သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္မႈ ပိုမ်ားလာေန


ေဝဘာဂီေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ လူနာေတြကို ကုသမႈေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Ministry of Health and Sports - ႏိုဝင္ဘာ ၁၁ ၊ ၂၀၂၀)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္းဟာ လက္ရွိမွာ ကိုဗစ္ကူးစက္မႈ အမ်ားဆံုးျဖစ္ေနၿပီး ရန္ကုန္ကေတာ့ ဒုတိယအမ်ားဆံုး ရွိေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူတဦးက ဗီြအိုေအကိုေျပာပါတယ္။ စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္ ၅ ခုနဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ႏွစ္ခုမွာေတာ ့stay at home အိမ္တြင္းေနအမိန္႔ထုတ္ၿပီး အသြားအလာ ကန္႔သတ္ ထားပါတယ္။ ျမန္မာႏုိင္ငံရဲ႕ လက္ရွိ ကိုဗစ္ကူးစက္မႈ အေျခအေနအရပ္ရပ္ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္ကေျပာျပပါမယ္။

ကိုဗစ္ကူးစက္မွု တုိးလာေနတဲ့ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ ၅ ခုနဲ႔ စကိုင္းတိုင္းေဒသႀကီးက ၿမိဳ႕နယ္နွစ္ခုမွာ အေျခခံပညာေက်ာင္းေတြနဲ႔ ေစ်းေတြကိုပိတ္ထားရၿပီး အသြားအလာ ကန္႔သတ္ထားတယ္လို႔ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“ျဖစ္ပြားမွု အမ်ားဆံုးၿမိဳ႕နယ္ကေတာ့ ေလာေလာဆယ္ က်မတို႔ Stay Home လုပ္ထားတဲ့ ၇ ၿမိဳ႕နယ္ရွိပါ တယ္ေနာ္။ ခ်င္းျပည္နယ္က ၅ ၿမိဳ႕နယ္ စကိုင္းတိုင္းက ၂ ၿမိဳ႕နယ္။ အဲဒီၿမိဳ႕ေတြက stay at home လုပ္ထား တယ္။ သို႔ေသာ္ ေလာေလာဆယ္မွာ ျဖစ္ပြားမွုမ်ားေနတဲ့ လက္ပံတန္းတို႔၊ အဲလိုဆိုရင္ ေစ်းေတြပိတ္တာ၊ ေက်ာင္းေတြပိတ္တာ၊ ေရာဂါျဖစ္ပြားတဲ့ ေနရာေတြမွာ ေသခ်ာ ေရာဂါေစာင့္ျကည့္ေဆာင္ရြက္တာ ဒါမ်ိဳးေတြ လုပ္ပါတယ္။ လက္ရွိအခ်ိန္ကေတာ့ Stay at Home ၇ ၿမိဳ႕နယ္က ၇ ၿမိဳ႕နယ္ပါပဲ၊ အေျပာင္းအလဲမရွိပါဘူး။”

တျခားၿမိဳ႕နယ္ေတြမွာလည္း ကူးစက္မႈတိုးလာေနၿပီး လက္ရွိအားျဖင့္ ကူးစက္မႈအမ်ားဆံုးက စစ္ကိုင္းတိုင္းျဖစ္ၿပီးေတာ့ ရန္ကုန္ကေတာ့ ဒုတိယအမ်ားဆံုး ရွိေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါ တယ္။

“က်န္တဲ့ၿမိဳ႕နယ္ေတြမွာေတာ့ ေရာဂါျဖစ္ပြားမွု မ်ားလာတာကို ေတြ႔ရပါတယ္။ ဥပမာ လားရွိုးဆိုရင္လည္း ျဖစ္ပြားမွုေတြ မ်ားလာတယ္ေပါ့ေနာ္။ မ်ားလာတယ္ဆိုေပမယ့္လည္း ခုနကေျပာသလို တၿမိဳ႕လံုးျဖစ္ေနတာ မ်ိဳးမဟုတ္ဘဲနဲ႔ ျဖစ္တဲ့သူေတြနဲ႔ contacts ေတြ ထိေတြ႔မွုရွိတဲ့သူေတြကေနၿပီးေတာ့ ျဖစ္ေနတာေတြ႔ရတယ္။ လက္ရွိအေနအထားကေတာ့ စစ္ကိုင္းတိုင္းကဆိုရင္ တိုင္းနဲ႔ ျပည္နယ္ထဲမွာမွ ေလာေလာဆယ္ အမ်ားဆံုးျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္ကိုင္းတိုင္းမွာရွိတဲ့ တမူးနဲ႔ ကေလးမွာဆိုရင္ ျဖစ္ပြားမွုေတြ က ဆက္ၿပီးေတာ့ ရွိေနတုန္းပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ နွစ္ပတ္အတြင္းမွာ ဆိုလို႔ရွိရင္ ၄ ရက္ ၆လ ၂၀၂၁ ကေနၿပီးေတာ့ ၁၇ ရက္ ၆ လ ၂၀၂၁ ဒီနွစ္ပတ္ရဲ႕ ေဒတာေတြ ၾကည့္လိုက္မယ္ဆိုရင္ တမူးမွာ ျဖစ္ပြားမွုက နွစ္ပတ္အတြင္းမွာ ၃၈၆ ရွိတယ္။ ကေလးမွာ ျဖစ္ပြားမွုက ၃၆၀ ရွိတယ္။ ဒါေၾကာင့္ စစ္ကိုင္းကေတာ့ ပိုးေတြ႔ ရွိသူ အမ်ားဆံုးအေနနဲ႔ ရွိေနတုန္းပဲျဖစ္ပါတယ္။ ရန္ကုန္ကေတာ့ စစ္ကိုင္းနဲ႔ နည္းနည္းေလး ကြာၿပီးေတာ့ ဒုတိယေနရာမွာ ရွိပါတယ္။”

ကူးစက္ျမန္သလို ေရာဂါျပင္းထန္နိုင္တဲ့ Alpha, Delta နဲ႔ Kappa မ်ဳိး႐ိုးဗီဇကဲြ ကိုဗစ္ပိုးသစ္ေတြကို ကေလး ၿမိဳ႕အျပင္ ရန္ကုန္၊ မႏၱေလး၊ ၿမိတ္နဲ႔ တမူးၿမိဳ႕တို႔မွာ ေတြ႔႐ွိထားတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က သတင္းထုတ္ျပန္ထားပါတယ္။
Alpha ဆိုတာက ၿဗိတိန္ႏိုင္ငံမွာ မူလ စေတြ႔ခဲ့တဲ့ပိုးကုိ WHO ကမာၻ႔က်န္းမာေရးအဖဲြ႔က နာမည္ေပးထား တာျဖစ္ၿပီး Delta နဲ႔ Kappa ကေတာ့ အိႏၵိယႏိုင္ငံမွာ ေတြ႔႐ွိခဲ့တဲ့ ကိုဗစ္ေရာဂါပိုးမ်ဳိးကြဲေတြျဖစ္ပါတယ္။

ကူးစက္ျမန္ မ်ဳိး႐ိုးဗီဇကဲြ ကိုဗစ္ပိုးသစ္ေတြ႔႐ွိထားတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ထဲက စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ ဇြန္လ ၁၇ ရက္ေန႔က ကိုဗစ္အတည္ျပဳလူနာ ၇ ဦး ေသဆံုးခဲ့ပါတယ္။
ဒါအျပင့္ ေရာဂါကူးစက္မွုေတြရွိေနဆဲ ဘဂၤလားေဒရွ္႕နိုင္ငံနဲ႔ ကုန္သြယ္ေနတဲ့ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ဆိုရင္လည္း ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္က ျပန္လာသူေတြမွာ ကိုဗစ္ကူးစက္တာ စစ္ေဆးေတြ႔ရွိထားပါတယ္။ လက္ရွိအခ်ိန္ထိ စစ္ေတြၿမိဳ႕မွာ ကိုဗစ္ ကူးစက္ခံထားရသူ ၄၄ ဦးအထိ ရွိတယ္လို႔ ျပည္နယ္က်န္းမာေရး ဦးစီးဌာန ေျပာခြင့္ရ ေဒါက္တာ စိုးဝင္းပိုင္ကေျပာပါတယ္။

"ဘဂၤလားေဒရွ္႕က ျပန္လာတဲ့သူေတြကို quarantine ထားၿပီးစစ္တာပါ။ စစ္ေဆးမွုေတြရပ္ၿပီးေတာ့ ျပန္စစ္ေဆးတဲ့ ၅ လပိုင္း ၁၂ ရက္ေန႔ကေနစၿပီးေတာ့ ဒီေန႔အထိဆိုရင္ ၅၂၉ ႀကိမ္စစ္ၿပီးေတာ့ ၆၉ ေယာက္ positive ထြက္တယ္။ အဲဒီထဲမွာ ၄၄ ေယာက္က ေဆးရံုေပၚမွာ က်န္ေနပါေသးတယ္။ က်န္တဲ့သူေတြက ျပန္ေကာင္းသြားၿပီ။"

က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ျမန္မာႏို္င္ငံမွာကိုဗစ္ တတိယလႈိင္း ျဖစ္မလာေအာင္ ကာကြယ္ လုပ္ေဆာင္ေနတယ္လုိ႔ ေျပာထားၿပီး ျပည္သူေတြကိုလည္း ကိုဗစ္စည္းကမ္းေတြအတုိင္း လုိက္နာၾကဖုိ႔ တုိက္တြန္းေနပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁၇ ရက္၊ ည ၈ နာရီ ထုတ္ျပန္ထားတဲ့ စာရင္းအရ ဓါတ္ခဲြနမူနာ ၄,၁၇၆ ဦး စစ္ေဆးတာမွာ ကိုဗစ္အတည္ျပဳလူနာသစ္ ၃၆၂ ဦး ႐ွိခဲ့ပါတယ္။ စုစုေပါင္း ကိုဗစ္ကပ္ေရာဂါျဖစ္ပြားသူ လက္႐ွိမွာ ၁၄၆,၇၆၈ ဦး႐ွိပါတယ္။ ေသဆံုးသူစုစုေပါင္းကေတာ့ ၃,၃၅၀ ထက္မနည္း႐ွိပါတယ္။ ျပန္လည္ေနေကာင္းလာသူကေတာ့ ၁၃၀,၀၀၀ ေက်ာ္႐ွိပါတယ္။

...............................................................................

ျမန္မာ ကိုဗစ္ကူးစက္မႈ ပိုမ်ားလာေန
please wait

No media source currently available

0:00 0:03:52 0:00
တိုက္႐ိုက္ လင့္ခ္


မြန်မာ ကိုဗစ်ကူးစက်မှု ပိုများလာနေ

(Unicode)

စစ်ကိုင်းတိုင်းဟာ လက်ရှိမှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေပြီး ရန်ကုန်ကတော့ ဒုတိယအများဆုံး ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ်က မြို့နယ်နှစ်ခုမှာတော့stay at home အိမ်တွင်းနေအမိန့်ထုတ်ပြီး အသွားအလာ ကန့်သတ် ထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ကိုဗစ်ကူးစက်မှု အခြေအနေအရပ်ရပ် ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ ချင်းပြည်နယ်က မြို့နယ် ၅ ခုနဲ့ စကိုင်းတိုင်းဒေသကြီးက မြို့နယ်နှစ်ခုမှာ အခြေခံပညာကျောင်းတွေနဲ့ ဈေးတွေကိုပိတ်ထားရပြီး အသွားအလာ ကန့်သတ်ထားတယ်လို့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ဖြစ်ပွားမှု အများဆုံးမြို့နယ်ကတော့ လောလောဆယ် ကျမတို့ Stay Home လုပ်ထားတဲ့ ၇ မြို့နယ်ရှိပါ တယ်နော်။ ချင်းပြည်နယ်က ၅ မြို့နယ် စကိုင်းတိုင်းက ၂ မြို့နယ်။ အဲဒီမြို့တွေက stay at home လုပ်ထား တယ်။ သို့သော် လောလောဆယ်မှာ ဖြစ်ပွားမှုများနေတဲ့ လက်ပံတန်းတို့၊ အဲလိုဆိုရင် ဈေးတွေပိတ်တာ၊ ကျောင်းတွေပိတ်တာ၊ ရောဂါဖြစ်ပွားတဲ့ နေရာတွေမှာ သေချာ ရောဂါစောင့်ကြည့်ဆောင်ရွက်တာ ဒါမျိုးတွေ လုပ်ပါတယ်။ လက်ရှိအချိန်ကတော့ Stay at Home ၇ မြို့နယ်က ၇ မြို့နယ်ပါပဲ၊ အပြောင်းအလဲမရှိပါဘူး။”

တခြားမြို့နယ်တွေမှာလည်း ကူးစက်မှုတိုးလာနေပြီး လက်ရှိအားဖြင့် ကူးစက်မှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီးတော့ ရန်ကုန်ကတော့ ဒုတိယအများဆုံး ရှိနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါ တယ်။

“ကျန်တဲ့မြို့နယ်တွေမှာတော့ ရောဂါဖြစ်ပွားမှု များလာတာကို တွေ့ရပါတယ်။ ဥပမာ လားရှိုးဆိုရင်လည်း ဖြစ်ပွားမှုတွေ များလာတယ်ပေါ့နော်။ များလာတယ်ဆိုပေမယ့်လည်း ခုနကပြောသလို တမြို့လုံးဖြစ်နေတာ မျိုးမဟုတ်ဘဲနဲ့ ဖြစ်တဲ့သူတွေနဲ့ contacts တွေ ထိတွေ့မှုရှိတဲ့သူတွေကနေပြီးတော့ ဖြစ်နေတာတွေ့ရတယ်။ လက်ရှိအနေအထားကတော့ စစ်ကိုင်းတိုင်းကဆိုရင် တိုင်းနဲ့ ပြည်နယ်ထဲမှာမှ လောလောဆယ် အများဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ တမူးနဲ့ ကလေးမှာဆိုရင် ဖြစ်ပွားမှုတွေ က ဆက်ပြီးတော့ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ဆိုလို့ရှိရင် ၄ ရက် ၆လ ၂၀၂၁ ကနေပြီးတော့ ၁၇ ရက် ၆ လ ၂၀၂၁ ဒီနှစ်ပတ်ရဲ့ ဒေတာတွေ ကြည့်လိုက်မယ်ဆိုရင် တမူးမှာ ဖြစ်ပွားမှုက နှစ်ပတ်အတွင်းမှာ ၃၈၆ ရှိတယ်။ ကလေးမှာ ဖြစ်ပွားမှုက ၃၆၀ ရှိတယ်။ ဒါကြောင့် စစ်ကိုင်းကတော့ ပိုးတွေ့ ရှိသူ အများဆုံးအနေနဲ့ ရှိနေတုန်းပဲဖြစ်ပါတယ်။ ရန်ကုန်ကတော့ စစ်ကိုင်းနဲ့ နည်းနည်းလေး ကွာပြီးတော့ ဒုတိယနေရာမှာ ရှိပါတယ်။”

ကူးစက်မြန်သလို ရောဂါပြင်းထန်နိုင်တဲ့ Alpha, Delta နဲ့ Kappa မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေကို ကလေး မြို့အပြင် ရန်ကုန်၊ မန္တလေး၊ မြိတ်နဲ့ တမူးမြို့တို့မှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
Alpha ဆိုတာက ဗြိတိန်နိုင်ငံမှာ မူလ စတွေ့ခဲ့တဲ့ပိုးကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နာမည်ပေးထား တာဖြစ်ပြီး Delta နဲ့ Kappa ကတော့ အိန္ဒိယနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးမျိုးကွဲတွေဖြစ်ပါတယ်။

ကူးစက်မြန် မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ထဲက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၇ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၇ ဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင့် ရောဂါကူးစက်မှုတွေရှိနေဆဲ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆိုရင်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က ပြန်လာသူတွေမှာ ကိုဗစ်ကူးစက်တာ စစ်ဆေးတွေ့ရှိထားပါတယ်။ လက်ရှိအချိန်ထိ စစ်တွေမြို့မှာ ကိုဗစ် ကူးစက်ခံထားရသူ ၄၄ ဦးအထိ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

"ဘင်္ဂလားဒေရှ့်က ပြန်လာတဲ့သူတွေကို quarantine ထားပြီးစစ်တာပါ။ စစ်ဆေးမှုတွေရပ်ပြီးတော့ ပြန်စစ်ဆေးတဲ့ ၅ လပိုင်း ၁၂ ရက်နေ့ကနေစပြီးတော့ ဒီနေ့အထိဆိုရင် ၅၂၉ ကြိမ်စစ်ပြီးတော့ ၆၉ ယောက် positive ထွက်တယ်။ အဲဒီထဲမှာ ၄၄ ယောက်က ဆေးရုံပေါ်မှာ ကျန်နေပါသေးတယ်။ ကျန်တဲ့သူတွေက ပြန်ကောင်းသွားပြီ။"

ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာကိုဗစ် တတိယလှိုင်း ဖြစ်မလာအောင် ကာကွယ် လုပ်ဆောင်နေတယ်လို့ ပြောထားပြီး ပြည်သူတွေကိုလည်း ကိုဗစ်စည်းကမ်းတွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းနေပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၇ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဓါတ်ခွဲနမူနာ ၄,၁၇၆ ဦး စစ်ဆေးတာမှာ ကိုဗစ်အတည်ပြုလူနာသစ် ၃၆၂ ဦး ရှိခဲ့ပါတယ်။ စုစုပေါင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ လက်ရှိမှာ ၁၄၆,၇၆၈ ဦးရှိပါတယ်။ သေဆုံးသူစုစုပေါင်းကတော့ ၃,၃၅၀ ထက်မနည်းရှိပါတယ်။ ပြန်လည်နေကောင်းလာသူကတော့ ၁၃၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG