သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္စစ္ေဘးဒုကၡသည္တခ်ိဳ႕ ေသြးလြန္တုပ္ေကြးနဲ႔ ရာသီတုပ္ေကြးအျဖစ္မ်ားေန


ကခ်င္ျပည္နယ္ တနိုင္းျမိဳ ့က စစ္ေရွာင္စခန္းတခု (ဓာတ္ပံု - REUTERS/Soe Zeya Tun)

(Zawgyi/Unicode)

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ကခ်င္ဗန္းေမာ္ခ႐ုိင္နဲ႔ ခ်င္းျပည္နယ္ထဲက တိမ္းေရွာင္ေနရတဲ့ ဒုကၡသည္တခ်ဳိ႕ ေသြးလြန္တုပ္ေကြးနဲ႔ ရာသီတုပ္ေကြးေရာဂါေတြ ျဖစ္ေနၾကပါတယ္။ လူေတြျပြတ္သိပ္ေနၾကရတဲ့ ဗန္းေမာ္ၿမိဳ႕က ဒုကၡသည္စခန္းထဲက ကေလးငယ္ေတြ ေသြးလြန္တုပ္ေကြး ေရာဂါ ျဖစ္ေနၾကပါတယ္။ ခ်င္းျပည္နယ္ ကလက္ဝၿမိဳ႕နယ္ဖက္မွာလည္း ရာသီတုပ္ေကြးေရာဂါေတြျဖစ္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ ဒီအေျခအေနေတြအေၾကာင္းကိုေတာ့ မဆုမြန္ေျပာျပပါမယ္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ုိင္ထဲက ဒုကၡသည္စခန္းနဲ႔ ေက်းရြာေတြမွာ ကေလးငယ္ အမ်ားအျပား ေသြးလြန္တုတ္ေကြးေရာဂါျဖစ္ပြားေနၾကပါတယ္။ ဗန္းေမာ္ၿမိဳ႕က ျပည္တြင္းဒုကၡသည္စခန္းမွာဆိုရင္ ကေလးေတြ ရာဂဏန္းေလာက္ရွိၿပီး ခန္႔မွန္းေျခတ၀က္ေလာက္က ေသြးလြန္တုပ္ေကြးျဖစ္ေနၾကတယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူတေယာက္က ေျပာျပပါတယ္။

“ကေလးေတြ ေသြးလြန္တုပ္ေကြးျဖစ္ေနၾကတယ္၊ အခုဒီရက္ပိုင္းၿပီးခဲ့တဲ့ တစ္ပတ္ေလာက္ကေနအျဖစ္မ်ားေနတာ၊ လူငယ္ကေလးေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနၾကတာေပ့ါေနာ္ ဒီလိုဖ်ားနားၿပီးေတာ့မွ တုပ္ေကြးျဖစ္ေနတာ အဲ့ဒါမ်ဳိးပဲရြာေတြဘက္မွာ အဲ့ဒီ အခုစစ္ေဘးေရွာင္ေတြဘက္မွာ စစ္ေဘးေရွာင္ရယ္လို႔လည္း မဟုတပါ္ဘူး၊ ဒီအားလံုးျဖစ္ေနၾကတာ ရြာေတြဘက္မွာ အခုရာသီေၾကာင့္လည္းျဖစ္မယ္ထင္တယ္၊ စစ္ေဘးေရွာင္တဲ့ ေနရာမွာက်ေတာ့ နည္းနည္းလူေတြက ပို၊ ကေလးေတြေရာ လူေတြကပိုျပြတ္သိပ္ ၿပီးေနၾကေတာ့ အဲ့ဒါပိုၿပီးေတာ့ အေျခအေနဆိုးသြားတာေပါ့ေနာ္၊ အခုေလာေလာဆယ္ေတာ့ ကေလးေတြ ဘယ္လိုေခၚမလဲ ဒီထက္ဝက္ေလာက္က ျဖစ္ေနမယ္၊ ျဖစ္တဲ့ဟာလည္းျဖစ္ တခ်ဳိ႕လည္းျပန္ေပ်ာက္ၾကတာေပါ့ေနာ္ အဲ့လိုမ်ဳိးေတြ ကေလးေတြကေတာ့ ရာဂဏန္းရွိမွာေပါ့ေနာ္ ဒါေပမယ့္ ဒါေပမယ့္ အကုန္လံုး (ေနတာ) ျပန္႔က်ဲေနတာ တခ်ဳိ႕ေနရာေတြ ဆယ္ဂဏန္းပဲရွိမယ္တခ်ဳိ႕ေနရာလည္း ေလး၊ ငါးဆယ္ အဲ့လိုမ်ဳိးသူက စစ္ေရွာင္ေတြက စုစည္းေနတာမဟုတ္ဘူး”

ဒုကၡသည္စခန္းေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းၿပီး စုၿပံဳေနထုိင္ေနၾကရတဲ့ အေျခအေနကိုလည္း အဲ့ဒီအကူအညီေပးေနသူက ဆက္ေျပာပါတယ္။

“က်န္းမာေရးေစာင့္ေရွာင့္မႈရယ္လို႔ ဘာေခၚမလဲ ေသခ်ာစနစ္တက် ရရွိတာေတာ့ မရွိဘူးေပါ့။ ျဖစ္လို႔ရွိရင္ အဲ့ရြာမွာရွိတဲ့ က်န္းမာေရးေဆးေပးခန္းေတြသြားၾကတယ္၊ အဲ့လိုေလာက္ပဲ ရွိတယ္ေပါ့ေနာ္ ေနာက္ေတာ့ ဒီအလွဴရွင္ေတြက တခ်ဳိ႕ပို႔လာတဲ့ အဲ့ေဆးေတြဘာေတြ နည္းနည္းပါးပါးရွိတယ္၊ အဲ့ဒါမ်ဳိးနဲဲ႔ပဲ ဟိုဟာလုပ္ၾကတယ္။ ဒီစနစ္တက်ေစာင့္ေရွာင့္မႈ ကာကြယ္ေစာင့္ေရွာင့္မႈကေတာ့ မရွိဘူး။”

ဒုကၡသည္ေတြ ခိုလႈံေနၾကရတဲ့ စခန္းေတြမွာ ေရအိမ္ေတြ မလံုေလာက္တာ၊ ေနရာထိုင္ခင္း အခက္အခဲ႐ွိတာနဲ႔ က်န္းမာေရးေစာင့္ေ႐ွာက္မႈ အားနည္းတဲ့အတြက္ ကူးစက္မႈေတြ တုိးလာမွာကုိလည္း ကူညီေပးေနသူေတြက စုိးရိမ္ေနပါတယ္။ ေခ်ာင္းေတြထဲ ေရသြားခ်ဳိးၾကရသူေတြမွာလည္း ေရမသန္႔တဲ့အတြက္ အေရျပားေရာဂါေတြ ျဖစ္ေနၾကပါတယ္။ အမ်ားအျပားက အမ်ဳိးသမီးေတြျဖစ္ၾကပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ေတြၾကားမွာလည္း ရာသီတုပ္ေကြးျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္ ဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ေနရာေတြမွာ က်န္းမာေရးပညာေပးမႈေတြ ေရသန္႔ေအာင္ ေဆးခတ္တာေတြ လုပ္ေပးေနတယ္လို႔ ပလက္ဝၿမိဳ႕နယ္ ကုသေရးဦးစီးဌာက ဆရာဝန္တစ္ဦးက ေျပာပါတယ္။

“ရာသီတုပ္ေကြးကေတာ့ ရွိေတာ့ရွိမယ္ ခင္ဗ်၊ အဲ့ရာသီတုပ္ေကြးကေတာ့ ႐ုိး႐ုိးတုပ္ေကြးကေတာ့ စစ္ေရွာင္ကပဲ ျဖစ္တာမ်ားတယ္။
အဲ့လိုအမ်ားႀကီးမရွိဘူးခင္ဗ်၊ အမ်ားႀကီးဆိုတာ ဟိုလိုပမာဏနဲ႔ ေျပာရေလာက္ေအာင္ မရွိဘူး၊ ပံုမွန္ကို တစ္ရက္ကို တစ္ေယာက္ ႏွစ္ေယာက္၊ အဲ့လိုေဆး႐ုံးလာျပတာေလာက္ပဲရွိမယ္။ ဟုတ္ကဲ့ က်ေနာ္တို႔ကေတာ့ ပံုမွန္ အဲ့စစ္ေရွာင္စခန္းေတြကို ေဆးခန္းသြားတာရွိတယ္ဗ်၊ က်ေနာ္တို႔ ဒီဆရာမေနေတြနဲ႔ေလး အဲ့ဖြင့္တဲ့အခ်ိန္မွာ တစ္ခါတစ္ေလ က်န္းမာေရးပညာေပးတဲ့ ကိစၥေတြလုပ္တယ္၊ ၿပီးလို႔ရွိရင္ က်ေနာ္တို႔ ဒီတစ္ၿမိဳ႕လံုးကို အဆိတ္ေဆးေပါ့ ပုိးေလာက္လန္ေသတဲ့ ေဆးေပါ့ေနာ္၊ အဲ့ေကာင္ခပ္ၿပီးပါၿပီး နယ္ေတြကိုလည္း ပိုးေလာက္လန္ေသတဲ့ ေဆး အဆိတ္ေဆးခပ္ဖို႔အတြက္ ျဖန္႔ထားၿပီးပါၿပီခင္ဗ်။”

ခ်င္းျပည္နယ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြၾကား အခုဇြန္လဆန္းအထိ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ရာက လူေပါင္း ၂ ေသာင္းေက်ာ္ အိုးအိမ္ပစ္ ထြက္ေျပးေနၾကရပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္မွာလည္း မတ္လလယ္ကစ လူေပါင္း ၁ ေသာင္းေက်ာ္ ေနရပ္စြန္႔ ထြက္ေျပးေနၾကရတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရ႕ဲ ေျပာခြင့္ရက ၿပီးခဲ့ ၾကသပေတးေန႔ သတင္းရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ

(Unicode)

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကချင်ဗန်းမော်ခရိုင်နဲ့ ချင်းပြည်နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြပါတယ်။ လူတွေပြွတ်သိပ်နေကြရတဲ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။ ချင်းပြည်နယ် ကလက်ဝမြို့နယ်ဖက်မှာလည်း ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအခြေအနေတွေအကြောင်းကိုတော့ မဆုမွန်ပြောပြပါမယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ ကလေးငယ် အများအပြား သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေကြပါတယ်။ ဗန်းမော်မြို့က ပြည်တွင်းဒုက္ခသည်စခန်းမှာဆိုရင် ကလေးတွေ ရာဂဏန်းလောက်ရှိပြီး ခန့်မှန်းခြေတဝက်လောက်က သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်၊ အခုဒီရက်ပိုင်းပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေအဖြစ်များနေတာ၊ လူငယ်ကလေးတွေ တော်တော်များများဖြစ်နေကြတာပေ့ါနော် ဒီလိုဖျားနားပြီးတော့မှ တုပ်ကွေးဖြစ်နေတာ အဲ့ဒါမျိုးပဲရွာတွေဘက်မှာ အဲ့ဒီ အခုစစ်ဘေးရှောင်တွေဘက်မှာ စစ်ဘေးရှောင်ရယ်လို့လည်း မဟုတပါ်ဘူး၊ ဒီအားလုံးဖြစ်နေကြတာ ရွာတွေဘက်မှာ အခုရာသီကြောင့်လည်းဖြစ်မယ်ထင်တယ်၊ စစ်ဘေးရှောင်တဲ့ နေရာမှာကျတော့ နည်းနည်းလူတွေက ပို၊ ကလေးတွေရော လူတွေကပိုပြွတ်သိပ် ပြီးနေကြတော့ အဲ့ဒါပိုပြီးတော့ အခြေအနေဆိုးသွားတာပေါ့နော်၊ အခုလောလောဆယ်တော့ ကလေးတွေ ဘယ်လိုခေါ်မလဲ ဒီထက်ဝက်လောက်က ဖြစ်နေမယ်၊ ဖြစ်တဲ့ဟာလည်းဖြစ် တချို့လည်းပြန်ပျောက်ကြတာပေါ့နော် အဲ့လိုမျိုးတွေ ကလေးတွေကတော့ ရာဂဏန်းရှိမှာပေါ့နော် ဒါပေမယ့် ဒါပေမယ့် အကုန်လုံး (နေတာ) ပြန့်ကျဲနေတာ တချို့နေရာတွေ ဆယ်ဂဏန်းပဲရှိမယ်တချို့နေရာလည်း လေး၊ ငါးဆယ် အဲ့လိုမျိုးသူက စစ်ရှောင်တွေက စုစည်းနေတာမဟုတ်ဘူး”

ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး စုပြုံနေထိုင်နေကြရတဲ့ အခြေအနေကိုလည်း အဲ့ဒီအကူအညီပေးနေသူက ဆက်ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောင့်မှုရယ်လို့ ဘာခေါ်မလဲ သေချာစနစ်တကျ ရရှိတာတော့ မရှိဘူးပေါ့။ ဖြစ်လို့ရှိရင် အဲ့ရွာမှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်းတွေသွားကြတယ်၊ အဲ့လိုလောက်ပဲ ရှိတယ်ပေါ့နော် နောက်တော့ ဒီအလှူရှင်တွေက တချို့ပို့လာတဲ့ အဲ့ဆေးတွေဘာတွေ နည်းနည်းပါးပါးရှိတယ်၊ အဲ့ဒါမျိုးနဲ့ပဲ ဟိုဟာလုပ်ကြတယ်။ ဒီစနစ်တကျစောင့်ရှောင့်မှု ကာကွယ်စောင့်ရှောင့်မှုကတော့ မရှိဘူး။”

ဒုက္ခသည်တွေ ခိုလှုံနေကြရတဲ့ စခန်းတွေမှာ ရေအိမ်တွေ မလုံလောက်တာ၊ နေရာထိုင်ခင်း အခက်အခဲရှိတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အတွက် ကူးစက်မှုတွေ တိုးလာမှာကိုလည်း ကူညီပေးနေသူတွေက စိုးရိမ်နေပါတယ်။ ချောင်းတွေထဲ ရေသွားချိုးကြရသူတွေမှာလည်း ရေမသန့်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်နေကြပါတယ်။ အများအပြားက အမျိုးသမီးတွေဖြစ်ကြပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း ရာသီတုပ်ကွေးဖြစ်နေကြပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ နေရာတွေမှာ ကျန်းမာရေးပညာပေးမှုတွေ ရေသန့်အောင် ဆေးခတ်တာတွေ လုပ်ပေးနေတယ်လို့ ပလက်ဝမြို့နယ် ကုသရေးဦးစီးဌာက ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ရာသီတုပ်ကွေးကတော့ ရှိတော့ရှိမယ် ခင်ဗျ၊ အဲ့ရာသီတုပ်ကွေးကတော့ ရိုးရိုးတုပ်ကွေးကတော့ စစ်ရှောင်ကပဲ ဖြစ်တာများတယ်။
အဲ့လိုအများကြီးမရှိဘူးခင်ဗျ၊ အများကြီးဆိုတာ ဟိုလိုပမာဏနဲ့ ပြောရလောက်အောင် မရှိဘူး၊ ပုံမှန်ကို တစ်ရက်ကို တစ်ယောက် နှစ်ယောက်၊ အဲ့လိုဆေးရုံးလာပြတာလောက်ပဲရှိမယ်။ ဟုတ်ကဲ့ ကျနော်တို့ကတော့ ပုံမှန် အဲ့စစ်ရှောင်စခန်းတွေကို ဆေးခန်းသွားတာရှိတယ်ဗျ၊ ကျနော်တို့ ဒီဆရာမနေတွေနဲ့လေး အဲ့ဖွင့်တဲ့အချိန်မှာ တစ်ခါတစ်လေ ကျန်းမာရေးပညာပေးတဲ့ ကိစ္စတွေလုပ်တယ်၊ ပြီးလို့ရှိရင် ကျနော်တို့ ဒီတစ်မြို့လုံးကို အဆိတ်ဆေးပေါ့ ပိုးလောက်လန်သေတဲ့ ဆေးပေါ့နော်၊ အဲ့ကောင်ခပ်ပြီးပါပြီး နယ်တွေကိုလည်း ပိုးလောက်လန်သေတဲ့ ဆေး အဆိတ်ဆေးခပ်ဖို့အတွက် ဖြန့်ထားပြီးပါပြီခင်ဗျ။”

ချင်းပြည်နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အခုဇွန်လဆန်းအထိ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာက လူပေါင်း ၂ သောင်းကျော် အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာလည်း မတ်လလယ်ကစ လူပေါင်း ၁ သောင်းကျော် နေရပ်စွန့် ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြီးခဲ့ ကြသပတေးနေ့ သတင်းရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG