သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေတာင္ပိုင္း ေက်းသီးၿမိဳ႕မွာ ရွမ္း ၂ ဖြဲ႔ တိုက္ပြဲျဖစ္


ေရွ ့တန္းတနေရာမွာေတြ ့ရတဲ့ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ အဖြဲ့၀င္တဦး (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေက်းသီးၿမိဳ႕နယ္ဘက္မွာ ေျမာက္ပိုင္းရွမ္းျပည္ တပ္မေတာ္ SSPP/ SSA နဲ႕ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSAတို႕အၾကား တိုက္ပြဲေတြျဖစ္ေနပါတယ္။ ၁ လေက်ာ္ၾကာၿပီျဖစ္တဲ့ တိုက္ပဲြေတြေၾကာင့္ ေထာင္နဲ႕ ခ်ီတဲ့ ေဒသခံ ရြာသားေတြ ေက်းသီးၿမိဳ႕ထဲ တိမ္းေရွာင္ေရာက္ရွိေနၾကပါတယ္။ ဒီအေျခအေနကို ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႕ထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္နဲ႔ မိုင္းေနာင္ၿမိဳ႕ၾကားထဲမွာရွိတဲ့ လြယ္ဟြန္းေတာင္ေၾကာတေလၽွာက္မွာ လက္နက္ကိုင္ ရွမ္းတပ္ဖြဲ႕ ၂ ခု ၾကား တိုက္ပြဲျပင္းထန္ေနပါတယ္။ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီလို႕ေခၚတဲ့ RCSS/ SSA ႐ွမ္းေတာင္ပိုင္းအဖြဲနဲ႔ ႐ွမ္းျပည္တိုးတက္ေရးပါတီ SSPP/ SSA ႐ွမ္းေျမာက္ပိုင္းအဖဲြ႔တို႔ၾကား တိုက္ပဲြေတြျဖစ္ေနၾကတာပါ။ RCSS/ SSA ေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းစံ ကေတာ့ လြယ္ဟြန္းေတာင္ေၾကာဘက္ ႏွစ္ဖက္တိုက္ပြဲျဖစ္တာ တလေက်ာ္ေနၿပီးလို႕ေျပာပါတယ္။

"တိုက္ပြဲစျဖစ္တာကေတာ့ ဇြန္လ(၁)ရက္ကေန ဒီေန႕အထိ (၁)လ ရက္(၃၀)ရွိသြားၿပီေပါ့ေနာ္။ အဲဒီလြယ္ဟြန္းေတာင္ေၾကာက သူကေက်းသီး-မိုင္းေနာင္ကားလမ္းရဲ႕ အထက္ျခမ္းမွာ ဒီေန႔အထိျဖစ္ေနတုန္းဘဲ။ ထိခိုက္မွဳအေျခအေနက်ေတာ့ အေသးစိတ္ သတင္းအတိအက်ေတာ့ မသိေသးဘူး။ ဒါေပမဲ့ တိုက္ပြဲကေတာ့ျပင္းထန္တယ္။ SSPP ကေန ကြ်န္ေတာ္တို႕ RCSS စခန္းရွိရာကို သူတို႕ထိုးစစ္ဆင္လာတယ္။ ေနာက္အင္အားေထာင္ခ်ီသုံးၿပီးမွထိုးစစ္ဆင္လာတယ္။ "

လြယ္ဟြန္းေတာင္ေၾကာဟာ ေက်းသီးၿမိဳ႕နဲ႕ မိုင္းေနာင္ၿမိဳ႕နယ္ၾကား ကားလမ္းနံေဘးမွာ တည္ရွိေနတဲ့ေတာင္ေၾကာျဖစ္ၿပီး SSPP ၀မ္ဟိုင္းဌာနခ်ဳပ္အတြက္ စစ္ေရးဗ်ဴဟာအရအေရးပါတဲ့ေတာင္ေၾကာတခုလို႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP တပ္မွဴးတဦးကေျပာပါတယ္။

"တိုက္ပြဲေတြျဖစ္တယ္။ ေက်းသီးနဲ႕သိပ္မေဝးဘူး။ ကီလိုမီတာနဲ႕(၁၅)(၁၈)ေလာက္ဘဲရွိမယ္။ ၀မ္ဟိုင္းနဲ႕ကီလိုမီတာ(၂၀) ေလာက္ေဝးတယ္။ အဲဒီလြယ္ဟြန္းေတာင္က စစ္ေရးမဟာဗ်ဴဟာအရ ရွမ္းျပည္ေျမာက္ပိုင္းနဲ႕ ေတာင္ပိုင္းအလယ္မွာရွိတယ္။ သူကအေရးပါမဟာဗ်ဴဟာေျမာက္ေတာင္ျဖစ္ေနတယ္။ ေတာင္ပိုင္းဘဲလာလာ၊ ေျမာက္ပိုင္းဘဲလာလာ အဲဒီေတာင္ကိုရလို႕ရွိရင္ ဘယ္ဘဲသြားသြားသြားလို႕လြယ္တယ္။ သူက က်ိန္းေတာင္းဘက္ပစ္လို႕လဲရတယ္။ ေက်းသီးကိုပစ္လို႕လဲရတယ္။ ၀မ္ဟိုင္းကို ပစ္လို႕လဲရတယ္။"

လြယ္ဟြန္းေတာင္ေၾကာမွာ RCSS ဘက္က ၎တို႔ တပ္စခန္းမ်ား အေျခစိုက္ထားတယ္လို႕ေျပာဆိုေနသလို SSPP ဘက္က လြယ္ဟြန္းေတာင္ဟာ ၎တို႔ တပ္ဖြဲ႕မူလပိုင္ဆိုင္ထားတယ္လို႕ အျပန္လွန္ေျပာဆိုေနၾကတာပါ။

တလလုံးနီးပါး စစ္ေရး ပဋိပကၡေတြျဖစ္ေနတဲ့အေျခအေနေၾကာင့္ ေက်းသီး မိုင္းေနာင္ကားလမ္းမတေၾကာမွာရွိတဲ့ ေက်းရြာက ေထာင္နဲ႕ခ်ီတဲ့ ရြာသားေတြဟာ ေက်းသီးၿမိဳ႕ကို တိမ္းေရွာင္ေရာက္ရွိေနတယ္လို႕ ေက်းသီးၿမိဳ႕ခံ စိုင္းအြမ္ဆိုင္မိုင္းက ေျပာ ပါတယ္။

" ေတာင္ေပၚကိုလက္နက္ၾကီးနဲ႕ပစ္ေနတယ္လို႕ေျပာတာဘဲ။ ရြာသားေတြက ဒီၿမိဳ႕ထဲေျပးကုန္ေရာ။ တိုက္ပြဲျဖစ္တဲ့ေနရာက။ ဒီမေန႕က(၁၆၀၀)ေက်ာ္သြားတယ္ဗ်။ ဘုန္းႀကီးပါပါတယ္ ၿမိဳ႕ထဲလာတာေလ။ စစ္ေရွာင္က ဒီမွာေက်ာင္းက ေဟာ္ေက်ာင္းနဲ႕ ၿမိဳ႕ဦးေက်ာင္းနဲ႕ အဲဒီႏွစ္ေက်ာင္းမွာ လာတည္းၾကတာေပါ့။ စားဖို႕ေသာက္ဖို႕က ဒီၿမိဳ႕ထဲကဘဲ အလွည့္က်ဆန္ေတြ သြား ခ်က္ေပးလိုက္ ျပန္ေကာက္လိုက္အဲဒီလိုဘဲလုပ္ေနတယ္။"

ေက်းသီး မိုင္းေနာင္ၿမိဳ႕နယ္ ကားလမ္းမတေၾကာမွာရွိတဲ့ ဆြမ္ဟြမ္း ၀ိုက္ဟုန္းခ်ိဳ ၀မ္ေလာ့စတဲ့ရြာကရြာသားေတြ ေက်းသီးၿမိဳ႕ ထဲတိမ္းေရွာင္ေရာက္ရွိလာေနၾကတာပါ။

ရွမ္းျပည္နယ္ေတာင္ပိုင္းေက်းသီးၿမိဳ႕နယ္၊မိုင္းေနာင္ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းနမၼတူ ေက်ာက္မဲ ကြတ္ခိုင္ၿမိဳ႕နယ္ေတြဘက္မွာလဲ SSPP/SSA နဲ႕ RCSS/SSA တို႕အၾကား တိုက္ ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။ ရွမ္းျပည္နယ္တြင္း ရွမ္းေတာ္လွန္ေရးတပ္ဖြဲ႕ အခ်င္းခ်င္း တိုက္ခိုက္ေနတာရပ္တန္႔ဖို႔ ႐ွမ္းေတာင္နဲ႔ ေျမာက္အဖဲ႔ြၾကား ရွမ္းနိုင္ငံေရး အဖြဲ႕အစည္းေတြ ရွမ္းသံဃာေတာ္ေတြက အႀကိမ္ႀကိမ္ ဝင္ေရာက္ညႇိႏွိုင္းေပးခဲ့ေပမဲ့ တိုက္ပဲြေတြ ရပ္သြားျခင္း မ႐ွိေသးပါဘူး။

.......................................................................................

ရှမ်းတောင်ပိုင်း ကျေးသီးမြို့မှာ ရှမ်း ၂ ဖွဲ့ တိုက်ပွဲဖြစ်

(Unicode)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ဘက်မှာ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/ SSA နဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAတို့အကြား တိုက်ပွဲတွေဖြစ်နေပါတယ်။ ၁ လကျော်ကြာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံ ရွာသားတွေ ကျေးသီးမြို့ထဲ တိမ်းရှောင်ရောက်ရှိနေကြပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းနောင်မြို့ကြားထဲမှာရှိတဲ့ လွယ်ဟွန်းတောင်ကြောတလျှောက်မှာ လက်နက်ကိုင် ရှမ်းတပ်ဖွဲ့ ၂ ခု ကြား တိုက်ပွဲပြင်းထန်နေပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလို့ခေါ်တဲ့ RCSS/ SSA ရှမ်းတောင်ပိုင်းအဖွဲနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ရှမ်းမြောက်ပိုင်းအဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေကြတာပါ။ RCSS/ SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကတော့ လွယ်ဟွန်းတောင်ကြောဘက် နှစ်ဖက်တိုက်ပွဲဖြစ်တာ တလကျော်နေပြီးလို့ပြောပါတယ်။

"တိုက်ပွဲစဖြစ်တာကတော့ ဇွန်လ(၁)ရက်ကနေ ဒီနေ့အထိ (၁)လ ရက်(၃၀)ရှိသွားပြီပေါ့နော်။ အဲဒီလွယ်ဟွန်းတောင်ကြောက သူကကျေးသီး-မိုင်းနောင်ကားလမ်းရဲ့ အထက်ခြမ်းမှာ ဒီနေ့အထိဖြစ်နေတုန်းဘဲ။ ထိခိုက်မှုအခြေအနေကျတော့ အသေးစိတ် သတင်းအတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ တိုက်ပွဲကတော့ပြင်းထန်တယ်။ SSPP ကနေ ကျွန်တော်တို့ RCSS စခန်းရှိရာကို သူတို့ထိုးစစ်ဆင်လာတယ်။ နောက်အင်အားထောင်ချီသုံးပြီးမှထိုးစစ်ဆင်လာတယ်။ "

လွယ်ဟွန်းတောင်ကြောဟာ ကျေးသီးမြို့နဲ့ မိုင်းနောင်မြို့နယ်ကြား ကားလမ်းနံဘေးမှာ တည်ရှိနေတဲ့တောင်ကြောဖြစ်ပြီး SSPP ဝမ်ဟိုင်းဌာနချုပ်အတွက် စစ်ရေးဗျူဟာအရအရေးပါတဲ့တောင်ကြောတခုလို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP တပ်မှူးတဦးကပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တယ်။ ကျေးသီးနဲ့သိပ်မဝေးဘူး။ ကီလိုမီတာနဲ့(၁၅)(၁၈)လောက်ဘဲရှိမယ်။ ဝမ်ဟိုင်းနဲ့ကီလိုမီတာ(၂၀) လောက်ဝေးတယ်။ အဲဒီလွယ်ဟွန်းတောင်က စစ်ရေးမဟာဗျူဟာအရ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအလယ်မှာရှိတယ်။ သူကအရေးပါမဟာဗျူဟာမြောက်တောင်ဖြစ်နေတယ်။ တောင်ပိုင်းဘဲလာလာ၊ မြောက်ပိုင်းဘဲလာလာ အဲဒီတောင်ကိုရလို့ရှိရင် ဘယ်ဘဲသွားသွားသွားလို့လွယ်တယ်။ သူက ကျိန်းတောင်းဘက်ပစ်လို့လဲရတယ်။ ကျေးသီးကိုပစ်လို့လဲရတယ်။ ဝမ်ဟိုင်းကို ပစ်လို့လဲရတယ်။"

လွယ်ဟွန်းတောင်ကြောမှာ RCSS ဘက်က ၎င်းတို့ တပ်စခန်းများ အခြေစိုက်ထားတယ်လို့ပြောဆိုနေသလို SSPP ဘက်က လွယ်ဟွန်းတောင်ဟာ ၎င်းတို့ တပ်ဖွဲ့မူလပိုင်ဆိုင်ထားတယ်လို့ အပြန်လှန်ပြောဆိုနေကြတာပါ။

တလလုံးနီးပါး စစ်ရေး ပဋိပက္ခတွေဖြစ်နေတဲ့အခြေအနေကြောင့် ကျေးသီး မိုင်းနောင်ကားလမ်းမတကြောမှာရှိတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ရွာသားတွေဟာ ကျေးသီးမြို့ကို တိမ်းရှောင်ရောက်ရှိနေတယ်လို့ ကျေးသီးမြို့ခံ စိုင်းအွမ်ဆိုင်မိုင်းက ပြော ပါတယ်။

" တောင်ပေါ်ကိုလက်နက်ကြီးနဲ့ပစ်နေတယ်လို့ပြောတာဘဲ။ ရွာသားတွေက ဒီမြို့ထဲပြေးကုန်ရော။ တိုက်ပွဲဖြစ်တဲ့နေရာက။ ဒီမနေ့က(၁၆၀၀)ကျော်သွားတယ်ဗျ။ ဘုန်းကြီးပါပါတယ် မြို့ထဲလာတာလေ။ စစ်ရှောင်က ဒီမှာကျောင်းက ဟော်ကျောင်းနဲ့ မြို့ဦးကျောင်းနဲ့ အဲဒီနှစ်ကျောင်းမှာ လာတည်းကြတာပေါ့။ စားဖို့သောက်ဖို့က ဒီမြို့ထဲကဘဲ အလှည့်ကျဆန်တွေ သွား ချက်ပေးလိုက် ပြန်ကောက်လိုက်အဲဒီလိုဘဲလုပ်နေတယ်။"

ကျေးသီး မိုင်းနောင်မြို့နယ် ကားလမ်းမတကြောမှာရှိတဲ့ ဆွမ်ဟွမ်း ဝိုက်ဟုန်းချို ဝမ်လော့စတဲ့ရွာကရွာသားတွေ ကျေးသီးမြို့ ထဲတိမ်းရှောင်ရောက်ရှိလာနေကြတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်၊မိုင်းနောင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူ ကျောက်မဲ ကွတ်ခိုင်မြို့နယ်တွေဘက်မှာလဲ SSPP/SSA နဲ့ RCSS/SSA တို့အကြား တိုက် ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်တွင်း ရှမ်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်နေတာရပ်တန့်ဖို့ ရှမ်းတောင်နဲ့ မြောက်အဖဲ့ွကြား ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေ ရှမ်းသံဃာတော်တွေက အကြိမ်ကြိမ် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ရပ်သွားခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG