သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဓါတ္ခဲြအတည္ျပဳလူနာ ခ်င္းျပည္နယ္အမ်ားဆံုးျဖစ္ေန


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)/ (ဧရာကိုဗစ္စင္တာ-ရန္ကုန္)အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဇန္နဝါရီ ၂၁၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ဂၽြန္လ ၂၀ ရက္ေန႔စစ္ေဆးခ်က္ေတြအရ ကို႐ိုနာဗုိင္းရပ္စ္ပိုးကူးခံထားရသူ ၄၀၇ ဦးရွိေၾကာင္း ျမန္မာအားကစားနဲ႔ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့စေနေန႔တုန္းကေတာ့ ပိုးကူးခံထားရသူ (၅၄၆)ဦးထိ ရွိခဲ့တာပါ။ ဒါဟာ စစ္အာဏာသိမ္းမႈေနာက္ပိုင္း တရက္အတြင္း ဓါတ္ခဲြအတည္ျပဳလူနာအမ်ားဆုံးစာရင္းလည္းျဖစ္ပါတယ္။

မေန႔က ဓါတ္ခဲြအတည္ျပဳလူနာ ၄ ရာေက်ာ္ထဲမွာ ခ်င္းျပည္နယ္ အမ်ားစုျဖစ္ၿပီး ၁၁၈ ဦးရွိပါတယ္။ စစ္ကုိင္းတုိင္း၊ မြန္ျပည္နယ္၊ ရန္ကုန္တိုင္း၊ မႏၱေလးတုိင္း၊ တနသၤာရီတုိင္းတဲ႔ ရွမ္းျပည္နယ္မွာလည္း ပုိးကူးလူနာေတြေတြ႔ေနရပါတယ္။ ေသဆုံးသူလည္းေန႔စဥ္လိုရွိေနပါတယ္။ လက္ရွိခိ်န္ထိ ျမန္မာႏုိင္ငံမွာ ပိုးစစ္ေဆးမႈေပါင္း ၂၆ သိန္း ၇ ေသာင္းေက်ာ္လုပ္ခဲ့ၿပီး ပိုးေတြ႔သူစုစုေပါင္းက ၁ သိန္းခြဲနီးပါးရွိပါတယ္။ ကိုဗစ္ေရာဂါနဲ႔ဆက္စပ္ၿပီး ေသဆုံးသူစုစုေပါင္းကေတာ့ ၃ ေထာင့္၂ ရာေက်ာ္ရွိသလို ျပန္လည္သက္သာ ေပ်ာက္ကင္းသြားတ့ဲသူက ၁သိန္း ၃ ေသာင္းေက်ာ္ရွိတယ္လို႔လည္းေဖာ္ျပထားပါတယ္။

ေဆးရံုေတြနဲ႕ က်န္းမာေရးဌာနအသီးသီးက ဆရာ၀န္ေတြ သူနာျပဳေတြနဲ႔ က်န္းမာေရးလုပ္သားေတြက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ CDM အလုပ္မဆင္းအာဏာဖီဆန္ေရးလုပ္ခဲ့တာေတြေၾကာင့္ အခုအခ်ိန္အထိ ေဆးရံုေတြနဲ႔ က်န္းမာေရးဌာနေတြ ေကာင္းေကာင္းမလည္ပတ္ႏိ္ုင္ေသးပါဘူး။ ကိုဗစ္ဓါတ္ခဲြစစ္ေဆးမႈေတြလည္း အားနည္းေနတုန္းပါ။

ျမန္မာ့အိမ္နီးခ်င္း ထုိင္းနဲ႔ အိႏၵိယႏုိင္ငံက ပိုးကူးစက္မႈေတြေၾကာင့္ ျမန္မာႏုိင္ငံထဲမွာလည္း ကပ္ေရာဂါျပင္းထန္လာႏုိင္တဲ့အေပၚ စိုးရိမ္ခ်က္ေတြျမင့္တက္ေနပါတယ္။ မ်ိဳးဗီဇေျပာင္း ကိုဗစ္ပိုးေတြ ႏုိင္ငံေဒသတခ်ိဳ႔မွာ ေတြ႔ေနရတဲ့သလို ပိုးကူးစက္မႈ ျမန္ဆန္လာတဲ့အတြြက္ အေတာ္စိုးရိမ္စရာေကာင္းတဲ့အေျခအေနျဖစ္ေနၿပီလို႔ အျပည္ျပည္ဆုိင္ရာ ၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႔ ရဲ ႔ျမန္မာႏုိင္ငံအႀကီးအကဲ Joy Singhal ကေျပာပါတယ္။ ျမန္မာ့က်န္းမာေရးစနစ္တခုလုံး ေကာင္းေကာင္းမလည္ပတ္ႏုိင္ေသးတဲ့အတြက္ အေရွ႔ေတာင္အာရွႏုိင္ငံတခ်ိဳ ႔မွာ ႀကဳံေနရတဲ့အျဖစ္ဆိုးမ်ိဳးေတြေပၚေပါက္မလာေအာင္ ကုသေရးနဲ႔ ပိုးစစ္ေဆးမႈမတြ ၀ိုင္းလုပ္ဖို႔လိုတယ္လို႔လည္း မစၥတာ Singhal ကေ the Guradian သတင္းစာႀကီးကိုေျပာဆိုခဲ့ပါတယ္။

....................................................................................

ကိုဗစ်ဓါတ်ခွဲအတည်ပြုလူနာ ချင်းပြည်နယ်အများဆုံးဖြစ်နေ

(Unicode)

မြန်မာနိုင်ငံမှာ ဂျွန်လ ၂၀ ရက်နေ့စစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားရသူ ၄၀၇ ဦးရှိကြောင်း မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့တုန်းကတော့ ပိုးကူးခံထားရသူ (၅၄၆)ဦးထိ ရှိခဲ့တာပါ။ ဒါဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရက်အတွင်း ဓါတ်ခွဲအတည်ပြုလူနာအများဆုံးစာရင်းလည်းဖြစ်ပါတယ်။

မနေ့က ဓါတ်ခွဲအတည်ပြုလူနာ ၄ ရာကျော်ထဲမှာ ချင်းပြည်နယ် အများစုဖြစ်ပြီး ၁၁၈ ဦးရှိပါတယ်။ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတဲ့ ရှမ်းပြည်နယ်မှာလည်း ပိုးကူးလူနာတွေတွေ့နေရပါတယ်။ သေဆုံးသူလည်းနေ့စဉ်လိုရှိနေပါတယ်။ လက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ ပိုးစစ်ဆေးမှုပေါင်း ၂၆ သိန်း ၇ သောင်းကျော်လုပ်ခဲ့ပြီး ပိုးတွေ့သူစုစုပေါင်းက ၁ သိန်းခွဲနီးပါးရှိပါတယ်။ ကိုဗစ်ရောဂါနဲ့ဆက်စပ်ပြီး သေဆုံးသူစုစုပေါင်းကတော့ ၃ ထောင့်၂ ရာကျော်ရှိသလို ပြန်လည်သက်သာ ပျောက်ကင်းသွားတဲ့သူက ၁သိန်း ၃ သောင်းကျော်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။

ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနအသီးသီးက ဆရာဝန်တွေ သူနာပြုတွေနဲ့ ကျန်းမာရေးလုပ်သားတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM အလုပ်မဆင်းအာဏာဖီဆန်ရေးလုပ်ခဲ့တာတွေကြောင့် အခုအချိန်အထိ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေ ကောင်းကောင်းမလည်ပတ်နိုင်သေးပါဘူး။ ကိုဗစ်ဓါတ်ခွဲစစ်ဆေးမှုတွေလည်း အားနည်းနေတုန်းပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံက ပိုးကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံထဲမှာလည်း ကပ်ရောဂါပြင်းထန်လာနိုင်တဲ့အပေါ် စိုးရိမ်ချက်တွေမြင့်တက်နေပါတယ်။ မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ နိုင်ငံဒေသတချို့မှာ တွေ့နေရတဲ့သလို ပိုးကူးစက်မှု မြန်ဆန်လာတဲ့အတွက် အတော်စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ ရဲ့မြန်မာနိုင်ငံအကြီးအကဲ Joy Singhal ကပြောပါတယ်။ မြန်မာ့ကျန်းမာရေးစနစ်တခုလုံး ကောင်းကောင်းမလည်ပတ်နိုင်သေးတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတချို့မှာ ကြုံနေရတဲ့အဖြစ်ဆိုးမျိုးတွေပေါ်ပေါက်မလာအောင် ကုသရေးနဲ့ ပိုးစစ်ဆေးမှုမတွ ဝိုင်းလုပ်ဖို့လိုတယ်လို့လည်း မစ္စတာ Singhal ကေ the Guradian သတင်းစာကြီးကိုပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG