သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ဗီဇေျပာင္း ပိုးမ်ိဳးကြဲသစ္ေတြ ကာကြယ္ေရး


The cremation of a pregnant woman who died of COVID-19 in Chin State's Cikha town , Myanmar
တိုက္႐ိုက္ လင့္ခ္

အိႏၵိယႏိုင္ငံက ကူးစက္မူျမန္၊ ျပင္းထန္လြန္းတဲ့ ကိုဗစ္-19 ဗီဇေျပာင္းမ်ိဳးကြဲသစ္အပါအဝင္၊ အျခားမ်ိဳးကြဲသစ္ေတြကို ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိလာတာမို႔၊ ပိုကာကြယ္ၾကဖို႔၊ က်န္းမာေရးတာဝန္ရွိသူေတြက အေလးအနက္ သတိေပးေျပာဆိုေနပါတယ္။

တကမာၻလုံးမွာ စိုးရိမ္ထိတ္လန႔္ေနရတဲ့ ကိုဗစ္ပိုး မ်ိဳးကြဲသစ္ေတြ ျမန္မာႏိုင္ငံထဲစဝင္လာခ်ိန္မွာ၊ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရးထဲ ပထမဆုံး အေရးႀကီးဆုံးျဖစ္တဲ့ ကာကြယ္ေရးလုပ္ငန္းေတြက ပိုအေရးပါလာေနပါတယ္။ ပုံမွန္ကာကြယ္ေရးနည္းေတြျဖစ္တဲ့ Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာနဲ႔ လူခ်င္းခပ္ခြာခြာေနတာေတြကို ျပန္ၿပီး ပိုလုပ္ဖို႔ လိုလာတာအျပင္၊ ရႏိုင္တဲ့ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔လည္း ပိုလိုလာပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံထဲ လူဦးေရ ၁.၈ သန္းနီးပါးကို၊ အိႏၵိယထုတ္ AstraZeneca ကုမၸဏီကာကြယ္ေဆး Covishield ထိုးထားၿပီး၊ ထိေရာက္မူ (Efficacy) က၊ အိႏၵိယမ်ိဳးကြဲသစ္ Delta ကို ၅၀% အထက္ကာကြယ္ႏိုင္ကာ၊ ၿဗိတိန္မ်ိဳးကြဲသစ္ Alpha ကိုလည္း ၇၀% ခန႔္ ကာကြယ္ႏိုင္တာကို ေတြ႕ထားပါတယ္။ ဒါ့အျပင္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ အသိအမွတ္ျပဳ တ႐ုတ္ကာကြယ္ေဆး Sinopharm ကိုလည္း၊ အိႏၵိယထုတ္ ကာကြယ္ေဆးေတြ ထပ္မပို႔ႏိုင္ခင္၊ စထိုးေပးေနရာမွာ၊ တတ္ႏိုင္သေလာက္ ပါဝင္ထိုးႏွံသင့္ပါတယ္။

တခ်ိန္ထဲမွာ သိထားၿပီးသား ကိုဗစ္ ကာကြယ္ေရးနည္းေတြကလည္း၊ အခု ကူးစက္ျမန္၊ ျပင္းထန္တဲ့ ပိုးမ်ိဳးကြဲသစ္ေတြအေပၚ အမ်ားႀကီး ထိေရာက္မူ ရွိေနပါတယ္။ ပါးစပ္နဲ႔ ႏွာေခါင္းစည္း Mask ေတြကို ဒီပိုးမ်ိဳးကြဲသစ္ေတြက ေဖာင္းထြင္းကူးစက္ႏိုင္ျခင္း မရွိပါဘူး။ ဒါေပမဲ့ Mask ကိုေတာ့ (၃) လႊာပါတာကိုသာသုံးၿပီး၊ စနစ္တက်လုံေအာင္တပ္ဖို႔၊ အျပင္ဖက္ကို လက္နဲ႔မပြတ္မိဖို႔နဲ႔၊ ေမးမွာခ်ိတ္မထားဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ပိုးဗီဇေျပာင္းေပမယ့္ မ်က္ႏွာျပင္ အဆီလႊာကိုေတာ့ မေျပာင္းတာေၾကာင့္၊ ဆပ္ျပာနဲ႔ စကၠန႔္ (၂၀) ၾကာ အေသအခ်ာေဆးလွ်င္ ဒီပိုးေတြကို ပ်က္စီးကြာက် ကင္းစင္သြားေစပါတယ္။ ဒါ့အျပင္ ပိုးမ်ိဳးကြဲသစ္ကလည္း၊ ပုံမွန္ အသက္႐ူခ်ိန္ (၅) ေပခြဲေလာက္သာ ေရာက္ႏိုင္တာေၾကာင့္၊ Mask တပ္ထားလွ်င္ ပိုေဝးေဝး မေရာက္ႏိုင္ေတာ့တာေၾကာင့္၊ ေခ်ာင္းဆိုးႏွာေခ်းလွ်င္ေတာင္ အလားတူ ကာကြယ္ထားႏိုင္ပါတယ္။ ဒါေၾကာင့္ အျပင္လူေတြနဲ႔ (၆) ေပ အကြာ၊ ခပ္ခြာခြာေနႏိုင္လွ်င္ အေကာင္းဆုံး ကာကြယ္ႏိုင္ပါတယ္။ ဒါ့အျပင္ လူစုလူေဝးလည္း ေရွာင္သင့္ပါတယ္။

အေရးႀကီးတာတစ္ခုက၊ ကိုဗစ္ ကာကြယ္ေဆး ထိုးၿပီးသူေတြအေနနဲ႔လည္း၊ အထက္ပါ ကာကြယ္ေရးနည္းလမ္းေတြကို ဆက္က်င့္သုံးဖို႔ လိုပါတယ္။ အေၾကာင္းက ကာကြယ္ေဆး ထိုးၿပီးသားသူေတြမွာ ၁၀၀% အျပည့္မကာကြယ္ႏိုင္ခ်ိန္မွာ၊ တစုံတရာ ကာကြယ္ႏိုင္တာမို႔၊ ပိုးဝင္လာခဲ့လွ်င္ေတာင္ အသက္အႏၲရာယ္ ထိခိုက္ေလာက္ေအာင္ ျပင္းထန္ဖို႔ အခြင့္အလမ္းနည္းေပမယ့္၊ သူကတဆင့္ အျခား ကာကြယ္ေဆး မထိုးထားသူေတြကိုေတာ့ လြယ္လြယ္ကူးစက္ႏိုင္ေသးလို႔ပါ။ ဒီနည္းနဲ႔ မိသားစုဝင္ေတြ၊ နီးစပ္သူေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို၊ ၾကားခံပိုး သယ္ေဆာင္သူအျဖစ္ (Carrier) ကူးစက္သြားေစႏိုင္ပါေသးတယ္။

ဒါ့အျပင္ အခု အိႏၵိယမ်ိဳးကြဲသစ္ Delta က၊ နဂိုကူးစက္မူျမန္တဲ့ ၿဗိတိန္မ်ိဳးကြဲသစ္ Alpha (မူရင္းပိုးထက္ ၃၀-၅၀% ပိုျမန္) ထက္ပါ၊ ၂ ဆ ထပ္ ပိုျမန္ေနတာေၾကာင့္၊ ပိုၿပီးအထူးသတိျပဳကာကြယ္ဖို႔ အထူးအေရးႀကီးလာေနပါတယ္။ အထူးသျဖင့္ ကူးစက္မူအႏၲရာယ္မ်ားလြန္းတဲ့ အလုံပိတ္အခန္း (Indoor)၊ ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းေတြကို တတ္ႏိုင္လွ်င္ ပိုေရွာင္က်ဥ္ဖို႔၊ မတတ္ႏိုင္လွ်င္ေတာ့ ဒီလိုေနရာမ်ိဳးေတြမွာ Mask တပ္ဖို႔၊ မၾကာခဏလက္ေဆးဖို႔နဲ႔ ခပ္ခြာခြာပါေနဖို႔ေတြကို ပိုအျပည့္အဝ လုပ္ေပးဖို႔ လိုလာပါတယ္။ ျဖစ္ႏိုင္လွ်င္ေတာ့ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာေတြမွာ အဓိက ေနထိုင္လုပ္ကိုင္သင့္ပါတယ္။

ေနာက္အေရးႀကီးတာတစ္ခုက ပိုးမ်ိဳးကြဲသစ္ ကူးစက္ခံရလွ်င္ ပိုအႏၲရာယ္ႀကီး အသက္ဆုံးရႈံးတဲ့အထိ ျဖစ္သြားႏိုင္တဲ့၊ သက္ႀကီးနဲ႔ ေရာဂါအခံရွိသူေတြအတြက္ ကာကြယ္ေရးကို ပိုသတိျပဳလုပ္ေပးဖို႔ပါ။ အေၾကာင္းက အိႏၵိယမ်ိဳးကြဲသစ္က ၿဗိတန္မ်ိဳးကြဲသစ္အပါအဝင္ အျခားမ်ိဳးကြဲသစ္ေတြထက္ အမ်ားႀကီးျပင္းထန္တာကို၊ အိႏၵိယမွာ ဝမ္းနည္းဖြယ္ ျဖစ္ရပ္ေတြက သက္ေသအခိုင္အမာျပထားၿပီးသားမို႔ပါ။ အိမ္မွာသာ အဓိကေနေလ့ရွိၿပီး ကာကြယ္ၿပီးတဲ့သေဘာျဖစ္ေနတဲ့ အိမ္က သက္ႀကီးနဲ႔ ေရာဂါအခံရွိသူေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ အနီးကပ္ အတူစားေသာက္တာမ်ိဳးကို၊ အၿမဲအျပင္ထြက္ အလုပ္လုပ္ရသူေတြအေနနဲ႔ ေရွာင္က်ဥ္ေပးသင့္ပါတယ္။ ဒါ့အျပင္ အျပင္ကျပန္လာခ်ိန္ တပ္ထားခဲ့တဲ့ Mask ကို စနစ္တက် ႀကိဳတင္စြန႔္ပစ္ၿပီး၊ လက္ကိုလည္း စနစ္တက်စင္ေအာင္ ေဆးေၾကာၿပီးမွသာ၊ အိမ္ထဲက အျခားအရာေတြကို ကိုင္တြယ္သင့္ပါတယ္။ သို႔မဟုတ္ပါက အိမ္သားေတြကို ထိမိကိုင္မိရာေတြကေန၊ ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းမ်ိဳးေတြကေန အလြယ္တကူ ကူးစက္သြားေစႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ သင္ယူခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

အိန္ဒိယနိုင်ငံက ကူးစက်မူမြန်၊ ပြင်းထန်လွန်းတဲ့ ကိုဗစ်-19 ဗီဇပြောင်းမျိုးကွဲသစ်အပါအဝင်၊ အခြားမျိုးကွဲသစ်တွေကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိလာတာမို့၊ ပိုကာကွယ်ကြဖို့၊ ကျန်းမာရေးတာဝန်ရှိသူတွေက အလေးအနက် သတိပေးပြောဆိုနေပါတယ်။

တကမ္ဘာလုံးမှာ စိုးရိမ်ထိတ်လန့်နေရတဲ့ ကိုဗစ်ပိုး မျိုးကွဲသစ်တွေ မြန်မာနိုင်ငံထဲစဝင်လာချိန်မှာ၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးထဲ ပထမဆုံး အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေက ပိုအရေးပါလာနေပါတယ်။ ပုံမှန်ကာကွယ်ရေးနည်းတွေဖြစ်တဲ့ Mask ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူချင်းခပ်ခွာခွာနေတာတွေကို ပြန်ပြီး ပိုလုပ်ဖို့ လိုလာတာအပြင်၊ ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့လည်း ပိုလိုလာပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲ လူဦးရေ ၁.၈ သန်းနီးပါးကို၊ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီကာကွယ်ဆေး Covishield ထိုးထားပြီး၊ ထိရောက်မူ (Efficacy) က၊ အိန္ဒိယမျိုးကွဲသစ် Delta ကို ၅၀% အထက်ကာကွယ်နိုင်ကာ၊ ဗြိတိန်မျိုးကွဲသစ် Alpha ကိုလည်း ၇၀% ခန့် ကာကွယ်နိုင်တာကို တွေ့ထားပါတယ်။ ဒါ့အပြင် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တရုတ်ကာကွယ်ဆေး Sinopharm ကိုလည်း၊ အိန္ဒိယထုတ် ကာကွယ်ဆေးတွေ ထပ်မပို့နိုင်ခင်၊ စထိုးပေးနေရာမှာ၊ တတ်နိုင်သလောက် ပါဝင်ထိုးနှံသင့်ပါတယ်။

တချိန်ထဲမှာ သိထားပြီးသား ကိုဗစ် ကာကွယ်ရေးနည်းတွေကလည်း၊ အခု ကူးစက်မြန်၊ ပြင်းထန်တဲ့ ပိုးမျိုးကွဲသစ်တွေအပေါ် အများကြီး ထိရောက်မူ ရှိနေပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း Mask တွေကို ဒီပိုးမျိုးကွဲသစ်တွေက ဖောင်းထွင်းကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ Mask ကိုတော့ (၃) လွှာပါတာကိုသာသုံးပြီး၊ စနစ်တကျလုံအောင်တပ်ဖို့၊ အပြင်ဖက်ကို လက်နဲ့မပွတ်မိဖို့နဲ့၊ မေးမှာချိတ်မထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ပိုးဗီဇပြောင်းပေမယ့် မျက်နှာပြင် အဆီလွှာကိုတော့ မပြောင်းတာကြောင့်၊ ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာ အသေအချာဆေးလျှင် ဒီပိုးတွေကို ပျက်စီးကွာကျ ကင်းစင်သွားစေပါတယ်။ ဒါ့အပြင် ပိုးမျိုးကွဲသစ်ကလည်း၊ ပုံမှန် အသက်ရူချိန် (၅) ပေခွဲလောက်သာ ရောက်နိုင်တာကြောင့်၊ Mask တပ်ထားလျှင် ပိုဝေးဝေး မရောက်နိုင်တော့တာကြောင့်၊ ချောင်းဆိုးနှာချေးလျှင်တောင် အလားတူ ကာကွယ်ထားနိုင်ပါတယ်။ ဒါကြောင့် အပြင်လူတွေနဲ့ (၆) ပေ အကွာ၊ ခပ်ခွာခွာနေနိုင်လျှင် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လူစုလူဝေးလည်း ရှောင်သင့်ပါတယ်။

အရေးကြီးတာတစ်ခုက၊ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသူတွေအနေနဲ့လည်း၊ အထက်ပါ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်ကျင့်သုံးဖို့ လိုပါတယ်။ အကြောင်းက ကာကွယ်ဆေး ထိုးပြီးသားသူတွေမှာ ၁၀၀% အပြည့်မကာကွယ်နိုင်ချိန်မှာ၊ တစုံတရာ ကာကွယ်နိုင်တာမို့၊ ပိုးဝင်လာခဲ့လျှင်တောင် အသက်အန္တရာယ် ထိခိုက်လောက်အောင် ပြင်းထန်ဖို့ အခွင့်အလမ်းနည်းပေမယ့်၊ သူကတဆင့် အခြား ကာကွယ်ဆေး မထိုးထားသူတွေကိုတော့ လွယ်လွယ်ကူးစက်နိုင်သေးလို့ပါ။ ဒီနည်းနဲ့ မိသားစုဝင်တွေ၊ နီးစပ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို၊ ကြားခံပိုး သယ်ဆောင်သူအဖြစ် (Carrier) ကူးစက်သွားစေနိုင်ပါသေးတယ်။

ဒါ့အပြင် အခု အိန္ဒိယမျိုးကွဲသစ် Delta က၊ နဂိုကူးစက်မူမြန်တဲ့ ဗြိတိန်မျိုးကွဲသစ် Alpha (မူရင်းပိုးထက် ၃၀-၅၀% ပိုမြန်) ထက်ပါ၊ ၂ ဆ ထပ် ပိုမြန်နေတာကြောင့်၊ ပိုပြီးအထူးသတိပြုကာကွယ်ဖို့ အထူးအရေးကြီးလာနေပါတယ်။ အထူးသဖြင့် ကူးစက်မူအန္တရာယ်များလွန်းတဲ့ အလုံပိတ်အခန်း (Indoor)၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေကို တတ်နိုင်လျှင် ပိုရှောင်ကျဉ်ဖို့၊ မတတ်နိုင်လျှင်တော့ ဒီလိုနေရာမျိုးတွေမှာ Mask တပ်ဖို့၊ မကြာခဏလက်ဆေးဖို့နဲ့ ခပ်ခွာခွာပါနေဖို့တွေကို ပိုအပြည့်အဝ လုပ်ပေးဖို့ လိုလာပါတယ်။ ဖြစ်နိုင်လျှင်တော့ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ အဓိက နေထိုင်လုပ်ကိုင်သင့်ပါတယ်။

နောက်အရေးကြီးတာတစ်ခုက ပိုးမျိုးကွဲသစ် ကူးစက်ခံရလျှင် ပိုအန္တရာယ်ကြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တဲ့၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေအတွက် ကာကွယ်ရေးကို ပိုသတိပြုလုပ်ပေးဖို့ပါ။ အကြောင်းက အိန္ဒိယမျိုးကွဲသစ်က ဗြိတန်မျိုးကွဲသစ်အပါအဝင် အခြားမျိုးကွဲသစ်တွေထက် အများကြီးပြင်းထန်တာကို၊ အိန္ဒိယမှာ ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေက သက်သေအခိုင်အမာပြထားပြီးသားမို့ပါ။ အိမ်မှာသာ အဓိကနေလေ့ရှိပြီး ကာကွယ်ပြီးတဲ့သဘောဖြစ်နေတဲ့ အိမ်က သက်ကြီးနဲ့ ရောဂါအခံရှိသူတွေနဲ့ မျက်နှာချင်းဆိုင် အနီးကပ် အတူစားသောက်တာမျိုးကို၊ အမြဲအပြင်ထွက် အလုပ်လုပ်ရသူတွေအနေနဲ့ ရှောင်ကျဉ်ပေးသင့်ပါတယ်။ ဒါ့အပြင် အပြင်ကပြန်လာချိန် တပ်ထားခဲ့တဲ့ Mask ကို စနစ်တကျ ကြိုတင်စွန့်ပစ်ပြီး၊ လက်ကိုလည်း စနစ်တကျစင်အောင် ဆေးကြောပြီးမှသာ၊ အိမ်ထဲက အခြားအရာတွေကို ကိုင်တွယ်သင့်ပါတယ်။ သို့မဟုတ်ပါက အိမ်သားတွေကို ထိမိကိုင်မိရာတွေကနေ၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းမျိုးတွေကနေ အလွယ်တကူ ကူးစက်သွားစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ သင်ယူခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG