သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္လက္နက္ႀကီး ထိမွန္လို႔ ကခ်င္ရြာသားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရ


ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခြဲဘက္မွာ မိုင္းခြဲတိုက္ခိုက္ခံရတဲ့ ျမန္မာစစ္တပ္ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ တုန္ဟုန္းေက်းရြာအနီး လယ္လုပ္ေနတဲ့ ရြာသား ၅ ဦး ထိခိုက္ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။ ကခ်င္ျပည္နယ္ဘက္ စစ္ေရးအေျခအေနအေၾကာင္း ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

မိုးေမာက္ၿမိဳ႕နယ္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခြဲ ခယာဘြမ္လမ္းမေပၚမွာ လုံၿခဳံေရးယူေနတဲ့ ျမန္မာစစ္တပ္ေတြကို တုန္ဟုန္းေက်းရြာအနီး မန႔္ဆိုင္းလမ္းေကြ႔မွာ မေန႔က မနက္ ၉ နာရီအခ်ိန္မွာ မိုင္းခြဲတိုက္ခိုက္ခံရပါတယ္။

ဒီလိုတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ မိုးလဲေခ်ာင္းနားမွာ လယ္လုပ္ေနတဲ့ မိသားစု ၅ ဦး လက္နက္ႀကီးထိမွန္ ဒဏ္ရာရရွိသြားတယ္လို႔ တုန္ဟုန္းေက်းရြာသားတဦးက အခုလိုေျပာပါတယ္။

“မေန႔က တပ္မ ၈၈ ကေန သူတို႔ ဒီလုံၿခဳံေရးယူတာေပါ့။ တုန္ဟုန္းရြာကို ေရာက္လာၿပီးေတာ့မွ မနက္ပိုင္း ၈ နာရီနဲ႔ ၉ နာရီၾကားမွာေပါ့။ သူတို႔ျပန္ေခါက္သြားတဲ့အခ်ိန္မွာ ဟိုအေကြ႔ကမ္းပါးရွိတယ္ေလ၊ အဲဒီအနားမွာ မိုင္းတလုံး သူတို႔ကို KIA ဘက္က တိုက္တာေပါ့။ မိုင္းတလုံးခြဲတဲ့အခါက်ေတာ့ သူတို႔လည္း အဲဒီမွာ လွမ္းၿပီးေတာ့ ေသနတ္ေတြဘာေတြပစ္၊ အေကြ႔ကမ္းပါးေအာက္မွာ လယ္ေတာေတြဘာေတြ ရွိတယ္ေလ။ အဲဒီလယ္ေတာမွာတဲ့ မိသားစုတခ်ိဳ႕က လယ္လုပ္တာေပါ့။ သူတို႔မိသားစု ၅ ေယာက္ ရွိတယ္တဲ့။ သူတို႔က ေၾကာက္လို႔ ေဘးမွာ သြားပုန္းေနတာေပါ့။ တပ္မ ၈၈ ဘက္က သူတို႔ပုန္းေနတဲ့တဲကို လက္နက္ႀကီးနဲ႔ ပစ္လိုက္တာတဲ့။ သူတို႔ထိုင္ေနတဲ့ေဘးကို က်တာတဲ့။ အဲဒါ ကြဲတဲ့အခါက်ေတာ့ သူတို႔မိသားစု ၅ ေယာက္ ေျမးနဲ႔ဆို ၅ ေယာက္ေပါ့၊ အကုန္လုံးကို ထိတယ္တဲ့။ အဲဒီမွာ ပိုဆိုးတာ သူတို႔ရဲ႕သားအႀကီးကေတာ့ ရင္ဘတ္နဲ႔ခါးမွာ ထိတာေပါ့။ တခ်ိဳ႕ဟာေတြက ေပါင္မွာထိတာတို႔ လက္မွာထိတာတို႔ ရွိတယ္တဲ့။”

ဒဏ္ရာရသူအထဲက ထိခိုက္မႈျပင္းထန္တဲ့ လယ္သမားတဦး ေဆးကုသဖို႔ အခက္ႀကဳံေနတာေၾကာင့္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခြဲ အေျခစိုက္ ျမန္မာစစ္တပ္ တပ္ရင္းမွာပဲ ေဆးကုသဖို႔ ျပေနရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“အဲဒီသားႀကီးက ပိုဆိုးတဲ့အခါက်ေတာ့ မေန႔က သူတို႔က အဲဒီ ၁၄၄ ထဲမွာ စစ္တပ္မွာ သြားၿပီးမွ သြားပို႔တဲ့အခါက်ေတာ့ သူတို႔က နည္းနည္းပါးပါးေတာ့ လုပ္ေပးလိုက္တာေပါ့။ ဗန္းေမာ္ကို ျပန္သြားခိုင္းတယ္တဲ့ မေန႔က။ ဗန္းေမာ္သြားတဲ့အခါက်ေတာ့ ဗန္းေမာ္မွာကလည္း ေဆး႐ုံႀကီးေတြ ပိတ္တဲ့အခါက်ေတာ့ ဓာတ္မွန္ေတြဘာေတြလည္း မ႐ုိက္ရဘူးေပါ့။ အဲဒါ ျပန္ေခါက္ခဲ့တာပဲ။ အခု ဒီမနက္ သူတို႔ ေဒါ့ဖုန္းယန္ ၁၄၄ မွာ သူတို႔သားႀကီးကိုျပဖို႔ အဲဒီမွာျပန္သြားၿပီတဲ့။”

မေန႔က ေဒါ့ဖုန္းယန္ဘက္ စစ္ေကာင္စီတပ္ကို KIA ကေန မိုင္းနဲ႔ ၂ ႀကိမ္ တိုက္ခိုက္ရာမွာ ထိခိုက္က်ဆုံးမႈကို မသိရေသးပါဘူး။

ၿပီးခဲ့တဲ့ဇြန္လဆန္းမွာ လိုင္ဇာၿမိဳ႕အနီး ခယာဘြမ္ရွိ တပ္စခန္းကို ရိကၡာပို႔တဲ့ ျမန္မာစစ္တပ္စစ္ယာဥ္တန္း ပစ္ခတ္တိုက္ခိုက္မႈေတြ ႀကဳံခဲ့ရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဇြန္ ၃၀ ရက္ေန႔ ညေနပိုင္းမွာလည္း ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းမွာ ရဲတပ္ဖြဲ႔ဝင္ ၃ ဦးကို KIA ဘက္က ဖမ္းဆီးသြားတယ္လို႔ လုံးခင္းေဒသခံတဦးက ေျပာပါတယ္။

“ဖားကန႔္ လုံးခင္းဘက္က ၃၀ ရက္ေန႔ ညေန ၄ နာရီ ၅ နာရီေလာက္က ရဲ ၃ ေယာက္ကို ဖမ္းသြားတာေပါ့ေနာ္။ ဖားကန႔္နဲ႔ ကာမိုင္းသြားတဲ့ လမ္းေပါ့ေလ။ နန႔္ယားနဲ႔ တံတားညီေနာင္ၾကား က်တယ္ေပါ့ေလ။ အဲဒီနားေလးမွာ KIA က ေခၚသြားတယ္။ ဒုရဲအုပ္တေယာက္ပါတယ္၊ တပ္ၾကပ္တေယာက္ပါတယ္၊ ရဲတပ္သားတေယာက္ပါတယ္၊ အားလုံး ၃ ေယာက္ေပါ့။ သူတို႔ ဒီ လုံးခင္းရဲစခန္းက စခန္းမွဴး အေျပာင္းအေရႊ႕ေပါ့ေနာ္ နယ္ေျမရဲကင္းမွဴး အေျပာင္းအေရႊ႕မွာ လိုက္ပို႔ၿပီးေတာ့ ျပန္လာၾကတာ။ ျပန္လာတဲ့အခ်ိန္မွာ ဖမ္းသြားတာေပါ့ေနာ္။”

အခုလို ရဲ ၃ ဦးကို KIA က ဖမ္းဆီးေခၚေဆာင္သြားတဲ့အတြက္ နန႔္ယားေက်းရြာ စစ္တပ္ကုန္းကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

လက္ရွိ ကခ်င္ျပည္နယ္ထဲမွာ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIA နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျပင္းထန္ျဖစ္ပြားတာ မရွိေပမယ့္ ပစ္ခတ္မႈေတြ ႀကိဳးၾကားျဖစ္ေနဆဲလို႔ KIA စစ္ဘက္အရာရွိတဦးျဖစ္သူ ဗိုလ္မွဴးႀကီးဂမ္ေရွာင္က ေျပာပါတယ္။

“ဒီရက္ပိုင္းအတြင္းေတာ့ ပစ္ခတ္တိုက္ခိုက္မႈ ႀကိဳးၾကား ႀကိဳးၾကားေတာ့ ရွိမယ္ထင္တယ္။ တိုက္ပြဲႀကီးႀကီးက်ယ္က်ယ္ေတာ့ မရွိဘူးခင္ဗ်။”

ကခ်င္ျပည္နယ္ဘက္ တိုက္ပြဲနဲ႔ ဖမ္းဆီးမႈျဖစ္စဥ္ေတြကို သိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔ မနက္မွာလည္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕အဝင္ ၂၁ မိုင္ စစ္ေဆးေရးဂိတ္ကို KIA က ဝင္ေရာက္ ပစ္ခတ္ခဲ့တာေၾကာင့္ ရဲတပ္သားတဦးနဲ႔ အရပ္သားတဦး ေသဆုံးခဲ့ပါတယ္။

ဇြန္လ ၂၃ ရက္ေန႔ ညကလည္း ျမစ္ႀကီးနားက ဝိုင္းေမာ္အထြက္ ဗလမင္းထင္တံတားက စုေပါင္းဂိတ္ကို KIA က တိုက္ခိုက္ခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ရာမွာ ၂၃ ရက္ေန႔ည ၇ နာရီ ၅၀ မိနစ္မွာ လက္နက္ကိုင္ ၂၀ ေလာက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ လာေရာက္ပစ္ခတ္ေၾကာင္း၊ လုံၿခဳံေရးတပ္ဖြဲ႔ဘက္က ျပန္လွန္ပစ္ခတ္ရာမွာ ၈ နာရီ ၅ မိနစ္မွာ ျပန္လည္ဆုတ္ခြာသြားေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာစစ်တပ်လက်နက်ကြီး ထိမှန်လို့ ကချင်ရွာသားတချို့ ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တုန်ဟုန်းကျေးရွာအနီး လယ်လုပ်နေတဲ့ ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ကချင်ပြည်နယ်ဘက် စစ်ရေးအခြေအနေအကြောင်း နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခယာဘွမ်လမ်းမပေါ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်တွေကို တုန်ဟုန်းကျေးရွာအနီး မန့်ဆိုင်းလမ်းကွေ့မှာ မနေ့က မနက် ၉ နာရီအချိန်မှာ မိုင်းခွဲတိုက်ခိုက်ခံရပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မိုးလဲချောင်းနားမှာ လယ်လုပ်နေတဲ့ မိသားစု ၅ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားတယ်လို့ တုန်ဟုန်းကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“မနေ့က တပ်မ ၈၈ ကနေ သူတို့ ဒီလုံခြုံရေးယူတာပေါ့။ တုန်ဟုန်းရွာကို ရောက်လာပြီးတော့မှ မနက်ပိုင်း ၈ နာရီနဲ့ ၉ နာရီကြားမှာပေါ့။ သူတို့ပြန်ခေါက်သွားတဲ့အချိန်မှာ ဟိုအကွေ့ကမ်းပါးရှိတယ်လေ၊ အဲဒီအနားမှာ မိုင်းတလုံး သူတို့ကို KIA ဘက်က တိုက်တာပေါ့။ မိုင်းတလုံးခွဲတဲ့အခါကျတော့ သူတို့လည်း အဲဒီမှာ လှမ်းပြီးတော့ သေနတ်တွေဘာတွေပစ်၊ အကွေ့ကမ်းပါးအောက်မှာ လယ်တောတွေဘာတွေ ရှိတယ်လေ။ အဲဒီလယ်တောမှာတဲ့ မိသားစုတချို့က လယ်လုပ်တာပေါ့။ သူတို့မိသားစု ၅ ယောက် ရှိတယ်တဲ့။ သူတို့က ကြောက်လို့ ဘေးမှာ သွားပုန်းနေတာပေါ့။ တပ်မ ၈၈ ဘက်က သူတို့ပုန်းနေတဲ့တဲကို လက်နက်ကြီးနဲ့ ပစ်လိုက်တာတဲ့။ သူတို့ထိုင်နေတဲ့ဘေးကို ကျတာတဲ့။ အဲဒါ ကွဲတဲ့အခါကျတော့ သူတို့မိသားစု ၅ ယောက် မြေးနဲ့ဆို ၅ ယောက်ပေါ့၊ အကုန်လုံးကို ထိတယ်တဲ့။ အဲဒီမှာ ပိုဆိုးတာ သူတို့ရဲ့သားအကြီးကတော့ ရင်ဘတ်နဲ့ခါးမှာ ထိတာပေါ့။ တချို့ဟာတွေက ပေါင်မှာထိတာတို့ လက်မှာထိတာတို့ ရှိတယ်တဲ့။”

ဒဏ်ရာရသူအထဲက ထိခိုက်မှုပြင်းထန်တဲ့ လယ်သမားတဦး ဆေးကုသဖို့ အခက်ကြုံနေတာကြောင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အခြေစိုက် မြန်မာစစ်တပ် တပ်ရင်းမှာပဲ ဆေးကုသဖို့ ပြနေရတယ်လို့ သူက ဆက်ပြောပါတယ်။

“အဲဒီသားကြီးက ပိုဆိုးတဲ့အခါကျတော့ မနေ့က သူတို့က အဲဒီ ၁၄၄ ထဲမှာ စစ်တပ်မှာ သွားပြီးမှ သွားပို့တဲ့အခါကျတော့ သူတို့က နည်းနည်းပါးပါးတော့ လုပ်ပေးလိုက်တာပေါ့။ ဗန်းမော်ကို ပြန်သွားခိုင်းတယ်တဲ့ မနေ့က။ ဗန်းမော်သွားတဲ့အခါကျတော့ ဗန်းမော်မှာကလည်း ဆေးရုံကြီးတွေ ပိတ်တဲ့အခါကျတော့ ဓာတ်မှန်တွေဘာတွေလည်း မရိုက်ရဘူးပေါ့။ အဲဒါ ပြန်ခေါက်ခဲ့တာပဲ။ အခု ဒီမနက် သူတို့ ဒေါ့ဖုန်းယန် ၁၄၄ မှာ သူတို့သားကြီးကိုပြဖို့ အဲဒီမှာပြန်သွားပြီတဲ့။”

မနေ့က ဒေါ့ဖုန်းယန်ဘက် စစ်ကောင်စီတပ်ကို KIA ကနေ မိုင်းနဲ့ ၂ ကြိမ် တိုက်ခိုက်ရာမှာ ထိခိုက်ကျဆုံးမှုကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဇွန်လဆန်းမှာ လိုင်ဇာမြို့အနီး ခယာဘွမ်ရှိ တပ်စခန်းကို ရိက္ခာပို့တဲ့ မြန်မာစစ်တပ်စစ်ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန် ၃၀ ရက်နေ့ ညနေပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံးခင်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဘက်က ဖမ်းဆီးသွားတယ်လို့ လုံးခင်းဒေသခံတဦးက ပြောပါတယ်။

“ဖားကန့် လုံးခင်းဘက်က ၃၀ ရက်နေ့ ညနေ ၄ နာရီ ၅ နာရီလောက်က ရဲ ၃ ယောက်ကို ဖမ်းသွားတာပေါ့နော်။ ဖားကန့်နဲ့ ကာမိုင်းသွားတဲ့ လမ်းပေါ့လေ။ နန့်ယားနဲ့ တံတားညီနောင်ကြား ကျတယ်ပေါ့လေ။ အဲဒီနားလေးမှာ KIA က ခေါ်သွားတယ်။ ဒုရဲအုပ်တယောက်ပါတယ်၊ တပ်ကြပ်တယောက်ပါတယ်၊ ရဲတပ်သားတယောက်ပါတယ်၊ အားလုံး ၃ ယောက်ပေါ့။ သူတို့ ဒီ လုံးခင်းရဲစခန်းက စခန်းမှူး အပြောင်းအရွှေ့ပေါ့နော် နယ်မြေရဲကင်းမှူး အပြောင်းအရွှေ့မှာ လိုက်ပို့ပြီးတော့ ပြန်လာကြတာ။ ပြန်လာတဲ့အချိန်မှာ ဖမ်းသွားတာပေါ့နော်။”

အခုလို ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် နန့်ယားကျေးရွာ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားတာ မရှိပေမယ့် ပစ်ခတ်မှုတွေ ကြိုးကြားဖြစ်နေဆဲလို့ KIA စစ်ဘက်အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီးဂမ်ရှောင်က ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းတော့ ပစ်ခတ်တိုက်ခိုက်မှု ကြိုးကြား ကြိုးကြားတော့ ရှိမယ်ထင်တယ်။ တိုက်ပွဲကြီးကြီးကျယ်ကျယ်တော့ မရှိဘူးခင်ဗျ။”

ကချင်ပြည်နယ်ဘက် တိုက်ပွဲနဲ့ ဖမ်းဆီးမှုဖြစ်စဉ်တွေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ မနက်မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို KIA က ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်သားတဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့ ညကလည်း မြစ်ကြီးနားက ဝိုင်းမော်အထွက် ဗလမင်းထင်တံတားက စုပေါင်းဂိတ်ကို KIA က တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော်က သတင်းထုတ်ပြန်ရာမှာ ၂၃ ရက်နေ့ည ၇ နာရီ ၅၀ မိနစ်မှာ လက်နက်ကိုင် ၂၀ လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဘက်က ပြန်လှန်ပစ်ခတ်ရာမှာ ၈ နာရီ ၅ မိနစ်မှာ ပြန်လည်ဆုတ်ခွာသွားကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG