သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္က ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ ေသဆံုးမႈရွိ


ေမာ္လျမိဳင္ျမိဳ ့မွာ မ ေန ့က စစ္တပ္က ပစ္ခတ္ေသဆံုးသြားသူနွစ္ဦးရဲ့ စ်ာပန (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode(

ျမန္မာႏိ္ုင္ငံေနရာတခ်ိဳ႕မွာ စစ္တပ္က ပစ္ခတ္ဖမ္းဆီးမႈေတြရွိေနသလို၊ ဆႏၵျပမႈတခ်္ိဳ႕လည္း ရွိေနဆဲပါ။ ေမာ္လၿမိဳင္ၿမိဳ႕မွာ မေန႔ညပိုင္းက စစ္တပ္က ပစ္ခတ္လို႔ လူငယ္ႏွစ္ဦး ေသဆုံးသြားသလို၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွာလည္း ဆိုင္ကယ္စီးလာတဲ့ လူငယ္ ၅ ဦးကို စစ္ေကာင္စီတပ္က ပစ္ခတ္ၿပီး လူငယ္ ၂ ဦးကို ဖမ္းဆီးသြားပါတယ္။ ႏိုင္ငံတစ္ဝန္း ပစ္ခတ္မႈ ဖမ္းဆီးမႈေတြ အပါအဝင္ အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ဆက္ရွိေနေသးတဲ့အေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္ ေျပာျပပါမယ္။

ဇြန္လ ၂၀ ရက္ေန႔ ည၈ နာရီခြဲေလာက္မွာ မြန္ျပည္နယ္ ေမာ္လၿမိဳင္ေက်ာက္မီးေသြး႐ုံ လမ္းဆုံ မီးပြိဳင့္မွာ ဆိုင္ကယ္စီးလာတဲ့ လူႏွစ္ဦးကို စစ္ေကာင္စီတပ္ေတြက ေသနတ္နဲ႔ပစ္ခတ္လို႔ ေသဆုံးသြားပါတယ္။

ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးသြားတဲ့သူေတြက ေခ်ာင္းဆုံၿမိဳ႕နယ္ အဘစ္ေက်း႐ြာက ကိုေဇာ္မင္းဦးနဲ႔ ကိုမိုးေဇာ္ဦးတို႔ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးေသဆုံးသြားတဲ့အေျခအေနနဲ႔ ပတ္သက္ၿပီး ညက ကိုယ္တိုင္ အေလာင္းသယ္ခဲ့တဲ့ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္တစ္ဦးက အခုလိုေျပာပါတယ္။

“ညက ဘာျဖစ္လဲဆိုေတာ့ ရဲေတြက ဆိုင္ကယ္မရပ္လို႔ဆိုၿပီးေတာ့ ပစ္လိုက္တာ၊ ပစ္လိုက္တာကို အဲ့ဒါ သူတို႔က ဘာအသံထြက္လဲဆိုေတာ့ ေသနတ္လုလို႔ ပစ္လိုက္တယ္ဆိုၿပီးေတာ့ ေျပာတယ္၊ ႏွစ္ေယာက္လုံးကေတာ့ အဲ့မွာပဲ ပြဲခ်င္းၿပီးေပါ့ေနာ္ ေသတယ္၊ တစ္ေယာက္ သုံးခ်က္ ထိတယ္၊ တစ္ေယာက္က ေလးခ်က္ထိထားတာေပါ့ ေသနတ္နဲ႔၊ ညက ပစ္တာကေတာ့ က်ေနာ္တို႔
ေမာ္လၿမိဳင္ေက်ာက္မီးေသြး႐ုံ လမ္းစုံမီးပြိဳင့္မွာျဖစ္တာ။”

အဲ့ဒီလူႏွစ္ေယာက္ဟာ ေသနတ္လုယူတာေၾကာင့္ ပစ္လိုက္တာလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဘက္က ကယ္ဆယ္ေရးအဖဲြ႕ေတြကို ေျဖရွင္းေျပာဆိုေပမယ့္၊ စစ္ေကာင္စီတပ္က တားဆီးစစ္ေဆးေနခ်ိန္မွာ ဆိုက္ကယ္ မရပ္ေပးလို႔ ပစ္သတ္ခံရတာလို႔ ေဒသခံေတြက ေျပာပါတယ္။

ဇြန္လ ၂၀ ရက္ေန႔ ည ၉ နာရီေလာက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွာလည္း ဆိုင္ကယ္ ၃ စီးနဲ႔ စီးလာတဲ့ လူငယ္ ၅ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ေတြ ပစ္ခတ္လို႔ လူငယ္ႏွစ္ဦး က်ည္ထိမွန္သြားပါတယ္။ ဒဏ္ရာရရွိသြားတဲ့ လူငယ္ႏွစ္ဦးကို စစ္ေဆး႐ုံကိုေခၚသြားတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“မေန႔က အဲ့ကေလးေတြက ၉ နာရီေလာက္မွာ အမွတ္(၉ )ရပ္ကြက္ ၁လမ္းကေနဆင္းလာတ
ဆိုင္ကယ္ ၃စီးနဲ႔ လူ ၅ေယာက္။ အဲ့ဆိုင္ကယ္ ၃စီးနဲ႔ လူ၅ေယာက္ ဆင္းလာတဲ့ အခ်ိန္မွာ ဒီအာ႐ုဏ္ဦး လမ္းထဲကို ဆင္းလာၿပီးေတာ့ ေအာင္ဆန္လမ္းကိုတက္တဲ့အခ်ိန္မွာ သူတို႔ (စစ္ေကာင္စီ)အဖြဲ႕ေတြနဲ႔ ေတြ႕ေတာ့ သူတို႔က ရပ္ခိုင္းတယ္တဲ့ ရပ္ခိုင္းတာကို ကေလးေတြမရပ္လို႔ဆိုၿပီး ေမာင္းေျပးလို႔ဆိုၿပီး ပစ္တာတဲ့၊ အဲ့မွာ ပစ္တဲ့အခ်ိန္မွာ ကေလးႏွစ္ေယာက္ကို မွန္တယ္၊ ကေလးႏွစ္ေယာက္က တံေတာင္ဆစ္ေတြကို မွန္တယ္တဲ့ အဲ့မွာကေလးႏွစ္ေယာက္ကို သူတို႔က အဲ့ဒီစစ္တပ္ေပါ့ေနာ္ စစ္တပ္ေဆး႐ုံကို ေခၚခ်သြားတယ္ ႏွစ္ေယာက္ပါသြားတယ္၊ အဲ့ႏွစ္ေယာက္ပဲပါသြားတယ္၊
က်န္တဲ့ကေလးေတြက ဒဏ္ရာမရတဲ့ကေလးေတြက လြတ္သြားတယ္လို႔ သတင္းရတယ္။”

ေက်ာက္မဲၿမိဳ႕မွာ ည ၈ နာရီးကေန မနက္ ၄နာရီထိ စစ္ေကာင္စီက ညမထြက္ရအမိန႔္ ထုတ္ျပန္ထား ပါတယ္။ ေသနတ္က်ည္ထိမွန္ထားတဲ့ လူငယ္ႏွစ္ဦးကို ညမထြက္ရအမိန႔္ခ်ိဳးေဖာက္မႈနဲ႔ စစ္ေကာင္စီက အမႈဖြင့္ထားတယ္လို႔ ေျပာပါတယ္။ ဒီကေန႔မွာလည္း ေက်ာက္မဲဘူတာနားမွာ စစ္ေကာင္စီတပ္က ကား ၅စီး အင္အားအလုံအရင္းနဲ႔ လာၿပီး ရွာေဖြစစ္ေဆးတာျပဳလုပ္ကာ အနီးအနားကသစ္ပင္ေအာက္မွာ ထိုင္ေနတဲ့ လူႏွစ္ဦးကို ဖမ္းဆီးေခၚသြား တယ္လို႔ ေဒသခံက ေျပာပါတယ္။

မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္မွာလည္း မေန႔ညပိုင္းက စစ္ေကာင္စီတပ္ေတြ ပစ္ခတ္တာေၾကာင့္ လူတဦးေသဆံုးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ျမင္းၿခံၿမိဳ႕မွာေတာ့ ည ၉ နာရီဝန္းက်င္ေလာက္မွာ ခ်ိန္ကိုက္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ၿပီး လူငယ္ ၉ ဦး ဖမ္းဆီးခံထားရပါတယ္။ ပုသိမ္ၿမိဳ႕မွာလည္း မေန႔ညတုန္းက ဦးေတဇပိုင္ ပုသိမ္ဟိုတယ္ေရွ႕မွာ ဗုံးေပါက္ကြဲခဲ့ၿပီး လူငယ္ တစ္ဦး ဖမ္းခံထားရပါတယ္။ လႈိင္သာယာၿမိဳ႕နယ္ ဒိုင္စုေက်း႐ြာမွာလည္း မေန႔ည ၁၀ နာရီဝန္းက်င္ေလာက္က စစ္တပ္အင္အားအလုံး အရင္းနဲ႔ ဝင္ေရာက္ရွာေဖြၿပီး လူ ၁၀ ဦးထက္မနည္းဖမ္းဆီးသြားပါတယ္။

ဒီလို ပစ္ခတ္မႈေတြ ဖမ္းဆီးမႈေတြ ရွိေနေပမယ့္လည္း အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲတခ်ိဳ႕လည္း ဆက္ၿပီးရွိေနပါတယ္။ ဒီကေန႔ မုံ႐ြာၿမိဳ႕မွာ မုံ႐ြာၿမိဳ႕လယ္ မီးပြိဳင့္မွာ အင္အားတရာ၀န္က်င္ေလာက္ လွ်ပ္တျပတ္စုၿပီး ဆႏၵျပခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔က လမ္းေလးလမ္းဆုံတဲ့ ၿမိဳ႕လယ္မီးပြိဳင့္မွာ အခ်ိန္တစ္ခု သတ္မွတ္ၿပီး ခ်ိန္းထားၿပီးေတာ့ ကြၽန္ေတာ္တို႔ အဲ့အခ်ိန္မွာ အားလုံးေပၚလာၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီစစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရး ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္တယ္။ အေရာင္စုံ Smoke ေတြကို ကြၽန္ေတာ္တို႔ ခင္းလိုက္တယ္ေပါ့ေႏွာ္။ ဒါဘာလို႔လဲဆိုေတာ့ လူစုခြဲတဲ့ အခ်ိန္က်ရင္ ကြၽန္ေတာ္တို႔က အခ်ိန္ရေအာင္အတြက္ေပါ့ေႏွာ္။ အဲ့လို ၿမိဳ႕လယ္မွာ ဘာလို႔လုပ္လဲဆို အဓိကက မုံ႐ြာၿမိဳ႕နယ္ထဲမွာ တစ္ခ်ိဳ႕ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြက ဝင္ၿပီးေတာ့ ဖိေနတယ္ေပါ့ေႏွာ္။ အဲ့လိုျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔ အေရးစြန္႔ၿပီးေတာ့ေပါ့ေႏွာ္ ၿမိဳ႕လယ္မီးပြိဳင့္အထိ တက္ၿပီးေတာ့ ဆႏၵျပခဲ့တာဗ်။ လုံၿခဳံေရးေတြကေတာ့ သူတို႔က တျခား အဓိက လမ္းမႀကီးေတြမွာေပါ့ေႏွာ္၊ အဲ့မွာ လုံၿခဳံေရးယူထားတယ္ဗ်။ ကြၽန္ေတာ္တို႔က ၿမိဳ႕လယ္မီးပြိဳင့္မွာဗ်။ ခုေနာက္ပိုင္းေတာ့ တစ္ခါမွ မျပဖူးေတာ့ သူတို႔လည္း အလစ္အငိုက္ အေနအထားမွာ ကြၽန္ေတာ္တို႔ လုပ္ခဲ့တာဗ်။”

စစ္ေကာင္စီတပ္ေတြ ေန႔စဥ္ဖမ္းဆီးမႈ ပစ္ခတ္မႈေတြ ရွိေနတဲ့ ၾကားကပဲ ပဲခူး၊ ဖားကန္႔၊ မႏၲေလး၊ ၿမိဳင္၊ ကေလး၊ လက္ပံေတာင္း စတဲ့ ေဒသေတြမွာ ခ်ီတက္ ဆႏၵျပၾကသလို၊ ထားဝယ္မွာလည္း စစ္တပ္ထုတ္ကုန္ေတြမသုံးၾကဖို႔ ဆႏၵျပႏႈိးေဆာ္မႈေတြနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးမှုရှိ

(Unicode)

မြန်မာနိုင်ငံနေရာတချို့မှာ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေသလို၊ ဆန္ဒပြမှုတချို့လည်း ရှိနေဆဲပါ။ မော်လမြိုင်မြို့မှာ မနေ့ညပိုင်းက စစ်တပ်က ပစ်ခတ်လို့ လူငယ်နှစ်ဦး သေဆုံးသွားသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ပြီး လူငယ် ၂ ဦးကို ဖမ်းဆီးသွားပါတယ်။ နိုင်ငံတစ်ဝန်း ပစ်ခတ်မှု ဖမ်းဆီးမှုတွေ အပါအဝင် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိနေသေးတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

ဇွန်လ ၂၀ ရက်နေ့ ည၈ နာရီခွဲလောက်မှာ မွန်ပြည်နယ် မော်လမြိုင်ကျောက်မီးသွေးရုံ လမ်းဆုံ မီးပွိုင့်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့သူတွေက ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာက ကိုဇော်မင်းဦးနဲ့ ကိုမိုးဇော်ဦးတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးသေဆုံးသွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ညက ကိုယ်တိုင် အလောင်းသယ်ခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“ညက ဘာဖြစ်လဲဆိုတော့ ရဲတွေက ဆိုင်ကယ်မရပ်လို့ဆိုပြီးတော့ ပစ်လိုက်တာ၊ ပစ်လိုက်တာကို အဲ့ဒါ သူတို့က ဘာအသံထွက်လဲဆိုတော့ သေနတ်လုလို့ ပစ်လိုက်တယ်ဆိုပြီးတော့ ပြောတယ်၊ နှစ်ယောက်လုံးကတော့ အဲ့မှာပဲ ပွဲချင်းပြီးပေါ့နော် သေတယ်၊ တစ်ယောက် သုံးချက် ထိတယ်၊ တစ်ယောက်က လေးချက်ထိထားတာပေါ့ သေနတ်နဲ့၊ ညက ပစ်တာကတော့ ကျနော်တို့
မော်လမြိုင်ကျောက်မီးသွေးရုံ လမ်းစုံမီးပွိုင့်မှာဖြစ်တာ။”

အဲ့ဒီလူနှစ်ယောက်ဟာ သေနတ်လုယူတာကြောင့် ပစ်လိုက်တာလို့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ကယ်ဆယ်ရေးအဖွဲ့တွေကို ဖြေရှင်းပြောဆိုပေမယ့်၊ စစ်ကောင်စီတပ်က တားဆီးစစ်ဆေးနေချိန်မှာ ဆိုက်ကယ် မရပ်ပေးလို့ ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ည ၉ နာရီလောက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း ဆိုင်ကယ် ၃ စီးနဲ့ စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လို့ လူငယ်နှစ်ဦး ကျည်ထိမှန်သွားပါတယ်။ ဒဏ်ရာရရှိသွားတဲ့ လူငယ်နှစ်ဦးကို စစ်ဆေးရုံကိုခေါ်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က အဲ့ကလေးတွေက ၉ နာရီလောက်မှာ အမှတ်(၉ )ရပ်ကွက် ၁လမ်းကနေဆင်းလာတ
ဆိုင်ကယ် ၃စီးနဲ့ လူ ၅ယောက်။ အဲ့ဆိုင်ကယ် ၃စီးနဲ့ လူ၅ယောက် ဆင်းလာတဲ့ အချိန်မှာ ဒီအာရုဏ်ဦး လမ်းထဲကို ဆင်းလာပြီးတော့ အောင်ဆန်လမ်းကိုတက်တဲ့အချိန်မှာ သူတို့ (စစ်ကောင်စီ)အဖွဲ့တွေနဲ့ တွေ့တော့ သူတို့က ရပ်ခိုင်းတယ်တဲ့ ရပ်ခိုင်းတာကို ကလေးတွေမရပ်လို့ဆိုပြီး မောင်းပြေးလို့ဆိုပြီး ပစ်တာတဲ့၊ အဲ့မှာ ပစ်တဲ့အချိန်မှာ ကလေးနှစ်ယောက်ကို မှန်တယ်၊ ကလေးနှစ်ယောက်က တံတောင်ဆစ်တွေကို မှန်တယ်တဲ့ အဲ့မှာကလေးနှစ်ယောက်ကို သူတို့က အဲ့ဒီစစ်တပ်ပေါ့နော် စစ်တပ်ဆေးရုံကို ခေါ်ချသွားတယ် နှစ်ယောက်ပါသွားတယ်၊ အဲ့နှစ်ယောက်ပဲပါသွားတယ်၊
ကျန်တဲ့ကလေးတွေက ဒဏ်ရာမရတဲ့ကလေးတွေက လွတ်သွားတယ်လို့ သတင်းရတယ်။”

ကျောက်မဲမြို့မှာ ည ၈ နာရီးကနေ မနက် ၄နာရီထိ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထား ပါတယ်။ သေနတ်ကျည်ထိမှန်ထားတဲ့ လူငယ်နှစ်ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုနဲ့ စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ ဒီကနေ့မှာလည်း ကျောက်မဲဘူတာနားမှာ စစ်ကောင်စီတပ်က ကား ၅စီး အင်အားအလုံအရင်းနဲ့ လာပြီး ရှာဖွေစစ်ဆေးတာပြုလုပ်ကာ အနီးအနားကသစ်ပင်အောက်မှာ ထိုင်နေတဲ့ လူနှစ်ဦးကို ဖမ်းဆီးခေါ်သွား တယ်လို့ ဒေသခံက ပြောပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာလည်း မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေ ပစ်ခတ်တာကြောင့် လူတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့မှာတော့ ည ၉ နာရီဝန်းကျင်လောက်မှာ ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး လူငယ် ၉ ဦး ဖမ်းဆီးခံထားရပါတယ်။ ပုသိမ်မြို့မှာလည်း မနေ့ညတုန်းက ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူငယ် တစ်ဦး ဖမ်းခံထားရပါတယ်။ လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာမှာလည်း မနေ့ည ၁၀ နာရီဝန်းကျင်လောက်က စစ်တပ်အင်အားအလုံး အရင်းနဲ့ ဝင်ရောက်ရှာဖွေပြီး လူ ၁၀ ဦးထက်မနည်းဖမ်းဆီးသွားပါတယ်။

ဒီလို ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတချို့လည်း ဆက်ပြီးရှိနေပါတယ်။ ဒီကနေ့ မုံရွာမြို့မှာ မုံရွာမြို့လယ် မီးပွိုင့်မှာ အင်အားတရာဝန်ကျင်လောက် လျှပ်တပြတ်စုပြီး ဆန္ဒပြခဲ့ကြပါတယ်။

“ကျွန်တော်တို့က လမ်းလေးလမ်းဆုံတဲ့ မြို့လယ်မီးပွိုင့်မှာ အချိန်တစ်ခု သတ်မှတ်ပြီး ချိန်းထားပြီးတော့ ကျွန်တော်တို့ အဲ့အချိန်မှာ အားလုံးပေါ်လာပြီးတော့ ကျွန်တော်တို့ ဒီစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်တယ်။ အရောင်စုံ Smoke တွေကို ကျွန်တော်တို့ ခင်းလိုက်တယ်ပေါ့နှော်။ ဒါဘာလို့လဲဆိုတော့ လူစုခွဲတဲ့ အချိန်ကျရင် ကျွန်တော်တို့က အချိန်ရအောင်အတွက်ပေါ့နှော်။ အဲ့လို မြို့လယ်မှာ ဘာလို့လုပ်လဲဆို အဓိကက မုံရွာမြို့နယ်ထဲမှာ တစ်ချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ပြီးတော့ ဖိနေတယ်ပေါ့နှော်။ အဲ့လိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့ အရေးစွန့်ပြီးတော့ပေါ့နှော် မြို့လယ်မီးပွိုင့်အထိ တက်ပြီးတော့ ဆန္ဒပြခဲ့တာဗျ။ လုံခြုံရေးတွေကတော့ သူတို့က တခြား အဓိက လမ်းမကြီးတွေမှာပေါ့နှော်၊ အဲ့မှာ လုံခြုံရေးယူထားတယ်ဗျ။ ကျွန်တော်တို့က မြို့လယ်မီးပွိုင့်မှာဗျ။ ခုနောက်ပိုင်းတော့ တစ်ခါမှ မပြဖူးတော့ သူတို့လည်း အလစ်အငိုက် အနေအထားမှာ ကျွန်တော်တို့ လုပ်ခဲ့တာဗျ။”

စစ်ကောင်စီတပ်တွေ နေ့စဉ်ဖမ်းဆီးမှု ပစ်ခတ်မှုတွေ ရှိနေတဲ့ ကြားကပဲ ပဲခူး၊ ဖားကန့်၊ မန္တလေး၊ မြိုင်၊ ကလေး၊ လက်ပံတောင်း စတဲ့ ဒေသတွေမှာ ချီတက် ဆန္ဒပြကြသလို၊ ထားဝယ်မှာလည်း စစ်တပ်ထုတ်ကုန်တွေမသုံးကြဖို့ ဆန္ဒပြနှိုးဆော်မှုတွေနဲ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG