သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ပံတန္းၿမိဳ႕မွာ ၉ ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္လာ


ကိုဗစ္ေရာဂါပ်ံ ့နွံ ့လာမႈေၾကာင့္ ပိတ္လိုက္ရ ေသာ လက္ပံတန္းျမိဳ ့က အထက္တန္းေက်ာင္းတခု (ဓာတ္ပံု- courtesy)

(Zawgyi/Unicode)

ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္မွာ ၉ ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္ရွိလာၿပီး အဲဒီထဲမွာ ၃ လအ႐ြယ္ငယ္တဲ့ ကေလးငယ္တေယာက္လည္း ပါပါတယ္။ ေရာဂါကူးစက္ျပန္႔ပြားတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လက္ပံတန္းၿမိဳ႕နယ္အတြင္းက အေျခခံပညာေက်ာင္းေတြအားလံုးနဲ႔ ၿမိဳ႕မေစ်းကို ရက္အကန္႔အသတ္မရွိ ပိတ္ထားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ အလိမၼာ ေျပာျပမွာပါ။

ပဲခူးတိုင္း (အေနာက္)၊ လက္ပံတန္းၿမိဳ႕နယ္ထဲမွာ ဒီကေန႔ ဇြန္လ ၁၅ ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၁၁၉ ဦးအထိ႐ွိေနပါတယ္။ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ဆက္စပ္သူေတြကို ေရာဂါ ႐ွိ မ႐ွိ ေဆးစစ္ေပးႏိုင္ေပမဲ့ လူနာေတြကို သီးသန္႔ခဲြထားဖို႔ ေနရာအခက္အခဲ ရွိေနတယ္လို႔ လက္ပံတန္းၿမိဳ႕နယ္ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။
"အခုက က်ေနာ္တို႔ Quarantine ေတာ့ မရွိဘူးေပါ့ေနာ္။ Positive လူနာကိုက်ေတာ့ အခုကေဆး႐ုံမွာ ၾကပ္သြားတဲ့အခါက်ေတာ့ GTI ေက်ာင္းမွာ ထပ္ေ႐ႊ႕ထားရတယ္ေပါ့ေနာ္၊ ေဆး႐ုံမေလာက္လို႔။ ေနာက္တခုကက်ေတာ့ သူ႔ရဲ႕ Contact ကိုထပ္လိုက္တယ္။ ထပ္ေတြ႕ရင္ က်ေနာ္တို႔က GTI နဲ႔ ေဆး႐ုံမွာထားတယ္။ အေရးေပၚလူနာဆိုရင္ေတာ့ ေဆး႐ုံေပါ့ေနာ္။ လကၡဏာဆိုးဆိုး႐ြား႐ြား မျပတဲ့လူနာက်ေတာ့ GTI မွာထားတယ္။ အဲဒီမွာ က်န္းမာေရးကလည္း ဆရာမေတြေစာင့္ေရွာက္တယ္ေပါ့ေနာ္။ အဲဒီလိုပဲ စီစဥ္ထားပါတယ္။ ပိုးမေတြ႕ရင္ေတာ့ အိမ္မွာပဲ ၁၄ရက္ Home Stay နဲ႔ အဲလိုမ်ိဳးထားေပးပါတယ္။"

ၿပီးခဲ့တဲ့ ဇြန္လ ၁၀ ရက္ေန႔တုန္းကလည္း ကိုဗစ္အတည္ျပဳလူနာေတြထဲက အမ်ိဳးသားတဦး ေသဆုံးခဲ့ပါတယ္။ ေလာေလာဆယ္ ကိုဗစ္အတည္ျပဳလူနာေတြထဲမွာ ၃လအ႐ြယ္ကေလးငယ္တဦးလည္း မိဘျဖစ္သူေတြဆီကေန ေရာဂါပိုးကူးစက္ခံထားရပါတယ္။ ဒါေပမဲ့ ကေလးငယ္ရဲ႕ အေျခအေန စိုးရိမ္စရာမရွိဘူးလို႔ ကိုဗစ္တိုက္ဖ်က္ေရးတာဝန္႐ွိသူကေျပာပါတယ္။
"ပထမ ေသဆုံးသြားသူရဲ႕ ပတ္ဝန္းက်င္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ အဲဒီတေက်ာင္းလုံးကလည္း ငါးသည္ေတြခ်ည္းပဲ။ သူ႔မိသားစုကလည္းပဲ အဲဒီငါးသည္ေတြပဲဆိုေတာ့ သူ႔မိဘဆီကေန ကူးတာေပါ့ေနာ္။"

ေရာဂါပိုးကူးစက္ခံရသူအမ်ားစုက ေစ်းေရာင္းခ်သူေတြျဖစ္ၾကၿပီးသူတုိ႔နဲ႔ ထိေတြ႕ဆက္စပ္သူေတြကို ေရာဂါပိုး ကူး မကူး ေဆးစစ္ဖုိ႔ တာဝန္႐ွိသူေတြက ႀကိဳးစားေပမဲ့ တခ်ဳိ႕က ေဆးစစ္ မခံၾကဘူးလို႔ ေျပာပါတယ္။ ခုလုိအေျခအေနျဖစ္ေနတဲ့ လက္ပံတန္းၿမိဳ႕နယ္ထဲက စာသင္ေက်ာင္းတခုမွာ ေက်ာင္းတက္ေနတဲ့ကေလးတဦး ေရာဂါကူးစက္ခံရတာေၾကာင့္ ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ စာသင္ေက်ာင္းေတြအားလုံးကို မေန႔က ဇြန္လ ၁၄ ရက္ေန႔ကစၿပီး ရက္အကန္႔အသတ္မရွိ ပိတ္လိုက္ပါတယ္။ သူနဲ႔အတူ ေက်ာင္းေနေဖာ္ေတြကိုလည္း ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးခဲ့တယ္လို႔ ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူက ေျပာပါတယ္။

"သူ႔ရဲ႕အေမက ညေန ၄နာရီေလာက္ကတည္းက အနံ႔မရလို႔ဆိုေတာ့ သူ႔ရဲ႕ေရာဂါ လကၡဏာအေျခအေနေတြကိုေမးတယ္။ မနက္ ၆ နာရီေလာက္စစ္လိုက္ေတာ့ သူ႔မွာပိုးေတြ႕တယ္။ သူ႔အိမ္က မိသားစုကိုပါ တခါတည္းေခၚစစ္ေတာ့ ကေလးမေလးပါ ထပ္ေတြ႕တယ္။ ေက်ာင္းတက္ေနတာဆိုေတာ့ သူ႔ေက်ာင္းကဆရာႀကီးကို အေၾကာင္းၾကားၿပီး အဲဒီေန႔မွာပဲ သူတို႔အတူအဲဒီေက်ာင္းမွာတက္ေနတဲ့ ေက်ာင္းသားအကုန္ ၃၁ေယာက္ရွိတယ္။ ၃၁ေယာက္ကို သြားစစ္တယ္။ က်န္တဲ့ ေက်ာင္းသားေတြ၊ ဆရာမေတြကေတာ့ ပိုးမေတြ႕ခဲ့ဘူး။"

လက္ပံတန္းၿမိဳ႕နယ္မွာ အခုလိုေရာဂါကူးစက္ခံရသူေတြ တိုးလာေနလို႔ ပါးစပ္နဲ႔ႏွာေခါင္းစည္းတို႔ကို စနစ္တက်တပ္ဆင္ဖို႔ က်န္းမာေရးတာဝန္႐ွိသူေတြက လူထုၾကား သတိေပးေနၾကပါတယ္။

ရန္ကုန္တိုင္းထဲက လွည္းကူးၿမိဳ႕နယ္မွာလဲ ၿပီးခ့ဲ့တဲ့ရက္ပိုင္းကပဲ အတည္ျပဳလူနာ ၂၀၀ ေက်ာ္အထိ ရွိခဲ့ပါတယ္။ လွည္းကူးၿမိဳ႕မွာ႐ွိတဲ့ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္းက ေက်ာင္းသားနဲ႔ ဆရာ ဆရာမတခ်ဳိ႕ မွာ ကိုဗစ္ ေရာဂါလကၡဏာေတြ႔႐ွိလို႔ ေဆးစစ္တဲ့အခါ ေရာဂါပိုးကူးစက္ေနသူေတာ္ေတာ္မ်ားမ်ား ေတ႔ြ႐ွိခဲ့ပါတယ္။ အဲဒီကေန ဆက္စပ္သူေတြကို ေျခရာခံ စစ္ေဆးရာက ၂၁၀ ထက္မနည္းမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ေနတာကို ေတ႔ြ႐ွိခဲ့ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁၄ရက္၊ ည ၈နာရီ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာသစ္ ၂၂၃ ဦးနဲ႔ ေသဆုံးသူ ၄ ဦး ရွိခဲ့ပါတယ္။ အခုလုိ ကိုဗစ္ကပ္ေရာဂါကူးစက္သူေတြ ျမန္မာႏိုင္ငံထဲမွာ ျပန္မ်ားလာေနတဲ့အတြက္ ရန္ကုန္တိုင္းထဲမွာ ကြာရန္တင္းစင္တာ ၃၇ ခုအပါအဝင္ တျခားၿမိဳ႕ေတြမွာလည္း သီးျခားခဲြထားတဲ့ ကြာရန္တင္းစင္တာေတြ၊ ကုသေရးစင္တာေတြ ဖြင့္လွစ္ႏိုင္ဖုိ႔လည္း က်န္းမာေရးတာဝန္႐ွိသူေတြ ျပင္ဆင္ေနၾကပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


လက်ပံတန်းမြို့မှာ ၉ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်လာ

(Unicode)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ၉ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိလာပြီး အဲဒီထဲမှာ ၃ လအရွယ်ငယ်တဲ့ ကလေးငယ်တယောက်လည်း ပါပါတယ်။ ရောဂါကူးစက်ပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့ လက်ပံတန်းမြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေအားလုံးနဲ့ မြို့မဈေးကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ အလိမ္မာ ပြောပြမှာပါ။

ပဲခူးတိုင်း (အနောက်)၊ လက်ပံတန်းမြို့နယ်ထဲမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၁၉ ဦးအထိရှိနေပါတယ်။ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ရောဂါ ရှိ မရှိ ဆေးစစ်ပေးနိုင်ပေမဲ့ လူနာတွေကို သီးသန့်ခွဲထားဖို့ နေရာအခက်အခဲ ရှိနေတယ်လို့ လက်ပံတန်းမြို့နယ် ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
"အခုက ကျနော်တို့ Quarantine တော့ မရှိဘူးပေါ့နော်။ Positive လူနာကိုကျတော့ အခုကဆေးရုံမှာ ကြပ်သွားတဲ့အခါကျတော့ GTI ကျောင်းမှာ ထပ်ရွှေ့ထားရတယ်ပေါ့နော်၊ ဆေးရုံမလောက်လို့။ နောက်တခုကကျတော့ သူ့ရဲ့ Contact ကိုထပ်လိုက်တယ်။ ထပ်တွေ့ရင် ကျနော်တို့က GTI နဲ့ ဆေးရုံမှာထားတယ်။ အရေးပေါ်လူနာဆိုရင်တော့ ဆေးရုံပေါ့နော်။ လက္ခဏာဆိုးဆိုးရွားရွား မပြတဲ့လူနာကျတော့ GTI မှာထားတယ်။ အဲဒီမှာ ကျန်းမာရေးကလည်း ဆရာမတွေစောင့်ရှောက်တယ်ပေါ့နော်။ အဲဒီလိုပဲ စီစဉ်ထားပါတယ်။ ပိုးမတွေ့ရင်တော့ အိမ်မှာပဲ ၁၄ရက် Home Stay နဲ့ အဲလိုမျိုးထားပေးပါတယ်။"

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့တုန်းကလည်း ကိုဗစ်အတည်ပြုလူနာတွေထဲက အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ လောလောဆယ် ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ၃လအရွယ်ကလေးငယ်တဦးလည်း မိဘဖြစ်သူတွေဆီကနေ ရောဂါပိုးကူးစက်ခံထားရပါတယ်။ ဒါပေမဲ့ ကလေးငယ်ရဲ့ အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ကိုဗစ်တိုက်ဖျက်ရေးတာဝန်ရှိသူကပြောပါတယ်။
"ပထမ သေဆုံးသွားသူရဲ့ ပတ်ဝန်းကျင်ပေါ့နော်။ နောက်ပြီးတော့ အဲဒီတကျောင်းလုံးကလည်း ငါးသည်တွေချည်းပဲ။ သူ့မိသားစုကလည်းပဲ အဲဒီငါးသည်တွေပဲဆိုတော့ သူ့မိဘဆီကနေ ကူးတာပေါ့နော်။"

ရောဂါပိုးကူးစက်ခံရသူအများစုက ဈေးရောင်းချသူတွေဖြစ်ကြပြီးသူတို့နဲ့ ထိတွေ့ဆက်စပ်သူတွေကို ရောဂါပိုး ကူး မကူး ဆေးစစ်ဖို့ တာဝန်ရှိသူတွေက ကြိုးစားပေမဲ့ တချို့က ဆေးစစ် မခံကြဘူးလို့ ပြောပါတယ်။ ခုလိုအခြေအနေဖြစ်နေတဲ့ လက်ပံတန်းမြို့နယ်ထဲက စာသင်ကျောင်းတခုမှာ ကျောင်းတက်နေတဲ့ကလေးတဦး ရောဂါကူးစက်ခံရတာကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကို မနေ့က ဇွန်လ ၁၄ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ သူနဲ့အတူ ကျောင်းနေဖော်တွေကိုလည်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူက ပြောပါတယ်။

"သူ့ရဲ့အမေက ညနေ ၄နာရီလောက်ကတည်းက အနံ့မရလို့ဆိုတော့ သူ့ရဲ့ရောဂါ လက္ခဏာအခြေအနေတွေကိုမေးတယ်။ မနက် ၆ နာရီလောက်စစ်လိုက်တော့ သူ့မှာပိုးတွေ့တယ်။ သူ့အိမ်က မိသားစုကိုပါ တခါတည်းခေါ်စစ်တော့ ကလေးမလေးပါ ထပ်တွေ့တယ်။ ကျောင်းတက်နေတာဆိုတော့ သူ့ကျောင်းကဆရာကြီးကို အကြောင်းကြားပြီး အဲဒီနေ့မှာပဲ သူတို့အတူအဲဒီကျောင်းမှာတက်နေတဲ့ ကျောင်းသားအကုန် ၃၁ယောက်ရှိတယ်။ ၃၁ယောက်ကို သွားစစ်တယ်။ ကျန်တဲ့ ကျောင်းသားတွေ၊ ဆရာမတွေကတော့ ပိုးမတွေ့ခဲ့ဘူး။"

လက်ပံတန်းမြို့နယ်မှာ အခုလိုရောဂါကူးစက်ခံရသူတွေ တိုးလာနေလို့ ပါးစပ်နဲ့နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက လူထုကြား သတိပေးနေကြပါတယ်။

ရန်ကုန်တိုင်းထဲက လှည်းကူးမြို့နယ်မှာလဲ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အတည်ပြုလူနာ ၂၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ လှည်းကူးမြို့မှာရှိတဲ့ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသားနဲ့ ဆရာ ဆရာမတချို့ မှာ ကိုဗစ် ရောဂါလက္ခဏာတွေ့ရှိလို့ ဆေးစစ်တဲ့အခါ ရောဂါပိုးကူးစက်နေသူတော်တော်များများ တေ့ွရှိခဲ့ပါတယ်။ အဲဒီကနေ ဆက်စပ်သူတွေကို ခြေရာခံ စစ်ဆေးရာက ၂၁၀ ထက်မနည်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာကို တေ့ွရှိခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၄ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာသစ် ၂၂၃ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိခဲ့ပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါကူးစက်သူတွေ မြန်မာနိုင်ငံထဲမှာ ပြန်များလာနေတဲ့အတွက် ရန်ကုန်တိုင်းထဲမှာ ကွာရန်တင်းစင်တာ ၃၇ ခုအပါအဝင် တခြားမြို့တွေမှာလည်း သီးခြားခွဲထားတဲ့ ကွာရန်တင်းစင်တာတွေ၊ ကုသရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG