သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ ေလာက္ကိုင္ၿမိဳ႕နယ္ မလိုအပ္ပဲအိမ္ျပင္မထြက္ရကန္႔သတ္


ကိုးကန္ ့ေဒသ ေလာက္ကိုင္ျမိဳ ့အ၀င္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရွမ္းျပည္နယ္၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႔နယ္ကို ဒီေန႔ ဇြန္ ၂၈ ရက္ကစၿပီး မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home သတ္မွတ္လိုက္ပါတယ္။ ၁၀ ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္ရိွတဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ခုလိုသတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ေက်ာင္းေတြပါ ပိတ္ထားရေအာင္ စိုးရိမ္စရာျဖစ္ေနတဲ့ ေလာက္ကိုင္ၿမိဳ႕နယ္ဘက္က အေျခအေန ရန္ကုန္သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္ ေျပာျပမွာပါ။

ရွမ္းျပည္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႔မွာ ဇြန္လ ၁၆ ရက္ကေန ၂၇ရက္ေန့အထိ ၁၂ရက္တာကာလအတြင္း ကိုဗစ္အတည္ျပဳလူနာေပါင္း ၁၂၉ ၪီး ရိွခဲ့ပါတယ္။ ဒီလို ပိုးေတြ့သူၪီးေရတိုးလာေနတဲ့ ေလာက္ကိုင္ၿမိဳ႔ကို ဒီကေန့ကစၿပီး မလိုအပ္ဘဲအျပင္မထြက္ဖို႔ Stay at Home သတ္မွတ္လိုက္ပါတယ္။ ဒါ့အျပင္ ေစ်းေတြထဲလည္း တခ်ိဳ႕ေနရာေတြမွာ အသြားအလာကန္႔သတ္ထားၿပီး စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားတယ္လို႔ ေလာက္ကိုင္မွာေနတဲ့ ေဒသခံတၪီးက ဗြီအိုေအကိုေျပာပါတယ္။

"အျပင္ထြက္ရင္ေတာ့ Mask တပ္ရတာေပါ့။ သြားရလာရတာ ေစ်းေတြကေတာ့ ျဖတ္လမ္းကေနသြားရတာေပါ့။ သူတို႔ပိတ္ထားတဲ့ သတ္မွတ္ထားတဲ့ေနရာေတြကေတာ့ သြားလို႔မရဘူးေပါ့။ ပိတ္တဲ့ေနရာေတြရိွတယ္ဗ်။ ေစ်းေတြကေတာ့ ႀကိဳးေတာ့တားထားတာေပါ့၊ အျပင္ဘက္ကေန ဝယ္ရတယ္၊ သူတို႔သတ္မွတ္ထားတဲ့အတိုင္း ဝယ္ရတယ္၊ ပံုမွန္အတိုင္းေတာ့ မဟုတ္ဘူးေပါ့။ ေက်ာင္းေတြကေတာ့ အခုေလာေလာဆယ္ ပိတ္ထားတယ္။ ကေလးေတြကေတာ့ အခုေက်ာင္းမတက္ရေတာ့ဘူးေပါ့။ ေရာဂါေတြက အရမ္းဆိုးေနတယ္။"

ကိုဗစ္အတည္ျပဳလူနာ တေန႔တျခားပုိမ်ားေနတဲ့ ျမန္မာႏိုင္ငံမွာ ေလာက္ကိုင္ၿမိဳ႕နယ္အပါအဝင္ Stay at Home သတ္မွတ္ထားတဲ့ၿမိဳ႕နယ္ စုစုေပါင္း ၁၁ ၿမိဳ႕နယ္႐ွိသြားပါၿပီ။ အတည္ျပဳလူနာအမ်ားဆံုးရိွရာ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္ျဖစ္ပါတယ္။

စစ္တပ္ကအာဏာသိမ္းခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ေနွာင္းပိုင္းကစၿပီး ေလာက္ကိုင္ၿမိဳ႔မွာရိွတဲ့ တရုတ္လူမ်ိဳးပိုင္ အလုပ္ရံုေတြလည္း တခုၿပီးတခု ပိတ္ခဲ့ပါတယ္။ ႏိုင္ငံေရးအေျခအေန မတည္ၿငိမ္တာေၾကာင့္ အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ား အလုပ္ေတြရပ္ၿပီး ေနရပ္ျပန္သြားၾက ျမန္မာလုပ္သားေတြ အခက္ေတ႔ြေနၾကပါတယ္။ အခုတခါလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္သူေတြ ျပန္ေတြ႕လာေနလို႔ အသြားအလာေတြကိုပါ ကန္႔သတ္လိုက္တာေၾကာင့္ ဒုကၡေတြပိုေရာက္ရတယ္လို႔ ျမန္မာလုပ္သားတၪီးက ေျပာပါတယ္။

"ဒီမွာ အလုပ္အကိုင္ေတြက ပိတ္ေနတဲ့အခါက်ေတာ့ ေဒသခံေတြမွာက စားဝတ္ေနေရးအၾကပ္အတည္းေတြ ျဖစ္ေနတာေပါ့။ တရုတ္ေတြကလည္း သူတို႔ႏိုင္ငံကိုျပန္သြားေတာ့ အလုပ္မရိွေတာ့ဘဲ ျမန္မာလူမ်ိဳးေတြ အခက္အခဲေတျြဖစ္ၾကတယ္။ စားဖို႔ထက္ ေနဖို႔က အဓိကျဖစ္ေနေတာ့ ျမန္မာျပည္ျပန္မယ္ဆိုရင္လည္း ဒီႏိုင္ငံေရးအေျခအေန မေကာင္းတဲ့အခါက် လမ္းေတြကလည္းပိတ္ေနေတာ့ ဆင္းလို႔လည္းမရဘူး။ ကိုဗစ္ေၾကာင့္ အခက္အခဲေတြ အမ်ားႀကီးျဖစ္ေနၾကတယ္။"

ကပ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ ေလာက္ကိုင္ၿမိဳ႔မွာ ကိုဗစ္လူနာေတြနဲ႔ ထိေတြ့ဆက္စပ္သူေတြကို ဘယ္လိုကုသမႈေပးေနလဲဆိုတာကို တာဝန္ရိွသူေတြကို ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ျပန္လည္ေျဖၾကားတာ မရိွခဲ့ပါဘူး။ ဇြန္လ ၂၇ရက္၊ မေန့ကစၿပီး ေရာဂါအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ဆက္စပ္သူေတြကို အခမဲ့ကုသေပးသြားမွာျဖစ္ေပမဲ့ စားေသာက္စရိတ္အတြက္ တၪီးကို တရုတ္ေငြ ယြမ္ ၁၀၀ ေန့စဥ္ေပးသြင္းရမယ္လို႔ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတံု႔ျပန္ေရးေကာ္မတီက စာထုတ္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားသူအေရအတြက္ ျပန္လည္ျမင့္တက္ေနတာမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ့ ဇြန္လ ၂၇ရက္၊ ည ၈နာရီ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ အတည္ျပဳလူနာသစ္ ၈၀၄ ၪီးနဲ႔ ေသဆံုးသူ ၇ ၪီး ရိွခဲ့ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကပ္ေရာဂါကူးစက္သူေတြ ျပန္မ်ားလာေနေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ကိုဗစ္ကူးစက္မႈကို တတိယလႈိင္းလို႔ သတ္မွတ္ေျပာဆိုျခင္း မ႐ွိေသးပါဘူး။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ်

(Unicode)

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းတွေပါ ပိတ်ထားရအောင် စိုးရိမ်စရာဖြစ်နေတဲ့ လောက်ကိုင်မြို့နယ်ဘက်က အခြေအနေ ရန်ကုန်သတင်းပေးပို့ချက်ကို မမြသဇင်အောင် ပြောပြမှာပါ။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဇွန်လ ၁၆ ရက်ကနေ ၂၇ရက်နေ့အထိ ၁၂ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာပေါင်း ၁၂၉ ဉီး ရှိခဲ့ပါတယ်။ ဒီလို ပိုးတွေ့သူဉီးရေတိုးလာနေတဲ့ လောက်ကိုင်မြို့ကို ဒီကနေ့ကစပြီး မလိုအပ်ဘဲအပြင်မထွက်ဖို့ Stay at Home သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် ဈေးတွေထဲလည်း တချို့နေရာတွေမှာ အသွားအလာကန့်သတ်ထားပြီး စာသင်ကျောင်းတွေကိုလည်း ပိတ်ထားတယ်လို့ လောက်ကိုင်မှာနေတဲ့ ဒေသခံတဉီးက ဗွီအိုအေကိုပြောပါတယ်။

"အပြင်ထွက်ရင်တော့ Mask တပ်ရတာပေါ့။ သွားရလာရတာ ဈေးတွေကတော့ ဖြတ်လမ်းကနေသွားရတာပေါ့။ သူတို့ပိတ်ထားတဲ့ သတ်မှတ်ထားတဲ့နေရာတွေကတော့ သွားလို့မရဘူးပေါ့။ ပိတ်တဲ့နေရာတွေရှိတယ်ဗျ။ ဈေးတွေကတော့ ကြိုးတော့တားထားတာပေါ့၊ အပြင်ဘက်ကနေ ဝယ်ရတယ်၊ သူတို့သတ်မှတ်ထားတဲ့အတိုင်း ဝယ်ရတယ်၊ ပုံမှန်အတိုင်းတော့ မဟုတ်ဘူးပေါ့။ ကျောင်းတွေကတော့ အခုလောလောဆယ် ပိတ်ထားတယ်။ ကလေးတွေကတော့ အခုကျောင်းမတက်ရတော့ဘူးပေါ့။ ရောဂါတွေက အရမ်းဆိုးနေတယ်။"

ကိုဗစ်အတည်ပြုလူနာ တနေ့တခြားပိုများနေတဲ့ မြန်မာနိုင်ငံမှာ လောက်ကိုင်မြို့နယ်အပါအဝင် Stay at Home သတ်မှတ်ထားတဲ့မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်ရှိသွားပါပြီ။ အတည်ပြုလူနာအများဆုံးရှိရာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၁ မြို့နယ်ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်လူမျိုးပိုင် အလုပ်ရုံတွေလည်း တခုပြီးတခု ပိတ်ခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် အလုပ်ရှင်တော်တော်များများ အလုပ်တွေရပ်ပြီး နေရပ်ပြန်သွားကြ မြန်မာလုပ်သားတွေ အခက်တေ့ွနေကြပါတယ်။ အခုတခါလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ ပြန်တွေ့လာနေလို့ အသွားအလာတွေကိုပါ ကန့်သတ်လိုက်တာကြောင့် ဒုက္ခတွေပိုရောက်ရတယ်လို့ မြန်မာလုပ်သားတဉီးက ပြောပါတယ်။

"ဒီမှာ အလုပ်အကိုင်တွေက ပိတ်နေတဲ့အခါကျတော့ ဒေသခံတွေမှာက စားဝတ်နေရေးအကြပ်အတည်းတွေ ဖြစ်နေတာပေါ့။ တရုတ်တွေကလည်း သူတို့နိုင်ငံကိုပြန်သွားတော့ အလုပ်မရှိတော့ဘဲ မြန်မာလူမျိုးတွေ အခက်အခဲတြွေဖစ်ကြတယ်။ စားဖို့ထက် နေဖို့က အဓိကဖြစ်နေတော့ မြန်မာပြည်ပြန်မယ်ဆိုရင်လည်း ဒီနိုင်ငံရေးအခြေအနေ မကောင်းတဲ့အခါကျ လမ်းတွေကလည်းပိတ်နေတော့ ဆင်းလို့လည်းမရဘူး။ ကိုဗစ်ကြောင့် အခက်အခဲတွေ အများကြီးဖြစ်နေကြတယ်။"

ကပ်ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လောက်ကိုင်မြို့မှာ ကိုဗစ်လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ဘယ်လိုကုသမှုပေးနေလဲဆိုတာကို တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ ဇွန်လ ၂၇ရက်၊ မနေ့ကစပြီး ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို အခမဲ့ကုသပေးသွားမှာဖြစ်ပေမဲ့ စားသောက်စရိတ်အတွက် တဉီးကို တရုတ်ငွေ ယွမ် ၁၀၀ နေ့စဉ်ပေးသွင်းရမယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသူအရေအတွက် ပြန်လည်မြင့်တက်နေတာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၇ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ အတည်ပြုလူနာသစ် ၈၀၄ ဉီးနဲ့ သေဆုံးသူ ၇ ဉီး ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကပ်ရောဂါကူးစက်သူတွေ ပြန်များလာနေပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်ကူးစက်မှုကို တတိယလှိုင်းလို့ သတ်မှတ်ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG