သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးသပိတ္စစ္ေၾကာင္း ပစ္ခတ္ၿဖိဳခြဲ ဖမ္းဆီးခံရ


ဗဟန္းျမိဳ ့နယ္က ဆႏၵျပပြဲတခု (ဂ်ြန္ ၂၅) (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

မႏၱေလးမွာ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းထြက္ဖို႔ လူစုေနခ်ိန္မွာပဲ စစ္တပ္နဲ႔ရဲက ပစ္ခတ္ ၿဖိဳခြဲခဲ့သလို ဖမ္းဆီးခံရသူေတြလည္း ရွိခဲ့ပါတယ္။ မႏၲေလးမွာပဲ စစ္ေကာင္စီသတင္းေပးလို႔ စြပ္စြဲခံရသူတဦး ေသနတ္နဲ႔ ပစ္ခံရၿပီး ဒဏ္ရာရခဲ့ပါတယ္။ ရန္ကုန္မွာေတာ့ ဆႏၵျပပြဲရွိခ့ဲသလို ေပါက္ကြဲတာတခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ ဒီအေျခအေနအားလံုးကုိစုစည္းၿပီး ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

ဒီကေန႔ ညေနပိုင္း မႏၱေလးမွာ တပ္ေပါင္းစုသပိတ္ထြက္ဖို႔ လူစုေနခ်ိန္မွာပဲ စစ္တပ္နဲ႔ရဲ ေရာက္လာၿပီးေတာ့ ပစ္ခတ္ၿဖိဳခြဲခံခဲ့ရတယ္လုိ႔ ပါဝင္သူတဦးကေျပာပါတယ္။
“၃၇၊ ၃၈ မႏၲေလးၿမိဳ႕ရဲ႕ ၈၄ မိန္းလမ္းမႀကီးေပါ့၊ စုတုန္းပဲ ရွိေသးတယ္ေပ့ါေနာ္ ထြက္ဖို႔အတြက္၊ အဲ့ဒါကို သူတို႔ေတြ ဘယ္ကေန ႀကိဳတင္ သတင္းရလာတယ္ မသိဘူး၊ ခ်က္ခ်င္း ေရာက္ခ်လာၿပီးေတာ့ အၾကမ္းဖက္ ဝင္ေရာက္ၿဖိဳခြင္းတာေပါ့။ အတိအက်ေတာ့ ကြၽန္ေတာ္တို႔လဲ မသိရေသးဘူး။ ၄ ေယာက္ပါသြားတယ္လို႔လဲ ေျပာတယ္။ ၆ ေယာက္ပါသြားတယ္လို႔လဲေျပာတယ္။ ဘယ္ေလာက္ပါသြားလဲဆိုတာ ခုအခ်ိန္ထိ အတိအက် မသိရေသးဘူး။ တခ်ိဳ႕ေတြဆို ေရာက္ေတာင္ မေရာက္ၾကေသးဘူး။ စစ္ေကာင္စီဖက္က အၾကမ္းဖက္ ၿဖိဳခြင္းလိုက္ေတာ့ လက္ရွိေတာ့ အမွတ္ ၆ ထဲမွာ ဖမ္းခံထားရတယ္လို႔ အဲ့ေလာက္ပဲ သိရေသးတယ္ဗ်။”

ဒါေပမယ့္ မႏၲလာတကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သပိတ္စစ္ေၾကာင္း၊ ခ်မ္းျမသာစည္ ပညာေရး ေက်ာင္းေပါင္းစုံ သပိတ္စစ္ေၾကာင္းတို႔ကေတာ့ ခ်ီတက္ႏိုင္ခဲ့ပါတယ္။
ဒီေန႔တရက္ထဲမွာပဲ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကန္သာယာၿမိဳ႕သစ္မွာ စစ္ေကာင္စီသတင္းေပးလို႔ စြပ္စြဲခံရသူ ႀကံခိုင္ဖြံ႔ၿဖိဳးေရးပါတီဝင္တဦး ေသနတ္နဲ႔ ပစ္ခံရပါတယ္။ ပစ္တဲ့သူလုိ႔ သံသယရွိသူရဲ႕အိမ္ကို စစ္တပ္က ဝင္ရွာေပမယ့္ မိမသြားဘူးလို႔ ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“၁၁၃၊ ၅၆၊ ၅၇ ၾကားက ႀကံခိုင္ေရးပါတီဝင္ေပါ့ေနာ္၊ ေက်ာ္ေက်ာ္မင္းဆိုတာ သူ႔ကို မနက္ ၅ နာရီေလာက္ ေသနတ္နဲ႔ လာပစ္သြားတာ။ လာပစ္သြားတာက က်ည္ဆန္က ၅ ေတာင့္ပဲ၊ ႏွစ္ခ်က္မွန္တယ္။ မွန္တာကလဲ ရွပ္မွန္တာဆိုေတာ့ ဒဏ္ရာရၿပီး ေဆး႐ုံကို ေခၚသြားတယ္။ လူကေတာ့ မေသပါဘူး။ ဒါေပမယ့္လို႔ ပစ္တဲ့လူကို သိတဲ့သူက ျပန္ေျပာေတာ့ လိုက္ရွာတယ္လို႔ ၾကားတယ္။ လူကိုေတာ့ မမိဘူး။ အိမ္ကိုရွာေတာ့ ပစၥည္းက တျခားေတာ့ မေတြ႕ဘူး။ ဆႏၵျပတုန္းက ဗီႏိုင္းေတြပဲ ေတြ႕တယ္။ အဲ့ဒါေတာ့ ေလာေလာဆယ္သိထားရတယ္။ ေနာက္ပိုင္း အေနအထားကေတာ့ မသိရေသးဘူးေပါ့ေနာ္။”

ရန္ကုန္၊ လိႈႈင္ၿမိဳ႕နယ္မွာေတာ့ ဒီကေန႔မနက္ပိုင္းက ေပါက္ကြဲမႈႏွစ္ခုျဖစ္ခဲ့သလို မေန႔ညပိုင္းကလည္း ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္ (၁) ရပ္ကြက္၊ အ.ထ.က (၁၀) စာသင္ေက်ာင္းမွာ ေပါက္ကြဲမႈရွိခဲ့ပါတယ္။
ဒီလိုေပါက္ကြဲမႈေတြ ရွိခဲ့တဲ့ၾကားမွာပဲ ရန္ကုန္၊ ဗဟန္းၿမိဳ႕နယ္၊ ေရတာရွည္လမ္းေဟာင္းမွာ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္မွာ ဆႏၵျပသူေတြအေနနဲ႔ ကိုယ္ေနထိုင္တဲ့ၿမိဳ႕နယ္မွာ ဆက္တိုက္ဆႏၵျပတာမဟုတ္ဘဲ အခုေနာက္ပိုင္းမွာ ၿမိဳ႕နယ္ေတြေျပာင္းၿပီး ဆႏၵျပေနၾကတယ္လို႔ ဆႏၵျပဦးေဆာင္ လူငယ္တဦးက ေျပာပါတယ္။

“ရန္ကုန္အေနနဲ႔လည္း ျပည္သူ႔လႈပ္ရွားမႈအေနနဲ႔ ဒီဗဟန္းၿမိဳ႕နယ္ထဲမွာေပါ့ ဆႏၵျပပြဲျပဳလုပ္ခဲ့တယ္။ ဖက္ဆစ္စစ္တပ္အျမစ္ျပဳတ္၊ ၿပီးေတာ့ က်ေနာ္တို႔ ေနာက္တစ္ခုအေနနဲ႔ကေတာ့ အားတင္းထားပါ မႏၲေလးရာေပါ့ေနာ္။ သပိတ္ဆင္ႏႊဲခဲ့တယ္ေပ့ါေနာ္။ ဒီစစ္ေကာင္စီက က်ေနာ္တို႔ၿမိဳ႕နယ္ေတြေပါ့ေနာ္ သူက ဒီၿမိဳ႕နယ္မွာျပင္ ဒီၿမိဳ႕နယ္မွာ ရွိေနတယ္ဆိုတာ သူတို႔က သတိထားမိေနမယ္ အဲ့ေတာ့ဒီအခ်ိန္မွာက် သူတို႔ကလမ္းထဲျမင္ရင္
အကုန္ဆြဲေနတာေပါ့ က်ေနာ္တို႔ ဒီအားလုံးရဲ႕ လုံၿခဳံေရးအရေရာ ေနာက္ၿပီးေတာ့ တၿမိဳ႕နယ္နဲ႔ တၿမိဳ႕နယ္လူေတြ သတိျပဳမိဖို႔အတြက္ က်ေနာ္တို႔ၿမိဳ႕နယ္ေျပာင္းၿပီး လိုက္လုပ္တာေပါ့။”

ဇြန္လ ၂၄ ရက္ေန႔ ညေနပိုင္းက မြန္ျပည္နယ္ သထုံၿမိဳ႕ ဝီေယာ္ေရတံခြန္မွာ ေရသြားေဆာ့ၾကတဲ့ လူငယ္အေယာက္ ၃၀ ေက်ာ္ကို PDF အဖြဲ႕ဝင္ေတြဆုိၿပီး စစ္တပ္က ဖမ္းသြားတဲ့သတင္း လူမႈဆက္သြယ္ေရး မီဒီယာေပၚမွာ ပ်ံ႕ေနပါတယ္။
ဒီလူငယ္ေတြ ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး ေမးျမန္းဖုိ႔ နယ္ေျမခံရဲစခန္းကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ္ အဆက္အသြယ္မရခဲ့သလို မိသားစုဝင္ေတြကိုလည္း ဆက္သြယ္လို႔ မရခဲ့ပ့ါဘူး။ မိသားစုဝင္တခ်ဳိ႕ကေတာ့ ဒီလူငယ္ေတြဟာ PDF အဖြဲ႔ဝင္ေတြမဟုတ္ဘူးလို႔ မိသားစုတဦးက ဆိုရွယ္မီဒီယာမွာ ေရးထားတာေတာ့ ေတြ႔ရပါတယ္။

ဖမ္းဆီးခံရသူေတြကို အက်ဳိးေဆာင္ေပးေနတဲ့ သထံုၿမိဳ႕က ေရွ႕ေနတဦးကို ေမးတာမွာေတာ့ ဒီသတင္းကို သူၾကားေပမယ့္ အကူအညီေတာင္းလာတာ မရွိေသးဘူးလို႔ ေျပာပါတယ္။
“က်ေနာ္တို႔ကို တေယာက္မွအဆက္သြယ္မရဘူး၊ လာၿပီးေတာ့ အကူအညီေတာင္းတာ မရွိဘူး၊ မရွိေသးဘူး။”
စစ္တပ္က အာဏာသိမ္းခဲ့တာ ၅ လထဲ ဝင္လာၿပီျဖစ္ေပမယ့့္ အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ႏုိင္ငံတဝန္း ေဒသတခ်ဳိ႕မွာ ေန႔စဥ္လို ဆက္ရွိေနဆဲျဖစ္ၿပီး ဒီကေန႔မွာလည္း ေလာင္းလုံး၊ ထားဝယ္၊ ၿမိဳင္၊ တန႔္ဆည္၊ ကေလး၊ ဖားကန႔္၊ ဘုတလင္ စတဲ့ေဒသအသီးသီးမွာ ေက်း႐ြာေပါင္းစုံသပိတ္အပါအဝင္ ခ်ီတက္ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


မန္တလေးသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခံရ

(Uniocde)

မန္တလေးမှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်းထွက်ဖို့ လူစုနေချိန်မှာပဲ စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။ မန္တလေးမှာပဲ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတဦး သေနတ်နဲ့ ပစ်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်မှာတော့ ဆန္ဒပြပွဲရှိခဲ့သလို ပေါက်ကွဲတာတချို့လည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေအားလုံးကိုစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဒီကနေ့ ညနေပိုင်း မန္တလေးမှာ တပ်ပေါင်းစုသပိတ်ထွက်ဖို့ လူစုနေချိန်မှာပဲ စစ်တပ်နဲ့ရဲ ရောက်လာပြီးတော့ ပစ်ခတ်ဖြိုခွဲခံခဲ့ရတယ်လို့ ပါဝင်သူတဦးကပြောပါတယ်။
“၃၇၊ ၃၈ မန္တလေးမြို့ရဲ့ ၈၄ မိန်းလမ်းမကြီးပေါ့၊ စုတုန်းပဲ ရှိသေးတယ်ပေ့ါနော် ထွက်ဖို့အတွက်၊ အဲ့ဒါကို သူတို့တွေ ဘယ်ကနေ ကြိုတင် သတင်းရလာတယ် မသိဘူး၊ ချက်ချင်း ရောက်ချလာပြီးတော့ အကြမ်းဖက် ဝင်ရောက်ဖြိုခွင်းတာပေါ့။ အတိအကျတော့ ကျွန်တော်တို့လဲ မသိရသေးဘူး။ ၄ ယောက်ပါသွားတယ်လို့လဲ ပြောတယ်။ ၆ ယောက်ပါသွားတယ်လို့လဲပြောတယ်။ ဘယ်လောက်ပါသွားလဲဆိုတာ ခုအချိန်ထိ အတိအကျ မသိရသေးဘူး။ တချို့တွေဆို ရောက်တောင် မရောက်ကြသေးဘူး။ စစ်ကောင်စီဖက်က အကြမ်းဖက် ဖြိုခွင်းလိုက်တော့ လက်ရှိတော့ အမှတ် ၆ ထဲမှာ ဖမ်းခံထားရတယ်လို့ အဲ့လောက်ပဲ သိရသေးတယ်ဗျ။”

ဒါပေမယ့် မန္တလာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည် ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းတို့ကတော့ ချီတက်နိုင်ခဲ့ပါတယ်။
ဒီနေ့တရက်ထဲမှာပဲ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာမြို့သစ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦး သေနတ်နဲ့ ပစ်ခံရပါတယ်။ ပစ်တဲ့သူလို့ သံသယရှိသူရဲ့အိမ်ကို စစ်တပ်က ဝင်ရှာပေမယ့် မိမသွားဘူးလို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၁၃၊ ၅၆၊ ၅၇ ကြားက ကြံခိုင်ရေးပါတီဝင်ပေါ့နော်၊ ကျော်ကျော်မင်းဆိုတာ သူ့ကို မနက် ၅ နာရီလောက် သေနတ်နဲ့ လာပစ်သွားတာ။ လာပစ်သွားတာက ကျည်ဆန်က ၅ တောင့်ပဲ၊ နှစ်ချက်မှန်တယ်။ မှန်တာကလဲ ရှပ်မှန်တာဆိုတော့ ဒဏ်ရာရပြီး ဆေးရုံကို ခေါ်သွားတယ်။ လူကတော့ မသေပါဘူး။ ဒါပေမယ့်လို့ ပစ်တဲ့လူကို သိတဲ့သူက ပြန်ပြောတော့ လိုက်ရှာတယ်လို့ ကြားတယ်။ လူကိုတော့ မမိဘူး။ အိမ်ကိုရှာတော့ ပစ္စည်းက တခြားတော့ မတွေ့ဘူး။ ဆန္ဒပြတုန်းက ဗီနိုင်းတွေပဲ တွေ့တယ်။ အဲ့ဒါတော့ လောလောဆယ်သိထားရတယ်။ နောက်ပိုင်း အနေအထားကတော့ မသိရသေးဘူးပေါ့နော်။”

ရန်ကုန်၊ လှိုှုင်မြို့နယ်မှာတော့ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခုဖြစ်ခဲ့သလို မနေ့ညပိုင်းကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အ.ထ.က (၁၀) စာသင်ကျောင်းမှာ ပေါက်ကွဲမှုရှိခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုတွေ ရှိခဲ့တဲ့ကြားမှာပဲ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းမှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မှာ ဆန္ဒပြသူတွေအနေနဲ့ ကိုယ်နေထိုင်တဲ့မြို့နယ်မှာ ဆက်တိုက်ဆန္ဒပြတာမဟုတ်ဘဲ အခုနောက်ပိုင်းမှာ မြို့နယ်တွေပြောင်းပြီး ဆန္ဒပြနေကြတယ်လို့ ဆန္ဒပြဦးဆောင် လူငယ်တဦးက ပြောပါတယ်။

“ရန်ကုန်အနေနဲ့လည်း ပြည်သူ့လှုပ်ရှားမှုအနေနဲ့ ဒီဗဟန်းမြို့နယ်ထဲမှာပေါ့ ဆန္ဒပြပွဲပြုလုပ်ခဲ့တယ်။ ဖက်ဆစ်စစ်တပ်အမြစ်ပြုတ်၊ ပြီးတော့ ကျနော်တို့ နောက်တစ်ခုအနေနဲ့ကတော့ အားတင်းထားပါ မန္တလေးရာပေါ့နော်
သပိတ်ဆင်နွှဲခဲ့တယ်ပေ့ါနော်။ ဒီစစ်ကောင်စီက ကျနော်တို့မြို့နယ်တွေပေါ့နော် သူက ဒီမြို့နယ်မှာပြင် ဒီမြို့နယ်မှာ ရှိနေတယ်ဆိုတာ သူတို့က သတိထားမိနေမယ် အဲ့တော့ဒီအချိန်မှာကျ သူတို့ကလမ်းထဲမြင်ရင်

အကုန်ဆွဲနေတာပေါ့ ကျနော်တို့ ဒီအားလုံးရဲ့ လုံခြုံရေးအရရော နောက်ပြီးတော့ တမြို့နယ်နဲ့ တမြို့နယ်လူတွေ သတိပြုမိဖို့အတွက် ကျနော်တို့မြို့နယ်ပြောင်းပြီး လိုက်လုပ်တာပေါ့။”

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက မွန်ပြည်နယ် သထုံမြို့ ဝီယော်ရေတံခွန်မှာ ရေသွားဆော့ကြတဲ့ လူငယ်အယောက် ၃၀ ကျော်ကို PDF အဖွဲ့ဝင်တွေဆိုပြီး စစ်တပ်က ဖမ်းသွားတဲ့သတင်း လူမှုဆက်သွယ်ရေး မီဒီယာပေါ်မှာ ပျံ့နေပါတယ်။
ဒီလူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မေးမြန်းဖို့ နယ်မြေခံရဲစခန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ် အဆက်အသွယ်မရခဲ့သလို မိသားစုဝင်တွေကိုလည်း ဆက်သွယ်လို့ မရခဲ့ပ့ါဘူး။ မိသားစုဝင်တချို့ကတော့ ဒီလူငယ်တွေဟာ PDF အဖွဲ့ဝင်တွေမဟုတ်ဘူးလို့ မိသားစုတဦးက ဆိုရှယ်မီဒီယာမှာ ရေးထားတာတော့ တွေ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို အကျိုးဆောင်ပေးနေတဲ့ သထုံမြို့က ရှေ့နေတဦးကို မေးတာမှာတော့ ဒီသတင်းကို သူကြားပေမယ့် အကူအညီတောင်းလာတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကို တယောက်မှအဆက်သွယ်မရဘူး၊ လာပြီးတော့ အကူအညီတောင်းတာ မရှိဘူး၊ မရှိသေးဘူး။”
စစ်တပ်က အာဏာသိမ်းခဲ့တာ ၅ လထဲ ဝင်လာပြီဖြစ်ပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဒေသတချို့မှာ နေ့စဉ်လို ဆက်ရှိနေဆဲဖြစ်ပြီး ဒီကနေ့မှာလည်း လောင်းလုံး၊ ထားဝယ်၊ မြိုင်၊ တန့်ဆည်၊ ကလေး၊ ဖားကန့်၊ ဘုတလင် စတဲ့ဒေသအသီးသီးမှာ ကျေးရွာပေါင်းစုံသပိတ်အပါအဝင် ချီတက်ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG