်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ လက်နက်မဲ့ အရပ်သား ၈၈၃ ယောက်ထက်မနည်း ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ဒီအထဲက အနည်းဆုံး ၄၀ လောက်ဟာ ဖမ်းဆီးထားစဉ် သေဆုံးခဲ့တာလို့လည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သေဆုံးသူကလေး ၆၀ လောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ဆေးရုံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုပေါင်း ၅၉ ကြိမ်ထက်မနည်း ရှိခဲ့ပြီး၊ စာသင်ကျောင်းတွေ ကျောင်းဆရာ၊ ဆရာမတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၁၆၃ ကြိမ် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထိခိုက်သေကျေ လောက်တဲ့အထိ အင်အားသုံး နှိမ်နင်းမှုတွေအပေါ် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ၅ လနီးပါး ရှိလာချိန်မှာပဲ ဆန့်ကျင်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေနဲ့အတူ ထိခိုက်သေဆုံးမှု သတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ ကျည်ဆံအစစ်တွေ အပါအဝင် အင်အား အလွန်အကျွံသုံး နှိမ်နင်းမှုတွေ ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေအပေါ် လက်နက်ကြီးတွေပါ အသုံးပြု တိုက်ခိုက်တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG