သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အက်ဥ္းသား ႏွစ္ေထာင္ေက်ာ္လႊတ္


အင္းစိန္ေထာင္ေရွ ့တြင္ လြတ္ေျမာက္လာသူမ်ားကို ေစာင့္ဆိုင္းေနသော အက်ဥ္းသားမိသားစု၀င္မ်ား (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမစ္ႀကီးနား၊ ထား၀ယ္၊ ဟားခါး၊ လားရိႈး အပါအ၀င္ ျမန္မာႏိုင္ငံတ၀ွမ္း အက်ဥ္းေထာင္တခ်ိဳ႕မွာထိမ္းသိမ္းထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားရာနဲ႔ခ်ီ ဒီကေန႔ ျပန္လြတ္လာပါတယ္။ သူတို႔အမ်ားစုဟာ စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပပဲြေတြမွာ ပါ၀င္ခဲ့သူေတြျဖစ္ပါတယ္။ အခုလြတ္ေျမာက္လာသူေတြထဲမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ဖမ္းဆီးခံရသူေတြ ပါ၀င္ပါတယ္။

ဒီကေန႔ျပန္လႊတ္လိုက္တဲ့ အက်ဥ္းသား အေရအတြက္ဟာ ၂၃၄၂ ေယာက္ျဖစ္တယ္လို႔ ျပန္ၾကားေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပည္တြင္းမီဒီယာတခ်ိဳ႕ကို အတည္ျပဳပါတယ္။ အင္းစိန္ အက်ဥ္းေထာင္ကေန ျပန္လြတ္လာတဲ့အက်ဥ္းသား ၇၅၀ ေက်ာ္ရွိပါတ္ယ။ အက်ဥ္းသားေတြ ျပန္လႊတ္မယ့္ သတင္းေၾကာင့္ ဒီကေန႔ အင္းစိန္ေထာင္ေရွ႕မွာ မနက္ကတည္းက သြားေစာင့္ၾကသူေတြ လည္း ရာနဲ႔ခ်ီ ရွိခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲ တုိင္းရင္းသားေဒသေတြမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ တိုိင္းရင္းသားလက္နက္ကိုင္ေတြၾကား ပစ္ခတ္မႈေတြ ေၾကာင့္ေသဆုံးဒဏ္ရာရတာေတြရွိေနပါတယ္။ မတ္လေလာက္စၿပီး စစ္ေရးတင္းမာလာတဲ့ ကခ်င္ျပည္နယ္မွာလည္း ျမစ္ႀကီးနားၿမိဳ ႔အနိီး ၂၁ မုိင္၊ စစ္ေဆးေရးဂိတ္ကို KIA ကခ်င္တပ္ဖြဲ႔က ဒီကေန႔မနက္ ၀င္ပစ္တာမွာ ရဲတပ္သားတေယာက္နဲ႔ အနီးကျပည္သူတဦးေသဆုံးတယ္လို႔္ေဒသခံေတြကေျပာပါတယ္။ ခ်င္းျပည္နယ္ဖက္မွာဆိုရင္လည္းေဒသခံျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ အဂီါေန႔ကႏွစ္ဖက္ရင္ဆုိင္ေတြ႔မႈမွာ စစ္ေကာင္စီဖက္က အမ်ား အျပားထိခိုက္ဒဏ္ရာရခဲ့သလို ျပည္သူ႔ကာကြယ္ေရးတပ္ဘက္ ၄ ဦးက်ဆံုးခဲ့ေၾကာင္း Chinland Defense Force အဖြဲ႔က ေျပာပါတယ္။

တုိင္းရင္းသားေဒသေတြမွာစစ္ပြဲေၾကာင့္မတည္မၿငိမ္ျဖစ္ေနသလို ၿမိဳ ႔ႀကီးေတြမွာလည္း ဗုံးကြဲတာေတြ၊ ဥပေဒမဲ့လုပ္ၾကံသတ္ျဖတ္တာေတြေၾကာင့္အေျခအေနမတည္မၿငိမ္ျဖစ္ေနသလိုပဲ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပပြဲေတြလည္းႏို္င္ငံေဒသအေတာ္မ်ားမ်ားမွာ နည္းမ်ိဳးစုံနဲ႔ ေပၚေပါက္ေနဆဲျဖစ္ပါတယ္။

.................................................................................

အက်ဥ္းသား ႏွစ္ေထာင္ေက်ာ္လႊတ္
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္


အကျဉ်းသား နှစ်ထောင်ကျော်လွှတ်

(Unicode)

မြစ်ကြီးနား၊ ထားဝယ်၊ ဟားခါး၊ လားရှိုး အပါအဝင် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တချို့မှာထိမ်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ဒီကနေ့ ပြန်လွတ်လာပါတယ်။ သူတို့အများစုဟာ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ အခုလွတ်မြောက်လာသူတွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသူတွေ ပါဝင်ပါတယ်။

ဒီကနေ့ပြန်လွှတ်လိုက်တဲ့ အကျဉ်းသား အရေအတွက်ဟာ ၂၃၄၂ ယောက်ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတချို့ကို အတည်ပြုပါတယ်။ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အကျဉ်းသား ၇၅၀ ကျော်ရှိပါတ်ယ။ အကျဉ်းသားတွေ ပြန်လွှတ်မယ့် သတင်းကြောင့် ဒီကနေ့ အင်းစိန်ထောင်ရှေ့မှာ မနက်ကတည်းက သွားစောင့်ကြသူတွေ လည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဒီအချိန်မှာပဲ တိုင်းရင်းသားဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပစ်ခတ်မှုတွေ ကြောင့်သေဆုံးဒဏ်ရာရတာတွေရှိနေပါတယ်။ မတ်လလောက်စပြီး စစ်ရေးတင်းမာလာတဲ့ ကချင်ပြည်နယ်မှာလည်း မြစ်ကြီးနားမြို့အနီး ၂၁ မိုင်၊ စစ်ဆေးရေးဂိတ်ကို KIA ကချင်တပ်ဖွဲ့က ဒီကနေ့မနက် ဝင်ပစ်တာမှာ ရဲတပ်သားတယောက်နဲ့ အနီးကပြည်သူတဦးသေဆုံးတယ်လို့်ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်ဖက်မှာဆိုရင်လည်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ အဂီါနေ့ကနှစ်ဖက်ရင်ဆိုင်တွေ့မှုမှာ စစ်ကောင်စီတပ်ကြား အင်္ဂါနေ့က ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီဖက်က အမျးအပြားထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာစစ်ပွဲကြောင့်မတည်မငြိမ်ဖြစ်နေသလို မြို့ကြီးတွေမှာလည်း ဗုံးကွဲတာတွေ၊ ဥပဒေမဲ့လုပ်ကြံသတ်ဖြတ်တာတွေကြောင့်အခြေအနေမတည်မငြိမ်ဖြစ်နေသလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်းနိုင်ငံဒေသအတော်များများမှာ နည်းမျိုးစုံနဲ့ ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG