သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးအခြင္႔အေရး ခ်ိဳးေဖာက္ေနတဲ႔ စစ္ေကာင္စီရဲ႕ဥပေဒစိုးမိုးေရး


အာဏာသိမ္းမႈ ေနာက္ပိုင္း ကေလးသူငယ္ ေသဆုံးမႈ (AAPP)

[ Zawgyi ]

စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးသြားတဲ့ထဲက အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြကို ကေလးသူငယ္အခြင့္အေရးနဲ႔အညီ ေဆာင္႐ြက္ဖုိ႔လိုတယ္လို႔ သူတို႔အေရးေဆာင္႐ြက္ေနတဲ့ ေ႐ွ႕ေနေတြက ေတာင္းဆိုေနၾကပါတယ္။ လက္႐ွိမွာ ဖမ္းခံထားရတဲ့ ကေလးငယ္ေတြဟာ ကေလးသူငယ္ဆိုင္ရာ အခြင့္အေရးဥပေဒေတြ ဆံုးရံႈးေနတယ္လို႔ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကေပးပို႔လာတဲ့ သတင္းကို မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

စစ္တပ္က ေဖေဖာ္၀ါရီ ၁ ရက္ေန႔ အာဏာသိမ္းခဲ့ၿပီးေနာက္မွာ ႏိုင္ငံတ၀န္းကန္႔ကြက္ဆႏၵျပမႈေတြကို စစ္တပ္က ၿဖိဳခဲြဖမ္းဆီးတဲ့ထဲ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ေတြ ပါဝင္ေနပါတယ္။ ဖမ္းဆီးခံရတဲ့ အသက္မျပည့္ေသးတဲ့ ကေလးငယ္ ျမန္မာတႏိုင္ငံလံုးမွာ ရာဂဏန္း႐ွိေနၿပီး။ ကေလးသူငယ္ဆိုင္ရာ ဥပေဒ အခြင့္အေရးေတြကို ဆံုးရံႈးေနတယ္လို႔ ကေလးငယ္ေတြအေရး လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနတဦးက အခုလိုေျပာပါတယ္။

“ဥပေဒအခြင့္အေရး ဆံုးရံႈးတာ စဖမ္းကတည္းက ဆံုးရံႈးတယ္လို႔ပဲေျပာရမယ္။ ဘာလို႔လည္းဆိုရင္ ကေလးေတြကို ဖမ္းတဲ့အခါမွာ လက္ထိပ္မခတ္ရဘူး မရိုက္ႏွက္ရဘူး။ ၿပီးရင္ဘာေၾကာင့္ဖမ္းတယ္ဆိုတာ ရွင္းျပရမယ္။ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ အတိအလင္းရွိၿပီးသား ရဲက ဘယ္လိုဖမ္းရ မယဆိုတာက အစပါတယ္။ စဖမ္းကတည္းက ကေလးေတြက ႏွိပ္စက္ၿပီး ညွင္းပန္းခံရတာ။ အထုေထာင္း ခံရတာ နည္းမ်ိဳးစံု အဲ့ဒါက စဖမ္းကတည္းက နံပါတ္ ၂ အသက္ စိစစ္ရမယ္။ ေရာက္တာနဲ႔ အသက္စိစစ္ရမယ္ ရဲအေနနဲ႔ ကေလးေတြနဲ႔ ပတ္သက္တဲ့ စာရြက္စာတမ္းေတြကို စိစစ္ရမယ္။ မရွိရင္ သက္ဆိုင္တဲ့ မိဘေတြကို ေမးျမန္းရမယ္။ ျဖစ္ႏိုင္ရင္ မိဘေတြကို အေၾကာင္းၾကားရမယ္။ အုပ္ထိန္းသူ မိဘေတြ ေဆြမ်ိဳးေတြကို အေၾကာင္းၾကားရမယ္။ ဘယ္သူမွ အေၾကာင္းမၾကားဘူး အခုလက္ရွိအေျခအေနက ဖမ္းခဲ့ရင္ေတာင္ မိသားစုကို အသိေပးရမယ္ကိစၥ မိသားစုေတြကို အသိမေပးတဲ့အျပင္ မိသားစုေတြကို လိုက္စံုစမ္းရင္ေတာင္ ဘယ္နားရွာရမွန္း မသိဘူး။ နံပါတ္ ၃ က တရားရံုးကို အျမန္ဆံုး တင္ပို႔ရမယ္။ တခ်ိဳ႕ဟာဆို တရားရံုးမွာ မတင္ဘူး။ တင္ပို႔တယ္လို႔ ေျပာေသာ္ျငားလည္း ရဲစခန္းမွာ ခ်ဳပ္ပိုင္ခြင့္မရွိဘူး။ အက်ည္းေထာင္မွာ ခ်ဳပ္ပိုင္ခြင့္ လံုး၀မရွိဘူး။ ဥပေဒ အေၾကာင္းအရ ရဲစခန္းနဲ႔ အက်ဥ္းေထာင္မွာ မည္သည့္အေၾကာင္းနဲ႔မွ ခ်ဳပ္ခြင့္ေပးလို႔ မရဘူး။ ခ်ဳပ္မိန္႔လည္းမရွိဘူး။ ဒါေပမယ့္ ရဲစခန္းမွာ ကေလးေတြအမ်ားႀကီးပဲကေလးေတြက ထိန္းသိမ္းရင္ ဘယ္မွာ ထိန္းသိမ္းရမလဲ လူမႈ၀န္ထမ္း ဦးစီးဌာနက သင္တန္းေက်ာင္းေတြရမယ္။ မိဘဆီျပန္အပ္လို႔ ရမယ္ သုိ႔မဟုတ္ ေစာင့္ရွာက္တဲ့ ေဂဟာတခုခုမွာ ထားလို႔ရမယ့္ အဲ့လိုတဆင့္ခ်င္းသြားရမွာ အဲ့လို က်င့္သံုးတာ နည္းေနတယ္။ အဲ့မွာတင္တခု တရားရင္စီရင္ေရးမွာဆိုရင္ ကေလးအမႈေတြကို အျမန္ဆံုး စိစစ္ေပးရမွာ တခ်ိဳ႕ေနရာေတြမွာ အဲ့လိုမလုပ္တဲ့အျပင္ ပံုမွန္ တရားစီရင္ေရးအတိုင္းပဲသြားေနတယ္။”

စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးခဲ့သူေတြထဲက အသက္မျပည့္ေသးသူ အမ်ားစုဟာ ရန္ကုန္ မႏၱေလးက ျဖစ္ၿပီး ပဲခူး ျပည္စတဲ့ၿမိဳ႕ေတြက ျဖစ္ၾကပါတယ္။ ဖမ္းခံရတဲ့ ကေလးငယ္ေတြဟာ အာဏာသိမ္း ဆန္႔က်င္မႈေတြမွာ တိုက္ရိုက္ပါ၀င္ ပတ္သက္ေနတာေတြလည္းရွိသလို ၊ တခ်ိဳ႕က ကိုယ္တိုင္ပါ၀င္တာမဟုတ္ေပမယ့္ မိသားစု၀င္တဦးဦးပါ၀င္ပတ္သက္တာေၾကာင့္ ဖမ္းခံရသူေတြလည္းရွိပါတယ္။

မိုးကုတ္ၿမိဳ႕မွာေတာ့ အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵထုတ္ေဖာ္ပြဲေတြမွာ ပါ၀င္တယ္ဆိုၿပီး ေဒသခံတဦးကို စစ္ေကာင္စီတပ္ေတြက လာေရာက္ဖမ္းဆီးရာမွာ ဖမ္းဆီးခ်င္တဲ့သူဟာ တိမ္းေရွာင္ေနတဲ့ အတြက္ အိမ္မွာက်န္ရစ္တဲ့ အမ်ိဳးသမီးနဲ႔ သမီးျဖစ္သူ အသက္ ၂၁ အရြယ္ နဲ႔ အသက္ ၄ ႏွစ္အရြယ္ ကေလးငယ္ေတြကို ဖမ္းဆီးေခၚေဆာင္ သြားၿပီး အခုခ်ိန္ထိ ျပန္လႊတ္ေပးတာမရွိေသးပါဘူး။

ဒါ့အျပင္ ျမင္းၿခံၿမိဳ႕မွာဆိုရင္လည္း ယာဥ္ထိန္းရဲတဦးကို လက္နက္ကိုင္တစုက ဇြန္ ၁၈ ရက္ေန႔က ပစ္ခတ္သတ္ျဖတ္သြားတဲ့ျဖစ္စဥ္နဲ႔ဆက္ႏြယ္လို႔ လိုက္လံဖမ္းဆီးခံရသူေတြထဲမွာအသက္ ၁၆ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္တဦးလည္း ပါ၀င္ပါတယ္။ သူလြတ္လာဖို႔ ႀကိဳးစားေနေပမယ့္ ခုခ်ိန္မလြတ္ေသးဘူးလို႔ ဖမ္းခံရတဲ့ကေလးရဲ႕မိခင္က အခုလိုေျပာပါတယ္။

“ဟိုတေန႔က အေဖ့ဘက္က ဘႀကီးေတြရွိတယ္ေလ။ ဒီကေလးကို အာမခံနဲ႔ လာထုတ္လွည့္ဆိုေတာ့ ကြ်န္မတို႔ ဘႀကီးေတြက ေၾကာက္လို႔ မသြားခ်င္ဘူး။ ကြ်န္မက ငိုယိုလို႔ဆိုၿပီး သြားတယ္။ က်န္တဲ့သူေတြက လာအဖမ္းခံတဲ့ ကြ်န္မတို႔က ႏိုင္ငံေရးကို အစြန္းေရာက္ လႈပ္ရွားမႈလုပ္တယ္ေပါ့ေနာ္။ ဒီကေလးကို ျပန္မလႊတ္ေပးဘူး။ ၂ ရက္ေန႔ ရံုးခ်ိန္းၾကရင္ေတာ့ အာမခံ ရမယ္ မရဘူး မေျပာလိုက္ဘူး ေစာင့္ၾကည့္လို႔ပဲ ေျပာလိုက္တယ္။”

ယာဥ္ထိန္းရဲ ေသဆံုးတာနဲ႔ ပတ္သက္ၿပီး လက္နက္ေတြ ရွိတယ္ဆိုတဲ့ သတင္းအရ အဲဒီကေလးရွိတဲ့ အိမ္ကိုရွာေဖြခ်ိန္မွာ လက္နက္မေတြ႕ရွိဘဲ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပိုစတာေတြနဲ႔ အလံတခ်ိဳ႕သာ ေတြ႕ရွိခဲ့ပါတယ္။ အဓိက သံသယရွိတဲ့ ဦးေလးျဖစ္သူမမိတဲ့အတြက္ ကေလးငယ္ေတြကို ဖမ္းသြားၿပီး၊ သူ႕ဦးေလး လာအဖမ္းခံမွ လႊတ္မယ္လို႔ တာ၀န္ရွိသူေတြဖက္ကေျပာခဲ့တယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

အခုလိုအသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ဖမ္းဆီးခံေနရတာေတြနဲ႔ ပတ္သက္ၿပီး ကေလးသူငယ္အေရး ေဆာင္ရြက္ေနသူ တဦးက အခုလို မွတ္ခ်က္ျပဳပါတယ္။

“မိုးကုတ္က ကေလးေလး တေယာက္ေပါ့ သူ႕ဖခင္ကေတာ့ ဒီကိစၥရပ္ေၾကာင့္မို႔လို႔ျဖစ္သြားတယ္။ ကေလးက သူ႔ကိုခ်ဳပ္ထားတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနတာေပါ့ေနာ္။ အဲ့လိုသတင္းကို ၾကားရတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔လို ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးသူေတြအရ ၾကည့္မယ္ဆိုရင္ ေတာ္ေတာ္ကို တုန္လႈပ္ဖို႔ေကာင္းတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသက္ ဒီ ၄ ၅ ႏွစ္ဆိုတဲ့အရြယ္ေလးက ခ်ဳပ္ေႏွာင္ထားရမယ့္ အရြယ္မဟုတ္ပါဘူး။ ဘယ္လိုနည္းနဲ႔မွ ခ်ဳပ္ေႏွာင္ထားလို႔ မရပါဘူး။ ဓားစာခံလည္း မရဘူး ဘယ္လိုနည္းနဲ႔မွ မရပါဘူး။ တကယ္ဆိုရင္ ၂၀၁၉ ကမွ ျပဌာန္းလိုက္တဲ့ လႊတ္ေတာ္ထဲမွာ ျပဌာန္းလိုက္တဲ့ ကေလးသူငယ္အခြင့္ေရးဆိုင္ရာ ဥပေဒမွာဆိုရင္ အသက္ ၁၈ ႏွစ္ေအာက္ကိုေတာင္မွ ဥပေဒမဲ့ ထိန္းခ်ဳပ္ထားလို႔မရဘူး။ လက္ရွိမွာ ကေလးသူငယ္မ်ားအတြက္ အထူးသျဖင့္ ထိခိုက္လြယ္တဲ့ ကေလးမ်ား ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ကေလးသူငယ္ ဥပေဒကလည္း ျပဌာန္းၿပီးသားလည္းျဖစ္တယ္။ ကိုယ္ကိုယ္တိုင္ ျပဌာန္းထားတဲ့ ဥပေဒေတြကို ကိုယ္တိုင္တကယ္လိုက္နာဖို႔ ကာကြယ္ေစာင့္ေရွာက္ဖို႔ေတာ့ ျပန္ၿပီးေတာ့မွ ဒီအခ်က္ကိုေတာ့ အၿမဲတမ္း တာ၀န္ရွိသူေတြက ဒီအခ်က္ကို သတိခ်ပ္ေစခ်င္တယ္။ အေလးထားေစခ်င္တယ္။”

ျမန္မာႏိုင္ငံမွာ ကုလသမဂၢရဲ႕ကေလးသူငယ္မ်ားအခြင့္အေရးကာကြယ္မႈသေဘာတူညီခ်က္ CRC ကို လက္မွတ္ထိုးထားသလို၊ ျပည္တြင္းမွာလည္း ကေလးသူငယ္ဆိုင္ရာဥပေဒျပဌာန္းခ်က္ရွိပါတယ္။ အခု ဖမ္းဆီးစစ္ေဆးမႈေတြဟာ ဒီ ဥပေဒေတြကိုခ်ိဳးေဖာက္တာပဲလို႔ ဥပေဒကြ်မ္းက်င္သူေတြက ယူဆပါတယ္။

ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတ၀ွမ္းမွာ ဖမ္းဆီးခံရသူ ၅ ေထာင့္ ၂ ရာေက်ာ္ရွိၿပီး အဲ့ထဲကမွ ၂၂၁ ဦးဟာ ေထာင္ဒဏ္ခ်မွတ္ခံထားရသလို ဖမ္း၀ရမ္း ထုတ္ခံထားရျခင္းေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသူ ၁၉၆၆ ေယာက္ရွိပါတယ္။။ အာဏာ သိမ္းတာကို ဆန္႔က်င္တဲ့အတြက္ စစ္တပ္က အၾကမ္းဖက္ၿဖိဳခြင္းရာမွာ ေသဆံုးသူ ၈၀၀ ေက်ာ္ရွိၿပီး အဲ့ထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္ေနပါတယ္။ ျမန္မာစစ္ေကာင္စီဖက္ကေတာ့ AAPP ရဲ႕ စာရင္းဟာ ခ်ဲ႕ကားလြန္းတယ္လို႔ တုန္႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ကလေးအခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ဥပဒေစိုးမိုးရေး

စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ထဲက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ကလေးသူငယ်အခွင့်အရေးနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်လို့ သူတို့အရေးဆောင်ရွက်နေတဲ့ ရှေ့နေတွေက တောင်းဆိုနေကြပါတယ်။ လက်ရှိမှာ ဖမ်းခံထားရတဲ့ ကလေးငယ်တွေဟာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေတွေ ဆုံးရှုံးနေတယ်လို့ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခဲ့ပြီးနောက်မှာ နိုင်ငံတဝန်းကန့်ကွက်ဆန္ဒပြမှုတွေကို စစ်တပ်က ဖြိုခွဲဖမ်းဆီးတဲ့ထဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေပါတယ်။ ဖမ်းဆီးခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် မြန်မာတနိုင်ငံလုံးမှာ ရာဂဏန်းရှိနေပြီး။ ကလေးသူငယ်ဆိုင်ရာ ဥပဒေ အခွင့်အရေးတွေကို ဆုံးရှုံးနေတယ်လို့ ကလေးငယ်တွေအရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက အခုလိုပြောပါတယ်။

“ဥပဒေအခွင့်အရေး ဆုံးရှုံးတာ စဖမ်းကတည်းက ဆုံးရှုံးတယ်လို့ပဲပြောရမယ်။ ဘာလို့လည်းဆိုရင် ကလေးတွေကို ဖမ်းတဲ့အခါမှာ လက်ထိပ်မခတ်ရဘူး မရိုက်နှက်ရဘူး။ ပြီးရင်ဘာကြောင့်ဖမ်းတယ်ဆိုတာ ရှင်းပြရမယ်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ အတိအလင်းရှိပြီးသား ရဲက ဘယ်လိုဖမ်းရ မယဆိုတာက အစပါတယ်။ စဖမ်းကတည်းက ကလေးတွေက နှိပ်စက်ပြီး ညှင်းပန်းခံရတာ။ အထုထောင်း ခံရတာ နည်းမျိုးစုံ အဲ့ဒါက စဖမ်းကတည်းက နံပါတ် ၂ အသက် စိစစ်ရမယ်။ ရောက်တာနဲ့ အသက်စိစစ်ရမယ် ရဲအနေနဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ရမယ်။ မရှိရင် သက်ဆိုင်တဲ့ မိဘတွေကို မေးမြန်းရမယ်။ ဖြစ်နိုင်ရင် မိဘတွေကို အကြောင်းကြားရမယ်။ အုပ်ထိန်းသူ မိဘတွေ ဆွေမျိုးတွေကို အကြောင်းကြားရမယ်။ ဘယ်သူမှ အကြောင်းမကြားဘူး အခုလက်ရှိအခြေအနေက ဖမ်းခဲ့ရင်တောင် မိသားစုကို အသိပေးရမယ်ကိစ္စ မိသားစုတွေကို အသိမပေးတဲ့အပြင် မိသားစုတွေကို လိုက်စုံစမ်းရင်တောင် ဘယ်နားရှာရမှန်း မသိဘူး။ နံပါတ် ၃ က တရားရုံးကို အမြန်ဆုံး တင်ပို့ရမယ်။ တချို့ဟာဆို တရားရုံးမှာ မတင်ဘူး။ တင်ပို့တယ်လို့ ပြောသော်ငြားလည်း ရဲစခန်းမှာ ချုပ်ပိုင်ခွင့်မရှိဘူး။ အကျည်းထောင်မှာ ချုပ်ပိုင်ခွင့် လုံးဝမရှိဘူး။ ဥပဒေ အကြောင်းအရ ရဲစခန်းနဲ့ အကျဉ်းထောင်မှာ မည်သည့်အကြောင်းနဲ့မှ ချုပ်ခွင့်ပေးလို့ မရဘူး။ ချုပ်မိန့်လည်းမရှိဘူး။ ဒါပေမယ့် ရဲစခန်းမှာ ကလေးတွေအများကြီးပဲကလေးတွေက ထိန်းသိမ်းရင် ဘယ်မှာ ထိန်းသိမ်းရမလဲ လူမှုဝန်ထမ်း ဦးစီးဌာနက သင်တန်းကျောင်းတွေရမယ်။ မိဘဆီပြန်အပ်လို့ ရမယ် သို့မဟုတ် စောင့်ရှာက်တဲ့ ဂေဟာတခုခုမှာ ထားလို့ရမယ့် အဲ့လိုတဆင့်ချင်းသွားရမှာ အဲ့လို ကျင့်သုံးတာ နည်းနေတယ်။ အဲ့မှာတင်တခု တရားရင်စီရင်ရေးမှာဆိုရင် ကလေးအမှုတွေကို အမြန်ဆုံး စိစစ်ပေးရမှာ တချို့နေရာတွေမှာ အဲ့လိုမလုပ်တဲ့အပြင် ပုံမှန် တရားစီရင်ရေးအတိုင်းပဲသွားနေတယ်။”

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့သူတွေထဲက အသက်မပြည့်သေးသူ အများစုဟာ ရန်ကုန် မန္တလေးက ဖြစ်ပြီး ပဲခူး ပြည်စတဲ့မြို့တွေက ဖြစ်ကြပါတယ်။ ဖမ်းခံရတဲ့ ကလေးငယ်တွေဟာ အာဏာသိမ်း ဆန့်ကျင်မှုတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်နေတာတွေလည်းရှိသလို ၊ တချို့က ကိုယ်တိုင်ပါဝင်တာမဟုတ်ပေမယ့် မိသားစုဝင်တဦးဦးပါဝင်ပတ်သက်တာကြောင့် ဖမ်းခံရသူတွေလည်းရှိပါတယ်။

မိုးကုတ်မြို့မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး ဒေသခံတဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးရာမှာ ဖမ်းဆီးချင်တဲ့သူဟာ တိမ်းရှောင်နေတဲ့ အတွက် အိမ်မှာကျန်ရစ်တဲ့ အမျိုးသမီးနဲ့ သမီးဖြစ်သူ အသက် ၂၁ အရွယ် နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တွေကို ဖမ်းဆီးခေါ်ဆောင် သွားပြီး အခုချိန်ထိ ပြန်လွှတ်ပေးတာမရှိသေးပါဘူး။

ဒါ့အပြင် မြင်းခြံမြို့မှာဆိုရင်လည်း ယာဉ်ထိန်းရဲတဦးကို လက်နက်ကိုင်တစုက ဇွန် ၁၈ ရက်နေ့က ပစ်ခတ်သတ်ဖြတ်သွားတဲ့ဖြစ်စဉ်နဲ့ဆက်နွယ်လို့ လိုက်လံဖမ်းဆီးခံရသူတွေထဲမှာအသက် ၁၆နှစ်မပြည့်သေးတဲ့ ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ သူလွတ်လာဖို့ ကြိုးစားနေပေမယ့် ခုချိန်မလွတ်သေးဘူးလို့ ဖမ်းခံရတဲ့ကလေးရဲ့မိခင်က အခုလိုပြောပါတယ်။

“ဟိုတနေ့က အဖေ့ဘက်က ဘကြီးတွေရှိတယ်လေ။ ဒီကလေးကို အာမခံနဲ့ လာထုတ်လှည့်ဆိုတော့ ကျွန်မတို့ ဘကြီးတွေက ကြောက်လို့ မသွားချင်ဘူး။ ကျွန်မက ငိုယိုလို့ဆိုပြီး သွားတယ်။ ကျန်တဲ့သူတွေက လာအဖမ်းခံတဲ့ ကျွန်မတို့က နိုင်ငံရေးကို အစွန်းရောက် လှုပ်ရှားမှုလုပ်တယ်ပေါ့နော်။ ဒီကလေးကို ပြန်မလွှတ်ပေးဘူး။ ၂ ရက်နေ့ ရုံးချိန်းကြရင်တော့ အာမခံ ရမယ် မရဘူး မပြောလိုက်ဘူး စောင့်ကြည့်လို့ပဲ ပြောလိုက်တယ်။”

ယာဉ်ထိန်းရဲ သေဆုံးတာနဲ့ ပတ်သက်ပြီး လက်နက်တွေ ရှိတယ်ဆိုတဲ့ သတင်းအရ အဲဒီကလေးရှိတဲ့ အိမ်ကိုရှာဖွေချိန်မှာ လက်နက်မတွေ့ရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပိုစတာတွေနဲ့ အလံတချို့သာ တွေ့ရှိခဲ့ပါတယ်။ အဓိက သံသယရှိတဲ့ ဦးလေးဖြစ်သူမမိတဲ့အတွက် ကလေးငယ်တွေကို ဖမ်းသွားပြီး၊ သူ့ဦးလေး လာအဖမ်းခံမှ လွှတ်မယ်လို့ တာဝန်ရှိသူတွေဖက်ကပြောခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အခုလိုအသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဖမ်းဆီးခံနေရတာတွေနဲ့ ပတ်သက်ပြီး ကလေးသူငယ်အရေး ဆောင်ရွက်နေသူ တဦးက အခုလို မှတ်ချက်ပြုပါတယ်။

“မိုးကုတ်က ကလေးလေး တယောက်ပေါ့ သူ့ဖခင်ကတော့ ဒီကိစ္စရပ်ကြောင့်မို့လို့ဖြစ်သွားတယ်။ ကလေးက သူ့ကိုချုပ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပေါ့နော်။ အဲ့လိုသတင်းကို ကြားရတဲ့အချိန်မှာ ကျွန်တော်တို့လို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသူတွေအရ ကြည့်မယ်ဆိုရင် တော်တော်ကို တုန်လှုပ်ဖို့ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ဒီ ၄ ၅ နှစ်ဆိုတဲ့အရွယ်လေးက ချုပ်နှောင်ထားရမယ့် အရွယ်မဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့မှ ချုပ်နှောင်ထားလို့ မရပါဘူး။ ဓားစာခံလည်း မရဘူး ဘယ်လိုနည်းနဲ့မှ မရပါဘူး။ တကယ်ဆိုရင် ၂၀၁၉ ကမှ ပြဌာန်းလိုက်တဲ့ လွှတ်တော်ထဲမှာ ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမှာဆိုရင် အသက် ၁၈ နှစ်အောက်ကိုတောင်မှ ဥပဒေမဲ့ ထိန်းချုပ်ထားလို့မရဘူး။ လက်ရှိမှာ ကလေးသူငယ်များအတွက် အထူးသဖြင့် ထိခိုက်လွယ်တဲ့ ကလေးများ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကလေးသူငယ် ဥပဒေကလည်း ပြဌာန်းပြီးသားလည်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင် ပြဌာန်းထားတဲ့ ဥပဒေတွေကို ကိုယ်တိုင်တကယ်လိုက်နာဖို့ ကာကွယ်စောင့်ရှောက်ဖို့တော့ ပြန်ပြီးတော့မှ ဒီအချက်ကိုတော့ အမြဲတမ်း တာဝန်ရှိသူတွေက ဒီအချက်ကို သတိချပ်စေချင်တယ်။ အလေးထားစေချင်တယ်။”

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ကလေးသူငယ်များအခွင့်အရေးကာကွယ်မှုသဘောတူညီချက် CRC ကို လက်မှတ်ထိုးထားသလို၊ ပြည်တွင်းမှာလည်း ကလေးသူငယ်ဆိုင်ရာဥပဒေပြဌာန်းချက်ရှိပါတယ်။ အခု ဖမ်းဆီးစစ်ဆေးမှုတွေဟာ ဒီ ဥပဒေတွေကိုချိုးဖောက်တာပဲလို့ ဥပဒေကျွမ်းကျင်သူတွေက ယူဆပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ ၅ ထောင့် ၂ ရာကျော်ရှိပြီး အဲ့ထဲကမှ ၂၂၁ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရသလို ဖမ်းဝရမ်း ထုတ်ခံထားရခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၉၆၆ ယောက်ရှိပါတယ်။။ အာဏာ သိမ်းတာကို ဆန့်ကျင်တဲ့အတွက် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းရာမှာ သေဆုံးသူ ၈၀၀ ကျော်ရှိပြီး အဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေပါတယ်။ မြန်မာစစ်ကောင်စီဖက်ကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားလွန်းတယ်လို့ တုန့်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG