သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈနဲ႔ဆက္စပ္တဲ့ ၅၀၅(က) စဲြဆိုခံထားရသူအမ်ားစု ျပန္လြတ္


ျပန္လည္လြတ္ေျမာက္လာမည့္သူမ်ားအား အင္းစိန္ေထာင္၀တြင္ ေစာင့္ဆိုင္းေနသော မိသားစု၀င္မ်ား (ဓာတ္ပံု - AT Hlaing)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (က) နဲ႔ အမ်ားဆုံးဖမ္းဆီးခံရတဲ့ တိုင္းနဲ႔ျပည္နယ္ အသီးသီးက အက်ဥ္းသား ၂၀၀၀ ေက်ာ္ကို ဒီေန႔ဇြန္လ ၃၀ ရက္မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။ အက်ဥ္းေထာင္အတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြရွိတယ္လုိ႔ ဒီကေန႔ ျပန္လြတ္လာသူတခ်ဳိ႕က ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကိုေတာ့ ကိုသားၫြန္႔ဦး. ေျပာျပေပးမွာပါ။

ႏိုင္ငံတဝန္းမွာရွိတဲ့ အက်ဥ္းေထာင္အသီးသီးကေန ဒီေန႔ျပန္လႊတ္လိုက္တဲ့ အက်ဥ္းသားအေရအတြက္ဟာ စုစုေပါင္း ၂၂၉၆ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္လိုက္တာပါ။

အက်ဥ္းေထာင္ထဲမွာ လူ႔ခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိေၾကာင္း ဒီေန႔ျပန္လြတ္လာတဲ့ လူငယ္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး အထဲထဲမွာဘာမွ အခြင့္အေရးမရွိဘူး။ ဒီ ၅၀၅ ေတြကို သီးသန႔္မွာထားၿပီးေတာ့ အထဲထဲမွာ ဘာမွေျပာခြင့္လည္းမရွိဘူး တင္ျပခြင့္လည္းမရွိဘူး။ ဘာဆို ဘာတခုမွလုပ္ခြင့္မရွိဘူး။ သူတို႔က ကိုယ္တင္ျပခ်က္ကိုလည္း အသိအမွတ္မျပဳဘူး။"

ဒီေန႔မနက္အေစာပိုင္းမွာ ျပန္လႊတ္မယ္လို႔ ကနဦး သတင္းေတြ ထြက္ေပၚခဲ့ေပမဲ့ ျပန္လႊတ္မယ့္ အေရအတြက္ကို အခုမနက္ပိုင္းမွ ေထာင္အာဏာပိုင္ေတြက စိစစ္မႈေတြလုပ္ခဲ့ရတာပါ။ ဒီအတြက္ေၾကာင့္ အခ်ိန္ၾကန႔္ၾကာမႈေတြျဖစ္ခဲ့ၿပီး ညေနပိုင္းအထိ အက်ဥ္းသားေတြကို ျပန္မလႊတ္ႏိုင္ခဲ့ေၾကာင္း အင္းစိန္ေထာင္ရဲ႕ ဒီေန႔အေျခအေနကို တရားလႊတ္ေတာ္ေရွ႕ေန ေဒၚဇာလီေအးက ေျပာျပပါတယ္။

“ အင္းစိန္အက်ဥ္းေထာင္ကေတာ့ ထုတ္ေျပာတာကေတာ့ က်မကို ၇၅၀ ပတ္ဝန္းက်င္လို႔ ေျပာပါတယ္။ လႊတ္မယ့္အခ်ိန္ကို သူတို႔အတိအက် မေျပာႏိုင္ဘူး။ အထဲက ေျပာတာကေတာ့ ဒီေန႔မနက္ ၇နာရီေလာက္မွ ေထာင္ဝန္ထမ္းေတြရဲ႕ လက္ထဲကို လႊတ္မယ့္သူရဲ႕ စာရင္းေပါ့ေနာ္ ေရာက္တာျဖစ္တဲ့အတြက္ စိစစ္ေနရတယ္ေပါ့ေနာ္။”

ရန္ကုန္အင္းစိန္ေထာင္အျပင္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ ခ်င္းျပည္နယ္ ဟားခါး၊ မႏၲေလး အိုးဘို၊ တနသၤာရီတိုင္း ထားဝယ္၊ ဧရာဝတီတိုင္း ပုသိမ္ စတဲ့အက်ဥ္းေထာင္ေတြေရွ႕မွာလည္း မိသားစုဝင္ေတြက ျပန္လြတ္လာသူေတြကို ညေနပိုင္းအထိ ေစာင့္ဆိုင္းခဲ့ရတာပါ။

အမ်ားစုက စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံခဲ့ရသူေတြျဖစ္ၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ပဲ အမႈဖြင့္ ဖမ္းဆီးခံရတာျဖစ္ေၾကာင္း ရန္ကုန္က ဖမ္းဆီးခံလူငယ္ေတြရဲ႕အမႈကို လိုက္ပါကူညီေပးေနတဲ့ "သင့္အတြက္ေရွ႕ေနမ်ားအဖြဲ႕" က တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသြယ္သြယ္စိုးက ေျပာပါတယ္။

“ ( ရန္ကုန္က) ၇၅၀ လို႔ေတာ့ထပ္ၾကားတယ္၊ ဒါေပမဲ့ မနက္တုန္းက ၾကားတုန္းကေတာ့ ၇၂၀ ၾကားတာ။ ဒီအင္းစိန္ေထာင္ကေန လႊတ္တာဆိုရင္ ဒါ ၄ ႀကိမ္ေျမာက္။ အမ်ားစုက ၅၀၅- က၊ လက္နက္ေတြ မပါတဲ့သူေတြေပါ့ေနာ္ အဓိကထားၿပီး လႊတ္တယ္လို႔ၾကားတယ္။ ၿပီးရင္ သြားရင္းလာရင္း ဖမ္းဆီးခံရတဲ့ သူေတြေပါ့။”

ရန္ကုန္အင္းစိန္ေထာင္က ျပန္လြတ္လာသူ ၇၂၁ ဦး ရွိခဲ့တာမွာ ျပန္လြတ္လာသူအားလုံးကို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းေတြဆီ ဘတ္စ္ကားနဲ႔ ခြဲပို႔ၿပီး ျပန္လႊတ္ေပးခဲ့တာလို႔ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“ ေထာင္ကေနလႊတ္ရင္ လူအင္အားမ်ားၿပီး ေထာင္ေရွ႕မွာဟို အစုအေဝး ျဖစ္မွာစိုးလို႔ပါ။ သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းေတြကို က်ေနာ္တို႔ ဒီ YBS ေတြနဲ႔တင္ၿပီး ေခၚသြားေပးမွာေပါ့။ အဲဒီရဲစခန္းေတြကပဲ သက္ဆိုင္ရာ မိသားစုေတြက လာေခၚၾကရမွာ။ Confirm ျဖစ္သြားၿပီေပါ့ေနာ္။ ေထာက္လွမ္းေရးနဲ႔ က်ေနာ္တို႔ အတည္ျပဳၿပီးပါၿပီ။”

စစ္တပ္က ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္းမွာ လူေပါင္း ၆၄၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့ၿပီး ၂၀၀ ေက်ာ္ကိုေတာ့ ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ပါတယ္။
တခ်ိဳ႕က စစ္ေၾကာေရးစခန္းေတြမွာ စစ္ေဆးေမးျမန္းခံရၿပီးမွ အက်ဥ္းေထာင္ကို ေရာက္လာၾကတာပါ။ အက်ဥ္းေထာင္ထဲမွာ ႏွိပ္စက္ညႇင္းပန္းမႈေတြ ရွိေနတယ္လို႔ ျပန္လြတ္လာသူေတြက ေျပာဆိုေနတာလည္း ရွိပါတယ္။

AAPP ရဲ႕ မွတ္တမ္းႏွင့္ သုေတသနဌာနက ဦးစံမင္းကေတာ့ ျပည္သူေတြရဲ႕ လုံၿခဳံမႈအေျခအေနဟာ စိုးရိမ္ေရမွတ္အဆင့္ကို ေရာက္ရွိေနၿပီလို႔ ေျပာပါတယ္။

“ မည္သူတဦးတေယာက္ကိုမွ လက္လြတ္စပယ္ ဖမ္းၿပီးေတာ့ ညႇင္းပန္းႏွိပ္စက္တာေတြက လုပ္စရာကိုအေၾကာင္း မရွိတာေလ။ အေျခခံလူ႔အခြင့္အေရး ရပိုင္ခြင့္ေတြကို အကုန္လုံးခ်ိဳးေဖာက္ခံရတဲ့ ကိစၥႀကီးျဖစ္ပါတယ္။ ဒါေတြဟာ တကယ္ျဖစ္ေနတာပါ ျမန္မာျပည္မွာ။”

၅၀၅ (က) နဲ႔ အမႈဖြင့္ခံထားရတဲ့ အႏုပညာရွင္ ၂၄ ေယာက္ကိုလည္း အမႈ႐ုပ္သိမ္းေၾကာင္း စစ္ေကာင္စီက မေန႔ကေၾကညာခဲ့ၿပီး ဆႏၵျပလႈံ႕ေဆာ္မႈေတြ ထပ္လုပ္မယ္ဆိုရင္ေတာ့ ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ေၾကညာခ်က္မွာ သတိေပး ေရးသားထားပါတယ္။ ဖမ္းဝရမ္း ထုတ္ခံထားရသူလည္း ၂,၀၀၀ နီးပါး ရွိေနပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


ဆန္ဒပြမှုနဲ့ဆက်စပ်တဲ့ ၅၀၅(က) စွဲဆိုခံထားရသူအများစု ပြန်လွတ်

(Unicode)

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အများဆုံးဖမ်းဆီးခံရတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက အကျဉ်းသား ၂၀၀၀ ကျော်ကို ဒီနေ့ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ဒီကနေ့ ပြန်လွတ်လာသူတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦး. ပြောပြပေးမှာပါ။

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်လိုက်တဲ့ အကျဉ်းသားအရေအတွက်ဟာ စုစုပေါင်း ၂၂၉၆ ယောက်ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

အကျဉ်းထောင်ထဲမှာ လူ့ခွင့်အရေးချိုးဖောက်မှုတွေရှိကြောင်း ဒီနေ့ပြန်လွတ်လာတဲ့ လူငယ်တဦးက ဗွီအိုအေကို ပြောပါတယ်။

" လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အထဲထဲမှာဘာမှ အခွင့်အရေးမရှိဘူး။ ဒီ ၅၀၅ တွေကို သီးသန့်မှာထားပြီးတော့ အထဲထဲမှာ ဘာမှပြောခွင့်လည်းမရှိဘူး တင်ပြခွင့်လည်းမရှိဘူး။ ဘာဆို ဘာတခုမှလုပ်ခွင့်မရှိဘူး။ သူတို့က ကိုယ်တင်ပြချက်ကိုလည်း အသိအမှတ်မပြုဘူး။"

ဒီနေ့မနက်အစောပိုင်းမှာ ပြန်လွှတ်မယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပြန်လွှတ်မယ့် အရေအတွက်ကို အခုမနက်ပိုင်းမှ ထောင်အာဏာပိုင်တွေက စိစစ်မှုတွေလုပ်ခဲ့ရတာပါ။ ဒီအတွက်ကြောင့် အချိန်ကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး ညနေပိုင်းအထိ အကျဉ်းသားတွေကို ပြန်မလွှတ်နိုင်ခဲ့ကြောင်း အင်းစိန်ထောင်ရဲ့ ဒီနေ့အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပြပါတယ်။

“ အင်းစိန်အကျဉ်းထောင်ကတော့ ထုတ်ပြောတာကတော့ ကျမကို ၇၅၀ ပတ်ဝန်းကျင်လို့ ပြောပါတယ်။ လွှတ်မယ့်အချိန်ကို သူတို့အတိအကျ မပြောနိုင်ဘူး။ အထဲက ပြောတာကတော့ ဒီနေ့မနက် ၇နာရီလောက်မှ ထောင်ဝန်ထမ်းတွေရဲ့ လက်ထဲကို လွှတ်မယ့်သူရဲ့ စာရင်းပေါ့နော် ရောက်တာဖြစ်တဲ့အတွက် စိစစ်နေရတယ်ပေါ့နော်။”

ရန်ကုန်အင်းစိန်ထောင်အပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် ဟားခါး၊ မန္တလေး အိုးဘို၊ တနင်္သာရီတိုင်း ထားဝယ်၊ ဧရာဝတီတိုင်း ပုသိမ် စတဲ့အကျဉ်းထောင်တွေရှေ့မှာလည်း မိသားစုဝင်တွေက ပြန်လွတ်လာသူတွေကို ညနေပိုင်းအထိ စောင့်ဆိုင်းခဲ့ရတာပါ။

အများစုက စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ပဲ အမှုဖွင့် ဖမ်းဆီးခံရတာဖြစ်ကြောင်း ရန်ကုန်က ဖမ်းဆီးခံလူငယ်တွေရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ "သင့်အတွက်ရှေ့နေများအဖွဲ့" က တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“ ( ရန်ကုန်က) ၇၅၀ လို့တော့ထပ်ကြားတယ်၊ ဒါပေမဲ့ မနက်တုန်းက ကြားတုန်းကတော့ ၇၂၀ ကြားတာ။ ဒီအင်းစိန်ထောင်ကနေ လွှတ်တာဆိုရင် ဒါ ၄ ကြိမ်မြောက်။ အများစုက ၅၀၅- က၊ လက်နက်တွေ မပါတဲ့သူတွေပေါ့နော် အဓိကထားပြီး လွှတ်တယ်လို့ကြားတယ်။ ပြီးရင် သွားရင်းလာရင်း ဖမ်းဆီးခံရတဲ့ သူတွေပေါ့။”

ရန်ကုန်အင်းစိန်ထောင်က ပြန်လွတ်လာသူ ၇၂၁ ဦး ရှိခဲ့တာမှာ ပြန်လွတ်လာသူအားလုံးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေဆီ ဘတ်စ်ကားနဲ့ ခွဲပို့ပြီး ပြန်လွှတ်ပေးခဲ့တာလို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“ ထောင်ကနေလွှတ်ရင် လူအင်အားများပြီး ထောင်ရှေ့မှာဟို အစုအဝေး ဖြစ်မှာစိုးလို့ပါ။ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို ကျနော်တို့ ဒီ YBS တွေနဲ့တင်ပြီး ခေါ်သွားပေးမှာပေါ့။ အဲဒီရဲစခန်းတွေကပဲ သက်ဆိုင်ရာ မိသားစုတွေက လာခေါ်ကြရမှာ။ Confirm ဖြစ်သွားပြီပေါ့နော်။ ထောက်လှမ်းရေးနဲ့ ကျနော်တို့ အတည်ပြုပြီးပါပြီ။”

စစ်တပ်က ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းမှာ လူပေါင်း ၆၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀၀ ကျော်ကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
တချို့က စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမေးမြန်းခံရပြီးမှ အကျဉ်းထောင်ကို ရောက်လာကြတာပါ။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်လို့ ပြန်လွတ်လာသူတွေက ပြောဆိုနေတာလည်း ရှိပါတယ်။

AAPP ရဲ့ မှတ်တမ်းနှင့် သုတေသနဌာနက ဦးစံမင်းကတော့ ပြည်သူတွေရဲ့ လုံခြုံမှုအခြေအနေဟာ စိုးရိမ်ရေမှတ်အဆင့်ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

“ မည်သူတဦးတယောက်ကိုမှ လက်လွတ်စပယ် ဖမ်းပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေက လုပ်စရာကိုအကြောင်း မရှိတာလေ။ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို အကုန်လုံးချိုးဖောက်ခံရတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်နေတာပါ မြန်မာပြည်မှာ။”

၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်ကိုလည်း အမှုရုပ်သိမ်းကြောင်း စစ်ကောင်စီက မနေ့ကကြေညာခဲ့ပြီး ဆန္ဒပြလှုံ့ဆော်မှုတွေ ထပ်လုပ်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကြေညာချက်မှာ သတိပေး ရေးသားထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရသူလည်း ၂,၀၀၀ နီးပါး ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG