သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးျပည္သူကိုအားေပးတဲ့ ရန္ကုန္ဆႏၵျပမႈ


မႏၱေလးတိုက္ခိုက္မႈ အျပီး ေပၚ ေပါက္လာတဲ့ စမ္းေခ်ာင္းျမိဳ ့နယ္ထဲက ဆႏၵျပပြဲ (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

မႏၱေလးၿမိဳ႕မွာ စစ္တပ္က အိမ္တအိမ္ကို စီးနင္း႐ွာေဖြစဥ္ ဒီေန႔ မနက္ပိုင္းက အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားတဲ့သတင္း ရန္ကုန္ၿမိဳ႕ကို ပ်ံ႕ႏွံ႔ေရာက္႐ွိခဲ့ၿပီးေနာက္ ရန္ကုန္က ဆႏၵျပလူငယ္ေတြက မႏၱေလးကို အားေပးတဲ့ ေၾကြးေၾကာ္သံေတြ ေၾကြးေၾကာ္ ဆႏၵျပခဲ့ၾကပါတယ္။ မဂၤလာေတာင္ၫြန္႔၊ ၾကည့္ျမင္တိုင္၊ စမ္းေခ်ာင္း စတဲ့ၿမိဳ႕နယ္ေတြ စုေပါင္းၿပီး ‘အားတင္းထားပါ မႏၲေလးရာ မင္းတို႔ေနာက္မွာ ရန္ကုန္ရွိတယ္’ ဆိုတဲ့ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး ခ် လမ္းမေတာ္ၿမိဳ႕နယ္၊ ေညာင္ပင္ေလး ေစ်းလမ္းမွာ ေန႔လည္ပိုင္းက ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

"က် ေနာ္တို႔ ခု မႏၲေလးမွာ ျဖစ္ေနတဲ့ ကိစၥအတြက္ မႏၲေလးသားေတြကို အားေပးတဲ့ အေနနဲ႔ ကြၽန္ေတာ္တို႔ စုေပါင္းသပိတ္ကို ထြက္ေပးလိုက္တာပါ။ ကြၽန္ေတာ္တို႔ မဂ္လာေတာင္ၫြန္႔ၿမိဳ႕နယ္ရယ္၊ ၾကည့္ျမင္တိုင္ရယ္၊ ေျမနီကုန္းရယ္ ေပါင္းၿပီးေတာ့ ထြက္တာပါ။ အင္အား ၂၀၀ နီးပါးပါပါတယ္ဗ်။ ၁၂ နာရီ အတိမွာ ထြက္တယ္ဗ်။ ရန္ကုန္မွာ လုံၿခဳံေရး အေျခအေနကေတာ့ ေနရာေတာ္ေတာ္မ်ားမ်ား မွာ တင္းၾကပ္ထားတယ္ဗ်။ အဲ့ေနရာမွာကေတာ့ ေလာေလာလတ္လတ္အေျခအေန ရွင္းေနလို႔ သပိတ္စစ္ေၾကာင္းထြက္လိုက္တာဗ်။ အစကတည္းက စီစဥ္ထားၿပီးသားလည္း ျဖစ္တယ္၊ စာသားေတြကိုေတာ့ ေျပာင္းလိုက္တယ္ဗ်။ ကြၽန္ေတာ္တို႔ စာသားေတြ ေျပာင္းၿပီးေတာ့ မႏၲေလးအတြက္ ဆုေတာင္းေပးတဲ့ အေနနဲ႔ ထြက္လိုက္ၾကတာဗ်။”

မႏၱေလးၿမိဳ႕မွာလည္း ပံုမွန္ခ်ီတက္ဆႏၵျပၾကတဲ့ ဆႏၵျပစစ္ေၾကာင္းေတြကလည္း မနက္ပိုင္းက ဆႏၵျပခဲ့ၾကပါတယ္။ ပစ္ခတ္ ေပါက္ကြဲမႈေတြ ျဖစ္တဲ့ ေနရာနဲ႔ ေဝးတဲ့ လံုၿခံဳေရး သိပ္မ႐ွိတဲ့ေနရာေတြမွာ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

“မနက္ အေစာဆုံးမွာေတာ့ မႏၲေလး မဟာမိတ္တပ္ေပါင္းစု အေနနဲ႔ သပိတ္ေၾကာင္းထြက္ခဲ့ပါတယ္။ အဲ့လိုပဲ တပ္ေပါင္းစုထြက္သလို ေအာင္ေျမသာဇံၿမိဳ႕နယ္က ေက်ာင္းေပါင္းစုံ စုေပါင္းသပိတ္လည္း ထြက္တယ္ခင္ဗ်၊ မႏၲေလး တကၠသိုလ္ ေက်ာင္းသားေက်ာင္းသူမ်ား သပိတ္လည္း ထြက္ပါတယ္ခင္ဗ်။ ဒါက ပစ္ခတ္ခါနီး အခ်ိန္မွာ ျဖစ္သြားတဲ့ မႏၲေလး သပိတ္ေတြပါ။ ဗုံးေပါက္ကြဲမႈေတြကလည္း မႏၲေလးရဲ႕ ေနရာ အႏွံ႔မွာျဖစ္ေနတယ္။ ျပည္သူဖက္ကလည္း ၿငိမ္းခ်မ္းစြာ ဘယ္လိုတုန္႔ျပန္လဲဆိုေတာေတာ့ ကြၽန္ေတာ္တို႔လဲ ေျပးရင္းလြားရင္းနဲ႔ပဲ မႏၲေလးကေတာ့ ေတာ္ေတာ္ေလးကို ရႈပ္ေထြးေနတယ္ဗ် အေျခအေနကေတာ့။”

ေန႔လည္ပိုင္းမွာေတာ့ သံဃာ့သမဂၢသပိတ္စစ္ေၾကာင္းက လမ္းမေပၚထြက္ၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားက ခ်ီတက္ ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔ သံဃာ့ သမဂၢသပိတ္စစ္ေၾကာင္းမွာ ပါဝင္တဲ့ သံဃာေတာ္တစ္ပါး က မိန္႔ပါတယ္။

“တိုက္ပြဲျဖစ္ေနတဲ့ အေျခအေနကိုလည္း အာ႐ုံလြဲလို႔ရေအာင္ဆိုၿပီး ဒီေန႔ ေန႔ခင္းဖက္မွာ ေစာၿပီးေတာ့မွ ထြက္လိုက္တယ္။ ဒါကလည္း အခက္အခဲေတြကေတာ့ အမ်ားႀကီးေပါ့ေႏွာ္။ အခက္အခဲဆိုတဲ့ ေနရာမွာ လုံၿခဳံေရးေတြက အရမ္းတင္းၾကပ္ ေနတဲ့ခါက်ေတာ့ ဦးဇင္းတို႔က မိန္းလမ္းမေတြမဟုတ္တာမ်ိဳးေပါ့၊ တျခားအဆင္ေျပတဲ့ ေနရာကေနၿပီးေတာ့မွ လုံၿခဳံေရးအရ ဦးဇင္းတို႔လုပ္ျဖစ္တာေပါ့။ လုံၿခဳံေရးကေတာ့ ဒီေန႔ကေတာ့ လုံးဝကို တင္းတင္းၾကပ္ၾကပ္ျဖစ္တယ္။ ဦးဇင္းတို႔ လမ္းေလွ်ာက္တာေတာင္မွ အရွည္ႀကီးမသြားႏိုင္ဘူး။ တစ္ျပေလာက္ပဲ ဦးဇင္းတို႔ သြားႏိုင္တာေပါ့။”

ေလာေလာဆယ္ မႏၱေလးၿမိဳ႕မွာ လံုၿခံဳေရးအထူးတင္းၾကပ္ထားတဲ့အတြက္ ေနာက္ေန႔ေတြက်ရင္ေတာ့ လံုၿခံဳေရးအေျခအေနေပၚမူတည္ လမ္းေပၚထြက္ ဆႏၵျပသြားမယ္လို႔ ဆႏၵျပသူေတြကေျပာပါတယ္။ ဒီကေန႔မွာပဲ ကေလး၊ မုံ႐ြာ၊ ထားဝယ္၊ ေလာင္းလုံ၊ ဖားကန္႔ စတဲ့ေဒသေတြမွာ ခ်ီတက္ဆႏၵျပၾကသလို ယင္းမာပင္၊ ဆားလင္းႀကီးေဒသေတြမွာလည္း လူရာခ်ီ ခ်ီတက္ဆႏၵျပၾကခဲ့ပါတယ္။

............................................................................

မႏၲေလးျပည္သူကိုအားေပးတဲ့ ရန္ကုန္ဆႏၵျပမႈ
please wait

No media source currently available

0:00 0:03:33 0:00
တိုက္႐ိုက္ လင့္ခ္


မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု

(Unicode)

မန္တလေးမြို့မှာ စစ်တပ်က အိမ်တအိမ်ကို စီးနင်းရှာဖွေစဉ် ဒီနေ့ မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့သတင်း ရန်ကုန်မြို့ကို ပျံ့နှံ့ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်က ဆန္ဒပြလူငယ်တွေက မန္တလေးကို အားပေးတဲ့ ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့မြို့နယ်တွေ စုပေါင်းပြီး ‘အားတင်းထားပါ မန္တလေးရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်’ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေး ဈေးလမ်းမှာ နေ့လည်ပိုင်းက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“ကျွန်တော်တို့ ခု မန္တလေးမှာ ဖြစ်နေတဲ့ ကိစ္စအတွက် မန္တလေးသားတွေကို အားပေးတဲ့ အနေနဲ့ ကျွန်တော်တို့ စုပေါင်းသပိတ်ကို ထွက်ပေးလိုက်တာပါ။ ကျွန်တော်တို့ မဂ်လာတောင်ညွန့်မြို့နယ်ရယ်၊ ကြည့်မြင်တိုင်ရယ်၊ မြေနီကုန်းရယ် ပေါင်းပြီးတော့ ထွက်တာပါ။ အင်အား ၂၀၀ နီးပါးပါပါတယ်ဗျ။ ၁၂ နာရီ အတိမှာ ထွက်တယ်ဗျ။ ရန်ကုန်မှာ လုံခြုံရေး အခြေအနေကတော့ နေရာတော်တော်များများ မှာ တင်းကြပ်ထားတယ်ဗျ။ အဲ့နေရာမှာကတော့ လောလောလတ်လတ်အခြေအနေ ရှင်းနေလို့ သပိတ်စစ်ကြောင်းထွက်လိုက်တာဗျ။ အစကတည်းက စီစဉ်ထားပြီးသားလည်း ဖြစ်တယ်၊ စာသားတွေကိုတော့ ပြောင်းလိုက်တယ်ဗျ။ ကျွန်တော်တို့ စာသားတွေ ပြောင်းပြီးတော့ မန္တလေးအတွက် ဆုတောင်းပေးတဲ့ အနေနဲ့ ထွက်လိုက်ကြတာဗျ။”

မန္တလေးမြို့မှာလည်း ပုံမှန်ချီတက်ဆန္ဒပြကြတဲ့ ဆန္ဒပြစစ်ကြောင်းတွေကလည်း မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ပစ်ခတ် ပေါက်ကွဲမှုတွေ ဖြစ်တဲ့ နေရာနဲ့ ဝေးတဲ့ လုံခြုံရေး သိပ်မရှိတဲ့နေရာတွေမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“မနက် အစောဆုံးမှာတော့ မန္တလေး မဟာမိတ်တပ်ပေါင်းစု အနေနဲ့ သပိတ်ကြောင်းထွက်ခဲ့ပါတယ်။ အဲ့လိုပဲ တပ်ပေါင်းစုထွက်သလို အောင်မြေသာဇံမြို့နယ်က ကျောင်းပေါင်းစုံ စုပေါင်းသပိတ်လည်း ထွက်တယ်ခင်ဗျ၊ မန္တလေး တက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်လည်း ထွက်ပါတယ်ခင်ဗျ။ ဒါက ပစ်ခတ်ခါနီး အချိန်မှာ ဖြစ်သွားတဲ့ မန္တလေး သပိတ်တွေပါ။ ဗုံးပေါက်ကွဲမှုတွေကလည်း မန္တလေးရဲ့ နေရာ အနှံ့မှာဖြစ်နေတယ်။ ပြည်သူဖက်ကလည်း ငြိမ်းချမ်းစွာ ဘယ်လိုတုန့်ပြန်လဲဆိုတောတော့ ကျွန်တော်တို့လဲ ပြေးရင်းလွားရင်းနဲ့ပဲ မန္တလေးကတော့ တော်တော်လေးကို ရှုပ်ထွေးနေတယ်ဗျ အခြေအနေကတော့။”

နေ့လည်ပိုင်းမှာတော့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းက လမ်းမပေါ်ထွက်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သံဃာ့ သမဂ္ဂသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ သံဃာတော်တစ်ပါး က မိန့်ပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကိုလည်း အာရုံလွဲလို့ရအောင်ဆိုပြီး ဒီနေ့ နေ့ခင်းဖက်မှာ စောပြီးတော့မှ ထွက်လိုက်တယ်။ ဒါကလည်း အခက်အခဲတွေကတော့ အများကြီးပေါ့နှော်။ အခက်အခဲဆိုတဲ့ နေရာမှာ လုံခြုံရေးတွေက အရမ်းတင်းကြပ် နေတဲ့ခါကျတော့ ဦးဇင်းတို့က မိန်းလမ်းမတွေမဟုတ်တာမျိုးပေါ့၊ တခြားအဆင်ပြေတဲ့ နေရာကနေပြီးတော့မှ လုံခြုံရေးအရ ဦးဇင်းတို့လုပ်ဖြစ်တာပေါ့။ လုံခြုံရေးကတော့ ဒီနေ့ကတော့ လုံးဝကို တင်းတင်းကြပ်ကြပ်ဖြစ်တယ်။ ဦးဇင်းတို့ လမ်းလျှောက်တာတောင်မှ အရှည်ကြီးမသွားနိုင်ဘူး။ တစ်ပြလောက်ပဲ ဦးဇင်းတို့ သွားနိုင်တာပေါ့။”

လောလောဆယ် မန္တလေးမြို့မှာ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့အတွက် နောက်နေ့တွေကျရင်တော့ လုံခြုံရေးအခြေအနေပေါ်မူတည် လမ်းပေါ်ထွက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။ ဒီကနေ့မှာပဲ ကလေး၊ မုံရွာ၊ ထားဝယ်၊ လောင်းလုံ၊ ဖားကန့် စတဲ့ဒေသတွေမှာ ချီတက်ဆန္ဒပြကြသလို ယင်းမာပင်၊ ဆားလင်းကြီးဒေသတွေမှာလည်း လူရာချီ ချီတက်ဆန္ဒပြကြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG