သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္နဲ႔ ရွမ္းေတာင္တပ္ၾကားတိုက္ပြဲျပင္းထန္ ေဒသခံေထာင္ခ်ီေရွာင္တိမ္းေနရ


SSA တပ္သားမ်ား၊ မတ္၂၊ ၂၀၂၁။

(Zawgyi/Unicode)
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေတာ့ဆန္ေက်း႐ြာအုပ္စုမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြ အၾကား လတ္တေလာျဖစ္ပြားတဲ့ တိုက္ပြဲေၾကာင့္ ေဒသခံ ၇၀၀ေက်ာ္ေလာက္ဟာ ေန႔ရပ္စြန႔္ခြန္ ထြက္ေျပးေနရၿပီး ေလာေလာဆည္ အေျခအေနေတြ မၿငိမ္သက္ေသးတာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနဆဲပါ။ ရန္ကုန္ကလာတဲ့ ရွမ္းျပည္နယ္က စစ္ေျပးဒုကၡသည္ေတြသတင္းကိုရန္ႏိုင္က တင္ျပထားပါတယ္။

ဒိရက္ပိုင္း ရွမ္းျပည္နယ္အတြင္းမွာ RCSS ရွမ္းေတာင္တပ္ဖြဲ႕နဲ႔ SSPP ရွမ္းေျမာက္နဲ႔ TNLA တအန္း(ပေလာင္) ပူးေပါင္းတပ္ဖြဲ႕တို႔အၾကားမွာ တိုက္ပြဲေတြ ျပင္းထန္ေနတာပါ။

ေက်ာက္မဲၿမိဳ႕နယ္၊ ေတာ့ဆန္ေက်း႐ြာအုပ္စု၊ ကုန္းဆာ႐ြာမွာ ဇြန္လ ၂၈ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေဒသခံ ၆၀၀ေလာက္ဟာ မိုင္းေင့ါၿမိဳ႕နယ္ခြဲက မန္ပင့္နဲ႔ နမ့္စြမ္ေက်း႐ြာကိုလည္း ေရာက္ရွိေနေၾကာင္း ေဒသတြင္း ကူညီသူတစ္ဦးက ေျပာပါတယ္။

“ အခုေလာေလာဆည္ေတာ့ ၆၀၀ေက်ာ္ေနတယ္။ ဒါေပမဲ့ သူတို႔ တဖြဲဖြဲ ေနာက္ထပ္ ထပ္ၿပီးေတာ့ လာေနတဲ့ဟာေတြ ရွိေသးတယ္တဲ့။ ခုေလာေလာဆည္ေတာ့ က်ေနာ္တို႔ဆီ ၇႐ြာေလာက္ေတာ့ ေရာက္ေနၿပီ။ ကခ်င္လည္းပါတယ္။ ရွမ္းလည္းပါတယ္။ ပေလာင္ေတြလည္း ပါတယ္။”

ေရာက္လာတဲ့ စစ္ေရွာင္ေတြကိုေတာ့ ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္း နဲ႔ ရွမ္းစာေပယဥ္ေက်းမႈအသင္း စတာေတြမွာ ေနရာခ်ထားေပးထားေၾကာင္း ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားရာေဒသက စစ္ေရွာင္ ၁၀၀ေက်ာ္ေလာက္ကေတာ့ အုန္းငန္းနဲ႔ ပန္စံဘက္ကို တိမ္းေရွာင္ေနရေၾကာင္း ကုန္းဆာ႐ြာသားတစ္ဦးက VOA ကို ေျပာပါတယ္။

“ ရွမ္းအက်ားေတြ၊ ရွမ္းအစိမ္းေတြ၊ ပေလာင္ေတြ တိုက္ပြဲျဖစ္ၾကေနတာ။ ေျပးရတာ။ ဟိုကလွမ္းပစ္၊ ဒီက လွမ္းပစ္သူတို႔ ။ အိမ္က မီးေလာင္သြားတာ ၃အိမ္ေလာင္သြားတာ။ ၄အိမ္ကေတာ့ ဗုံးမွန္တာ။ အဲဒီအိမ္လည္း ေပ်ာက္ပ်က္ကုန္တာ။ ၿပီးေတာ့ က်ည္ဆံေတြကလည္း အကုန္မွန္တယ္။ ဘုန္းႀကီးေက်ာင္းလည္း ဗုံးေတြ အကုန္မွန္တာပဲ။ က်ေနာ္တို႔ကလည္းမေနႏိုင္က ထြက္ေျပးရ။ အုန္းငန္း႐ြာကလည္း လူ ၇၀ေက်ာ္တာ။ ပန္စံေတြကလည္း လူ ၁၈ေယာက္ေလာက္ရွိ။ ၿပိန္းစင့္ကလည္း လူ ၃၀ရွိတာ အဲလို ျဖစ္သြားတာ။”

ေတာ့ဆန္ေက်း႐ြာအုပ္စုအတြင္းမွာ ဒီႏွစ္ ဇန္နဝါရီလေလာက္က စၿပီး တိုင္းရင္းသားတပ္ေတြအၾကား တိုက္ပြဲ ျပင္းထန္ခဲ့တာပါ။ ေနာက္ပိုင္းမွာ RCSS တပ္ဖဲ့ြေတြက ကုန္းဆာ႐ြာမွာ တပ္စြဲထားၿပီး ဒီရက္ပိုင္း တိုက္ပြဲမျဖစ္ခင္ ႐ြာသားေတြ တိမ္းေရွာင္လာတာေၾကာင့္ အထိအခိုက္ေတာ့ မရွိေၾကာင္း ေျပာပါတယ္။

စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ အုန္းငန္းေက်း႐ြာက ေက်ာင္းထိုင္ဆရာေတာ္က ဇန္နဝါရီလတည္းက ႐ြာသားေတြ တိမ္းေရွာင္ေနရတာမွာ အုန္းငန္း၊ ပန္စံ၊ ၿပိန္းစင့္႐ြာဘက္မွာ လက္ရွိ ႐ြာေပါင္း ၁၁႐ြာက တိမ္းေရွာင္လာသူ ၁ေထာင္ေက်ာ္ ေလာက္ ခိုလႈံေနေၾကာင္း မိန႔္ပါတယ္။

ေလာေလာဆည္မွာ ေတာ့ဆန္ေက်း႐ြာအုပ္စုဘက္မွာ RCSS ရွမ္းေတာင္ တပ္ဖြဲေတြ ဆုတ္ခြာသြားတာေၾကာင့္ လက္နက္ကိုင္ေတြက ေဒသခံေတြကို ေနရပ္ျပန္လာလို႔ ရေၾကာင္း ေျပာဆိုတာေတြ ရွိေပမဲ့ ႐ြာသားေတြကေတာ့ ေနရပ္မျပန္ရဲေသးေၾကာင္းလည္း ဆက္လက္မိန႔္ၾကားပါတယ္။

“႐ြာသားေတြကေတာ့ အခု ေလာေလာဆည္ကေတာ့ ျပန္လို႔ ရၿပီတဲ့။ ဟိုဘက္က လက္နက္ကိုင္အဖြဲ႕ေတြက ေျပာတာပဲ။ ျပန္လို႔ကရၿပီ။ ျပည္သူ လူထုေတြကေတာ့ သိပ္မျပန္ရဲေသးဘူး ျဖစ္ေနတာေလ။ က်န္ခဲ့တဲ့ မိုင္းေတြေၾကာင့္ ထိမွာ ေၾကာက္လို႔ေပါ့။ အဲဒါမ်ိဳး။ ဟို လက္နက္ကိုင္ေတြကိုေတာ့ မေၾကာက္ဘူး။ က်န္တဲပ့မိုင္းတို၊ မိုင္းစေလးေတြ ေပါက္ကြဲမွာပဲ ေၾကာက္ေနရတာေလ။ ”

ေဒသခံေတြက သူတို႔႐ြာမွာ RCSS တပ္ဖြဲ႕ေတြ အေျခစိုက္ခဲ့စဥ္ ကြၽဲႏြားေတြသတ္ျဖတ္စားေသာက္တာ၊ အိမ္သုံးပစၥည္းေတြ ဖ်က္ဆီးသြားတာေတြ ရွိတာေၾကာင့္ အိုးခြက္ပန္းကန္ေတြနဲ႔ ေစာင္၊ အိပ္ယာက အစ လိုအပ္ေနေၾကာင္းေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း ရွမ္းျပည္နယ္ ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္ဘက္မွာလည္း RCSS ရွမ္းေတာင္နဲ႔ SSPPရွမ္းေျမာက္အၾကား တိုက္ပြဲ ျပင္းထန္ေနၿပီး ေလာေလာဆည္ စစ္ေရွာင္ ၂၀၀၀ ေလာက္ရွိေနေၾကာင္း ေက်းသီးၿမိဳ႕က ဒုကၡသည္အေရးေဆာင္႐ြက္ေနသူတစ္ဦးက ေျပာပါတယ္။

“ မေန႔တစ္ေန႔က ျဖစ္တဲ့ဟာနဲ႔က် ပိုၿပီးေတာ့ ေျပးၾကတာေပါ့ေနာ္။ ႐ြာေပါင္းက အခု ေျပးေနတဲ့႐ြာက က်ေနာ္ထင္တယ္ ႐ြာေပါင္း ၂၀- ၃၀။ ၃၀ေလာက္ေတာင္ ရွိၿပီထင္တယ္။ မိုင္းကိုင္နယ္ကပါ ဒီဘက္ ေျပးလာတယ္။ လူက ေျပာရရင္ ၂ေထာင္ နီးပါးေပါ့။”

ေက်းသီး- မိုင္းေနာင္ေဒသဘက္မွာ RCSS ရွမ္းေတာင္နဲ႔ SSPPရွမ္းေျမာက္အၾကားတိုက္ပြဲျဖစ္ပြားေနတာဟာ အခုဆိုရင္ တစ္လ ေက်ာ္လာၿပီျဖစ္ပါတယ္။

စစ္ေရွာင္အေရး ကူညီသူေတြအေနနဲ႔လည္း ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ ကိုဗစ္ေရာဂါကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အေျခအေနေၾကာင့္ အရင္လို ကူညီေဆာင္႐ြက္ဖို႔ အခက္အခဲေတြ ရွိေနၾကၿပီး စစ္ေျပးဒုကၡသည္စခန္းေတြမွာ လူေတြ စုေဝးေနတာေၾကာင့္ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမွာကို စိုးရိမ္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ လေတြအတြင္းကလည္း နမၼတူၿမိဳ႕နယ္အတြင္း တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား ျဖစ္တဲ့ တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၂၀၀၀ေလာက္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရသလို ေက်း႐ြာ ၄႐ြာေလာက္က အိမ္ေျခ ၁၂၀ေလာက္ မီးေလာင္ပ်က္စီးခဲ့ရပါတယ္။

(Unicode)


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အကြား လတ်တလောဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ၇၀၀ကျော်လောက်ဟာ နေ့ရပ်စွန့်ခွန် ထွက်ပြေးနေရပြီး လောလောဆည် အခြေအနေတွေ မငြိမ်သက်သေးတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပါ။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေသတင်းကိုရန်နိုင်-- က တင်ပြထားပါတယ်။

ဒိရက်ပိုင်း ရှမ်းပြည်နယ်အတွင်းမှာ RCSS ရှမ်းတောင်တပ်ဖွဲ့နဲ့ SSPP ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်ဖွဲ့တို့အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ ကုန်းဆာရွာမှာ ဇွန်လ ၂၈ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၆၀၀လောက်ဟာ မိုင်းငေ့ါမြို့နယ်ခွဲက မန်ပင့်နဲ့ နမ့်စွမ်ကျေးရွာကိုလည်း ရောက်ရှိနေကြောင်း ဒေသတွင်း ကူညီသူတစ်ဦးက ပြောပါတယ်။

“ အခုလောလောဆည်တော့ ၆၀၀ကျော်နေတယ်။ ဒါပေမဲ့ သူတို့ တဖွဲဖွဲ နောက်ထပ် ထပ်ပြီးတော့ လာနေတဲ့ဟာတွေ ရှိသေးတယ်တဲ့။ ခုလောလောဆည်တော့ ကျနော်တို့ဆီ ၇ရွာလောက်တော့ ရောက်နေပြီ။ ကချင်လည်းပါတယ်။ ရှမ်းလည်းပါတယ်။ ပလောင်တွေလည်း ပါတယ်။”

ရောက်လာတဲ့ စစ်ရှောင်တွေကိုတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ ရှမ်းစာပေယဉ်ကျေးမှုအသင်း စတာတွေမှာ နေရာချထားပေးထားကြောင်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသက စစ်ရှောင် ၁၀၀ကျော်လောက်ကတော့ အုန်းငန်းနဲ့ ပန်စံဘက်ကို တိမ်းရှောင်နေရကြောင်း ကုန်းဆာရွာသားတစ်ဦးက VOA ကို ပြောပါတယ်။

“ ရှမ်းအကျားတွေ၊ ရှမ်းအစိမ်းတွေ၊ ပလောင်တွေ တိုက်ပွဲဖြစ်ကြနေတာ။ ပြေးရတာ။ ဟိုကလှမ်းပစ်၊ ဒီက လှမ်းပစ်သူတို့ ။ အိမ်က မီးလောင်သွားတာ ၃အိမ်လောင်သွားတာ။ ၄အိမ်ကတော့ ဗုံးမှန်တာ။ အဲဒီအိမ်လည်း ပျောက်ပျက်ကုန်တာ။ ပြီးတော့ ကျည်ဆံတွေကလည်း အကုန်မှန်တယ်။ ဘုန်းကြီးကျောင်းလည်း ဗုံးတွေ အကုန်မှန်တာပဲ။ ကျနော်တို့ကလည်းမနေနိုင်က ထွက်ပြေးရ။ အုန်းငန်းရွာကလည်း လူ ၇၀ကျော်တာ။ ပန်စံတွေကလည်း လူ ၁၈ယောက်လောက်ရှိ။ ပြိန်းစင့်ကလည်း လူ ၃၀ရှိတာ အဲလို ဖြစ်သွားတာ။”

တော့ဆန်ကျေးရွာအုပ်စုအတွင်းမှာ ဒီနှစ် ဇန်နဝါရီလလောက်က စပြီး တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နောက်ပိုင်းမှာ RCSS တပ်ဖဲ့ွတွေက ကုန်းဆာရွာမှာ တပ်စွဲထားပြီး ဒီရက်ပိုင်း တိုက်ပွဲမဖြစ်ခင် ရွာသားတွေ တိမ်းရှောင်လာတာကြောင့် အထိအခိုက်တော့ မရှိကြောင်း ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အုန်းငန်းကျေးရွာက ကျောင်းထိုင်ဆရာတော်က ဇန်နဝါရီလတည်းက ရွာသားတွေ တိမ်းရှောင်နေရတာမှာ အုန်းငန်း၊ ပန်စံ၊ ပြိန်းစင့်ရွာဘက်မှာ လက်ရှိ ရွာပေါင်း ၁၁ရွာက တိမ်းရှောင်လာသူ ၁ထောင်ကျော် လောက် ခိုလှုံနေကြောင်း မိန့်ပါတယ်။

လောလောဆည်မှာ တော့ဆန်ကျေးရွာအုပ်စုဘက်မှာ RCSS ရှမ်းတောင် တပ်ဖွဲတွေ ဆုတ်ခွာသွားတာကြောင့် လက်နက်ကိုင်တွေက ဒေသခံတွေကို နေရပ်ပြန်လာလို့ ရကြောင်း ပြောဆိုတာတွေ ရှိပေမဲ့ ရွာသားတွေကတော့ နေရပ်မပြန်ရဲသေးကြောင်းလည်း ဆက်လက်မိန့်ကြားပါတယ်။

“ရွာသားတွေကတော့ အခု လောလောဆည်ကတော့ ပြန်လို့ ရပြီတဲ့။ ဟိုဘက်က လက်နက်ကိုင်အဖွဲ့တွေက ပြောတာပဲ။ ပြန်လို့ကရပြီ။ ပြည်သူ လူထုတွေကတော့ သိပ်မပြန်ရဲသေးဘူး ဖြစ်နေတာလေ။ ကျန်ခဲ့တဲ့ မိုင်းတွေကြောင့် ထိမှာ ကြောက်လို့ပေါ့။ အဲဒါမျိုး။ ဟို လက်နက်ကိုင်တွေကိုတော့ မကြောက်ဘူး။ ကျန်တဲပ့မိုင်းတို၊ မိုင်းစလေးတွေ ပေါက်ကွဲမှာပဲ ကြောက်နေရတာလေ။ ”

ဒေသခံတွေက သူတို့ရွာမှာ RCSS တပ်ဖွဲ့တွေ အခြေစိုက်ခဲ့စဉ် ကျွဲနွားတွေ သတ်ဖြတ်စားသောက်တာ၊ အိမ်သုံးပစ္စည်းတွေ ဖျက်ဆီးသွားတာတွေ ရှိတာကြောင့် အိုးခွက်ပန်းကန်တွေနဲ့ စောင်၊ အိပ်ယာက အစ လိုအပ်နေကြောင်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှာလည်း RCSS ရှမ်းတောင်နဲ့ SSPPရှမ်းမြောက်အကြား တိုက်ပွဲ ပြင်းထန်နေပြီး လောလောဆည် စစ်ရှောင် ၂၀၀၀ လောက်ရှိနေကြောင်း ကျေးသီးမြို့က ဒုက္ခသည်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“ မနေ့တစ်နေ့က ဖြစ်တဲ့ဟာနဲ့ကျ ပိုပြီးတော့ ပြေးကြတာပေါ့နော်။ ရွာပေါင်းက အခု ပြေးနေတဲ့ရွာက ကျနော်ထင်တယ် ရွာပေါင်း ၂၀- ၃၀။ ၃၀လောက်တောင် ရှိပြီထင်တယ်။ မိုင်းကိုင်နယ်ကပါ ဒီဘက် ပြေးလာတယ်။ လူက ပြောရရင် ၂ထောင် နီးပါးပေါ့။”

ကျေးသီး- မိုင်းနောင်ဒေသဘက်မှာ RCSS ရှမ်းတောင်နဲ့ SSPPရှမ်းမြောက်အကြားတိုက်ပွဲဖြစ်ပွားနေတာဟာ အခုဆိုရင် တစ်လ ကျော်လာပြီဖြစ်ပါတယ်။

စစ်ရှောင်အရေး ကူညီသူတွေအနေနဲ့လည်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ အခြေအနေကြောင့် အရင်လို ကူညီဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေကြပြီး စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လူတွေ စုဝေးနေတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းကလည်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖြစ်တဲ့ တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀လောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို ကျေးရွာ ၄ရွာလောက်က အိမ်ခြေ ၁၂၀လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG