သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ိဳးကြဲသစ္ ေသဆုံးမူ ကာကြယ္ေလွ်ာ့ခ်ေရး


အိႏၵိယႏုိင္ငံ Gauhati ၿမိဳ႕မွာ COVID-19 ေရာဂါရိွေနေၾကာင္း စမ္းသပ္မႈရလဒ္ကို ျပသေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံကို ေရာက္ရိွလာတဲ့၊ ျပင္းထန္တဲ့ အိႏၵိယက ကိုဗစ္-19 ဗီဇေျပာင္းမ်ိဳးကြဲသစ္အပါအဝင္၊ အျခားမ်ိဳးကြဲသစ္ေတြေၾကာင့္၊ ေသဆုံးမူေတြမ်ားလာမွာကို က်န္းမာေရးတာဝန္ရွိသူေတြက စိုးရိမ္ေနၾကပါတယ္။

ကိုဗစ္ပိုး မ်ိဳးကြဲသစ္ေတြေၾကာင့္ ေသဆုံးမူမမ်ားေရး၊ အဓိကလုပ္သင့္တာက သံသယလကၡဏာေတြ စေပၚတာနဲ႔၊ ေစာေစာစီးစီး ေဆး႐ုံ၊ ေဆးခန္း၊ ကုသမူဌာန၊ သက္ဆိုင္ရာ က်န္းမာေရးဌာနေတြ ျပဖို႔၊ ဆက္သြယ္ဖို႔ပါ။ အထူးသျဖင့္ ကိုဗစ္ ျဖစ္ပြားမူမ်ားေနတဲ့ ေနရာေတြမွာေနေနၿပီး၊ ျဖစ္ပြားခဲ့သူေတြနဲ႔ ထိေတြ႔ခဲ့သူေတြမွာ၊ သံသယလကၡဏာေတြျဖစ္တဲ့ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ ေမာတာ၊ အနံေပ်ာက္တာ၊ အာေခါင္နာတာစတာေတြ ျဖစ္လာလွ်င္၊ အခ်ိန္မဆိုင္းဘဲ ခ်င္ခ်င္းသြားျပသင့္ပါတယ္။ အေၾကာင္းက မ်ိဳးကြဲသစ္ေတြရဲ႕ ပိုျပင္းထန္မူေၾကာင့္ ႐ုတ္တရက္ အေျခအေန ဆိုးသြားႏိုင္လို႔ပါ။ ယခင္က အသက္႐ွဳရခက္လာခ်ိန္မွာ၊ မျဖစ္မေန ေဆး႐ုံ ေဆးခန္းျပဖို႔ေျပာခဲ့ၾကေပမယ့္၊ အခုေတာ့ အသက္ရွဳဖို႔ ခက္ခဲတဲ့အခ်ိန္အထိ မေစာင့္ဆိုင္းသင့္ေတာ့ပါဘူး။ အေၾကာင္းက အသက္႐ွဳက်ပ္တဲ့အဆင့္ စေရာက္ခ်ိန္မွာ အဆုပ္ေယာင္တာမ်ားသြားၿပီး၊ ေအာက္ဆီဂ်င္ရရွိမူ ႐ုတ္တရက္ က်ဆင္းသြားႏိုင္ကာ ေနာက္က်သြားႏိုင္လို႔ပါ။ ဒါ့အျပင္ အျခားခႏၶာကိုယ္တြင္းအဂၤါေတြလည္း၊ တခ်ိဳ ႔လူေတြမွာ ထိခိုက္ပ်က္စီးသြားႏိုင္ကာ ခ်က္ခ်င္း အေျခအေနဆိုးသြားႏိုင္ပါတယ္။

အခုလို ေစာေစာျပသႏိုင္ျခင္းျဖင့္ အသက္ဆုံး႐ူံးတဲ့အထိ မျဖစ္တာအပါအဝင္ အက်ိဳးေက်းဇူးအမ်ားႀကီး ရႏိုင္ပါတယ္။ ေစာေစာသြားျပျခင္းျဖင့္၊ စစခ်င္း သံသယလူနာအျဖစ္ စစ္ေဆးမူေတြနဲ႔ အႏၲရာယ္ရွိမရွိ ေစာင့္ၾကည့္ စစ္ေဆးမူေတြ (ေအာက္ဆီဂ်င္ပမာဏနဲ႔ အခံေရာဂါ Comorbid ရွိမရွိ) ကို အဆင့္ဆင့္ ဦးစားေပးစနစ္နဲ႔ လုပ္ေပးသြားႏိုင္ပါတယ္။ ကိုဗစ္ပိုးေတြ႕ၿပီး မျပင္းထန္ေသးတဲ့ သာမန္အဆင့္မွာ အနံ႔ေပ်ာက္လူနာေတြကို သီးသန႔္ခြဲထားတဲ့ေနရာေတြမွာ (Quarantine) ခြဲေပးထားၿပီး၊ အေျခအေနကို ဆက္ေစာင့္ၾကည့္ေပးႏိုင္ပါတယ္။

အေျခအေန စိုးရိမ္ရႏိုင္ေျခေပၚလာလွ်င္လဲ၊ ျပင္းထန္အဆင့္ မေရာက္ခင္၊ လိုအပ္တဲ့ ကုသေဆးေတြ (ဥပမာ Dexamethasone နဲ႔ အျခားအေရာင္က်ေဆးေတြ၊ ေအာက္ဆီဂ်င္ စတာေတြ) ေပးကာ၊ ေအာက္ဆီဂ်င္က်တဲ့အဆင့္နဲ႔ အဆုပ္ေရာင္တာအပါအဝင္ အျခားခႏၲာကိုယ္အဂၤါေတြ မထိခိုက္တဲ့အဆင့္ မေရာက္ေအာင္ ႀကိဳတင္ကုသထားေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေစာေစာပိုးေတြ႔ျခင္းျဖင့္၊ ထိေတြ႔ခဲ့သူေတြကို ေစာေစာေနာက္ေၾကာင္းခံလိုက္၊ သီးသန႔္ခြဲ ေစာင့္ၾကည့္ကာကြယ္ေပးတာေတြ လုပ္ႏိုင္ၿပီး၊ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္လည္း အေထာက္အကူျပဳသြားပါတယ္။

လက္ရွိမွာ ကူးစက္ျမန္ ျပင္းထန္တဲ့ ကိုဗစ္မ်ိဳးကြဲသစ္ေတြေၾကာင့္ ကိုဗစ္ တတိယလႈိင္း ျဖစ္မလာေရး ကာကြယ္ထိန္းခ်ဳပ္ကုသမူေတြလုပ္ရာမွာ၊ ေဆးပစၥည္းနဲ႔ က်န္းမာေရးဘတ္ဂ်က္ အေျခခံအားျဖင့္ လုံေလာက္ေနေပမယ့္၊ ေဆးဝန္ထမ္း လူအင္အားအရင္းအျမႇစ္ (HR) အားနည္းေနတဲ့ စိန္ေခၚမူေတာ့ ႀကဳံေနရပါတယ္။ ဒီေနရာမွာ ေဆးဝန္ထမ္း Volunteer ေစတနာဝန္ထမ္းေတြနဲ အလွဴရွင္ေတြရဲ႕ အကူအညီ အေရးတႀကီး လိုအပ္ေနပါတယ္။ အခုလို စိန္ေခၚမူေတြ ရွိေနခ်ိန္မွာ၊ ကူးစက္ခံရသူေတြ ႐ုတ္တရက္ျမင့္တက္လာၿပီး ေဆး႐ုံနဲ႔က်န္းမာေရးစနစ္ မႏိုင္မနင္းျဖစ္ကာ၊ မလိုအပ္တဲ့ ေသဆုံးမူေတြ မ်ားမလာေရးအတြက္၊ ျပည္သူအားလုံးအေနနဲ႔လည္း၊ အခ်ိန္တိုင္း ေနရာတိုင္းမွာ ကိုဗစ္ကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာက်င့္သုံးၾကဖို႔ အေရးႀကီးေနပါၿပီ။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ သင္ယူခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒ ကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုး, ကို ေမးထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့၊ ပြင်းထန်တဲ့ အိန္ဒိယက ကိုဗစ်-19 ဗီဇပြောင်းမျိုးကွဲသစ်အပါအဝင်၊ အခြားမျိုးကွဲသစ်တွေကြောင့်၊ သေဆုံးမူတွေများလာမှာကို ကျန်းမာရေးတာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

ကိုဗစ်ပိုး မျိုးကွဲသစ်တွေကြောင့် သေဆုံးမူမများရေး၊ အဓိကလုပ်သင့်တာက သံသယလက္ခဏာတွေ စပေါ်တာနဲ့၊ စောစောစီးစီး ဆေးရုံ၊ ဆေးခန်း၊ ကုသမူဌာန၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေ ပြဖို့၊ ဆက်သွယ်ဖို့ပါ။ အထူးသဖြင့် ကိုဗစ် ဖြစ်ပွားမူများနေတဲ့ နေရာတွေမှာနေနေပြီး၊ ဖြစ်ပွားခဲ့သူတွေနဲ့ ထိတွေ့ခဲ့သူတွေမှာ၊ သံသယလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာ၊ အနံပျောက်တာ၊ အာခေါင်နာတာစတာတွေ ဖြစ်လာလျှင်၊ အချိန်မဆိုင်းဘဲ ချင်ချင်းသွားပြသင့်ပါတယ်။ အကြောင်းက မျိုးကွဲသစ်တွေရဲ့ ပိုပြင်းထန်မူကြောင့် ရုတ်တရက် အခြေအနေ ဆိုးသွားနိုင်လို့ပါ။ ယခင်က အသက်ရှုရခက်လာချိန်မှာ၊ မဖြစ်မနေ ဆေးရုံ ဆေးခန်းပြဖို့ပြောခဲ့ကြပေမယ့်၊ အခုတော့ အသက်ရှုဖို့ ခက်ခဲတဲ့အချိန်အထိ မစောင့်ဆိုင်းသင့်တော့ပါဘူး။ အကြောင်းက အသက်ရှုကျပ်တဲ့အဆင့် စရောက်ချိန်မှာ အဆုပ်ယောင်တာများသွားပြီး၊ အောက်ဆီဂျင်ရရှိမူ ရုတ်တရက် ကျဆင်းသွားနိုင်ကာ နောက်ကျသွားနိုင်လို့ပါ။ ဒါ့အပြင် အခြားခန္ဓာကိုယ်တွင်းအင်္ဂါတွေလည်း၊ တချို့လူတွေမှာ ထိခိုက်ပျက်စီးသွားနိုင်ကာ ချက်ချင်း အခြေအနေဆိုးသွားနိုင်ပါတယ်။

အခုလို စောစောပြသနိုင်ခြင်းဖြင့် အသက်ဆုံးရူံးတဲ့အထိ မဖြစ်တာအပါအဝင် အကျိုးကျေးဇူးအများကြီး ရနိုင်ပါတယ်။ စောစောသွားပြခြင်းဖြင့်၊ စစချင်း သံသယလူနာအဖြစ် စစ်ဆေးမူတွေနဲ့ အန္တရာယ်ရှိမရှိ စောင့်ကြည့် စစ်ဆေးမူတွေ (အောက်ဆီဂျင်ပမာဏနဲ့ အခံရောဂါ Comorbid ရှိမရှိ) ကို အဆင့်ဆင့် ဦးစားပေးစနစ်နဲ့ လုပ်ပေးသွားနိုင်ပါတယ်။ ကိုဗစ်ပိုးတွေ့ပြီး မပြင်းထန်သေးတဲ့ သာမန်အဆင့်မှာ အနံ့ပျောက်လူနာတွေကို သီးသန့်ခွဲထားတဲ့နေရာတွေမှာ (Quarantine) ခွဲပေးထားပြီး၊ အခြေအနေကို ဆက်စောင့်ကြည့်ပေးနိုင်ပါတယ်။

အခြေအနေ စိုးရိမ်ရနိုင်ခြေပေါ်လာလျှင်လဲ၊ ပြင်းထန်အဆင့် မရောက်ခင်၊ လိုအပ်တဲ့ ကုသဆေးတွေ (ဥပမာ Dexamethasone နဲ့ အခြားအရောင်ကျဆေးတွေ၊ အောက်ဆီဂျင် စတာတွေ) ပေးကာ၊ အောက်ဆီဂျင်ကျတဲ့အဆင့်နဲ့ အဆုပ်ရောင်တာအပါအဝင် အခြားခန္တာကိုယ်အင်္ဂါတွေ မထိခိုက်တဲ့အဆင့် မရောက်အောင် ကြိုတင်ကုသထားပေးနိုင်ပါတယ်။ ဒါ့အပြင် စောစောပိုးတွေ့ခြင်းဖြင့်၊ ထိတွေ့ခဲ့သူတွေကို စောစောနောက်ကြောင်းခံလိုက်၊ သီးသန့်ခွဲ စောင့်ကြည့်ကာကွယ်ပေးတာတွေ လုပ်နိုင်ပြီး၊ ကာကွယ်ထိန်းချုပ်ရေးအတွက်လည်း အထောက်အကူပြုသွားပါတယ်။

လက်ရှိမှာ ကူးစက်မြန် ပြင်းထန်တဲ့ ကိုဗစ်မျိုးကွဲသစ်တွေကြောင့် ကိုဗစ် တတိယလှိုင်း ဖြစ်မလာရေး ကာကွယ်ထိန်းချုပ်ကုသမူတွေလုပ်ရာမှာ၊ ဆေးပစ္စည်းနဲ့ ကျန်းမာရေးဘတ်ဂျက် အခြေခံအားဖြင့် လုံလောက်နေပေမယ့်၊ ဆေးဝန်ထမ်း လူအင်အားအရင်းအမြှစ် (HR) အားနည်းနေတဲ့ စိန်ခေါ်မူတော့ ကြုံနေရပါတယ်။ ဒီနေရာမှာ ဆေးဝန်ထမ်း Volunteer စေတနာဝန်ထမ်းတွေနဲ အလှူရှင်တွေရဲ့ အကူအညီ အရေးတကြီး လိုအပ်နေပါတယ်။ အခုလို စိန်ခေါ်မူတွေ ရှိနေချိန်မှာ၊ ကူးစက်ခံရသူတွေ ရုတ်တရက်မြင့်တက်လာပြီး ဆေးရုံနဲ့ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်ကာ၊ မလိုအပ်တဲ့ သေဆုံးမူတွေ များမလာရေးအတွက်၊ ပြည်သူအားလုံးအနေနဲ့လည်း၊ အချိန်တိုင်း နေရာတိုင်းမှာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာကျင့်သုံးကြဖို့ အရေးကြီးနေပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ သင်ယူခဲ့တဲ့၊ ကူးစက်ရောဂါဗေဒ ကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး, ကို မေးထားပါတယ်။

XS
SM
MD
LG