သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ စစ္ေရွာင္ဒုကၡသည္စခန္းေတြ ေရအခက္အခဲျဖစ္ေန


ေရ ေဘး ေနာက္ဆက္တြဲ ေရာဂါေတြ ၾကံဳေတြ ့ေနရတဲ့ ရခိုင္ေျမာက္ပိုင္းက ဒုကၡသည္မ်ား ( ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္စခန္းတခ်ိဳ႕မွာ ေရႀကီးေရလွ်ံတာေတြတာေၾကာင့္ ကေလးေတြ အေရျပားေရာဂါနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားေနၾကပါတယ္။ ေသာက္သံုးစရာ ေရအခက္အခဲျဖစ္ေနတယ္လုိ႔ ဒုကၡသည္တေယာက္ကလည္း ေျပာျပပါတယ္။ ရခိုင္ျပည္နယ္အတြင္းက သန္႔႐ွင္းတဲ့ေရမ႐ွိတဲ့အတြက္ အခက္အခဲ ေတြ႔ေနၾကတဲ့ ဒုကၡသည္ေတြအေျခအေန ရခုိင္ကလာတဲ့သတင္းကို ကိုရန္ႏုိင္ကေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ဇြန္လ ဒုတိယအပတ္ေလာက္ကစၿပီး မိုးသည္းထန္စြာ ရြာသြန္းခဲ့တာေၾကာင့္ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေရႀကီးေရလွ်ံတာေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ကန္ေစာက္ စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္ မသန္႔ရွင္းတဲ့ေရေတြကို သံုးစြဲေနရတာေၾကာင့္ ကေလးငယ္တခ်ဳိ႔မွာ အေရျပားေရာဂါျဖစ္ပြားေနၿပီး တျခား စစ္ေရွာင္စခန္းေတြမွာလည္း ဝမ္းေရာဂါျဖစ္တာေတြ ရွိေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိုးနြယ္စုမ်ား အစည္းအရံုး REC ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အခုေလာေလာဆယ္ ေက်ာက္ေတာ္က ကန္ေစာက္ စစ္ေရွာင္စခန္းမွာ ကေလး ၁၀ ေယာက္ေက်ာ္ေလာက္ အေရျပားေရာဂါေတြ အမ်ားအျပားရွိေနတယ္။ေနာက္တျခားကေလးေတြမွာလည္း အနည္းငယ္ စၿပီးေတာ့ ျဖစ္လာတယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။ ဘာေၾကာင့္ျဖစ္တယ္ဆိုတာကုိေတာ့ ေသခ်ာမသိရေသးဘူးေပါ့ေနာ္။ ေရႀကီးေရလွ်ံခဲ့တဲ့ေနာက္ပိုင္းမွာ ပတ္ဝန္းက်င္ညစ္ညမ္းမွုေတြ ရွိတယ္ေပါ့ေနာ္။ ေနာက္ မသန္႔ရွင္းတဲ့ ေရေတြကို သံုးစြဲေနရတဲ့ကိစၥေတြလည္းရွိတယ္။ ေနာက္ၿပီးေတာ့ အမိုးအကာ မလံုၿခံဳဘဲ ေနခဲ့ရတဲ့ အခ်ိန္ေတြလည္းရွိတယ္။ ေနာက္ မိုးမရြာခင္မွာလည္း ေနက တအားပူခဲ့တာေပါ့ေနာ္။ အဲလိုအေျခအေနေတြ ႀကံဳခဲ့တာေတြ ရွိတာေပါ့။ တျခားစခန္းေတြမွာလည္း နွာေစးေခ်ာင္းဆိုးတာေတြ ဝမ္းပ်က္ ဝမ္းေလွ်ာျဖစ္တာေတြ ရွိတယ္လို႔ က်ေနာ္တို႔ သတင္းေတြ ရေနပါတယ္ဗ်ာ။”

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ပီပင္ရင္း စစ္ေရွာင္စခန္းမွာဆိုရင္လည္း ဒီကေန႔အထိ ေရႀကီးေရလွ်ံံတာေတြရွိေနၿပီး စားဝတ္ေနေရး အခက္အခဲအျပင္ ကေလးတခ်ို႕ ဝမ္းပ်က္ဝမ္းလွ်ာျဖစ္ပြားတာေတြ ရွိေနတယ္လို႔ စခန္းတာဝန္ခံ ဦးသိန္းေရႊျမတ္က ေျပာပါတယ္။

“က်ေနာ္တို႔ ပီပင္ရင္း စစ္ေရွာင္စခန္းကေတာ့ ေရက တအားျမဳပ္ေနတယ္။ ေျမနိမ့္ပိုင္းမွာက်ေတာ့ ေရနစ္ေနတာ။ လူေတြ ေနရထိုင္ရတာ အေနက်ပ္တယ္။ ရိကၡာလည္းျပတ္ေနၿပီ ေရကလည္း နစ္ေနၿပီ စခန္းမွာအခက္အခဲ အမ်ားႀကီးရွိတယ္။ အခုက မိုးရြာေနေတာ့ ေသာက္ေရသံုးေရက ေက်ာင္းထဲမွာ ကန္ရွိတယ္ေလ ေရကေတာ့ သိပ္ေကာင္းတာ မဟုတ္ဘူး ေရကေတာ့ ေနာက္ေနတယ္။ အဲဒီေရပဲ အဆင္ေျပသလို သံုးေနရတာ။ က်န္းမာေရးကေတာ့ ကေလးေတြ နွာေစး ဖ်ားနာတာေတြရွိတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေနတာေတြလည္း ရွိ တယ္။ သံုးေလးေယာက္ေလာက္ေတာ့ ျဖစ္ေနၾကတယ္။”

ရခိုင္ျပည္နယ္မွာ တိုက္ပြဲအႀကီးအက်ယ္ျဖစ္ပြားခဲ့တဲ့ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲ ရပ္ဆိုင္းေနတာ ၇ လနီးပါးရွိေနေပမယ့္ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးလာရတဲ့ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ေလာက္ ေနရပ္ျပန္ဖို႔ ခက္ခဲေနဆဲပါ။

လက္ရွိ ျမန္မာႏိုင္ငံမွာ တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေဘးဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာ ေထာက္ပံ့တာေတြ နည္းပါးလာသလို ပံုမွန္ေထာက္ပံ့မွုေတြလည္း မရေတာ့တာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ စားေရးေသာက္ေရး အခက္ႀကံဳေနရတယ္လို႔လည္း ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အခုအေျခအေနက ေထာက္ပံံ့ေၾကးေတြက ပံုမွန္ရရွိတဲ့ အေနအထားေတာ့ မရွိဘူးေပါ့ေနာ္။ တခ်ိဳ႕ ပံုမွန္မေရာက္တဲ့ဟာေတြလည္း ရွိတယ္ေပါ့ အဲေတာ့ စားေရးေသာက္ေရးပိုင္းမွာေတာ့ ေတာ္ေတာ္လည္း အခက္အခဲျဖစ္ေနၾကတယ္။ အရင္ကဆိုရင္ေတာ့ မရွိရင္ အျပင္မွာထြက္ၿပီး အလုပ္လုပ္ၾကတယ္။ ဟင္းရွာငါးရွာၿပီး စားၾကတယ္။ အခုက အလုပ္အကိုင္ကလည္း ရွာရခက္တယ္လို႔ ေျပာၾကတယ္။”

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ရပ္ဆိုင္းထားတယ္ဆိုေပမယ့္ လံုၿခံဳေရးအာမခံခ်က္ေတြ မရွိေသးတာေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ေလာက္ဟာ စားဝတ္ေနေရး ခက္ခဲေနတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြမွာပဲ ေနထိုင္ေနရဆဲျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ေနရပ္မျပန္ႏုိင္ေသးတဲ့ ဒုကၡသည္ေတြကို ဆက္လက္ေထာက္ပံ့မယ္လို႔ ေျပာၾကားထားပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းတွေ ရေအခက်အခဲဖြစ်နေ

(Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ ရေကြီးရေလျှံတာတွေတာကြောင့် ကလေးတွေ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြပါတယ်။ သောက်သုံးစရာ ရေအခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တယောက်ကလည်း ပြောပြပါတယ်။ ရခိုင်ပြည်နယ်အတွင်းက သန့်ရှင်းတဲ့ရေမရှိတဲ့အတွက် အခက်အခဲ တွေ့နေကြတဲ့ ဒုက္ခသည်တွေအခြေအနေ ရခိုင်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ ဒုတိယအပတ်လောက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကျောက်တော်မြို့နယ်အတွင်းက ကန်စောက် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရတာကြောင့် ကလေးငယ်တချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး တခြား စစ်ရှောင်စခန်းတွေမှာလည်း ဝမ်းရောဂါဖြစ်တာတွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“အခုလောလောဆယ် ကျောက်တော်က ကန်စောက် စစ်ရှောင်စခန်းမှာ ကလေး ၁၀ ယောက်ကျော်လောက် အရေပြားရောဂါတွေ အများအပြားရှိနေတယ်။နောက်တခြားကလေးတွေမှာလည်း အနည်းငယ် စပြီးတော့ ဖြစ်လာတယ်လို့ ပြောပါတယ်ခင်ဗျာ။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သေချာမသိရသေးဘူးပေါ့နော်။ ရေကြီးရေလျှံခဲ့တဲ့နောက်ပိုင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ရှိတယ်ပေါ့နော်။ နောက် မသန့်ရှင်းတဲ့ ရေတွေကို သုံးစွဲနေရတဲ့ကိစ္စတွေလည်းရှိတယ်။ နောက်ပြီးတော့ အမိုးအကာ မလုံခြုံဘဲ နေခဲ့ရတဲ့ အချိန်တွေလည်းရှိတယ်။ နောက် မိုးမရွာခင်မှာလည်း နေက တအားပူခဲ့တာပေါ့နော်။ အဲလိုအခြေအနေတွေ ကြုံခဲ့တာတွေ ရှိတာပေါ့။ တခြားစခန်းတွေမှာလည်း နှာစေးချောင်းဆိုးတာတွေ ဝမ်းပျက် ဝမ်းလျှောဖြစ်တာတွေ ရှိတယ်လို့ ကျနော်တို့ သတင်းတွေ ရနေပါတယ်ဗျာ။”

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း စစ်ရှောင်စခန်းမှာဆိုရင်လည်း ဒီကနေ့အထိ ရေကြီးရေလျှံံတာတွေရှိနေပြီး စားဝတ်နေရေး အခက်အခဲအပြင် ကလေးတချို့ ဝမ်းပျက်ဝမ်းလျှာဖြစ်ပွားတာတွေ ရှိနေတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။

“ကျနော်တို့ ပီပင်ရင်း စစ်ရှောင်စခန်းကတော့ ရေက တအားမြုပ်နေတယ်။ မြေနိမ့်ပိုင်းမှာကျတော့ ရေနစ်နေတာ။ လူတွေ နေရထိုင်ရတာ အနေကျပ်တယ်။ ရိက္ခာလည်းပြတ်နေပြီ ရေကလည်း နစ်နေပြီ စခန်းမှာအခက်အခဲ အများကြီးရှိတယ်။ အခုက မိုးရွာနေတော့ သောက်ရေသုံးရေက ကျောင်းထဲမှာ ကန်ရှိတယ်လေ။ ရေကတော့ သိပ်ကောင်းတာ မဟုတ်ဘူး ရေကတော့ နောက်နေတယ်။ အဲဒီရေပဲ အဆင်ပြေသလို သုံးနေရတာ။ ကျန်းမာရေးကတော့ ကလေးတွေ နှာစေး ဖျားနာတာတွေရှိတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာတွေလည်း ရှိ တယ်။ သုံးလေးယောက်လောက်တော့ ဖြစ်နေကြတယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲ ရပ်ဆိုင်းနေတာ ၇ လနီးပါးရှိနေပေမယ့် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက် နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပါ။

လက်ရှိ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့တာတွေ နည်းပါးလာသလို ပုံမှန်ထောက်ပံ့မှုတွေလည်း မရတော့တာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စားရေးသောက်ရေး အခက်ကြုံနေရတယ်လို့လည်း ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“အခုအခြေအနေက ထောက်ပံံ့ကြေးတွေက ပုံမှန်ရရှိတဲ့ အနေအထားတော့ မရှိဘူးပေါ့နော်။ တချို့ ပုံမှန်မရောက်တဲ့ဟာတွေလည်း ရှိတယ်ပေါ့ အဲတော့ စားရေးသောက်ရေးပိုင်းမှာတော့ တော်တော်လည်း အခက်အခဲဖြစ်နေကြတယ်။ အရင်ကဆိုရင်တော့ မရှိရင် အပြင်မှာထွက်ပြီး အလုပ်လုပ်ကြတယ်။ ဟင်းရှာငါးရှာပြီး စားကြတယ်။ အခုက အလုပ်အကိုင်ကလည်း ရှာရခက်တယ်လို့ ပြောကြတယ်။”

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ရပ်ဆိုင်းထားတယ်ဆိုပေမယ့် လုံခြုံရေးအာမခံချက်တွေ မရှိသေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက်ဟာ စားဝတ်နေရေး ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကတော့ နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့မယ်လို့ ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG