သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္တတိယလႈိင္း အႏၱရာယ္ ျမန္မာက်န္းမာေရးဝန္ႀကီးဌာန သတိေပး


ရန္ကုန္ ဧရာဝတီကုိဗစ္စင္တာမွာ က်န္းမာေရးဝန္ထမ္းေတြကုိ ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အိႏိၵနယ္စပ္ကေန တေက်ာ့ျပန္ တုိးလာတဲ့ ကုိဗစ္ေရာဂါ ကူးစက္မႈေတြဟာ တတိယလႈိင္းအစအျဖစ္ သတိထားဖုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တာဝန္ရွိသူတဦးက သတိေပးလုိက္ပါတယ္။ အိႏၵိယႏုိင္ငံမွာ စတင္ေတြ႔ရွိခဲ့ရတဲ့ ကူးစက္ျမန္ Delta ပိုးမ်ိဳးကြဲသစ္ေၾကာင့္ တကမာၻလံုးမွာ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာ ျမန္မာႏိုင္ငံမွာလည္း ေမလကုန္မွာ ပိုးသစ္ေတြ႔ႏႈန္း ၅ ရာခုိင္ႏႈန္း ရွိေနရာကေန အခုဆုိရင္ ၁၅ ရာခုိင္ႏႈန္းနား ကပ္လာေနၿပီလုိ႔လည္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏုိင္စုိးက ဗြီအုိေအကုိ ေျပာပါတယ္။ ကူးစက္ျမန္ ပုိးသစ္အႏၱရာယ္ကုိ ထိန္းခ်ဳပ္ႏုိင္ေအာင္ ဘာေတြလုပ္ဖုိ႔ လုိေနပါသလဲ၊ ဘယ္လုိစိန္ေခၚမႈေတြ ရွိေနသလဲ ဆုိတာကုိေတာ့ ေဒါက္တာသန္းႏုိင္စုိးကုိ မေန႔ညက ဆက္သြယ္ေမးျမန္းၿပီး ကုိဝင္းမင္းက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ဒီ ကိုဗစ္တတိယလႈိင္း စတက္လာတာ တရားဝင္လက္ခံလုိက္ရပုံကုိ ကူးစက္ေရာဂါ ကၽြမ္းက်င္သူလည္းျဖစ္တဲ့ ေဒါက္တာသန္းႏုိင္စုိးက အခုလိုေျပာပါတယ္။

“ဒါကေတာ့ အခု ကေ်နာ္တုိ႔က Officially Third Wave လုိ႔ သတ္မွတ္လိုက္ရၿပီေပါ့။ ၿပီးခဲ့တဲ့ တပတ္ေလာက္က စၿပီးေတာ့။ ဘာေၾကာင့္လဲဆုိေတာ့ အစကေတာ့ Cluster of Case ေတြ ေတြ႔ခဲ့တယ္ဆုိေတာ့ က်ေနာ္တုိ႔အေနနဲ႔ ျပန္ၿပီးေတာ့ ပိုးေတြ႔ႏႈန္း က်ဖုိ႔လည္း ေမွ်ာ္လင့္တာေပါ့။ တဖက္ကလည္း ကေ်နာ္တုိ႔ လုပ္ငန္းေတြလည္း ေဆာင္ရြက္ေနတဲ့အခါၾကေတာ့ တဖက္က လုပ္ငန္းေတြလည္း ထိခုိက္မွာ စုိးရိမ္တာေပါ့။ ဒါေပမယ့္လည္း အခုကေတာ့ အေျခအေနအရေတာ့ Third Wave ဆုိၿပီး သတ္မွတ္လိုက္ရတဲ့ အေနအထားေပါ့။”

ကုိဝင္းမင္း - ဘယ္လိုအခ်က္ေတြေၾကာင့္ အခုလို စသတ္မွတ္လုိက္ရတာလဲ။

ေဒါက္တာသန္းႏုိင္စိုး - “Third Wave ရဲ႕အစလုိ႔ ေျပာရမယ္ဆုိရင္ေတာ့ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္၊ က်ီခါးၿမိဳ႕ေပါ့၊ အဲဒီမွာ ျပန္ၿပီးေတာ့ Cluster အလုိက္ ေတြ႔ခဲ့တဲ့ အေနအထားေပါ့။ ၂၇-၅-၂၀၂၁ ေပါ့၊ အရင္တုန္းကဆုိရင္ ေဖေဖာ္ဝါရီ၊ မတ္၊ ဧၿပီမွာလည္း ပိုးေတြ႔ႏႈန္းေတြကလည္း သိပ္မဆုိးဘူးေပါ့။ ၁ ရာခုိင္ႏႈန္း၊ အလြန္ဆုံး တက္လာမွ ၂ ရာခုိင္ႏႈန္း၊ ဒါေပမယ့္ ခုနေျပာတဲ့ ၂၇ ရက္ ၅ လမွာ စၿပီး ပိုးေတြ႔ႏႈန္းက ၅ ရာခုိင္ႏႈန္းအထက္ကုိ ေက်ာ္သြားခဲ့တယ္။ အဲဒါၿပီးေတာ့ ၅ ကေန ၃ တုိ႔ ၄ တို႔ ျပန္က်ေပမယ့္ ၄ ရက္ ၆ လမွာ ပုိးေတြ႔ႏႈန္းသည္ ၁၁ ဒသမ ၉၂ ျဖစ္သြားတယ္။ အဲဒီကေန တခါ ျပန္ၿပီး နည္းနည္းက်သြားတယ္။ ေနာက္ ျပန္တက္လာတယ္။ ၁၃ ရက္ ၆ လမွာ ပိုးေတြ႔ႏႈန္းက ၁၂ ဒသမ ၈၅ ျဖစ္လာတယ္။ ၁၉ ရက္ ၆ လမွာ ၁၀ ရာခုိင္ႏႈန္းအထက္ကုိ တက္သြားတာေပါ့။ အဲဒီကေန တက္လာလုိက္တဲ့ အေနအထားက ၂၅ ရက္ေန႔ ထုတ္ျပန္တဲ့အထဲမွာ ၅,၈၅၄ ေယာက္ စစ္တဲ့အထဲမွာ ၈၅၉ ေယာက္ေတြ႔တယ္။ အဲေတာ့ ပုိးေတြ႔ႏႈန္းက ၁၄ ဒသမ ၆၇ ေပါ့။ ဒီေန႔လည္း ၅,၅၅၅ ေယာက္ေပါ့ စစ္တဲ့အထဲမွာ ၇၈၃ ေယာက္ ေတြ႔ေသးတယ္ဆုိေတာ့ ၁၄ ရာခုိင္ႏႈန္း အထက္မွာပဲ ရွိေသးတယ္။ အဲ့ေတာ့ အရွိန္အဟုန္နဲ႔ တက္လုိ႔ေကာင္းတုန္းဆုိတဲ့ အေနအထားကို ျပေနတာေပါ့။”

ကိုဝင္းမင္း - အဲဒီေတာ့ အခု တတိယလႈိင္းရဲ႕ လက္ရွိအေနအထားကိုေရာ ဘယ္လိုသုံးသပ္မိလဲ ဆရာ။

ေဒါက္တာသန္းႏုိင္စုိး - “အားလုံးေပါ့ ၂၇ ရက္ ၅ လကေနၿပီးေတာ့ ဒီေန႔ ၂၆ ရက္ ၆ လ ည ၈ နာရီ ထုတ္ျပန္ခ်က္အရဆုိရင္ Test ေပါင္းကေတာ့ ၉၂,၂၇၇ စစ္ၿပီးၿပီ။ Positive ေပါင္းကလည္း ၉,၀၀၀ ေက်ာ္ဆုိေတာ့ ဒီ Third Wave ကလည္း အရွိန္အဟုန္နဲ႔ ကိန္းဂဏန္းအရေရာ Positive Rate အရေရာ လူ တသိန္းေလာက္ စစ္ၿပီးတဲ့အခါမွာ တေသာင္းေလာက္ေတြ႔ၿပီး ၁၀ ရာခုိင္ႏႈန္းအထက္မွာရွိတယ္။ ေနာက္ဆုံးေတြ႔တဲ့ အေနအထားကလည္း ၁၄ ရာခုိင္ႏႈန္း အထက္မွာဆိုေတာ့ ဒါ ေတာ္ေတာ္ႀကီးကို ျမင့္မားေနတဲ့ အေနအထားေပါ့။”

ကိုဝင္းမင္း - ပိုးေတြ႔တဲ့ ေနရာေတြအရ ဆုိရင္ေရာ က်ယ္ျပန္႔မႈအေနအထားက။

ေဒါက္တာသန္းႏုိင္စုိး - “ဒီေန႔ထြက္တဲ့ Data ေပါ့ မေန႔ကဆုိ ၈၅၉ ေယာက္ကို Breakdown ခ်ေပးထားတာေပါ့။ ျပည္နယ္ တုိင္းေဒသႀကီး ၁၂ ကေနၿပီးေတာ့ ၿမိဳ႕နယ္ေပါင္း ၁၀၂ ခုကေနၿပီးေတာ့ ပုိးေတြ႔လူနာေပါင္း ၈၅၉ ေယာက္ရွိတဲ့ အေနအထားေပါ့။ အဲဒီေတာ့ ပထမဆုံးေတြ႔ခဲ့တဲ့ တြန္းဇံ၊ က်ီခါးနဲ႔ တမူးေပါ့ စေတြ႔တာ ႏွစ္ေနရာေပါ့၊ ဒီ Third Wave ရဲ႕ အစေပါ့။ အခု ျပည္နယ္ တိုင္းေဒသႀကီး ၁၂ ခု၊ ၿမိဳ႕နယ္ေပါင္း ၁၀၂ ခုအထိ ေရာက္သြားတဲ့ အေနအထားေပါ့။ အဲဒီေတာ့ ဒီ Third Wave ရဲ႕အစက ျပင္းျပင္းထန္ထန္နဲ႔ ျဖစ္လာႏုိင္တဲ့ အေနအထားကို က်ေနာ္တုိ႔ ရင္ဆုိင္ေနရၿပီ ဆုိတာကုိ တင္ျပလိုပါတယ္။”

ကုိဝင္းမင္း - အဲဒီေတာ့ အရင္ ရခုိင္ကစခဲ့တဲ့ ဒုတိယလႈိင္းနဲ႔ ယွဥ္လုိက္ရင္ အခု တတိယလႈိင္းက ဘယ္လုိအေနအထားကို ေရာက္ေနတယ္လို႔ သုံးသပ္ႏုိင္မလဲ။

ေဒါက္တာသန္းႏုိင္စိုး - “ပုံစံကေတာ့ ဒုတိယလႈိင္းပုံစံနဲ႔ ဆင္တာေပါ့။ ဒုတိယလႈိင္းတုန္းကလည္း ၾသဂုတ္ ၁၈ ရက္ေလာက္မွာ ျဖစ္ၿပီးေတာ့ ၉ လပုိင္း၊ ၁၀ လပုိင္းမွာ တက္လာတယ္။ သိသိသာသာတက္လာၿပီး က်ေနာ္တုိ႔ ေတာ္ေတာ္ေလးကုိ ခံလုိက္ရတာေပါ့။ အဲဒီလို ဒုတိယလႈိင္းတုန္းက ရခဲ့တဲ့ အေတြ႔အႀကဳံေတြကို အေျခခံၿပီး ၾကည့္ရင္ ဒါသည္လည္း ျပင္းထန္တဲ့လႈိင္းတလႈိင္း ျဖစ္လာႏုိင္တဲ့ အေနအထားမွာရွိတယ္။ ဒါေၾကာင့္မုိ႔ အခုအခ်ိန္ သူ စတက္ေနတဲ့ အခ်ိန္ကတည္းက ဦးခ်ဳိးဖို႔ လုိတာေပါ့။ Epidemiology စကားလုံးအရေတာ့ အဖူးေလး အငုံေလးဘဝမွာ ခ်ဳိးလုိက္ရင္ ဒီအပင္ႀကီးက ႀကီးမလာေတာ့ဘူးေပါ့။ ဒါကို က်ေနာ္တို႔က ေနရာတုိင္းမွာ ေရာဂါကြင္းဆက္ ျပတ္ေတာက္ၿပီးေတာ့ ကူးစက္မႈေတြ ေလ်ာ့က်သြားဖုိ႔ ဦးစားေပးၿပီး ေဆာင္ရြက္ရတာေပါ့။”

ကိုဝင္းမင္း - ဒီေနရာမွာ တတိယလႈိင္းကုိ ရင္ဆုိင္ ေက်ာ္လႊားႏုိင္ဖို႔ ဘယ္လို အားသာခ်က္ေတြနဲ႔ စိန္ေခၚခ်က္ေတြကို ႀကံဳေနရလဲ။

ေဒါက္တာသန္းႏုိင္စုိး - “ဒုတိယလႈိင္းတုန္းက ေလ့လာ သင္ၾကားခဲ့ရတာေတြ ျပန္ၿပီးေတာ့ အသုံးခ်ႏိုင္တဲ့ အခ်က္ကေတာ့ က်ေနာ္တို႔ရဲ႕ အားသာခ်က္ေပါ့။ ဒုတိယလႈိင္းတုန္းကရွိတဲ့ ကာကြယ္ေရးပစၥည္းေတြ Test Kit ေတြေပ့ါ ဒီဟာေတြကလည္း ေတာ္ေတာ္ လုံလုံေလာက္ေလာက္ရွိတဲ့ အေနအထားေပါ့။ ဒါေပမယ့္ တဖက္မွာ HR ပုိင္း ဒီဟာေတာ့ Challenges ရွိတယ္။ ဒီဟာလည္း ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ဖို႔ ႀကိဳးစားတယ္။ တခ်ဳိ႕ ညီအစ္ကို ေမာင္ႏွမေတြလည္း ျပန္ဝင္လာတာ ရွိတယ္ေပါ့။ ေနာက္ ပုဂၢလိက က်န္းမာေရးအသင္းေတြ၊ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း၊ ျမန္မာႏုိင္ငံ က်န္းမာေရးမွဴးအသင္း၊ ဒီလိုမ်ဳိး အသင္းအဖြဲ႔ေတြ၊ ေနာက္တခုက က်န္းမာေရးဆုိင္ရာ လူမႈေရးအသင္းအဖြဲ႔ေတြ ဒီဟာေတြ ဝုိင္းဝန္းေဆာင္ရြက္မယ္ဆုိရင္၊ Quarantine ကိစၥေတြ၊ Transport ကိစၥေတြ၊ Referal ကိစၥေတြ အဆင္ေျပသြားမယ္ဆိုရင္ ေစာေစာ လူနာကုိ ေဆး႐ုံေရာက္ေအာင္ ပို႔ေဆာင္ႏုိင္တဲ့ အပိုင္းေတြ၊ တဖက္က Quarantine စင္တာေတြမွာ ကူညီပံ့ပိုးၿပီး ထိန္းသိမ္းေစာင့္ေရွာက္ေပးတဲ့ အပုိင္းေတြ ဒါေတြ ေကာင္းလာမယ္ဆုိရင္လည္း ေရာဂါ ကြင္းဆက္ေတြကို ျဖတ္ေတာက္ႏုိင္မွာေပါ့။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာသန္းႏုိင္စုိးခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်တတိယလှိုင်း အန္တရာယ် မြန်မာကျန်းမာရေးဝန်ကြီးဌာန သတိပေး

မြန်မာနိုင်ငံမှာ အိန္ဒိနယ်စပ်ကနေ တကျော့ပြန် တိုးလာတဲ့ ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ တတိယလှိုင်းအစအဖြစ် သတိထားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတဦးက သတိပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ ကူးစက်မြန် Delta ပိုးမျိုးကွဲသစ်ကြောင့် တကမ္ဘာလုံးမှာ ကူးစက်မှုတွေ တိုးလာနေချိန်မှာ မြန်မာနိုင်ငံမှာလည်း မေလကုန်မှာ ပိုးသစ်တွေ့နှုန်း ၅ ရာခိုင်နှုန်း ရှိနေရာကနေ အခုဆိုရင် ၁၅ ရာခိုင်နှုန်းနား ကပ်လာနေပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။ ကူးစက်မြန် ပိုးသစ်အန္တရာယ်ကို ထိန်းချုပ်နိုင်အောင် ဘာတွေလုပ်ဖို့ လိုနေပါသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတာကိုတော့ ဒေါက်တာသန်းနိုင်စိုးကို မနေ့ညက ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒီ ကိုဗစ်တတိယလှိုင်း စတက်လာတာ တရားဝင်လက်ခံလိုက်ရပုံကို ကူးစက်ရောဂါ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။

“ဒါကတော့ အခု ကျေနာ်တို့က Officially Third Wave လို့ သတ်မှတ်လိုက်ရပြီပေါ့။ ပြီးခဲ့တဲ့ တပတ်လောက်က စပြီးတော့။ ဘာကြောင့်လဲဆိုတော့ အစကတော့ Cluster of Case တွေ တွေ့ခဲ့တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ပြန်ပြီးတော့ ပိုးတွေ့နှုန်း ကျဖို့လည်း မျှော်လင့်တာပေါ့။ တဖက်ကလည်း ကျေနာ်တို့ လုပ်ငန်းတွေလည်း ဆောင်ရွက်နေတဲ့အခါကြတော့ တဖက်က လုပ်ငန်းတွေလည်း ထိခိုက်မှာ စိုးရိမ်တာပေါ့။ ဒါပေမယ့်လည်း အခုကတော့ အခြေအနေအရတော့ Third Wave ဆိုပြီး သတ်မှတ်လိုက်ရတဲ့ အနေအထားပေါ့။”

ကိုဝင်းမင်း - ဘယ်လိုအချက်တွေကြောင့် အခုလို စသတ်မှတ်လိုက်ရတာလဲ။

ဒေါက်တာသန်းနိုင်စိုး - “Third Wave ရဲ့အစလို့ ပြောရမယ်ဆိုရင်တော့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ပေါ့၊ အဲဒီမှာ ပြန်ပြီးတော့ Cluster အလိုက် တွေ့ခဲ့တဲ့ အနေအထားပေါ့။ ၂၇-၅-၂၀၂၁ ပေါ့၊ အရင်တုန်းကဆိုရင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာလည်း ပိုးတွေ့နှုန်းတွေကလည်း သိပ်မဆိုးဘူးပေါ့။ ၁ ရာခိုင်နှုန်း၊ အလွန်ဆုံး တက်လာမှ ၂ ရာခိုင်နှုန်း၊ ဒါပေမယ့် ခုနပြောတဲ့ ၂၇ ရက် ၅ လမှာ စပြီး ပိုးတွေ့နှုန်းက ၅ ရာခိုင်နှုန်းအထက်ကို ကျော်သွားခဲ့တယ်။ အဲဒါပြီးတော့ ၅ ကနေ ၃ တို့ ၄ တို့ ပြန်ကျပေမယ့် ၄ ရက် ၆ လမှာ ပိုးတွေ့နှုန်းသည် ၁၁ ဒသမ ၉၂ ဖြစ်သွားတယ်။ အဲဒီကနေ တခါ ပြန်ပြီး နည်းနည်းကျသွားတယ်။ နောက် ပြန်တက်လာတယ်။ ၁၃ ရက် ၆ လမှာ ပိုးတွေ့နှုန်းက ၁၂ ဒသမ ၈၅ ဖြစ်လာတယ်။ ၁၉ ရက် ၆ လမှာ ၁၀ ရာခိုင်နှုန်းအထက်ကို တက်သွားတာပေါ့။ အဲဒီကနေ တက်လာလိုက်တဲ့ အနေအထားက ၂၅ ရက်နေ့ ထုတ်ပြန်တဲ့အထဲမှာ ၅,၈၅၄ ယောက် စစ်တဲ့အထဲမှာ ၈၅၉ ယောက်တွေ့တယ်။ အဲတော့ ပိုးတွေ့နှုန်းက ၁၄ ဒသမ ၆၇ ပေါ့။ ဒီနေ့လည်း ၅,၅၅၅ ယောက်ပေါ့ စစ်တဲ့အထဲမှာ ၇၈၃ ယောက် တွေ့သေးတယ်ဆိုတော့ ၁၄ ရာခိုင်နှုန်း အထက်မှာပဲ ရှိသေးတယ်။ အဲ့တော့ အရှိန်အဟုန်နဲ့ တက်လို့ကောင်းတုန်းဆိုတဲ့ အနေအထားကို ပြနေတာပေါ့။”

ကိုဝင်းမင်း - အဲဒီတော့ အခု တတိယလှိုင်းရဲ့ လက်ရှိအနေအထားကိုရော ဘယ်လိုသုံးသပ်မိလဲ ဆရာ။

ဒေါက်တာသန်းနိုင်စိုး - “အားလုံးပေါ့ ၂၇ ရက် ၅ လကနေပြီးတော့ ဒီနေ့ ၂၆ ရက် ၆ လ ည ၈ နာရီ ထုတ်ပြန်ချက်အရဆိုရင် Test ပေါင်းကတော့ ၉၂,၂၇၇ စစ်ပြီးပြီ။ Positive ပေါင်းကလည်း ၉,၀၀၀ ကျော်ဆိုတော့ ဒီ Third Wave ကလည်း အရှိန်အဟုန်နဲ့ ကိန်းဂဏန်းအရရော Positive Rate အရရော လူ တသိန်းလောက် စစ်ပြီးတဲ့အခါမှာ တသောင်းလောက်တွေ့ပြီး ၁၀ ရာခိုင်နှုန်းအထက်မှာရှိတယ်။ နောက်ဆုံးတွေ့တဲ့ အနေအထားကလည်း ၁၄ ရာခိုင်နှုန်း အထက်မှာဆိုတော့ ဒါ တော်တော်ကြီးကို မြင့်မားနေတဲ့ အနေအထားပေါ့။”

ကိုဝင်းမင်း - ပိုးတွေ့တဲ့ နေရာတွေအရ ဆိုရင်ရော ကျယ်ပြန့်မှုအနေအထားက။

ဒေါက်တာသန်းနိုင်စိုး - “ဒီနေ့ထွက်တဲ့ Data ပေါ့ မနေ့ကဆို ၈၅၉ ယောက်ကို Breakdown ချပေးထားတာပေါ့။ ပြည်နယ် တိုင်းဒေသကြီး ၁၂ ကနေပြီးတော့ မြို့နယ်ပေါင်း ၁၀၂ ခုကနေပြီးတော့ ပိုးတွေ့လူနာပေါင်း ၈၅၉ ယောက်ရှိတဲ့ အနေအထားပေါ့။ အဲဒီတော့ ပထမဆုံးတွေ့ခဲ့တဲ့ တွန်းဇံ၊ ကျီခါးနဲ့ တမူးပေါ့ စတွေ့တာ နှစ်နေရာပေါ့၊ ဒီ Third Wave ရဲ့ အစပေါ့။ အခု ပြည်နယ် တိုင်းဒေသကြီး ၁၂ ခု၊ မြို့နယ်ပေါင်း ၁၀၂ ခုအထိ ရောက်သွားတဲ့ အနေအထားပေါ့။ အဲဒီတော့ ဒီ Third Wave ရဲ့အစက ပြင်းပြင်းထန်ထန်နဲ့ ဖြစ်လာနိုင်တဲ့ အနေအထားကို ကျနော်တို့ ရင်ဆိုင်နေရပြီ ဆိုတာကို တင်ပြလိုပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အရင် ရခိုင်ကစခဲ့တဲ့ ဒုတိယလှိုင်းနဲ့ ယှဉ်လိုက်ရင် အခု တတိယလှိုင်းက ဘယ်လိုအနေအထားကို ရောက်နေတယ်လို့ သုံးသပ်နိုင်မလဲ။

ဒေါက်တာသန်းနိုင်စိုး - “ပုံစံကတော့ ဒုတိယလှိုင်းပုံစံနဲ့ ဆင်တာပေါ့။ ဒုတိယလှိုင်းတုန်းကလည်း သြဂုတ် ၁၈ ရက်လောက်မှာ ဖြစ်ပြီးတော့ ၉ လပိုင်း၊ ၁၀ လပိုင်းမှာ တက်လာတယ်။ သိသိသာသာတက်လာပြီး ကျနော်တို့ တော်တော်လေးကို ခံလိုက်ရတာပေါ့။ အဲဒီလို ဒုတိယလှိုင်းတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကြည့်ရင် ဒါသည်လည်း ပြင်းထန်တဲ့လှိုင်းတလှိုင်း ဖြစ်လာနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့်မို့ အခုအချိန် သူ စတက်နေတဲ့ အချိန်ကတည်းက ဦးချိုးဖို့ လိုတာပေါ့။ Epidemiology စကားလုံးအရတော့ အဖူးလေး အငုံလေးဘဝမှာ ချိုးလိုက်ရင် ဒီအပင်ကြီးက ကြီးမလာတော့ဘူးပေါ့။ ဒါကို ကျနော်တို့က နေရာတိုင်းမှာ ရောဂါကွင်းဆက် ပြတ်တောက်ပြီးတော့ ကူးစက်မှုတွေ လျော့ကျသွားဖို့ ဦးစားပေးပြီး ဆောင်ရွက်ရတာပေါ့။”

ကိုဝင်းမင်း - ဒီနေရာမှာ တတိယလှိုင်းကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ဘယ်လို အားသာချက်တွေနဲ့ စိန်ခေါ်ချက်တွေကို ကြုံနေရလဲ။

ဒေါက်တာသန်းနိုင်စိုး - “ဒုတိယလှိုင်းတုန်းက လေ့လာ သင်ကြားခဲ့ရတာတွေ ပြန်ပြီးတော့ အသုံးချနိုင်တဲ့ အချက်ကတော့ ကျနော်တို့ရဲ့ အားသာချက်ပေါ့။ ဒုတိယလှိုင်းတုန်းကရှိတဲ့ ကာကွယ်ရေးပစ္စည်းတွေ Test Kit တွေပေ့ါ ဒီဟာတွေကလည်း တော်တော် လုံလုံလောက်လောက်ရှိတဲ့ အနေအထားပေါ့။ ဒါပေမယ့် တဖက်မှာ HR ပိုင်း ဒီဟာတော့ Challenges ရှိတယ်။ ဒီဟာလည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ကြိုးစားတယ်။ တချို့ ညီအစ်ကို မောင်နှမတွေလည်း ပြန်ဝင်လာတာ ရှိတယ်ပေါ့။ နောက် ပုဂ္ဂလိက ကျန်းမာရေးအသင်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ ဒီလိုမျိုး အသင်းအဖွဲ့တွေ၊ နောက်တခုက ကျန်းမာရေးဆိုင်ရာ လူမှုရေးအသင်းအဖွဲ့တွေ ဒီဟာတွေ ဝိုင်းဝန်းဆောင်ရွက်မယ်ဆိုရင်၊ Quarantine ကိစ္စတွေ၊ Transport ကိစ္စတွေ၊ Referal ကိစ္စတွေ အဆင်ပြေသွားမယ်ဆိုရင် စောစော လူနာကို ဆေးရုံရောက်အောင် ပို့ဆောင်နိုင်တဲ့ အပိုင်းတွေ၊ တဖက်က Quarantine စင်တာတွေမှာ ကူညီပံ့ပိုးပြီး ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အပိုင်းတွေ ဒါတွေ ကောင်းလာမယ်ဆိုရင်လည်း ရောဂါ ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မှာပေါ့။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာသန်းနိုင်စိုးခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG