သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA စစ္ဦးစီးခ်ဳပ္ရဲ႕ ညီနဲ႔ညီမအပါအ၀င္ ၁၀ဦး ျပန္လည္လြတ္ေျမာက္


AA စစ္ဦးစီးခ်ဳပ္ရဲ႕ ညီနဲ႔ညီမအပါအ၀င္ျပန္လြတ္လာၾကသူမ်ား (ဓာတ္ပံု- Thang Hlaing fb)

(Zawgyi/Unicode)
အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ ရခိုင္လက္နက္ကိုင္ AA စစ္ဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ညီနဲ႔ ညီမအပါအဝင္ ၁၀ဦးကို ရန္ကုန္တိုင္း အေနာက္ ပိုင္းခရိုင္တရားရံုးက ဒီကေန႔ တရားေသ လႊတ္ေပးလိုက္ပါတယ္။ ဒီသူတို႔ကိုလြတ္ေပးတာဟာ စစ္တပ္နဲ႔ ရခိုင္ လက္နက္ကိုင္ AAအဖြဲ႔ၾကား အဆင္ေျပေနသလို ရခိုင္ျပည္နယ္တည္ၿငိမ္ေနတာေၾကာင့္ လြတ္ေပးရတာျဖစ္တယ္လို႔ အဲဒီအမႈကို လိုက္ပါေဆာင္ရြက္ေေပးနတဲ့ ေရွ႕ေန ဦးေအာင္ေက်ာ္စိန္က ေျပာပါတယ္။ ဒီအေၾကာင္း ရခိုင္က လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပုဒ္မေတြနဲ႔ တရားစြဲဆိုထားတဲ့ ရခိုင္လက္နက္ကိုင္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ညီ ကိုေအာင္ျမတ္ေက်ာ္နဲ႔ ညီမျဖစ္သူ မယမင္းေမဦး ေခၚ မႏွင္းပြင့္ျဖဴပါအဝင္ ၁၀ဦးကို ရန္ကုန္တိုင္း အေနာက္ ပိုင္းခရိုင္တရားရံုးက ဒီကေန႔ လြတ္ေပးလိုက္တယ္လို႔ အမႈကုိ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ တရားလြတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္စိန္က ေျပာပါတယ္။

“ အမွုလိုက္ ဥပေဒအရာရွိကေန အမႈ ရုပ္သိမ္းခြင့္ေလ်ာက္တယ္။ အမွုရုပ္သိမ္းခြင့္ေလ်ာက္တယ္ဆိုတာ ရာဇဝတ္က်င့္ထံုး ၄၉၄ အရ ေလ်ာက္တာ။ အဲလို ေလ်ာက္တဲ့အခါ အမွုမွာ စြဲခ်က္မတင္ရေသးဘူးဆိုလို႔ရွိရင္ ၄၀၉(က) အရ စြဲခ်က္မတင္မွီ လြတ္ရတယ္။ ဆိုေတာ့ ေအာင္ျမတ္ေက်ာ္ပါ ၈ေယာက္အမႈက စြဲခ်က္မတင္ရေသးတဲ့အတြက္ ရာဇဝတ္က်င့္ထံုး ၄၉၄ ကအရ စြဲခ်က္မတင္မွီလြတ္တယ္။ ေနာက္သူ႕ညီမ မိုးနွင္းျဖူေခၚ ယမင္းျမတ္နဲ႔ သူ႔ေယာက်ာ္း ကိုေက်ာ္လွုိင္တို႔ကိုက်ေတာ့ တရားရံုးက စြဲခ်က္တင္ထားၿပီးသား။ ခုနကလိုပဲ သူတို႔ကိုလည္း အမႈရုပ္သိမ္းလႊာတင္တယ္။ တင္ေတာ့ ရာဇဝတ္က်င့္ထံုး ၄၉၄(ခ) အရ အမႈကေန အၿပီးသတ္ လြတ္တယ္။ ဒီေခတ္မွာေတာ့ အျပီးသတ္လြတ္တယ္လို႔ ေခၚတာေပါ့။ အရင္တုန္းက စကားနဲ႔ ေျပာရင္ရင္ေတာ့ တရားေသလြတ္တယ္။ စြဲခ်က္မတင္မွီလြတ္တာကို က်ေတာ့ တရားရွင္ လြတ္တယ္လို႔ ေခၚတာေပါ့။”

အဲဒီထဲမွာ ဗုိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ညီမျဖစ္သူ မယမင္းေမဦးနဲ႔ သူရဲ႕ေယာက်ာ္း ကိုတင္လွုိင္တို႔ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ ၁၉ရက္ေန႔မွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး ရန္ကုန္တိုင္းသတင္းတပ္ဖြဲ႔က ဒုရဲမွဴး မင္းခိုင္က တရားလိုလုပ္ကာ ေအာက္တိုဘာလ ၂၀ရက္ေန႔မွာမွာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၁(က)နဲ႔ အမွုဖြင့္တရားစြဲဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဒါအျပင့္ ဗုိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ညီျဖစ္သူ ကိုေအာင္ျမတ္ေက်ာ္အပါအဝင္ ရခိုင္အသင္း (စကၤာပူ) ေခါင္းေဆာင္ ၈ဦးကို ၿပီးခဲ့တဲ့ ၂၀၁၉ခုနွစ္၊ ဇူလွိုင္လ ၆ရက္နဲ႔ ၇ရက္တို႔မွာ စကၤာပူႏိုင္ငံမွာ အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာပါ။ သူတို႔ကို ျမန္မာႏိုင္ငံသုိ႔ ပို႔ေဆာင္ခဲ့ၿပီး ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ျမန္မာအာဏာပိုင္ေတြက ထပ္မံဖမ္းဆီးခဲ့ၿပီး ဒုရဲမွူးတင့္ေရႊက တရားလိုလုပ္ၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(ည)၊ ၅၂(က) တို႔နဲ႔ တရားစြဲဆိုခဲ့တာလည္း ျဖစ္ပါတယ္။

အၾကမ္းဖက္မွုတိုက္ဖ်က္ေရးဥပေဒပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ ရခိုင္လက္နက္ကိုင္ AA စစ္ဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ညီနဲ႔ ညီမအပါအဝင္ ၁၀ဦးကို ျပန္လြတ္ေပးလိုက္တာဟာ စစ္တပ္နဲ႔ AAအဖြဲ႔တို႔ၾကား တိုက္ပြဲေတြရပ္ဆိုင္းေနတာနဲ႔ လက္ရွိ ရခိုင္ျပည္တည္ၿငိမ္ေအးခ်မ္းေနတာေၾကာင့္ ျဖစ္တယ္လို႔ တရားလြတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္စိန္က ဆက္ေျပာပါတယ္။

“ ျပန္လြတ္တယ္ဆိုတာက က်ေနာ္တို႔က ဒီအမႈေတြကို လိုက္ပါတယ္ဆိုကတည္းက က်ေနာ္တို႔ နားလည္သေဘာေပါက္တာ ဘယ္လိုရွိလည္းဆိုေတာ့ ဒါဟာ ႏို္င္ငံေရးဆိုၿပီးေတာ့ နားလည္တယ္။ တပ္မေတာ္နဲ႔ ULA/AA ၾကားမွာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲ မက်င္းပျဖစ္တဲ့ ရခိုင္က ၉ၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲ က်င္းပဖို႔ ULA က ေတာင္းဆိုတာကို တပ္မေတာ္ဖက္က ႀကိဳဆိုၿပီးတဲ့ ေနာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ULA ၾကားမွာ လူႀကီးလူေကာင္းဆန္ဆန္ သေဘာတူညီခ်က္ရတယ္။ ရၿပီး ဒီေန႔အထိ ပစ္ခတ္တိုက္ခိုက္မွု မရွိတာ ၆လ ေက်ာ္သြားပါၿပီ။ တစ္ႏို္င္ငံလံုးမွာ အာဏာသိမ္းတယ္ေျပာေျပာ၊ ထိန္းတယ္ေျပာေျပာ၊ ဒါေတြကို မေက်နပ္လို႔ ဆႏၵျပတာေတြ အဲလိုရွိေသာ္လည္း ရခိုင္မွာက်ေတာ့ ဘာမွ မရွိဘူး။ တည္ၿငိမ္ေအးခ်မ္း ေနတယ္။ အဲဒီတည္ၿငိမ္ေအးခ်မ္းမႈရဲ႕ အက်ိဳးဆက္အျဖစ္ေပါ့။ သူတို႔ကိုလည္း အမႈရုပ္သိမ္းၿပီးေတာ့ အမႈက လြတ္ေပးတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ဒီကေန႔ျပန္လြတ္လာတဲ့ သူေတြအကုန္လံုး က်န္းမာေရးေကာင္မြန္တယ္လို႔ ျပန္ လြတ္လာတဲ့ ရခိုင္အသင္း (စကၤာပူ) ေခါင္းေဆာင္ ကိုထြန္းေအးရဲ႕ အစ္ကိုျဖစ္သူက ေျပာပါတယ္။

“ ဝမ္းသာတာေပါ့ဗ်ာ။ သိပ္ဝမ္းသာတာေပါ့။ အကုန္လံုးက်န္းက်န္းမာမာရွိပါတယ္။ အကုန္လံုး ၁၀ေယာက္လြတ္ပါတယ္။ ဆယ္ေယာက္လံုး ေနေကာင္းၾကပါတယ္။ အားလံုး က်န္းက်န္း မာမာပါပဲ။”

ရခိုင္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲအႀကီးအက်ယ္ျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ရပ္ဆိုင္းထားတာ အခုဆိုရင္ ၇လနီးပါးရွိေနတာပါ။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တစ္ႏုိင္ငံလံုးအတိုင္းအတာနဲ႔ အာဏာရွင္ဆန္႔က်င္ လွုပ္ရွား မႉေတြရွိေနေပမယ့္ ရခိုင္ျပည္နယ္မွာေတာ့ အာဏာရွင္ဆန္႔က်င္လွုပ္ရွားမႉေတြ အနည္းအက်င္းေလာက္သာရွိခဲ့ၿပီး ဒီကာလထဲမွာပဲ တပ္မေတာ္ကို ၿပိဳကြဲေအာင္လုပ္ေဆာင္မႈ ၅၀၅(က)နဲ႔ ေထာင္ဒဏ္ႏွစ္ ၂၀ခ်မွတ္ခံထားရတဲ့ ေဒါက္တာေအး ေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကိုလည္း ျပန္လြတ္ေပးခဲ့ၿပီး ျဖစ္ပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


AA စစ်ဦးစီးချုပ်ရဲ့ ညီနဲ့ညီမအပါအဝင် ၁၀ဦး တရားသေလွှတ်

(Unicode)
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်လက်နက်ကိုင် AA စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီနဲ့ ညီမအပါအဝင် ၁၀ဦးကို ရန်ကုန်တိုင်း အနောက် ပိုင်းခရိုင်တရားရုံးက ဒီကနေ့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီသူတို့ကိုလွတ်ပေးတာဟာ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AAအဖွဲ့ကြား အဆင်ပြေနေသလို ရခိုင်ပြည်နယ်တည်ငြိမ်နေတာကြောင့် လွတ်ပေးရတာဖြစ်တယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ေပေးနတဲ့ ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။ ဒီအကြောင်း ရခိုင်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲဆိုထားတဲ့ ရခိုင်လက်နက်ကိုင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်နဲ့ ညီမဖြစ်သူ မယမင်းမေဦး ခေါ် မနှင်းပွင့်ဖြူပါအဝင် ၁၀ဦးကို ရန်ကုန်တိုင်း အနောက် ပိုင်းခရိုင်တရားရုံးက ဒီကနေ့ လွတ်ပေးလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

“ အမှုလိုက် ဥပဒေအရာရှိကနေ အမှု ရုပ်သိမ်းခွင့်လျောက်တယ်။ အမှုရုပ်သိမ်းခွင့်လျောက်တယ်ဆိုတာ ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ လျောက်တာ။ အဲလို လျောက်တဲ့အခါ အမှုမှာ စွဲချက်မတင်ရသေးဘူးဆိုလို့ရှိရင် ၄၀၉(က) အရ စွဲချက်မတင်မှီ လွတ်ရတယ်။ ဆိုတော့ အောင်မြတ်ကျော်ပါ ၈ယောက်အမှုက စွဲချက်မတင်ရသေးတဲ့အတွက် ရာဇဝတ်ကျင့်ထုံး ၄၉၄ ကအရ စွဲချက်မတင်မှီလွတ်တယ်။ နောက်သူ့ညီမ မိုးနှင်းဖြူခေါ် ယမင်းမြတ်နဲ့ သူ့ယောကျာ်း ကိုကျော်လှိုင်တို့ကိုကျတော့ တရားရုံးက စွဲချက်တင်ထားပြီးသား။ ခုနကလိုပဲ သူတို့ကိုလည်း အမှုရုပ်သိမ်းလွှာတင်တယ်။ တင်တော့ ရာဇဝတ်ကျင့်ထုံး ၄၉၄(ခ) အရ အမှုကနေ အပြီးသတ် လွတ်တယ်။ ဒီခေတ်မှာတော့ အပြီးသတ်လွတ်တယ်လို့ ခေါ်တာပေါ့။ အရင်တုန်းက စကားနဲ့ ပြောရင်ရင်တော့ တရားသေလွတ်တယ်။ စွဲချက်မတင်မှီလွတ်တာကို ကျတော့ တရားရှင် လွတ်တယ်လို့ ခေါ်တာပေါ့။”

အဲဒီထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မယမင်းမေဦးနဲ့ သူရဲ့ယောကျာ်း ကိုတင်လှိုင်တို့ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့က ဒုရဲမှူး မင်းခိုင်က တရားလိုလုပ်ကာ အောက်တိုဘာလ ၂၀ရက်နေ့မှာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင် ၈ဦးကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇူလှိုင်လ ၆ရက်နဲ့ ၇ရက်တို့မှာ စင်္ကာပူနိုင်ငံမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ သူတို့ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပြီး ဒုရဲမှူးတင့်ရွှေက တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်လက်နက်ကိုင် AA စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီနဲ့ ညီမအပါအဝင် ၁၀ဦးကို ပြန်လွတ်ပေးလိုက်တာဟာ စစ်တပ်နဲ့ AAအဖွဲ့တို့ကြား တိုက်ပွဲတွေရပ်ဆိုင်းနေတာနဲ့ လက်ရှိ ရခိုင်ပြည်တည်ငြိမ်အေးချမ်းနေတာကြောင့် ဖြစ်တယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ဆက်ပြောပါတယ်။

“ ပြန်လွတ်တယ်ဆိုတာက ကျနော်တို့က ဒီအမှုတွေကို လိုက်ပါတယ်ဆိုကတည်းက ကျနော်တို့ နားလည်သဘောပေါက်တာ ဘယ်လိုရှိလည်းဆိုတော့ ဒါဟာ နိုင်ငံရေးဆိုပြီးတော့ နားလည်တယ်။ တပ်မတော်နဲ့ ULA/AA ကြားမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ ရခိုင်က ၉မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ULA က တောင်းဆိုတာကို တပ်မတော်ဖက်က ကြိုဆိုပြီးတဲ့ နောက်ပိုင်းမှာ တပ်မတော်နဲ့ ULA ကြားမှာ လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက်ရတယ်။ ရပြီး ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှု မရှိတာ ၆လ ကျော်သွားပါပြီ။ တစ်နိုင်ငံလုံးမှာ အာဏာသိမ်းတယ်ပြောပြော၊ ထိန်းတယ်ပြောပြော၊ ဒါတွေကို မကျေနပ်လို့ ဆန္ဒပြတာတွေ အဲလိုရှိသော်လည်း ရခိုင်မှာကျတော့ ဘာမှ မရှိဘူး။ တည်ငြိမ်အေးချမ်း နေတယ်။ အဲဒီတည်ငြိမ်အေးချမ်းမှုရဲ့ အကျိုးဆက်အဖြစ်ပေါ့။ သူတို့ကိုလည်း အမှုရုပ်သိမ်းပြီးတော့ အမှုက လွတ်ပေးတယ်လို့ ကျနော်မြင်ပါတယ်။”

ဒီကနေ့ပြန်လွတ်လာတဲ့ သူတွေအကုန်လုံး ကျန်းမာရေးကောင်မွန်တယ်လို့ ပြန် လွတ်လာတဲ့ ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင် ကိုထွန်းအေးရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

“ ဝမ်းသာတာပေါ့ဗျာ။ သိပ်ဝမ်းသာတာပေါ့။ အကုန်လုံးကျန်းကျန်းမာမာရှိပါတယ်။ အကုန်လုံး ၁၀ယောက်လွတ်ပါတယ်။ ဆယ်ယောက်လုံး နေကောင်းကြပါတယ်။ အားလုံး ကျန်းကျန်း မာမာပါပဲ။”

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ အခုဆိုရင် ၇လနီးပါးရှိနေတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာရှင်ဆန့်ကျင် လှုပ်ရှား မှူတွေရှိနေပေမယ့် ရခိုင်ပြည်နယ်မှာတော့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ အနည်းအကျင်းလောက်သာရှိခဲ့ပြီး ဒီကာလထဲမှာပဲ တပ်မတော်ကို ပြိုကွဲအောင်လုပ်ဆောင်မှု ၅၀၅(က)နဲ့ ထောင်ဒဏ်နှစ် ၂၀ချမှတ်ခံထားရတဲ့ ဒေါက်တာအေး မောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကိုလည်း ပြန်လွတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG