သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ကာကြယ္ေဆးထိုးေပးဖို႔ ႐ိုဟင္ဂ်ာေခါင္းေဆာင္တဦးေတာင္းဆို


အကူညီေပးေရးအဖြဲ ့ေတြက ရိုဟင္ဂ်ာအိမ္ယာေတြကို ျပန္လည္တည္ေဆာက္ေပးေနစဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ကမာၻ႔အႀကီးဆံုး ဒုကၡသည္စခန္းထဲက ရိုဟင္ဂ်ာေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးဖို႔ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေခါင္းေဆာင္တဦးက ေတာင္းဆိုလိုက္ပါတယ္။
ဇြန္လ ၂၀ ရက္ လာမယ့္ တနဂၤေႏြေန႔မွာ က်ေရာက္မယ့္ ကမာၻ႔ဒုကၡသည္မ်ားေန႔မတိုင္ခင္မွာ Cox’s Bazar ၿမိဳ.ရွိ ဒုကၡသည္စခန္းတစ္ခုက ရိုဟင္ဂ်ာေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Mohammad Mahbubullah က -

“က်ေနာ္တို႔အေနနဲ႔ ျမန္ႏိုင္သမွ်ျမန္ျမန္ ကာကြယ္ေဆးထိုးဖို႔ လိုပါတယ္၊ ဒါမွ Lockdown အသြားအလာပိတ္ထားတာကို ယုတ္လို႔ရမွာေလ။ ႏိုင္ငံတကာအကူအညီေတြ ရဖို႔လိုေနပါတယ္။ Lockdown ခ်ထားတာေၾကာင့္ NGO ေစတနာ့ဝန္ထမ္းေတြေရာ၊ ႏိုင္ငံတကာအလွဴရွင္ေတြပါ စခန္းေတြထဲ လာလို႔မရဘူးျဖစ္ေနပါတယ္။ ဒါေၾကာင့္ လူတိုင္းကာကြယ္ေဆးရၿပီးရင္ အားလံုး လြတ္လြတ္လပ္လပ္သြားလာႏိုင္ၿပီေပါ့ေနာ္။ ဒီ Lockdown ေၾကာင့္ က်ေနာ္တို႔ ရပ္ရြာတြင္းလုပ္ငန္းေတြေတာင္ ရပ္ဆိုင္းထားရၿပီး ျပႆနာအမ်ားႀကီးကို တက္ေနပါတယ္” လို႔ေျပာပါတယ္။

တကယ္ေတာ့ ဘဂၤလားေဒ့ရွ္က ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ကိုဗစ္-19 ပိုး ေတြ႔ခဲ့တာေၾကာင့္ ေမလ ၂၁ ရက္ေန႔ကစၿပီး Lockdown ခ် အသြားအလာပိတ္ထားတာပါ။
လက္ရွိစခန္းထဲမွာ ကိုဗစ္ပိုးစစ္ေဆးမူေတြလည္း လုပ္ေပးေနရာမွာ တေန႔ကို ပ်မ္းမွ်လူနာ ၂၀ ကေန ၃၀ ပဲေတြ႔တာေၾကာင့္ လူျပည့္က်ပ္ေနတဲ့စခန္းမွာ စိုးရိမ္ရသေလာက္အမ်ားႀကီးမကူးစက္ေသးဘဲ အခုခ်ိန္ထိ စုစုေပါင္း ၁,၄၅၁ ဦးမွာသာ ပိုးေတြ႔ထားတယ္လို႔ Cox’s Bazar ဒုကၡသည္စခန္းက ဆရာဝန္ကဆိုပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရိုဟင်ဂျာခေါင်းဆောင်တဦးတောင်းဆို

(Unicode)

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ခေါင်းဆောင်တဦးက တောင်းဆိုလိုက်ပါတယ်။
ဇွန်လ ၂၀ ရက် လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်ခင်မှာ Cox’s Bazar မြို.ရှိ ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mohammad Mahbubullah က -

“ကျနော်တို့အနေနဲ့ မြန်နိုင်သမျှမြန်မြန် ကာကွယ်ဆေးထိုးဖို့ လိုပါတယ်၊ ဒါမှ Lockdown အသွားအလာပိတ်ထားတာကို ယုတ်လို့ရမှာလေ။ နိုင်ငံတကာအကူအညီတွေ ရဖို့လိုနေပါတယ်။ Lockdown ချထားတာကြောင့် NGO စေတနာ့ဝန်ထမ်းတွေရော၊ နိုင်ငံတကာအလှူရှင်တွေပါ စခန်းတွေထဲ လာလို့မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် လူတိုင်းကာကွယ်ဆေးရပြီးရင် အားလုံး လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီပေါ့နော်။ ဒီ Lockdown ကြောင့် ကျနော်တို့ ရပ်ရွာတွင်းလုပ်ငန်းတွေတောင် ရပ်ဆိုင်းထားရပြီး ပြဿနာအများကြီးကို တက်နေပါတယ်” လို့ပြောပါတယ်။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကိုဗစ်-19 ပိုး တွေ့ခဲ့တာကြောင့် မေလ ၂၁ ရက်နေ့ကစပြီး Lockdown ချ အသွားအလာပိတ်ထားတာပါ။
လက်ရှိစခန်းထဲမှာ ကိုဗစ်ပိုးစစ်ဆေးမူတွေလည်း လုပ်ပေးနေရာမှာ တနေ့ကို ပျမ်းမျှလူနာ ၂၀ ကနေ ၃၀ ပဲတွေ့တာကြောင့် လူပြည့်ကျပ်နေတဲ့စခန်းမှာ စိုးရိမ်ရသလောက်အများကြီးမကူးစက်သေးဘဲ အခုချိန်ထိ စုစုပေါင်း ၁,၄၅၁ ဦးမှာသာ ပိုးတွေ့ထားတယ်လို့ Cox’s Bazar ဒုက္ခသည်စခန်းက ဆရာဝန်ကဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG